ကျုံးမင်းဝေ က သူပြောင်းလဲသွားတာကြောင့် ရှက်ရွံ့မိပြီး သူ့ကိုယ်သူ ခံစားလွန်းနေသည်ကိုလည်း သတိထားမိပေသည်။ အရင်တုန်းကတော့ သူဟာ အသည်းအမာဆုံးလူတစ်ယောက်ပေမဲ့ ဒီအချိန်မှာတော့ ဒီလိုအသေးအဖွဲအသံတွေကြောင့်နဲ့ပင် နှလုံးသားတစ်ခုဟာ ပျော့ပျောင်းလွန်းနေပြီး နေ့တစ်ဝက်လောက် အထီးကျန်မှုကြောင့်နဲ့ သူ့နှလုံးသားက ဗလာဖြစ်ကာ မအီမသာဖြစ်၍ ကြောက်ရွံ့နေမိသည်။ သူသည် သူ့ကိုယ်သူပင် မရင်းနှီးတော့သလို ခံစားနေရသည်။
……
“ကျွီ”
တံခါးပွင့်လာခဲ့သည်။
ကျုံးမင်းဝေ က သူ့တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူသည် တံခါးဟကြောင်းမှ အားချိုးသည် သူမထပ် ပိုကြီးသည့် ဝါးခြင်းတောင်းကြီးကိုကိုင်ကာ ဝင်လာသည်ကို ကြည့်နေလိုက်သည်။ သူမ ခြေလှမ်းတွေကို တမင်တကာ ဖွထားပြီး ခြင်းကို ချ၍ အခန်းထဲကို တလှမ်းချင်း လျှောက်လာခဲ့သည်။ကျုံးမင်းဝေသည် အမြန် မျက်နှာချင်းဆိုင်ဖို့ လှည့်လိုက်သည်။
ကျုံးမင်းဝေ တဖြည်းဖြည်း နီးကပ်လာသော ခြေသံများက ကုတင်ဘေးတွင် ရပ်သွားသည်ကို နားထောင်နေခဲ့သည်။ သူမသယ်လာတဲ့ အရာက လိမ်းဆေးဟု ယူဆရမည်။ ထိုအချိန်တွင် အခန်းထဲတွင် ဟင်းသီးဟင်းရွက်နံ့သင်းသင်းလေးများနှင့် ပြည့်နေပြီး အနည်းငယ်ပူရှိန်းနံ့ရနေသည်။
အားချိုးက တိုးတိုးလေးပြောပြီး လိမ်းဆေးကို ကုတင်ခေါင်းရင်းမှာ တင်ပေးလိုက်သည်။ သူမသည် ပေါ့ပါးစွာဖြင့် ကုတင်ပေါ်သို့ တက်လိုက်သည်။
ထိုအချိန် ခုမှလန့်နိုးလာသကဲ့သို့ ကျုံးမင်းဝေ က မျက်စောင်းထိုးကာ လှည့်ကြည့်လာခဲ့သည်။ အားချိုး အရမ်းပျော်သွားပြီး
ကျုံးမင်းဝေ က ပေါ့ပေါ့တန်တန်ပြောရင်း အားချိုး၏ချွေးစေးများနဖူးကို ငုံ့ကြည့်ရင်း အကြည့်က အားချိုး၏ကော်လာမှ အဖြူရောင်ကျောက်စိမ်းဆီသို့ ကျသွားခဲ့သည်။ ဆွဲသီးရဲ့ အရည်အသွေးက အတော်လေး ကောင်းသဖြင့် ရှေးဟောင်းကျောက်စိမ်းဖြစ်ရမည်။ ရှားပါးရတနာများကို စုဆောင်းလေ့ရှိသည့် ကျုံးမင်းဝေ ပင်လျှင် နှစ်ခါပြန်ကြည့်မိလိုက်သည်။
“ဟုတ်တယ်နော့ ကျွန်မလည်း ကြည့်ကောင်းတယ်လို့ ထင်တာပဲ။ ကျွန်မ အမေက ကျွန်မအတွက် ချန်ထားခဲ့တာလေ။”
အားချိုးက အနည်းငယ် ဂုဏ်ယူစွာဖြင့် ဆွဲသီးကိုယူ၍ ကြည့်ပြီးနောက် နဖူးပေါ်ရှိ ချွေးများကိုအကျီလက်ဖြင့် သုတ်ရင်း ကော်လာထဲသို့ ထည့်လိုက်သည်။
