အားချိုးက
“ပါးစပ်ကို မဖွင့်နဲ့ဦး၊ ကျွန်မ သခင်လေးကို ခွံ့မှ ပါးစပ်ကို ပြန်ဖွင့်။ မဟုတ်ရင် ညောင်းနေလိမ့်မယ်”
ကျုံးမင်းဝေ သည် အသံတစ်ဝက်ကို မကြားရသော်လည်း ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟထားဆဲဖြစ်သည်။ သူ့မျက်လုံးများက အားချိုး၏လက်ထဲက ဇွန်းကို စိုက်ကြည့်နေသည်။ အားချိုးသည် မပြောတော့ဘဲ ယာဂုနောက်တစ်ဇွန်းကို လှမ်းယူလိုက်ပြီး အမြန်လေမှုတ်ထုတ်ကာ ကျုံးမင်းဝေ ထံသို့ ပို့ပေးလိုက်သည်။
ခဏကြာတော့ ယာဂု ပန်းကန်တစ်လုံးကုန်သွားခဲ့သည်။ အားချိုးသည် အမြန် ယာဂုနောက်တစ်ပန်းကန်ကို ယူလိုက်သည်။ တကယ်တော့ ဒီပန်းကန်က အားချိုးအတွက်ဆိုပေမယ့် သူမက ဂရုမစိုက်ခဲ့ပေ။ ယခု သူမသည် ကျုံးမင်းဝေ ကို အပြည့်အ၀ ဗိုက်ပြည့်တဲ့အထိ စားစေချင်သည်။ ဒီလူဟာ အချိန်အတော်ကြာ ဗိုက်ဆာနေခဲ့မှန်း သိသာသည်။ သူ့မှာ ဘာမှ စားစရာမရှိပေ။ အားချိုး အလွန်နောင်တရနေခဲ့သည်။ သူမသာ ကြိုသိခဲ့ရင် မနေ့ညကတည်းက သူ့အတွက် ထမင်းချက်ပေးခဲ့မည်ပင်။
အိုးထဲမှာ နည်းနည်းကျန်ပါသေးသည်၊ ဒါပေမယ့် ယာဂုဟာ ပန်းကန်တစ်ဝက်ပဲရှိတော့သည်။
ကျုံးမင်းဝေ ခေါင်းယမ်းလိုက်သည်။ သူက မျက်တောင်မခတ်ဘဲ အားချိုးကို စိုက်ကြည့်နေသည်။
အားချိုးသည် မည်းနက်သော မျက်လုံးနှင့် တွေ့ကြုံရချိန် အဆင်မပြေဖြစ်သွားခဲ့သည်။ သူမသည် ယောက်ျားများနှင့် အတွေ့အကြုံလုံးဝ မရှိပေ။ ထို့အပြင် စိုက်ကြည့်နေသည်က ကျုံးမင်းဝေ ၏ မက်မွန်ပွင့်မျက်လုံးများပင်။ အရင်ကလောက် မညို့ငင်ပေမယ့် အားချိုးက ခဏလောက်အထိ အကြည့်လွှဲနိုင်မှာ မဟုတ်ပေ။
ခဏကြာတော့ ကျုံးမင်းဝေ ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့အသံက ဩရှနေပြီး အချိန်အကြာကြီး စကားမပြောဖြစ်တာကြောင့် ဖြစ်လိမ်ြမယ်။
“ကျွန်မနာမည်က သွမ့်ရူလန်ပါ”
အားချိုးက လက်ကိုင်ပုဝါကို ထိတ်လန့်တကြားကိုင်ပြီး ပျာယာခတ်ကာ ပြောလိုက်သည်။ သူမ၏ နှလုံးသားသည် လည်ချောင်းဆီသို့ ခုန်ထွက်မလိုပင်။ သူမ အရမ်းစိတ်လှုပ်ရှားနေမိသည်။ ကျုံးမင်းဝေ က သူမရဲ့လျို့ဝှက်ချက်တွေကို မြင်နေတယ်လို့ ခံစားရသည်။ သူမက
“ကျွန်မက သွမ့်အိမ်တော်ရဲ့သမီး သွမ့်ရူလန်ပါ။ အရင်က သခင်လေးနဲ့စေ့စပ်ထားတဲ့သတို့သမီးလောင်းပါ”
“သွမ့်မိသားစုသမီး ရဲ့ပုံတူပန်းချီကို ငါမြင်ဖူးတယ်”
ကျုံးမင်းဝေ က ပေါ့ပေါ့တန်တန်ပြောရင်း အားချိုးရဲ့မျက်နှာပေါ်မှာ သူ့အကြည့်တွေက လှည့်ပတ်နေပြီး နောက်ဆုံးမှာတော့ အားချိုး ရဲ့ မေးစေ့ပေါ်က အနီညိုရောင်အမာရွတ်ကို စိုက်ကြည့်နေခဲ့သည်။
“သွမ့်ချန်းဟုန်ရဲ့သမီးက မျက်နှာပျက်စီးသွားတာတောင် အရှေ့နန်းဆောင်ကို တိတ်တိတ်လေး လက်ထပ်ဝံ့တာက သေမိန့်ပဲ”
နောက်တစ်စက္ကန့်တွင် အားချိုးသည် ကျယ်လောင်သော အသံဖြင့် ကုတင်ရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေ တုန်နေခဲ့သည်။ သူမ ကြောက်လန့်နေမှန်း သိသာသည်။ သူမသည် ကုတင်စွန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျုံးမင်းဝေ အား
“မင်းသားက ထက်မြက်ပါပေတယ်။ ကျွန်...ကျွန်မက သခင်မလေးသွမ့်မဟုတ်ပါဘူး။ သခင်မလေးသွမ့်ရဲ့ ခန်းဝင်ပစ္စည်းအဖြစ်ပို့တဲ့အထဲက အစေခံပါ။ သခသ်မလေးသွမ့်က ရုတ်တရတ် ဖျားနာပြီး သေဆုံးသွားလို့ ဒီအစေခံက သခင်မလေးသွမ့်အစား ကြင်ယာတော်နေရာ လက်ထပ်ဝင်လာခဲ့ရတာပါ။ အရှင့်သားကို လှည့်စားဖို့ မရည်ရွယ်ပါဘူး။”
ကျုံးမင်းဝေ က မထီမဲ့မြင်ပြုကာ နှုတ်ခမ်းကိုဖိ၍ ခေတ္တရပ်ပြီး
“မိန်းကလေးသွမ့်က တကယ်ရော ရုတ်တရတ်ဖျားနာပြီး သေသွားတာဟုတ်ရဲ့လား။ငါ့လိုမသန်စွမ်းနဲ့လက်မထပ်ချင်လို့ ကိုယ့်ကိုကိုယ်သတ်သေသွားတာမဟုတ်ဘူးလား”
အားချိုးသည် ကျုံးမင်းဝေ ၏ မထီမဲ့မြင်လှောင်ပြောင်ပြုမှုကို ကြည့်နေပြီး ခဏတာ သူမ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ သူမ နှုတ်ခမ်းကို အချိန်အတော်ကြာ ကိုက်လိုက်ပြီး တိုးတိုးလေးဖြင့်
“အရှင့်သား၊ အတွေးလွန်နေပါပြီ၊ မိန်းမငယ်လေးတွေရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းတယ်။ ပေကျင်းက ထွက်လာကတည်းက သခင်မလေးက စဖျားတော့တာပဲ။ ဒီထိကို လာဖို့ မလွယ်ဘူး...”
“ဒီကိုကြည့်။”
ကျုံးမင်းဝေ ရုတ်တရက် ပြောလိုက်သည်။
***