သို့သော် ယနေ့တွင် သူသည် တိမ်တိုက်ပေါ်မှ ငရဲအထိသို့ ကျသွားခဲ့သည်။ ပါးနပ်နာခံမှုရှိသော အပြုံးများသည် ရုတ်တရက် လှောင်ပြောင်မှုအဖြစ်ပြောင်းလဲသွားသည်။ ဤခန္ဓာကိုယ်သည် သူ့အတွက် အရှက်ရဆုံးနေရာဖြစ်သည်။ သူသည် မိုးပေါ်မှနေရသော အရသာကို ခံစားဖူးသည်။ ထို့ကြောင့် ဤအချိန်သည် သူ့အတွက် ဒုက္ခတစ်ခုထက်ပိုနေခဲ့သည်။ လွန်ခဲ့သော သုံးဆယ့်နှစ်နှစ်တာလုံးက ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။ ယခုတော့ သူ့မှာ ဒုက္ခခံနေရပြီး သူ့နှင့်အတူ ဘယ်သူမှ မရှိနေပေ၊ သို့သော် ဤမိန်းကလေးကတော့ သူ့ဆီမှ လိုချင်တာတစ်ခုမှ မရှိဘဲ စောင့်ရှောက်ပေးနေသေးသည်။
......
“အရှင့်သား ကြားရဲ့လား”
အားချိုးသည် အကြာကြီး အော်နေသော်လည်း ကျုံးမင်းဝေ ၏ အဖြေကို မကြားရပေ။ သို့သော် သူမ မော့ကြည့်လိုက်တော့ ကျုံးမင်းဝေ သည် အတွင်းဘက်သို့ မျက်နှာမူနေသည်ကို တွေ့လိုက်ရသည်။ အားချိုး ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ သူမ ကုတင်ပေါ်ကို ဂရုတစိုက်တက်ပြီး ကျုံးမင်းဝေ ၏မှိတ်သွားသော မျက်လုံးတွေကို ကြည့်နေသည် ။ သူမက နည်းနည်းလေး ကြောင်သွားပြီး
“ဘယ်လိုလုပ် ဒီလောက်မြန်မြန် အိပ်ပျော်နိုင်တာပါလိမ့်၊ ဘယ်လိုခုံမျိုး ကြိုက်လဲလို့မေးမလို့ကို…”
အိပ်ခန်းကို ရှင်းလင်းပြီးနောက် အားချိုးသည် ဘေးခန်းနှင့် ပင်မခန်းမကိုပါ ထပ်မံ သန့်ရှင်းခဲ့သည်။ ထို့နောက် ငွေကို အလျင်အမြန်ယူကာ ခြံဝင်းထဲမှ ဝါးတောင်းကြီးတစ်လုံးကို သူမနောက်ကျောတွင် သယ်ပိုးလိုက်သည်။ ကျုံးမင်းဝေ က အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တာကြောင့် သူမ အနည်းငယ် စိတ်မချဖြစ်မိသည်။ တံခါးဆီကို အချိန်အတော်ကြာ လျှောက်သွားပြီးနောက် အံကြိတ်ကာ တံခါးကို ပိတ်လိုက်သည်။ ကံကောင်းစွာနဲ့ပဲ သော့ခလောက်ကို တံခါးမှာ ချိတ်ဆွဲထားခဲ့သည်။ သူမ တံခါးကို သော့ခတ်ပြီး သော့အား ခိုင်ခံ့အောင်လုပ်ကာ လှည့်ပြီး ထွက်သွားတော့သည်။
အားချိုး အပြင်ထွက်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။ ထိုအခါမှသာ ခြံဝင်းသည် တောင်ပေါ်တက်သည့် လမ်းတစ်ဝက်လောက်အထိ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေ့ည သူမ ရောက်လာတုန်းက လှည်း နှေးကွေးနေသည်မှာ အံ့သြစရာ မကောင်းတော့ပေ။ တောင်ပေါ်လမ်းပေါ် တက်နေပုံရသည်။
အားချိုးသည် တောင်ပေါ်လမ်းအတိုင်း လျှောက်လာရင်း တောင်ပေါ်ရှိ ပေါင်းပင်များထဲမှ အသီးအနှံရိုင်းများထဲမှာ စားသုံးနိုင်တာရှိလားကို စစ်ဆေးကြည့်သည်။ တောင်ခြေရင်းတွင် စားသုံးနိုင်သော တောရိုင်း ဟင်းသီးဟင်းရွက် နှစ်မျိုးကိုရှာတွေ့ခဲ့သည်။
အားချိုးက တောင်ခြေသွားတဲ့ လမ်းကို မသိပေ။ နင်းဂုတသည် အမှန်တကယ်ပင် လူပြတ်လပ်ပြီး လမ်းမှာ လူသွားလူလာမရှိတော့ လမ်းမေးဖို့လဲ ခက်လှသည်။ သို့သော် တောင်ခြေရင်းတွင် ခြံစည်းရိုးကြီးတစ်ခုရှိနေသည်။ အဲဒီမှာ ဘယ်သူမှ မရှိပုံပင်။ အားချိုးအကြာကြီး တုံ့ဆိုင်းနေသော်လည်း ခြံစည်းရိုးထဲသို့ ဝင်သွားလိုက်သည်။
အထဲမှ တံခါးပွင့်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ထွက်လာခဲ့သည်။ အရပ်ရှည်လွန်းသောကြောင့် အားချိုးပင် အံ့သြသွားရသည်။ သူမသည် မသိစိတ်မှ နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ရပ်တန့်လိုက်သည်။ လူငယ်လေး၏ ကြည့်ကောင်းသော မျက်နှာကို ကြည့်လိုက်ပြီး အားချိုးက စိတ်အေးအေးထားကာ ပြုံးပြုံးလေး မေးလိုက်သည်။
“ကျွန်တော့် မျိုးရိုးနာမည်က ချန် နာမည်က ချင်းရွှမ်ပါ။ ဒီစာသင်ကျောင်းက ဆရာတစ်ယောက်ပါ။”
ချန်ချင်းရွှမ်က သူ့ရှေ့က ကလေးမလေးကို ကြည့်ပြီး ပြုံးပြုံးလေးနှင့်
အားချိုး အနည်းငယ် အံ့သြသွားသည်။ သူမ မော့ကြည့်လိုက်တော့ တံခါးဘောင်ထိပ်မှာ ကမ္ဗည်းပြားလေးတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ “ကျီရှန်း ကျောင်း” ဟုဆိုသည်။ အားချိုးက ချန်ချင်းရွှမ်ကို ပြုံးပြပြီး
“တကယ်တော့ ကိုယ်ပိုင်ကျောင်းပဲ။ ကျွန်မ စကားလုံးတွေ အများကြီး မသိပေမဲ့ ဒီစကားလုံး လေးလုံးကိုတော့ ဖတ်တတ်ပါတယ်”
***