ကျုံးမင်းဝေ အနည်းငယ် အံ့သြသွားသည်။အားချိုးက အစေခံတစ်ယောက်လို့ဆိုပေမဲ့ ဒီဆွဲသီးရဲ့ အရည်အသွေးက သိသာထင်ရှားစွာပင် မိသားစုကြီးတစ်ခုမှ ထွက်လာတာဖြစ်သည်။
“ကျွန်မက မွေးကတည်းက အစေခံဖြစ်ခဲ့တာမဟုတ်ဘူး”
ကျုံးမင်းဝေ ၏အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းနားလည်ပြီး အားချိုးက ပြောသည်။ တစ်ချိန်တည်းမှာပင် ကျုံးမင်းဝေ ကို ကြည့်ကာ လိမ်းဆေးကို မွှေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျုံးမင်းဝေ အား
“ကျွန်မ အဖေက အရာရှိတစ်ဦးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကျ မကောင်းတဲ့ကိစ္စတွေ ဖြစ်ခဲ့ပြီး အရာအားလုံး အဆိုးဘက်ပြောင်းသွားခဲ့တယ်။ အဖေနဲ့အမေ ဆုံးသွားပြီး ကျွန်မက ငယ်သေးလို့ အသက်ရှင်ခဲ့ပေမဲ့၊ ရာဇဝတ်မှုကြောင့်ဘအစေခံအဖြစ် နန်းတော်ကို ပို့ခံလိုက်ရတာ။”
ကျုံးမင်းဝေ သည် အားချိုး၏ ဘဝအတွေ့အကြုံကို သိနိုင်လောက်မည်ဟု ထင်ကာ ထပ်မေးလိုက်သည်။
“မသိဘူး၊ ကျွန်မရဲ့ မျိုးရိုးနာမည်ကိုတောင်မသိဘူး။ နန်းတော်ထဲဝင်ပြီး အစေခံ စလုပ်တုန်းက ကျွန်မအသက် လေးနှစ်ပဲရှိသေးတယ်။ ငယ်ငယ်ကကိစ္စတွေ ဘာမှ မမှတ်မိတော့ဘူး”
အားချိုးက ကျုံးမင်းဝေ ရဲ့စောင်ကို ဆွဲလိုက်ပြီး လိမ်းဆေးကို သူ့နောက်ကျောမှာ တင်လိုက်သည်။
“ကျွန်မ သမားတော်ကို မေးကြည့်တော့ ဒီလိမ်းဆေးကို စွဲစွဲမြဲမြဲ လိမ်းရင် မကြာခင်မှာ ဒီအနာတွေက သက်သာလာလိမ့်မယ်တဲ့၊ ဒါပေမယ့် နည်းနည်းတော့ နာလိမ့်မယ်…နည်းနည်းလောက် သည်းခံပါဦးနော်။ “
တကယ်ကို နာကျင်ပေသည်။ ကျုံးမင်းဝေ အံကိုကြိတ်ကာ သည်းခံလိုက်သည်။ ထုံးစံအတိုင်း၊ သူ့မှာ အားချိုးရဲ့ မိဘတွေက ဘယ်သူလဲဆိုတာ မေးဖို့ သတိမရတော့ပေ။ အအေးဓာတ်သည် ထိုလက်လေးတစ်စုံ၏ ပွတ်တိုက်မှုအောက်တွင် အလွန်ပူပြင်းလာခဲ့သည်။ ပခုံးကနေ နောက်ခါးအထိ ဒီလိုပူစပ်နာကျင်နေပေမယ့် သူ့ကြည်နူးနေမိသည်။ ဒီလို မခံမရပ်နိုင်တဲ့ နာကျင်မှုမျိုးကို သူသဘောကျပေသည်၊ အနည်းဆုံးတော့ သူ့ရဲ့ အသွေးနဲ့အသားဟာ တည်ရှိနေဆဲဆိုတာကို သက်သေပြနိုင်သည်ပင်။ ဤခန္ဓာကိုယ်သည် သစ်သားမဟုတ်ပေ။ အားချိုး ပေးခဲ့သော နာကျင်မှုကို လေးမြတ်စွာပင် သူနှစ်သက်သည်။
***