ကိုယ်ခံပညာပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်ခံပညာရှင်များသည် ထိုထုတ်ပြန်ချက်ကြောင့် ကြောင်တောင်တောင်ဖြစ်သွားကြပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြ၏။
လွန်ခဲ့သောနှစ်များက ကိုယ်ခံပညာပြိုင်ပွဲ၏ ကြည့်ရှုနှုန်းမှာ အလွန်နိမ့်ကျခဲ့သည်။
နောက်ဆုံးတွင် ပွဲစီစဉ်သူများသည် ပွဲမစမီ အပြန်အလှန် စော်ကားပြောဆိုသည့် အစီအစဉ်တစ်ခုကို ထည့်သွင်းခဲ့ကာ ပရိတ်သတ်အားဆွဲဆောင်ရန်ကြိုးစားခဲ့လေ၏။
ဤအစီအစဉ်တွင် ပြိုင်ပွဲဝင်များသည် စင်ပေါ်၌ တစ်ဦးကိုတစ်ဦး သုံးမိနစ်ကြာ ဆဲဆိုနှိမ်ချခွင့်ရှိသည်။
ထိုအချိန်မှစ၍ စော်ကားပြောဆိုသည့် အစီအစဉ်မှာ ရေပန်းအစားဆုံးဖြစ်လာပြီး ကြည့်ရှုနှုန်း အမြင့်ဆုံးလည်း ဖြစ်လာခဲ့သည်။
ထို့အပြင် အကောင်းဆုံး ဆဲဆိုတုံ့ပြန်မှု အခိုက်အတန့်များကို ဗီဒီယိုတည်းဖြတ်ပြီး အင်တာနက်ပေါ်သို့ တင်ကြ၏။
အထူးသဖြင့် ပြိုင်ပွဲဝင်တစ်ဦးက ပြင်းပြင်းထန်ထန် ဆဲဆိုပြီးနောက် ထိုသူပြန်လည်အရိုက်ခံရသည့် အခန်းများသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး လက်စားချေလိုက်ရသလိုခံစားချက်မျိုးအား ဖျော်ဖြေမှုပေးနိုင်လေသည်။
သို့သော် ယခုအခါမှာတော့.. "ယဉ်ကျေးမှုကို မြှင့်တင်ပြီး ယဉ်ကျေးမှုအသစ်တစ်ခု တည်ဆောက်ကြပါစို့" ဟုဆိုကာ အပြန်အလှန် ဆဲဆိုခြင်းကို ပိတ်ပင်လိုက်၏။
ယင်းက ၎င်းတို့အနေဖြင့် ကြည့်ရှုနှုန်းကျဆင်းသွားမည်ကို ဂရုမစိုက်တော့ဟု ဆိုလိုခြင်းလော။
မည်သည့်အရာရှိက ဦးနှောက် တံခါးညှပ်သွား၍ ဤကဲ့သို့သော အဓိပ္ပါယ်မဲ့သည့်စည်းကမ်းချက်များကို ရုတ်တရက် ထုတ်ပြန်လိုက်ရသနည်း။
"အင်း... ခုတလော ကမ္ဘာကြီးက အရမ်းကို ထူးဆန်းလာတာပဲ"
ရှင်းယွီက မနေနိုင်ဘဲ ညည်းညူလိုက်သည်။
မကြာသေးမီက ချင်းယွမ်နိုင်ငံတွင် ထူးဆန်းသော အဖြစ်အပျက်မျိုးစုံ ဖြစ်ပွားလာခဲ့သည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာသည့် ကောလာဟလများ၊ ဓားပျံသမားတစ်ဦးက စစ်စခန်းကြီးကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည့် ပုံပြင်များနှင့် မဲပေးမှု ဖြစ်စဉ်တို့အထိ အရာအားလုံးက ပိုမိုရှုပ်ထွေးလာသည်။
ထို့ကြောင့် "ယဉ်ကျေးမှုကို မြှင့်တင်ပြီး ယဉ်ကျေးမှုအသစ်တစ်ခု တည်ဆောက်ကြပါစို့" ဆိုသည်မှာ ပျော်စရာမကောင်းတော့ပါ။
