ကုန်းဝမ်ကျဲသည် အားချိုးကိုကြည့်ကာ တစ်ခုခုပြောချင်နေပုံရသော်လည်း သူဘာမှမပြောခဲ့ပေ။ ထို့နောက် လူနှစ်ယောက်နောက်မှ လှည်းပေါ်သို့ လိုက်ပါသွားခဲ့သည်။ လှည်းသည် ထွက်သွားပြီးနောက် အားလုံးငြိမ်သက်သွားသည်။ အားချိုးနှင့် တံခါးရှိ မီးတိုင်တို့သာ ကျန်ခဲ့တော့သည်။
အခန်းထဲရောက်သောအခါ။
မြေပြင်ပေါ်တွင် အချိန်အတော်ကြာ ငုတ်တုတ်ထိုင်ချလိုက်ပြီးနောက်မှ အားချိုးသည် ထိတ်လန့်နေဆဲ လေထုထဲမှ လွတ်မြောက်သွားသည်။ သူမသည် မတ်တပ်ရပ်လိုက်ရာ ချည်းထိုးဖိနပ်သည် သေးငယ်လွန်းလှတာကြောင့် နာကျင်သွားရသည်။ မျိုးရိုးမြင့်မိသားစုကြီးတွေရဲ့ သခင်မလေးတွေက ဘာကြောင့် ဒီလို ဖိနပ်ကျပ်ကျပ်တွေ စီးကြသလဲဆိုတာ သူမ နားမလည်နိုင်ပေ။
တွေးရင်းဖြင့် သူမဟာ မီးတုတ်ကိုကိုင်ပြီး ခြံဝင်းထဲကို လှမ်းပတ်ကြည့်လိုက်သည်။ ပင်မအခန်းသုံးခန်းသည် မည်းမှောင်နေပြီး ဘာအသံမှမထွက်ပေ။ အထဲက လူတွေအကုန် အိပ်နေပြီဆိုတာ သိသာသည်။ အားချိုးက ဝင်မနှောင့်ယှက်ရဲခဲ့ချေ။ သူမသည် ရှေ့က မီးဖိုချောင်ကို ဆက်ကြည့်လိုက်သည်။ အရင်ဆုံး ဒီညအသက်ရှင်နိုင်ဖို့ မီးဖိုချောင်ထဲကို သွားပြီး နောက်နေ့မှ မင်းသားဆီ သွားတော့မယ်လို့ တွေးလိုက်သည်။
သူ့စိတ်ထဲတွင် အစီအစဉ်များဖြင့် အားချိုးသည် မီးဖိုချောင်သို့ တစ်လှမ်းချင်းလျှောက်သွားသည်။ သုံးလှမ်းလျှောက်ပြီးနောက် အားချိုး သည်းမခံနိုင်တော့ပေ။ သူမသည် ချည်ထိုးဖိနပ်ကို ချွတ်ကာ ရွှံ့ရေများပေါ်တွင် ခြေဗလာဖြင့် နင်းသွားခဲ့သည်။ မြေကြီးမှာ အေးစက်သော်လည်း ခြေဖဝါးအောက်မှာ ဖြောင့်ဖြူးတာကြောင့် လျှောက်သွားလို့ လွယ်ပေသည်။
အားချိုးက မီးတုတ်ကို မြှောက်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။ သူမက အပေါ်အောက်သေချာအနှံ့ကြည့်လိုက်သည်။ မီးဖိုချောင်က အရမ်းကြီးပေမယ့် လွတ်နေသေးသည်။ နံရံဘေးရှိ မြေထည်အကြမ်းအိုးများအပြင် အိုးအများအပြားလည်း ရှိနေသည်။
သူမ ဝင်သွားပြီး သေချာပတ်ကြည့်လိုက်သည်။ မြေထည်အိုးထဲတွင် ဆန်နှင့်ခေါက်ဆွဲများရှိလေသည်။အားချိုး သက်ပြင်းရှည်ကြီး သက်ပြင်းချလိုက်သည်။ တစ်ရက်လောက်မပြောနဲ့၊ နောက်တစ်လခွဲလောက်အထိ လူနှစ်ယောက်စားဖို့ လုံလောက်တဲ့ အစားအစာတွေပင် ။
အားချိုးသည် အလွန်ဝမ်းသာသွားပြီး အခန်းထဲရှိ အိတ်ကြီးခုနစ်လုံး ရှစ်လုံးလောက်ကို မီးဖိုချောင်အထိ သယ်လာရာ သူမ တကယ် ပင်ပန်းသွားခဲ့သည်။ အားချိုးက အိတ်ထဲမှ စောင်ကိုယူကာ သန့်ရှင်းရေးနှင့် ထမင်းစားရန်ကို မစဉ်းစားမိတော့ဘဲ ကောက်ရိုးများပေါ်၌ အိပ်ပျော်သွားတော့သည်။
