တစ်ခါတစ်ရံ အရှေ့နန်းတော်ရှိ အမျိုးသမီးအားလုံးကို နားမလည်သကဲ့သို့ မိန်းကလေးတင်းကိုလဲ နားမလည်နိုင်ဟု ထင်မိသည်။ သို့သော်လည်း ဘာအရေးလဲ။ သူသည် အမျိုးသမီးများကို လှုပ်မရအောင် ထိန်းချုပ်နိုင်ပေသည်။ ထိုအမျိုးသမီးများသည် သူ့အနားတွင်ရှိနေတာနှင့် ပိုးထည်နှင့် ဖဲများကို ၀တ်ဆင်နိုင်ပြီး ထောင်ပေါင်းများစွာတန်ကြေးရှိသော မွှေးရနံ့ကို အသုံးပြုနိုင်သည်။ သူ့ကြောင့်သာ သူတို့၏မိသားစုသည် တော်ဝင်အစည်းအဝေးတွင် ခိုင်မာစွာရပ်တည်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့၏ သေရေးရှင်ရေးကို ဆုံးဖြတ်သည်က သူဖြစ်တာကြောင့် လုံးလုံးနားလည်ရန် မလိုအပ်ပေ။
လတိုင်းရဲ့အဆုံးမှာ မိန်းကလေးတင်းက စာရင်းစာအုပ်ကိုကိုင်ပြီး တစ်လတာအတွင်း အရှေ့နန်းတော်ရဲ့ အသုံးစရိတ်တွေအကြောင်း ပြောပြတတ်သည်။ ငွေထောင်ပေါင်းများစွာ သုံးစွဲခဲ့ကြောင်း ဘာသိဘာသာ နားထောင်ရင်းဖြင့် နောက်ပိုင်းမှာ ပင်ပန်းလာပြီး နားမထောင်နိုင်တော့ပေ။ သူ မိန်းကလေးတင်းကို ပြန်လွှတ်လိုက်သည်။ ဘေဂျင်းမြို့ဆင်ခြေဖုံးမှာ သူ့မိသားစုနဲ့ပျော်ပျော်ကြီး ပြန်ဆုံတွေနေမယ်ဆိုတာ သူ ခံစားမိသည်။
အခု အသုံးစရိတ်တွေကမများပေ၊ ဒါပေမယ့် အားချိုးက သူ့ကို ဒီလို ရေရွတ်နေတာကို ကြားရတာ သဘောကျမိသည်၊ ပိုက်ဆံတစ်ပြား၊ ပိုက်ဆံနှစ်ပြား၊ ဆယ်စ၊ အစနှစ်ဆယ်တောင် ဝက်သားပေါက်စီထုပ်၊ သူအရင်က မကြားဖူးပေမယ့် အခုတော့ စိတ်ဝင်တစား နားထောင်နေမိသည်။ သိုးကျောင်းသားရဲ့ပိုက်ဆံအိတ်နဲ့ ပေါက်စီထုပ်အကြောင်းကို အားချိုး ရဲ့ဖော်ပြမှုကို နားထောင်တဲ့အခါ သူတောင် ကြောင်အသွားသည်။
တစ်နေ့တာလုံးအတွက် အထုပ်ကြီးကြီးအကြောင်း အားချိုး၏ဖော်ပြချက်ကိုကြားတော့ ကျုံးမင်းဝေ သည် အထူးပင် စပ်စုချင်သွားခဲ့သည်။
“သိုးထိန်းပိုက်ဆံအိတ်ဆိုတာ မစားဖူးဘူးလား ကျွတ်ကျွတ် သနားစရာပဲ”
“အရှင့်သားတို့လို မြင့်မြတ်တဲ့လူတွေကို အရင်က အားကျဖူးပေမဲ့ အခုတော့အားမကျတော့ဘူး၊ ကျွန်မ ခုံးကောင်နဲ့ ငါးမန်းဆူးတွေကို မစားဖူးပါဘူး၊ ဒါပေမဲ့ အရှင့်သားက အဲဒါတောင် မစားဖူးသေးဘူးလား...။ သိုးထိန်း ပိုက်ဆံအိတ်က အရမ်းအရသာရှိတဲ့ဟင်းရည်တစ်မျိုးပဲ။ ကျွန်မကအဲ့ထဲမှာ ဖက်ထုပ်ထည့်ထားတာကိုပိုကြိုက်တယ်။ ပြောရင်း ဗိုက်တောင်တာလာပြီ၊ အရှင့်သားရော။”
ဒီညစာက ပဲနီယာဂုဖြစ်သည်၊ ပူနွေးတဲ့ ပဲနီယာဂုကို ကျုံးမင်းဝေ ရဲ့ပါးစပ်ထဲကို တစ်ခါထည့်လိုက်တဲ့အခါ ကျုံးမင်းဝေ က ခြားနားချက်ကို သတိပြုမိပြီး
အားချိုးက ယာဂုကို မွှေပြီး ပဲနီယာယာဂုတစ်ဇွန်းကို ကျုံးမင်းဝေ ဆီကို ဆက်ခွံ့ရင်း ပြုံးကာ ပြောလိုက်သည်။
“ဂျုံယာဥကို နေ့တိုင်းသောက်နေရင် အရသာမရှိတော့မှာ ကြောက်လို့ရယ်”
ကျုံးမင်းဝေ က ပါးစပ်ကိုဖွင့်ပြီး အဖြူရောင်ကြွေဇွန်းကြီးထဲက ပဲနီယာဂုကို မျိုချလိုက်သည်။ တကယ်ချိုတာပင်၊ သကြားမစားတာကြာပြီမို့လားမသိ။ ကျုံးမင်းဝေ က ပဲနီယာဂုကို စားရတာ ချိုလွန်းတယ်လို့ ခံစားရသည်။ သူသည် သကြားအလွန်အကျွံမစားသော လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ ဒီအချိန်မှာ ဂျုံယာဂုကို စားတာက ပိုအရသာရှိမယ်ဟု ထင်မိသည်။
အားချိုးသည် ပန်းကန်လုံးအလွတ်ကို ချလိုက်ပြီး ကျုံးမင်းဝေ ကို ကျွေးရန် နောက်ထပ်ပန်းကန်တစ်ခုကို ယူလိုက်သည်။
“အိုးထဲမှာ နောက်တစ်ပန်းကန်စာလောက် ရှိသေးတယ်။ အရှင့်သား ဗိုက်ပြည့်မှ ကျွန်မ စားတော့မယ်”
အားချိုးက အမြန်ပြောလိုက်တယ်။ သူ မယုံမှာကိုစိုးပြီး ကျောကို တည့်တည့်မတ်မတ်ထား၍
ကျုံးမင်းဝေသည် သူမ၏ပိန်ပါးသော လက်မောင်းကို ကြည့်လိုက်သည် ။ သူသည် အားချိုး၏စကားကို မယုံသည်မှာ ထင်ရှားသည်။ သူက မေးစေ့ကို မြှောက်ပြီး အားချိုးအား ပြောလိုက်သည်။
“ငါဗိုက်ပြည့်ပြီ။ မင်းစားတော့”
***