"အထက်ကလူတွေ ဘာတွေးနေလဲဆိုတာ ငါတို့ ခန့်မှန်းလို့မရဘူး၊ ဒါကြောင့် စည်းကမ်းအတိုင်းပဲ လိုက်နာကြတာပေါ့။ နောက်ဆုံးတော့... ငါတို့က အတွေ့အကြုံ ဗဟုသုတ လာရှာတာပဲ မဟုတ်လား"
ရွှီထဲ့ဟွာက လေးနက်စွာ ပြောလိုက်သည်။
မြို့အဆင့်ပြိုင်ပွဲတွင် သူသည် အတော်အတန် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
သို့သော် နိုင်ငံတော်အဆင့်တွင်မူ အကောင်းဆုံး စွမ်းဆောင်နိုင်မည့်သူများသည် အထွတ်အထိပ်ရောက်နေသည့် သိုင်းပညာရှင်များသာ ဖြစ်၏။
သူ၏ အင်အားမှာ သိုင်းပညာ၏ အထွတ်အထိပ်နှင့် ဝေးကွာနေသေးသောကြောင့် အောင်မြင်မှုရရန် မျှော်လင့်မထားပါ။
"မှန်တယ်၊ စည်းကမ်းအတိုင်းပဲ လိုက်နာကြတာပေါ့။ ငါကလည်း ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပဲလေ"
ကျိယွမ်ကလည်း ထောက်ခံလိုက်သည်။
ဝမ်ရှီချောင်မှာ ကျိယွမ်၏စကားကို ကြားသောအခါ နှုတ်ခမ်းလှုပ်သွား၏ ။ သို့သော် မည်သည့်စကားမှမဆိုဘဲ နှုတ်ဆိတ်နေလိုက်သည်။
လူတစ်ယောက်ကို ခေါင်းဖြတ်ပြီး အဲဒီခေါင်းကို လက်ဆောင်လုပ်ပြီး ပေးတာက ဥပဒေကို လိုက်နာတာပေါ့။
တစ်နိုင်ငံလုံးသာ သူ့လိုလိုက်နာနေကြရင် မခက်ဘူးလား။
"ဒါပေမဲ့ ငါ့မှာ မြင့်မားတဲ့ ရည်မှန်းချက်လည်းရှိတယ်။ ငါက ချန်ပီယံဆုကို ယူဖို့ လာခဲ့တာ"
ကျိယွမ်က အနီးအနားမှ ပြိုင်ပွဲဝင်များကို လှမ်းကြည့်လိုက်ရင်းမှ တက်ကြွစွာ ဆိုသည်။
ယခုအခါ သူသည် ကျောက်စိမ်းသွေးအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ပြိုင်ပွဲဝင်များက သူအတွက်ဆိုလျှင် အဖိုးဖြစ်သူက မြေးဖြစ်သူများနှင့် ကစားနေသကဲ့သို့ပင် ။
"မစ္စတာကျိက သေချာပေါက် ချန်ပီယံ ဖြစ်မှာ"
ထိုအချိန်တွင် ကြက်ဖကေနှင့်ဟန်ရှန်းယွင်က အားရပါးရထောက်ခံကာ ရိုသေလေးစားသော မျက်နှာထားဖြင့် သူတို့ဆီသို့ လျှောက်လာသည်။
မကြာသေးမီက မြို့တော်တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကြယ်ခုနစ်ပွင့် မိသားစုများထဲမှ မူမိသားစုမှာ မျိုးဖြုတ်သုတ်သင်ခြင်း ခံခဲ့ရ၏။
သူ၏ အစ်ကိုဖြစ်သူမှာ ပြည်နယ်အစိုးရအဖွဲ့သို့ ပြောင်းရွှေ့ခံရပြီး သူကိုယ်တိုင်လည်း ဂုဏ်ထူးဆောင် မြို့စားဘွဲ့ကို ရရှိခဲ့သည်။
ယခုအခါ သူ့ဘဝသည် အလွန်အဆင်ပြေနေသည်ဟုပင် ပြောနိုင်၏။
သူယခု ရရှိထားသမျှ အရာအားလုံးမှာ မစ္စတာကျိက ပေးသနားထားခြင်းဖြစ်သည်ကို သူကောင်းစွာသိသည်။
သူသည် မစ္စတာကျိနှင့် မစ္စနင်းထောင်အပေါ် လေးစားသလို ကြောက်ရွံ့မှုကိုလည်း ခံစားရ၏။
