ကျုံးမင်းဝေသည် သူ့ရှေ့က ဆံပင်ရှည်တွေကို ကြည့်ပြီး မျက်ရည်တွေ ကျချင်လာသည်။ ခဏကြာတော့ သူ့နှလုံးသားက အရမ်းဝမ်းနည်းသွားတယ်။ သူ့ထက် ၁၆ နှစ်ငယ်တဲ့ မိန်းကလေးကို နှစ်သိမ့်ဖို့ နူးညံ့တဲ့ စကားတစ်ခွန်းခွန်းကို သူပြောချင်မိသည်။ သို့သော် သူက ရုတ်တရက် သွားတော့လို့ ပြောလိုက်သည်။
“ကျွန်မ ဘယ်သွားစေချင်လို့လဲ”
အားချိုးသည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့သည်။ သူမသည် အလွန်ဝမ်းနည်းနေခဲ့ပြီး
“ကျွန်မ အရှင့်သားရဲ့အိမ်တော်ကို မင်္ဂလာဝတ်စုံနဲ့ လာခဲ့ကတည်းက အရှင့်သားရဲ့လူပါပဲ။ ကျွန်မကို ဘယ်ကိုသွားစေချင်တာပါလဲ”
“ဘယ်သွားသွားအဆင်ပြေတယ်။ အတိုချုပ်ပြောရရင်၊ အသက်ရှင်နေတဲ့ လူတွေကို င်္သဂြိုဟ်သလို ဖြစ်နေတဲ့ ဒီမှာမနေနဲ့။”
ကျုံးမင်းဝေ က သက်ပြင်းချလိုက်သည်။ သူ မျက်လုံးတွေမှိတ်ထားလိုက်ပြန်သည်။ သူသည် အေးစက်လွန်းသည်ဟုနာမည်ကြီးခဲ့သော်လည်း ယခုအချိန်တွင် မိန်းကလေး၏မျက်ရည်ဝဲနေသောမျက်လုံးများကို ရင်ဆိုင်လိုက်ရာ အလွန်နာကျင်ခံစားရသည်။
“သူတို့ပြောတာ၊ ကျွန်မ ဒီကထွက်ပြေးရင် မပြေးနိုင်အောင်ခြေထောက်ကိုရိုက်ချိုးမှာတဲ့။ ဖမ်းမိရင် ကျွန်မ သေလိမ့်မယ်”
“နားမလည်ဘူးလား၊ မသန်မစွမ်းလူတစ်ယောက်အတွက် ဘာကိုပေးဆပ်ချင်နေတာလဲ။ မိသားစုလိုချင်တယ်ဆို အပြင်မှာ ယောက်ျားကောင်းတစ်ယောက်ရှာပြီး မင်းဘဝတစ်ခုလုံးကို အတူတူဖြတ်သန်းပြီးနေသင့်တယ်။ အသက်ရှင်နေတဲ့ လူသေတစ်ယောက် အတွက် မင်းဘာလို့အချိန်ဖြုန်းနေတာလဲ”
ကျုံးမင်းဝေက စိတ်မရှည်စွာ မျက်လုံးဖွင့်ပြီး သူမ၏ မျက်လုံးနီတွေကို ကြည့်နေလိုက်သည်။ သူနားမလည်ပေ။ ဒီလောက် ပိန်ပါးတဲ့မိန်းကလေးက ဘာကြောင့် ဒီလောက်ခေါင်းမာရတာလဲ။
“ကျွန်မရဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်မက လူတွေကိုအစေခံတဲ့လူပဲ ကျွန်မ အရှင့်သားကိုအစေခံချင်တယ်။”
အားချိုး အသက်ရှူရှိုက်လိုက်ကာ သူမ၏ မျက်လုံးများ နီရဲလာပြန်သည်။ သူမသည် စဉ်းစားပြီး ခေတ္တရပ်လိုက်သည်။ ထို့နောက် သူမသည် ပေါ့ပေါ့ပါးပါးနှင့် ဟန်ဆောင်ကာ
