“ မင်း ခြံဝန်းထဲ ဝင်လိုက်တာနဲ့ စားဖိုဆောင် အပါနဲ့ဆို သုံးခန်းရှိတယ်။ ဘယ်အခန်းမှာ နေချင်လဲ ရွေးလို့ရတယ်။နောက်ကျရင် မင်းနဲ့ မင်းရဲ့ ဒုက္ခိတနဲ့ နှစ်ယောက်ပဲ ရှိတော့မှာ။ “
အားချိုး တွေးနေသည်ကို လောင်ကျန်း နားလည်ဟန်ဖြင့် မျက်နှာတည်ကာ ပြောလိုက်သည်။
“ အခုကစပြီး မင်းတို့နှစ်ယောက် ကောင်းကောင်းနေရမယ်။ ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ဘူး။ဒါပေမယ့် မင်း ထွက်ပြေးဖို့ ကြံမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မင်းကို ခြောက်တာတော့ မဟုတ်ဘူး။ ကျုပ်တို့လက်က လွတ်မယ် ဆိုရင်တောင် မင်းကာယပိုင်းနဲ့ဆို နင်းဂုတက ထွက်နိုင်မှာ မဟုတ်ဘူး။ခေါင်းသုံး။ နားလည်လား။”
အားချိုး အစားစားနေသည့် ကြက်အလား ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ကဲ့ ဟုတ်ကဲ့ မပြေးပါဘူး။”
လောင်ကျန်း မျက်လုံးကျဉ်းကာ ကောင်မလေးကို ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “ပြီးတော့ အဲ့ ဒုက္ခတက သာမန်သူထက် မပိုဘူး။သာမန်သူဆိုတော့ သူ့ကို ခုံရုံးက ထောက်ပံ့တာကို မျှော်လို့ မရတော့ဘူး။နားလည်လား။”
အားချိုး နားလည်သော်လည်း...
သူမ သတ္တိမွေးကာ သူ့ကို ကြည့်၍ မေးလိုက်သည်။
“ ဒါပေမယ့် နောက်ဆို ကျွန်မတို့ ဘာစားရမှာလဲ။”
“ ဟီးဟီး။ နန်းမြို့တုန်းက အလိုလိုက်ခံထားရတဲ့ မိန်ကလေးမှန်း သိသာတယ်။စည်းစိမ်နဲ့ ဘဝကို နေသားကျနေတာ။”
လှည်းထဲမှ အထုတ်များကို မျက်နှာညိုအစောင့်မှ ချကာ အဝင်ဝ၌ ဟန်မပျက် ထားလိုက်ပြီး လောင်ကျန်းကို ဆွဲခေါ်လိုက်သည်။
လောင်ကျန်းမှ မျက်နှာညိုအစောင့်၏ လက်ကို ရုတ်တရက် ပုတ်ချလိုက်သည်။ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တုန်ယင်နေသော အားချိုးကို သူ မျက်လုံးမှေး၍ ကြည့်လိုက်သည်။ သူမထိုင်နေပုံကြောင့် လည်ပင်းမှ ကြိုးနီလေးကို မြင်လိုက်ရသဖြင့် သူမ ဆွဲသီး ဆွဲဟန် တူသည်။လောင်ကျန်း ကြိုးနီကို လက်လှမ်းယူလိုက်သည်။ အားချိူး အော်ကာ သူမလည်ပင်းပေါ် ရောက်လာသော ဆွဲသီးကို ဖုံးလိုက်သည်။ လောင်ကျန်းကို ကြောက်လန့် သနားဖွယ် ပုံဖြင့် ကြည့်ကာ တောင်းပန်လိုက်သည်။
“ ချမ်းသာပေးပါ။ ဒါလေးက ကျွန်မအမေ အမွေပေးခဲ့တာပါ။ချမ်းသားပေးပါ။ အမေပေးခဲ့တာပါ။ ကျွန်မသေရင်တောင် မခွဲနိုင်ပါဘူး။”
လောင်ကျန်းကို အစောင့်နှစ်ယောက်မှ ကြည့်ကာ အားချိုးမှလည်း ငိုယို တောင်းပန်နေသည်။ သူ ပျင်းရိသွားဟန်ဖြင့် ကြိုးကို လွှတ်လိုက်သော်လည်း သူမဆံထုံးနောက်မှ ဆံထိုးကို လှမ်းယူလိုက်သည်။ ထိုအရာကလည်း မိန်းကလေးသွမ့်ထံမှ ဖြစ်သည်။ မျက်နှာဖြူအစောင့်မှ ကြောင်ကိုကြည့်၍ ကျားရုပ်ဆွဲရာတွင် တူရမည်ဟုဆိုပြီး သူမ၏ ရှုပ်ပွနေသော ဆံပင်ပေါ်သို့ အမှတ်တမဲ့ ကောက်ထည့်လိုက်ခြင်းဖြစ်သည်။
“ စိတ်ကောင်းနဲ့ သတိပေးမယ်။အဲ့ဒုက္ခိတကို အစာပျော့ပဲကျွေး။ အလုပ်ပိုရှုပ်မခံနဲ့။”
“ ဟမ်။ ဘာ...ဘာပြောတာလဲ။”
အားချိုး လုံးဝ နားမလည်လိုက်ပေ။
သို့သော်လည်း လောင်ကျန်းမှာ သူမကို လစ်လျူရှု၍ လှည်းထဲ ဝင်သွားတော့သည်။
***