"အရင်က ငါ ချန်ပီယံ မဖြစ်နိုင်ဘူးလို့ မင်းပြောခဲ့တာ မဟုတ်လား"
ကျိယွမ်က ဟန်ချန်းယွင်အား အံ့သြစွာ မေးလိုက်သည်။
"အဲဒါက အရင်တုန်းကပါ၊ အခုက အခြေအနေချင်း မတူတော့ဘူး"
ဟန်ရှန်းယွင်က ပြာပြာသလဲ ပြန်ဖြေ၏။
"အမြင်စူးရှတာပဲ။ နောင်တစ်ချိန် အခွင့်အရေးရရင် မင်းကို အရမ်းတော်တဲ့ ဇနီးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
ကျိယွမ်က ခေါင်းညိတ်ကာ ခပ်တိုးတိုး ချီးမွမ်းလိုက်၏။
ကံမကောင်းစွာဖြင့် ဟန်ရှန်းယွင်သည် သေခြင်းစွမ်းအင်ကမ္ဘာ သို့မဟုတ် မစ်ရှင်ကမ္ဘာသို့ မဝင်ရောက်နိုင်ပေ။ သို့မဟုတ်ပါက သူ့ကို အဖိုးအိုဟွမ် သို့မဟုတ် ပင်လယ်နတ်ဘုရားနှင့် မိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။
ကျိယွမ်၏စကားကို ကြားသောအခါ ဟန်ရှန်းယွင်၏စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွား၏။
သူက ပြန်မေးရန်ပြင်လိုက်စဥ်မှာပင် ဘေးဘက်မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟန်ရှန်းယွင်၊ ကိုယ်ခံပညာပြိုင်ပွဲရဲ့ ချန်ပီယံဆုဆိုတာ လမ်းဘေးကအမှိုက်ပုံလို ကောက်ချင်တိုင်းကောက်လို့ရနိုင်တဲ့အရာ မဟုတ်ဘူး"
စကားသံနှင့်အတူ မျက်နှာတွင် တက်တူးထိုးထားသည့် ထွားကျိုင်းသော အမျိုးသားတစ်ဦးပေါ်လာ၏။ သူ၏မိုက်တိမိုက်ကန်းပုံစံက အလွယ်တကူ ဆက်ဆံ၍ရမည့်သူ မဟုတ်မှန်း သိသာလှသည်။
"ချန်ပီယံဆုကို အနိုင်ရဖို့ဆိုရင် တောင်ပိုင်းခြင်္သေ့ကျန်းယန်လို အစွမ်းထက်တဲ့သူ ဖြစ်ရမယ်"
ကျန်းယန်အကြောင်း ပြောသောအခါ တက်တူးနှင့်လူ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။
ဟန်ရှန်းယွင်က ထိုလူအား လှောင်သလိုရယ်လိုက်၏။
"မင်းသာ အနိုင်ရမယ်လို့ ပြောရင် ငါ အသိအမှတ်ပြုဦးမယ်။ ဒါပေမဲ့ မင်းကတစ်ခါ ရှုံးဖူးတဲ့သူအပေါ် မျှော်လင့်ချက် ထားနေတာကတော့ မင်းလည်း တော်တော် ထူးဆန်းတာပဲ"
တက်တူးနှင့်လူသည် ကိုယ်ခံပညာပြိုင်ပွဲတွင်မပါဝင်မီ တောင်ပိုင်းခြင်္သေ့ ကျန်းယန်နှင့် ရင်ဆိုင်ခဲ့ရပြီး သုံးကွက်အတွင်း ရှုံးနိမ့်ခဲ့သည်။
ထိုအချိန်မှစ၍ သူ၏ တိုက်ခိုက်လိုစိတ်မှာ ပျက်စီးသွားခဲ့လေ၏။
"ဟွန့်... မင်းက ကိုယ့်အတိုင်းအတာကိုယ် မသိဘူး။ သိုင်းပညာဆရာတွေကြားမှာတောင် ကွာခြားချက်တွေ ရှိတယ်ဆိုတာ မင်းနားမလည်ဘူး။ ကျန်းယန်သာ အချိန်ပိုရရင် သိုင်းပညာရဲ့ အကန့်အသတ်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာ။ နှမြောစရာပဲ..."