“တိုတိုပြောရရင်၊ ကျွန်မ ရုပ်ဆိုးတယ် ရှင်က လေဖြတ်နေတယ်။ ကျွန်မတို့က အတူတူအနူနူပဲဆိုတော့ ဘယ်သူ့ကိုမှ မကြိုက်ဖြစ်မနေသင့်ဘူးမလား”
ကျုံးမင်းဝေက သူ့နှုတ်ခမ်းကို ဖိကာ စကားပြန်မပြောတော့ဘဲ မျက်လုံးကိုမှိတ်လိုက်သည်။
အားချိုးက သူ့ကို စကားထပ်ပြောဖို့ မမျှော်လင့်ထားပါပေ။ သူ မျက်လုံးတွေထပ်မှိတ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမ အိပ်ရာပေါ်မှ ထကာ ပန်းကန်များကို ဆေးကြောပြီး အပြင်သို့ ထွက်သွားလိုက်သည်။ မီးဖိုချောင်ထဲက ယာဂုပန်းကန်တစ်ဝက်စာလောက်က အေးနေခဲ့ပြီဖြစ်သည်။ အားချိုး သိပ်ဂရုမစိုက်ဘဲ အသီးရွက်ချဉ်များနှင့် လက်ကျန် ယာဂုကို သောက်လိုက်သည်။
နောက်တစ်ဆင့် အိုးကိုဆေးကြောပြီး ခြံထဲမှာရှိတဲ့ ရေတွင်းထဲက ရေကိုခပ်ကာ ရေနွေးအိုးနှစ်လုံး အပြည့်ကျိုထားလိုက်သည်။ ရေနွေးတည်ပြီးနောက် ခန်းမထဲကို ပြန်ဝင်သွားလိုက်သည်။ ထိုအချိန်မှ အားချိုးသည် ထိုနေရာကို ပထမဆုံးအကြိမ်အဖြစ် ဂရုတစိုက်ကြည့်မိသည်။
ခန်းမကြီးထဲမှာ ဘာမှမရှိပေ။ ဘယ်ဘက်သည် ကျုံးမင်းဝေ နေထိုင်သော အိပ်ဆောင်ဖြစ်ပြီး ညာဘက်မှာ အခန်းတစ်ခန်းရှိသည်။ အားချိုးက ရှုပ်ပွနေသော ဘေးခန်းထဲသို့ ဝင်လိုက်သည် ။ ဖွင့်လိုက်တာနဲ့ အားချိုးက ပါးစပ်နဲ့ နှာခေါင်းကို အမြန်ဖုံးလိုက်ရသည်။ အထဲမှာ မှိုနံ့က ထောင်းထွက်နေခဲ့သည်။
အားချိုးသည် မျက်မှောင်ကြုတ်ကာ အဝတ်များနှင့် စောင်နှစ်လုံးကို ကြည့်လိုက်သည်။ အဝတ်အထည်များနှင့် စောင်များသည် မှိုတက်နေပြီပင်။ ကြီးကြီးငယ် အဝတ်များသည် ကျုံးမင်းဝေ၏ အဝတ်အစားများ ဖြစ်လောက်သည်ဟု သူမထင်မိသည်။
အားချိုးသည် အပေါ်မှ မှိုတက်နေသောအရာကြည့်ပြီး အဝတ်အစားကို လွှင့်ပစ်ချင်ခဲ့သည်။ သို့သော် သူမသည် ကျုံးမင်းဝေ ၏ အဝတ်ဗလာအသွင်အပြင်ကို တွေးတောမိပြီး လွှင့်မပစ်နိုင်တော့ပေ။ အဝတ်အစားများနှင့် စောင်များကို သစ်သားသေတ္တာကြီးများဖြင့် သယ်ထုတ်ကာ နေပူပူတွင် လှမ်းရန် ခြံဝင်းထဲတွင် ထားခဲ့သည်။
***