“ဆေးခန်းက ဘယ်မှာရှိလဲမသိဘူး၊ သခင်လေးရဲ့ခန္ဓာကိုယ်မှာ အနာတွေ အများကြီးပဲ။ ဆေးမလိမ်းရင် ပိုဆိုးလာလိမ့်မယ်။ ကျွန်မ နောက်ကျ အပြင်ထွက်ပြီး အမြန်ဆုံးရှာကြည့်ရမယ်။”
အားချိုးသည် သူ့နောက်ကျောရှိ အနာတွေကို ကြည့်လိုက်ရင်း သူမမျက်ခုံးဟာ ရှုံ့သွားသည်။
“သခင်လေး မှောက်လျက် လှဲလို့အဆင်ပြေရဲ့လား။ ဗိုက်ပေါ်က အနာတွေကတော်တော်ဆိုးတယ် ဝမ်းလျားမှောက်အိပ်တော့ ကုတင်နဲ့ ကပ်နေမှာ။ အဲဒါဆို ပိုနာမှာပဲ...”
အားချိုးက သူ့အောက်က တင်ပါးကို ကြည့်လိုက်ကာ ရုတ်တရက် စကား ဆက်မပြောနိုင်တော့ပေ။ သူ့တင်ပါးက တကယ့်ကို ညစ်ပတ်နေတယ်။ အပေါ်က အညစ်အကြေးတွေက ဖော်ပြစရာ စကားကိုရှာမတွေ့နိုင်ခဲ့။ ထိုလူကို ကိုယ်ဝတ်တိုက်ပေးကတည်းက အားချိုး မြင်ခဲ့သော်လည်း အမျိုးသား၏နေရခက်မည်စိုးသောကြောင့် မမြင်ချင်ယောင်ဆောင်ခဲ့သည်။ တစ်ဆောင်လုံးဟာ အနံ့တွေ ထောင်းနေပေသည်။ သူမ ခဏလေးတောင် သည်းမခံနိုင်တာကို တစ်နေ့လုံး အိပ်ယာပေါ်မှာ လှဲနေတဲ့လူက ပိုတောင်ဆိုးလောက်မည် မဟုတ်ပါလား။
လက်ရှိတွင် အားချိုးသည် အိပ်ယာခင်းနှင့် စောင်အသစ်တစ်ထည်ကို ရှာဖွေရန် မီးဖိုချောင်သို့ အမြန်ပြန်သွားခဲ့သည်။ သူမက သခင်မသွမ့်ကို နှလုံးသားထဲမှာ ကျေးဇူးတင်နေမိသည်။ အားလုံးက အစုံအလင်အထိ ပြင်ဆင်ပေးထားကြသည်။ အားချိုးက ခပ်သုတ်သုတ်ပြန်လာပြီး အိပ်ရာခင်းနှင့် လိုအပ်သော အခြားအရာများကို ကုတင်ခေါင်းရင်းတွင် ထားကာ ပြောလိုက်သည်။
“ဒီနေ့ သာယာတဲ့နေ့ပဲ၊ အပြင်မှာ နေသာနေတုန်း အိပ်ရာခင်းနဲ့ စောင်ကို လဲကြရအောင်။ လျှော်လို့ လွယ်တာပေါ့”
မျက်နှာတစ်ခုလုံးကို ခေါင်းအုံးထဲတွင် မြှုပ်ထားတာကြောင့် ထိုလူ၏အမူအရာကို သူမ မမြင်နိုင်ပေ။ သူမသည် သူ၏ ရှုပ်ပွနေသော ဆံပင်များကိုသာ ကြည့်နေရသည်။ အားချိုး၏ နှလုံးသားသည် မသက်မသာ ဖြစ်သွားပြီး “လုပ်စရာတွေအကုန်ပြီးရင် သခင်လေးခေါင်းလျှော်ဖို့ ရေပြင်ထားလိုက်မယ်”
