သူမသည် ထိုယောက်ျားအတွက် သန့်ရှင်းသော အိပ်ရာခင်းကို လဲပေးချင်သော်လည်း ထိုအမျိုးသား၏ အနာများစွာကြောင့် သေချာ မလှုပ်ရှားဝံ့ပေ။ လောလောဆယ်တော့ သူ့အတွက် အိပ်ရာခင်းကို ပြောင်းမပေးနိုင်သေးပေ။ သူမသည် သန့်ရှင်းသော စောင်အသစ်ကို ကိုင်ကာ အမျိုးသား၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ ထို့နောက် သူမ၏ ကြက်သွေးရောင် ခေါင်းအုံးကို ပြန်သွားယူပြီး အမျိုးသား၏ ခေါင်းအုံးနေရာတွင် နူးညံ့သော ပန်းနုရောင် ခေါင်းအုံးကို ထပ်ထည့်လိုက်သည်။
ပျော့ပျောင်းသော ပန်းရောင်ခေါင်းအုံးသည် ကြီးမားနူးညံ့ပြီး အမျိုးသားတစ်ယောက်နှင့် အလွန်ကွဲပြားနေသည်။ အားချိုးက ရှက်ရွံ့သွားပြီး
“သခင်လေးရဲ့ ခေါင်းအုံးကိုကို အရင်လျှော်ပြီးမှ ကျွန်မ ပြန်လဲပေးမယ်နော်။”
အားချိုး ကုတင်အစွန်းမှာထိုင်ပြီး ခဏလောက်စဉ်းစားလိုက်သည်။ နောက်တော့ သူမယူလာတဲ့ ချည်သားအထည်ကို ရှစ်ပိုင်းပိုင်း ဖြတ်လိုက်သည်။ ချည်သားရှစ်ထည်လုံးကို ခေါက်ပြီး တစ်ထည်ကို ထုတ်ယူကာ ထောင့်ဖြတ်ခေါက်၍ အမျိုးသား၏ အောက်မှာ ဖြန့်ပေးလိုက်သည်။ ဒီလိုမျိုး အနှီးလုပ်ရမှာပေါ့။
နေရာချထားပြီးနောက် သူမသည် မတ်တတ်ထရပ်ပြီး ထိုလူကို ထပ်မံမြင်သောအခါတွင် အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ မှောက်လျက်ပေါ် လဲလျောင်းနေသော်လည်း အားချိုးသည် သူ အလွန်ဝမ်းနည်းနေမည်ဟု ခံစားမိသည်။ လက်ရှိမှာ အားချိုးက သူ့ကို စောင်ခြုံပေးပြီး0
“အေးဆေးပါ၊ ဘဝရဲ့ အနိမ့်အမြင့်တွေကို ဘယ်သူက လွတ်နိုင်မှာလဲ၊ သခင်လေးအခု ဒီလို နေနေရာတာက နေမကောင်းဖြစ်နေလို့ပါ။ သခင်လေး နေကောင်းလာတဲ့အခါ ကျွန်မတို့ ဒီလိုလုပ်စရာ မလိုတော့ဘူး”
သူနှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် အားချိုးသည် စိတ်ဓာတ်ကျခြင်းမရှိတော့ပေ။ ပင်ပန်းစွာ အလုပ်လုပ်ပြီးနောက် အားချိုး ဗိုက်ဆာလာခဲ့သည်။ ထို့နောက် ခုထိ ဘာမှ မစားရသေးကြောင်း သတိရသွားမိသည်။ သူမ မီးဖိုချောင်ဆီသွား၍ ပူပူနွေးနွေး ယာဂုက်ု ပန်းကန်လုံး နှစ်လုံးထဲ ထည့်ခဲ့လိုက်ပြီး မီးဖိုချောင်မှ ထွက်လာခဲ့သည်။ သူမ နောက်တစ်ကြိမ် မီးဖိုချောင်ထဲ ပြန်ဝင်ပြီး အကြာကြီး မွှေနှောက်ခဲ့ကာ နောက်ဆုံးတော့ ဇွန်းကို ရှာတွေ့ခဲ့သည်။ ဇွန်းကို ဆေးကြောပြီးနောက် အိပ်ခန်းထဲသို့ ယာဂုနှင့် ဟင်းရွက်ချဉ်ကို ယူသွားခဲ့သည်။
အားချိုးသည် ဗန်းကိုချလိုက်ပြီး သူမ၏လက်မှ ကြိုးတစ်ချောင်းကို ထုတ်ကာ ကျုံးမင်းဝေ ၏ရှုပ်ပွနေသော ဆံပင်ကို ခေါင်းနောက်ဘက်တွင် ချည်နှောင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ရှက်ကိုးရှက်ကန်းဖြင့်
“မီးဖိုချောင်မှာ ဟင်းရွက်ချဉ် တစ်ခုတည်းပဲရှိတယ်။ နောက်ရက်မှ ကျွန်မ အပြင်ထွက်ပြီး တစ်ခုခုသွားဝယ်ချက်ပေးမယ်။ ဘာစားချင်လဲ”
ကျုံးမင်းဝေ က စကားမပြောသော်လည်း သူ့လည်ချောင်းတွေ လှုပ်ရှားလာပြီး ယာဂုနံ့ကို အနံ့ခံမိသဖြင့် ဗိုက်က “ဂွီ” လို့ အော်လာခဲ့သည်။ ဗိုက်မဆာတာ ဘယ်လောက်ကြာသွားပြီလဲ။
သူ့လျှာကို ကိုက်ချင်ပေမယ့် သူ့လျှာကို သွားကြားထဲ ထည့်လိုက်တဲ့အချိန် ဘာမှမလုပ်နိုင်ခဲ့ပေ။ သူ သေမှာမကြောက်ပေမဲ့ ဤကဲ့သို့ အရှက်ရစရာကောင်းသော နည်းဖြင့် မသေချင်ပေ။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရက်စက်ယုတ်မာသူများ သူ၏ တိုင်းပြည်ကြီးကို ထိန်းချုပ်ရန် အခွင့်အရေးကို မလုယူစေချင်ပေ။
အားချိုး၏ နားဟာလဲ အလွန်ကောင်းသည်။ သူ့ဗိုက်ထဲက “ဂွီ” အသံကြားရတာကြောင့် အရမ်းပျော်သွားပြီး ယာဂု ပန်းကန်လုံးတစ်လုံးနဲ့ ဇွန်းကို ကိုင်၍ အအေးခံကာ ကျုံးမင်းဝေ ပါးစပ်ဆီသို့ ပို့ပေးလိုက်သည်။
နွေးထွေးပြီး မွှေးကြိုင်သော ဂျုံယာဂုက သူ့ရှေ့တွင် ရှိနေသဖြင့် ကျုံးမင်းဝေ သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့ရှေ့က အဖြူရောင် ဂျုံယာဂုကို ကြည့်ပြီး ပါးစပ်ဖွင့်ဖြစ်သွားခဲ့သည်။ အားချိုးက အရမ်းညင်သာပြီး ယာဂုကို အမျိုးသားရဲ့ပါးစပ်ထဲကို ထည့်ကျွေးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမသည် နောက်ထပ်တစ်ဇွန်းကို ထည့်ပြီး သူ့ထံသို့ ပေးလိုက်သည်။ ကျုံးမင်းဝေ ၏ ပါးစပ်သည် အလွန်ကျယ်ကျယ်ဟထားပြီး သူ့မျက်လုံးများသည် အားချိုး၏လက်များကို စိုက်ကြည့်နေကာ အစာကျွေးတာစောင့်နေသော ကလေးနှင့်တူနေသည်။
***