မျက်နှာညိုအစောင့်မှ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဒီခရီးတွင် အားချိုးနှင့် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရပြီး သူမကို အဝတ်လျှောက် ချက်ပြုတ်ခိုင်းခဲ့သည်။ ထို့ကြောင့် သူမ ကို သူ မခင်ဘဲ မနေနိုင်ပေ။ ထို့အပြင် သူမအပေါ်တွင် သူတို့အသက် မှီခိုနေသဖြင့် သူမအစား လောင်ကျန်းနှင့် ပြောရန် ပြင်လိုက်သော်လည်း မျက်နှာဖြူအစောင့်မှ သူ့ကို တိတ်တဆိတ် ဆိတ်လိုက်သဖြင့် ငြိမ်လိုက်ရသည်။
“ ဟုတ်ပ။ အဝတ်လျှော် သန့်ရှင်းတယ်ဆိုတာ ယောက်ျားကိစ္စမှ မဟုတ်ပဲ။”
မျက်နှာဖြူအစောင့်မှ လောင်ကျန်းနှင့် ရယ်မောက သူ့ပုခုံးကို ပုတ်လိုက်သည်။
“ မတွေ့တာလည်း ကြာပြီ လောင်ကျန်း။ကျုပ်တို့တွေ ခဏနေ အတူ သွားသောက်ရအောင်။ “
“ ဒါပေါ့။ ဒီညတော့ ဝိုင်ဆယ်ကျင်း မသောက်ပြီးတဲ့ သူမှန်သမျှ ပြန်မလွှတ်ဘူး။ “
လောင်ကျင်း အားပါးတရ ရယ်မောကာ လှည်းကို လက်ညှိုးထိုးလိုက်သည်။ သူ ရိပြုံးပြုံးကာ ပြောလိုက်သည်။
“ သတို့သမီးကို သတို့သားအခန်းထဲ မြန်မြန်ပို့လိုက်ရအောင်။ဒါမှ ကျုပ်တို့တွေ တောင်အောက်ဆင်းပြီး သောက်ရမှာ။”
မျက်နှာညိုအစောင့်မှ လျှောက်လာကာ လှည်းတံခါးကို ဖွင့်၍ အားချိုးကို လေးနက်စွာ ပြောလိုက်သည်။ “ဆင်းလို့ရပြီ။”
အားချိုး လှည်းကို ကိုင်ကာ အနည်းငယ် ယိမ်းယိုင်လျက် ဆင်းလာခဲ့သည်။သူမ လဲကျတော့မည့်ဟန်ပေါ်သော်လည်း အစောင့်မှ အမြန်ရောက်လာကာ သူမကို ကူပေးလိုက်သဖြင့် အမြန်ခေါင်းခါကာ ကျေးဇူးတင်လိုက်သည်။
အပြင်ဘက်တွင် မှောင်နေသဖြင့် ဘာမှမမြင်ရဘဲ သူမအရှေ့မှ လူသုံးယောက်ကို ဝါးတားတားသာ မြင်ရသည်။သူမ စိတ်လှုပ်ရှားကာ ကြောက်လန့်နေသဖြင့် နှုတ်ခမ်းကိုက်၍ ခေါင်းငုံ့နေမိသည်။ သူမ ဘာဖြစ်မည်ကို ခန့်မှန်းမရဖြစ်နေသည်။ သူမ ကြောက်လန့်နေစဉ်တွင် မီးကျောက်ခတ်သံ ကြားလိုက်ရကာ ရုတ်တရက် မီးရောင်လင်းလာပြီး သူမအရှေ့မှ ရွှံ့ထူသော မြေပြင် နှင့် သူမ၏ ရွှံ့ထူနေသော ပန်းထိုးဖိနပ် ကို အလင်းပြလိုက်သည်။
ထိုဖိနပ်များမှာ မိန်းကလေးသွမ့်၏ ခြေချုပ်များအတွက် ဖိနပ်ဖြစ်သဖြင့် အားချိုးအတွက် သေးလွန်းနေသည်။ ခရီးစဉ်တစ်လျှောက်လုံး သူမ ၏ စုတ်ပြတ်နေသော အဝတ်ဖိနပ်ကိုသာ စီးလာခဲ့သော်လည်း ယနေ့နေ့လည်က မျက်နှာဖြူအစောင့်မှ သူမကို ဤဖိနပ်များ အတင်းဝတ်ခိုင်းခြင်းဖြစ်သည်။ဘယ်သတို့သမီးက သူမ ခြေချောင်းများ ဖော်နေသည့် ဖိနပ်စုတ်များ ဝတ်မည်နည်း။
“နန်းမြို့က ဘယ်လို အလှလေးလဲဆိုတာ ကြည့်ပါရစေဦး။”
လောင်ကျန်းမှ တဏှာသံဖြင့် ပြောကာ မီးတုတ်ကို သူမမျက်နှာရှေ့တွင် ယမ်းလိုက်သည်။
သူမ ကြောက်လန့် ချောင်ကျနေပုံကို ကြည့်ကာ ကျေနပ်သွားဟန်ဖြင့် လောင်ကျန်း လှောင်ရယ်လိုက်သည်။ သူ မီးတုတ်ကို ပြန်ရုတ်ကာ အနောက်လှည့်၍ တံခါးထဲတွင် စိုက်လိုက်သည်။ ထို့နောက် ပြန်လှည့်ကာ အားချိုးကို အထက်စီးမှ ကြည့်၍ ပြောလိုက်သည်။
အားချိုး၏ အဝတ်များမှာ ရွှံ့ရေများ ပေနေကာ သူမ ပြန်ထရန် ခက်ခဲနေသည်။ သူမ တုန်ယင်နေရင်း ခေါင်းညိတ်လိုက်သည်။ သူမ အလွန်ကြောက်လန့်နေသဖြင့် စကားတစ်လုံးမျှ မပြောလိုက်ပါပေ။
ဝန်းထဲတွင် မှောင်မဲနေသဖြင့် အိမ်ပုံကို အဝေးမှ အနည်းငယ်မျှသာ မြင်ရသည်။ အနားတွင် စားဖိုဆောင်ဖြစ်ပုံရသည်။ အားချိုး စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်ရင်း သူမ နေရမည့်နေရာကို လောင်ကျန်းအား မေးချင်သော်လည်း သူ့မျက်နှာကို ကြည့်ကာ မမေးရဲတော့ပေ။
***