“ဟုတ်ပါပြီ၊ အဖွား ချင်းရွှမ်လေးရဲ့ သားသမီးတွေကိုချီဖို့ စောင့်နေဦးမယ်။”
အဘွားချန်သည် ပြုံးပြီး သူ၏ ရှုံ့တွနေသော လက်ဖြင့် ချန်ချင်းရွှမ်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။
……
အားချိုးသည် စျေးထဲတွင် မနှောင့်နှေးဝံ့ပေ၊ ကျုံးမင်းဝေ တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့တာကို သူမ စိတ်မချချေ။ သူမသည် ဈေးထဲတွင် သမားတော်ဆေးခန်းကို ရှာတွေ့ပြီး ကျုံးမင်းဝေ ၏ လက္ခဏာများကို ဖော်ပြခဲ့သည်။ နှစ်လကြာ လိမ်းဖို့ ဆေးဝယ်ရန် ပိုက်ဆံသုံးလျန်ကုန်ခဲ့ပေသည်။ သမားတော်ဆေးခန်းမှ ထွက်လာသောအခါ အားချိုးသည် အံကြိတ်လွန်း၍ သွားတစ်ချောင်း ကျိုးလုနီးပါးပင်၊ လိမ်းဆေးက အရမ်းဈေးကြီးလွန်းလှသည်။ စိတ်ညစ်လိုက်တာ။
အားချိုးသည် ကျုံးမင်းဝေ အတွက် လိမ်းဆေးဝယ်ပြီးနောက် ငွေမည်မျှကျန်သည်ကို တွက်ချက်နေရင်း လမ်းဘေးရှိ အသားဆိုင်ကို တိုက်ရိုက်ကြည့်လိုက်သည်။ အခုလေးတင် သမားတော်က အနာတွေဖြစ်ရင် လိမ်းဆေးလိမ်းရုံတင်မကဘဲ ပြန်ထူထောင်လာဖို့ အာဟာရလဲ ကောင်းကောင်းစားသင့်တယ်လို့ ပြောခဲ့သည်။ ဂျုံယာဥက သူမအတွက် အရသာရှိပေမယ့် ကျုံးမင်းဝေတော့ အတွက်မကောင်းပေ။
အားချိုးက အံကြိတ်ပြီး သားသတ်ဆိုင်က ဝက်သားကို ဝယ်၍ ဝါးခြင်းတောင်းထဲမှာ ထည့်လိုက်သည်။ နောက်ပိုင်းတွင် အင်တုံ၊ ဂေါ်ပြား၊ သစ်သီး၊ ယပ်တောင်၊ ဆန်ကာ၊ ကတ်ကြေးနှင့် အခြားအသုံးအဆောင်များကို ဝယ်ယူခဲ့ပြီး သူမသည် တစ်လျန်ထက်ပို၍ သုံးစွဲခဲ့ရသည်။ နောက်ခရီးစဉ်မှာ မျက်စိတစ်မှိတ်အတွင်း ခြောက်စနီးပါး ကုန်သွားတော့သည်။ အားချိုးက နောက်ထပ် ထပ်စျေးမဝယ်ရဲတော့ဘဲ အမြန်တောင်းကြီးကို သယ်ပြီး ပြန်သွားခဲ့ရသည်။
ကျုံးမင်းဝေ သည် အလင်းရောင်ဘက်ကို အကြာကြီး စိုက်ကြည့်နေသည်။ ခုနက အားချိုးက တံခါးကို သော့ခတ်ပြီး ထွက်သွားကတည်းက အခန်းသည် လုံးဝ တိတ်ဆိတ်နေခဲ့သည်။ အားချိုး ကြာသည်အထိ ပြန်မလာသောအခါ ကျုံးမင်းဝေ အနည်းငယ် စိုးရိမ်သွားသည်။ အားချိုးသည် ပစ္စည်းဝယ်ရန် အပြင်ထွက်သွားမှန်း သူသိသော်လည်း ထွက်ပြေးသွားမလားဟူသော မသဲမကွဲခန့်မှန်းချက်က သူ့ကို စိုးရွံ့မိနေဆဲဖြစ်သည်။
သူသည် ဒီနှစ်ရက်အတောအတွင်း တချိန်လုံး အားချိုး၏အသံများကို နားစွံ့နေခဲ့သည်။ ရေတွင်းထဲ ရေပုံးပြုတ်ကျတဲ့ အသံအထိ သူ ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။ ရေသယ်ရင်း အားချိုး ညည်းတွားသံကိုလဲ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်၊ ပြီးတော့ မီးဖိုချောင်ထဲကို ရေသယ်လာတဲ့ ကောင်မလေးရဲ့ အသံနှင့် တံခါးဖွင့်သံမှတစ်ဆင့် ခဏအကြာတွင် အိုးထဲသို့ ရေလောင်းသံထိအဆုံး သူကြားလိုက်ရသည်။
ထိုအချိန်တုန်းက သူ၏နားပါးမှုအတွက် အနည်းငယ် ဂုဏ်ယူနေသော်လည်း နောက်ပိုင်းတွင် သူသည် နားထောင်ရတာ အလွန်ငြီးငွေ့လာခဲ့သည်။ သူ့မျက်နှာကို မကျေမနပ် လှည့်လိုက်သည်၊ သို့သော် တိတ်ဆိတ်သော နံနက်ခင်းတွင် အိုးများပွတ်တိုက်သံက ထွက်ပေါ်လာခဲ့သည်။ ခဏကြာတော့ မီးဖိုချောင်တံခါးက ပြန်ပွင့်လာပြီး ကောင်မလေးရဲ့ ခြေလှမ်းတွေက ပိုနီးလာခဲ့သည်။ သူ့ကို ထမင်း လာကျွေးတာပင်။
ကောင်မလေးက ခြေရာကို မဖော့ထားခဲ့ပေ၊ သူမ လမ်းလျှောက်တဲ့အခါ အရှေ့နန်းတော်ရှိ အမျိုးသမီးများနှင့် အသံ ခပ်ဆင်ဆင်တူသည်။ သူမသည် ကျက်သရေရှိရှိ စကားတစ်ခွန်းမှ မပြောဘဲ လမ်းလျှောက်လာခဲ့သည်။ ကြောင်တစ်ကောင်ကဲ့သို့ပင် မိန်းကလေးစံပြအစေခံပုံစံအတိုင်းဖြစ်သည်။
ဒါတွေအားလုံးဟာ အားချိုးနဲ့ သက်ဆိုင်တဲ့ အသံတွေဖြစ်ပြီး သူ့ကို ရင်းနှီးပြီး သဘောကျစေတဲ့အရာတွေပင်။ သူသည် ကုတင်ပေါ်မှာပဲ လှဲလျောင်းရင်း ပတ်ဝန်းကျင်မှ ပေါ့ပေါ့ပါးပါး အသံတွေကို နားထောင်ရတာသဘောကျမိသည်။ အထူးသဖြင့် သက်တောင့်သက်သာရှိပြီး တည်ကြည်နွေးထွေးမှုကို ခံစားရစေသည်။
မူလကတော့ ဤထွေထွေထူးထူးအသံများကြောင့် သူကောင်းကောင်းပင်မအိပ်နိုင်ခဲ့ပေ။
***