“အဲဒါပျော်စရာပဲလေ”
အားချိုးက သူ့ထက် ပိုရယ်မောရင်း ပြောသည်။
“ကျွန်မ ဟိုမှာတုန်းကဆို နေ့တိုင်း ပေါက်စီပဲ စားရတာ။ နေပူတဲ့နေ့ဆို နေ့တိုင်းနီးပါး သိုးနေပြီး အေးတဲ့နေ့ကျ ပေါက်စီမာချက်က ကိုက်ရင် သွားပြုတ်သွားနိုင်တယ်။ အဲဒီတုန်းက နေ့တိုင်း သောက်စရာ ဂျုံယာဂုသာရှိရင် တကယ့်နတ်ပြည်ပဲ…ကြည့်လေ အခုဆို အဖော်အရှင့်သားရော ဂျုံယာဂုရော ရှိတယ်လေ”
ကျုံးမင်းဝေ က သူမ၏ မျက်လုံးတွေကို ကြည့်လိုက်သည်။ မိန်းကလေး၏အသွင်အပြင်သည် မလှပသော်လည်း သူမ၏အပြုံးက အလွန်ကူးစက်တတ်ပေသည်။ သူက ပိုလို့တောင် ပြုံးလာပြီး
“မင်းနာမည်ဘယ်လိုခေါ်လဲ”
“အားချိုး”
အားချိုးသည် ခေါင်းမထောင်ဘဲ ကုတင်ရှေ့တွင် ဒူးထောက်လျက် ကုတင်အောက်ခြေသို့ သွားကာ ကုတင်၏ထောင့်တိုင်းကို သန့်ရှင်းရေးလုပ်ရန် ကြိုးစားရင်း ပြန်ပြောသည်။
အားချိုးက ခုတင်အောက်က ပင့်ကူမျှင်များစွာနှင့်အတူ ထွက်လာသည်။ သူမသည် သူမ၏ဆံပင်မှ ပင့်ကူမျှင်များကို ဆွဲထုတ်ကာ ကျုံးမင်းဝေ အား
အားချိုးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဆံပင်ကိုပြန်သပ်ရန် ခေါင်းကို မော့ထားသည်။ ကျုံးမင်းဝေ သည် သူမ၏ မေးစေ့မှ လည်ပင်းထိ တစ်လျှောက်လုံး အနီညိုရောင် အမာရွတ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အရမ်းကြီးသဖြင့် သူမကိုမြင်ရတဲ့အခါ လူတွေကိုပါ နာကျင်မှုကို ခံစားရစေနိုင်သည်။
ကျုံးမင်းဝေ က အားချိုးရဲ့ မေးစေ့ပေါ်က အမာရွတ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
အားချိုးသည် အတိတ်ကို ပြန်မစဉ်းစားချင်ခဲ့ပေ။ သူမ အမြန်ခေါင်းငုံ့ကာ ကော်လံကိုသေချာပြန်အုပ်လိုက်ပြီး
“သန့်ရှင်းရေးလုပ်ပြီးသွားရင် အရှင့်သားအတွက် လိမ်းဆေး သွားဝယ်လိုက်မယ်။ အရှင့်သားခန္ဓာကိုယ်မှာ ရင်းနေတဲ့ အနာတွေ အများကြီးပဲ၊ နှောင့်နှေးနေလို့မရဘူး”
ကျုံးမင်းဝေ ၏မျက်နှာမှာ တင်းမာသွားပြီး စကားမပြောတော့ပေ။
“အရှင့်သား ခုတင်ပေါ်မှာပဲ တစ်ချိန်လုံး လှဲနေလို့မရဘူး။ အရှင့်သားရဲ့ ခြေလက်တွေကိုလှုပ်ရှားပေးရမယ်”
“အနာတွေ သက်သာလာရင် အပြင်ထွက်ဖို့ ကူညီပေးမယ်။ နေရောင်ကို မမြင်ဘဲဘယ်လိုနေနိုင်တာပါလိမ့်၊ တွန်းလှည်းလိုဟာမျိုးရှိလား ပတ်ကြည့်လိုက်ဦးမယ် မရှိရင် အရှင့်သားအတွက် ဝယ်ခဲ့ပေးမယ်။ နေပူစာလှုံရင် တကယ်နေလို့ကောင်းတယ်…”
ကျုံးမင်းဝေ သည် အက်ကွဲနေသော နံရံဆီသို့ အနည်းငယ် တိုးကပ်သွားသည်။ ဟုတ်သည် သူ အားချိုးကို မမုန်းပေ။ သူမနဲ့ နီးကပ်ရတာတောင် သဘောကျမိသည်။ အားချိုးက သူအရင်က သိခဲ့တဲ့လူတွေနဲ့ မတူပေ။ သူမ သည် မီးဖိုလေးကဲ့သို့ ကြင်နာသနားတတ်ပြီး နေရာတိုင်းကို နွေးထွေးသောလေထုကို ပေးစွမ်းသည်။ ကျုံးမင်းဝေသည် အားချိုးကို ခပ်မာမာဆက်ဆံနိုင်စွမ်း မရှိပေ။ သူက အားချိုးနဲ့ ရင်းနှီးရတာကို နှစ်သက်ပြီး သူ့ခန္ဓာကိုယ်အကြောင်း ဆွေးနွေးတာကလွဲရင် အားချိုး နဲ့ စကားပြောရတာကို နှစ်သက်ပေသည်။
သူ သူမကိုနှင်မထုတ်နိုင်ရုံတင်မက သူမကို ဆွဲချမိမှာကိုလဲ စိုးမိသည်။
ဒီအခြေအနေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပေသည်။ တစ်ချိန်တုန်းက သူ့ပတ်ဝန်းကျင်ကလူတွေဟာ သူ့ထံမှ လိုချင်တာရှိလို့ လာချဉ်းကပ်ကြသည်ကို သူ ရှင်းရှင်းလင်းလင်း သိမြင်နိုင်၏။ ဒါကြောင့် သူသည် မာနကြီးခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိလူတိုင်းကို ဥပေက္ခာပြုတာတောင် လူတိုင်းက လောဘအရေခြုံကာ ပြုံးပြနေဆဲဖြစ်ပြီး သူ့လက်ချောင်းများကို လှုပ်သရွေ့ အကုန်လုပ်ဆောင်ပေးခဲ့ကြသည်။ သူတို့သည် ခွေးများထက် ပို၍ ပါးနပ်ပြီး နာခံမှုရှိသည်။ သူကလဲ ကစားပွဲတစ်ခုလို့ထင်ပြီး တခြားသူတွေအား ကစားကာ သာလွန်တဲ့နေရာမှ ခံစားချက်ကိုလည်း နှစ်သက်ခဲ့သည်။
***