လောလောဆယ်မှာတော့ အချိန်ဖြုန်းမနေသင့်ပေ။ အားချိုးသည် ထိုလူကို သန့်ရှင်းစေရန် သူ့တင်ပါးကို လိမ်လိုက်သည်။ သူ့ကို ဘယ်သူကမှ ဆေးကြောမပေးတာကြာပြီဖြစ်မယ်။ တင်ပါးတွင် အညစ်အကြေးတွေ ပြည့်နေရုံတင်မက ထပ်ကြာကြာထားလျှင် ပုပ်ပါသွားနိုင်သည်။ အားချိုးသည် ရေဇလုံနှစ်လုံးကို ပြောင်းပြီး နောက်မှသာ အကုန် သန့်စင်လိုက်နိုင်သည်။ ထိုနေရာက တခြားနေရာတွေထက် ပိုသိမ်မွေ့ပေသည်။ သူ့ကို စောနကလို မှောက်လျက် လှန်တာထက် ဆေးကြောသန့်စင်ပေးရတာ ပိုလွယ်ကူသည်။
နောက်ဆုံးတော့ အားချိုး သက်ပြင်းရှည်ကြီး ချလိုက်သည် ။ စောင်နဲ့ အိပ်ရာခင်းတို့ကိုလဲဖို့ သူမ ကုတင်ခြေရင်းမှာ ဒူးထောက်လိုက်သည်။ ထို့နောက် သူမ ကုတင်ခေါင်းရင်းသို့ တက်သွားလိုက်သည်။ ပထမဦးစွာ သူမသည် ကုတင်၏ ထောင့်တစ်နေရာကို အိပ်ရာခင်းကို စွပ်ခဲ့သည်။ တစ်ဖက်ထောင့်ကို ဖော်ထုတ်ဖို့ ရောက်တဲ့အခါ ကုတင်ပေါ်ကနေ ခုန်ဆင်းပြီးနောက် ရုတ်တရက် ရပ်သွားသည်။ ထိုလူ တုန်ရီနေသည်ကို သူမမြင်လိုက်ရပေသည်။ အတိအကျပြောရလျှင် ထိုလူ၏ခေါင်းသည် အလွန့်ကို လှုပ်ခါနေတာဖြစ်သည်။ ခေါင်းအုံးထဲမှာ မြှုပ်ထားသော ခေါင်းက လှုပ်ခါနေပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေလည်း လှုပ်နေခဲ့သည်။
အားချိုး ထိတ်လန့်သွားရသည်။ သူမသည် အမျိုးသားက နာကျင်နေသည်ဟု ထင်သွားသဖြင့် သူ၏ ပခုံးပေါ် အလျင်အမြန် ပွတ်သပ်ပြီး
ထိုလူက ပြန်မဖြေဘဲ ရုတ်တရက် တုန်လှုပ်နေရင်းက ရက်တန့်သွားခဲ့သည်။ အားချိုးက စိုးရိမ်းနေတာကြောင့် ခေတ္တရပ်ပြီး
ထိုလူက အားချိုးကို လျစ်လျူရှုထားဆဲဖြစ်သော်လည်း သူမက စိတ်ဓာတ်မကျဘဲ စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူ့အသံပျက်သွားတာက သနားစရာကောင်းလိုက်တာလို့ တိတ်တဆိတ်တောင် တွေးခဲ့သေးသည်။
သူမသည် အမျိုးသားကို လှည့်၍ အိပ်ယာခင်းပေါ်ရှိ အညစ်အကြေးများနှင့် အမျိုးသား၏နောက်ကျောရှိ ကုတင်အနားကို ကြည့်ချင်သော်လည်း အခွင့်မသာခဲ့ပေ။ သူမ အပေါ်တက်ကာ ကုတင်၏အခြားထောင့်ကို ဆွဲလိုက်သည်။ ထို့နောက် သူမသည် ညစ်ပတ်နေသော စောင်ကို ယောက်ျား၏ ခန္ဓာကိုယ်မှ ခပ်ဖွဖွ ဆွဲထုတ်ကာ စောင်အသစ်တစ်ထည်ဖြင့်အစားထိုးလိုက်သည်။
***