အားချိုးသည် ကျုံးမင်းဝေ ၏ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ခြေဖျားထောက်၍ ဝင်လာခဲ့သည်။ အချိန်က မှောင်နေသေးပြီး ဖယောင်းတိုင်မီးမထွန်းထားတာကြောင့် ရှေ့ကိုနည်းနည်းချင်းသာ တိုးသွားနိုင်ပေသည်။
သူမသည် နောက်ဆုံးတွင် ကုတင်စွန်းကို လှမ်းကိုင်လိုက်နိုင်သည်။ သူမ သစ်သားအင်တုံကို ချလိုက်ပြီးနောက် စောင်ထောင့်ကို ညင်သာစွာ ဆုပ်ကိုင်ကာ ဖယ်ရှားလိုက်သည်။ ထို့နောက် သူမလက်ကို အမြန် ဆန့်ထုတ်လိုက်သည်။ မနေ့က အတွေ့အကြုံအရ၊ ဒီတစ်ခါတော့ သူမဟာ ညစ်ပတ်နေတဲ့အနှီးကို လွယ်လွယ်ကူကူ ထုတ်ယူ၍ အနှီးအသစ်ကို ပြောင်းပြီး သူ့အောက်မှာ ထည့်လိုက်သည်။
ထို့နောက် သူမသည် အဝတ်ကို ရေစွတ်ပြီး ကျုံးမင်းဝေ၏ ပေါင်အရင်းကို ညင်သာစွာ သုတ်လိုက်သည်။ သိပ်ပြီး ခွန်အား မသုံးဝံ့ပေ၊ မနေ့က ကျုံးမင်းဝေ ရဲ့ပေါင်များတွင် သွေးထွက်နေတာကို သူမ မြင်ခဲ့ရသည်။ သူ့ပေါင်ရင်းကို အကြိမ်ပေါင်းများစွာ သုတ်ပြီး နောက်ဆုံးတွင် သန့်ရှင်းကြောင်း သေချာအောင် လုပ်ပြီးနောက် ထိုသူနိုးလာမှာကို စိုးရိမ်ပြီး အားချိုးသည် ညစ်ပတ်နေသော အနှီးကို ရေထဲသို့ ပစ်ချကာ ထွက်လာခဲ့သည်။
အမှန်တော့ ကျုံးမင်းဝေ သည် အိပ်မပျော်နေခဲ့ပေ။
အတိအကျပြောရလျှင် တစ်ညလုံးနီးပါး မျက်လုံးမမှိတ်ရသေးပေ။ သူ လေးနာရီလောက်တုန်းက တကယ်ကို အောင့်သည်းခံနေခဲ့ပြီး နဖူးပေါ်ရှိ အကြောတွေပါ ထနေခဲ့သည်။ ဒါပေမယ့် သူ မထိန်းထားနိုင်သေးပေ။ သူ့ပေါင်က တဖန်ပူပြီး စိုစွတ်လာတဲ့အခါ နှုတ်ခမ်းကို ကိုက်ပြီး ပါးစပ်က သွေးတွေတောင် ထွက်လာတော့မလိုပင်။
သူအရမ်းရှက်ပြီး မျက်နှာမပြရဲတာကြောင့် မအိပ်နိုင်တော့ပေ။
ဒါပေမယ့် သူ ဘာလုပ်နိုင်မည်နည်း။ ဒါက ဇီဝခန္ဓာရဲ့သဘောတရားပင်ဖြစ်သည်။
ဒီနေ့သည် အဆုံးအထိ မှောင်နေကာ နေက အရှေ့ဘက်သို့ မထွက်တော့ဘဲ၊ အမှောင်သည် အိမ်ဝင်းကို အမြဲထာဝစဉ် ဖုံးလွှမ်းလျက် ကောင်မလေး နိုးလာပြီး ဒါတွေကို ဘယ်တော့မှ မတွေ့နိုင်ဖို့ သူမျှော်လင့်ခဲ့သည်။
“အရှင့်သား နည်းနည်းလောက် ထပ်အိပ်လိုက်ပါလား”
အားချိုးက သူ့အိပ်ခန်းကို သန့်ရှင်းရေးလုပ်နေရင်း တစ်ချိန်တည်းမှာပဲ ကျုံးမင်းဝေ ကို ပြောလိုက်သည်။
ကျုံးမင်းဝေ က ကုတင်ပေါ်တွင် လဲလျောင်းရင်း အားချိုး၏လက်ထဲက သစ်ကိုင်းပုံစံအရာကို ကြည့်နေသည်။ သူက စပ်စုလိုက်သည်။
အားချိုးက ပြုံးပြပြီး သူမလုပ်ထားတဲ့ တံမြက်စည်းကို အဲဒီလူဆီ ကြွားလိုက်သည်။ ချီးမွမ်းခြင်းကို စောင့်မျှော်နေသည်မှာ ထင်ရှားနေသည်။
အားချိုးက တံမြက်စည်းကို ကိုင်ထားရင်း ကျုံးမင်းဝေအား စိုက်ကြည့်နေခဲ့သည်။ ကျုံးမင်းဝေကသူမ၏ ကြောင်အနေသော မျက်နှာကို ကြည့်ပြီး
“အရှင့်သား ပြုံးရင် ကြည့်ကောင်းတယ်”
အားချိုးမှာ သူ့အသိစိတ် ပြန်ဝင်လာပြီး သူမဟာ ယောက်ျားတစ်ယောက်အား အချိန်အကြာကြီး စိုက်ကြည့်နေမိတာကို သဘောပေါက်သွားသဖြင့် ရှက်ရွံ့သွားခဲ့သည်။ သူမသည် အမြန်ခေါင်းငုံ့ပြီး ကြမ်းပြင်ကို ဆက်လှည်းလိုက်သည်။ အချိန်အတော်ကြာမှ သူမ ကျုံးမင်းဝေ ကို တိတ်တဆိတ် စိုက်ကြည့်ကာ
“အရှင့်သား နောင်မှာ ပိုပြုံးသင့်တယ်၊ အမြဲတမ်း မျက်နှာကို တည်မထားနဲ့။”
အားချိုးက တံမြက်စည်းကို ချလိုက်ပြီး ကျုံးမင်းဝေ ရဲ့ အိပ်ရာရှေ့မှာ လေးနက်စွာ ဒူးထောက်ထိုင်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒီနေ့ ယာဂုသောက်လို့ကောင်းလား”
ကျုံးမင်းဝေ သည် သူမ၏ နုပျိုသော မျက်နှာကို ကြည့်ပြီး နှုတ်ခမ်းကို ထိန်းထား၍ မရတော့ဘဲ ပြုံးကာ ပြောလိုက်သည်။
***