အားချိုး၏ ဇီဝနာရီသည် အမြဲတမ်း တိကျသည်။ မနက်မိုးလင်းခါနီးမှာ သူမနိုးလာခဲ့သည်။ မျက်လုံးဖွင့်ပြီး အရှေ့က အနက်ရောင် နံရံကို စိုက်ကြည့်နေမိသည် ။ အဲဒါက ဘာလဲဆိုတာ ပြန်တွေးဖို့ ခဏလောက် အချိန်ယူလိုက်ရသည်။
ဒါက နင်းဂုတပဲ။ သူမ ခြေထောက်ကျိုးသွားတဲ့အထိ ပြေးရင်တောင် မလွတ်နိုင်တဲ့နေရာပင်။ ဒါပေမယ့် သူမက သွမ့်ရူလန်နေရာမှာ အစားထိုး လက်ထပ်ထားတဲ့ သတို့သမီးသာဖြစ်သည်။ မဟုတ်သေးပေ။ လောင်ကျန်း၏ စကားအရ၊ သူမဟာ မသန်စွမ်းကို အလုပ်အကျွေးပြုတဲ့ အစေခံတစ်ယောက်သာသာပင်။
နန်းတော်မှ အပြင်ဘက်အထိ၊ မြို့တော်မှ ဒီအထိ သူမသည် အစေခံဖြစ်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေက ယခင်ထက် များစွာ ကောင်းမွန်နေခဲ့သည်။ သူမသည် အခုတွင် လူအုပ်စုလိုက်ကြီးကို အလုပ်အကျွေးပြုစရာမလို၊ လူတစ်ဦးတည်းကိုသာ ပြစုရန်လိုသည်။
အားချိုးသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ရာ ပင်ပန်းသည်လား စိတ်အေးသက်သာရာရသည်လားကို မပြောနိုင်ပေ။
နွေဦးနဲ့ ဆောင်းဦးမှာ ရှုခင်းငေးဖို့ အချိန်မရှိချေ။ အားချိုးက စောင်တွေထုပ်ရင်း အရမ်းအလုပ်ရှုပ်နေခဲ့သည်။ ထို့နောက် ရေနွေးတည်ကာ မီးဖိုသည်။ သူမ ဒီအလုပ်တွင် တော်ကာ အရမ်းသွက်လက်နေခဲ့သည်။ အချိန်တိုအတွင်း သူမသည် ရေနွေးအိုးကြီးတစ်လုံးကို ဆူပွက်စေခဲ့သည်။ ဆန်ကို ရေဆေးပြီး အခြားအိုးတစ်လုံးတွင် ထမင်းချက်လိုက်သည်။ ဒီခြံဝန်းကို ပထမဆုံးရောက်တာဖြစ်လို့ မင်းသားက ဘာစားချင်လဲဆိုတာ သူမ မသိပေ။ မီးဖိုချောင်ရှိ အချဉ်ဖောက်ထားသော ဟင်းရွက်အိုးများအပြင် အခြားဘာမှလည်းမရှိ၊ ထို့ကြောင့် အားချိုးသည် အချဉ်အနည်းငယ်ကိုသာ ရွေးပြီး လှီးဖြတ်ကာ ပန်းကန်ပေါ်တွင် ထည့်လိုက်တော့သည်။
ဒါတွေကို ပြင်ဆင်ပြီးသွားချိန် အပြင်မှာ မိုးလင်းနေခဲ့ပြီဖြစ်သည်။ အားချိုးသည် အခန်းတွင်းရှိလူများကို နှိုးမိမည်စိုးသောကြောင့် မီးဖိုခန်းထဲမှ မထွက်ရဲခဲ့ပေ။ ခြံက တော်တော်ကျယ်ကာ သစ်ပင်ပေါင်းပင်မျိုးစုံများဖြင့် ပြည့်နေလေသည်။ အတော်လေးတောရိုင်းဆန်ပြီး ကံကောင်းထောက်မစွာဖြင့် သူမ မနေ့ညက မတွေ့လိုက်တာပင်။ မဟုတ်ရင် အားချိုး အိပ်ရဲမှာမဟုတ်လောက်ချေ။ အားချိုး၏ နှလုံးသားသည် ထိတ်လန့်နေခဲ့သည်။ နတ်ရွာစံဧကရီရဲ့သားက ဘယ်လိုမျိုးပါလိမ့်
***