တက်တူးနှင့်လူ၏ မျက်နှာထားမှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွား၏။
ယခုကိုယ်ခံပညာပြိုင်ပွဲတွင် အနိုင်ရပြီးလျှင် ကျန်းယန်သည် သိုင်းပညာလောကမှ အနားယူတော့မည်ဟု သူကြားသိထားသည်။
ဤပြိုင်ပွဲမှာ သူ၏ နှုတ်ဆက်ပွဲပင်။
ကျန်းယန်မရှိတော့လျှင် သိုင်းပညာ၏ အကန့်အသတ်ကို ကျော်ဖြတ်နိုင်လောက်မည့်သူ မရှိနိုင်တော့သည်မှာ နှမြောစရာပင် မဟုတ်ပါလား။
ထိုသို့ပြောပြီးနောက် တက်တူးနှင့်လူသည် သူတို့အဖွဲ့အား အမှိုက်များလိုကြည့်ကာ ထွက်ခွာသွားသည်။
သို့သော် ရွှီထဲ့ဟွာက အံ့သြတုန်လှုပ်စွာဖြင့် ဟန်ရှန်းယွင်အား ကြည့်နေ၏။
"မင်းက မြောင်ပိုင်းကြိုးကြာ ဟန်ရှန်းယွင်လား ၊ သိုင်းဆရာတစ်ယောက်ပေါ့"
သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူသည် မြောက်ပိုင်းကြိုးကြာနှင့် တောင်ပိုင်းခြင်္သေ့အကြောင်းကို ကောင်းစွာ ကြားဖူးပါသည်။
ကျိယွမ်ကို မစ္စတာကျိဟု လေးစားစွာခေါ်ဆိုနေသည့် ဤလူငယ်မှာ မြောက်ပိုင်းကြိုးကြာ ဟန်ရှန်းယွင် ဖြစ်နေသည်တဲ့လား။
တောင်ပိုင်းကြိုးကြာဆိုသည်မှာ သိုင်းပညာပါရမီရှင်ဖြစ်ပြီး မိမိတို့လိုလူများ လက်လှမ်း မမှီနိုင်သောနေရာတွင်ရှိ၏။
ဒါပေမဲ့ သူက ဘာလို့ ကျိယွမ်ကို ဒီလောက်ရိုသေနေရတာလဲ။
ရွှီထဲ့ဟွာသည် ကျိယွမ်ကို နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်ရင်း အတွေးပေါင်းစုံ ဝင်လာသည်။
သူ၏ နောက်တွင်ရပ်နေသော သင်တန်းကျောင်းသားများသည်လည်း ကျိယွမ်ကို လေးစားမှုများဖြင့် ကြည့်လာကြ၏။
ကျိယွမ်သည် မင်ဝူကိုယ်ခံပညာသင်တန်းကျောင်းသို့ ရောက်ရှိလာသည်မှာ လအနည်းငယ်သာ ရှိသေးသည်။
သို့သ် ဟန်ရှန်းယွင်၏ အမူအယာအရ သူသည် အနည်းဆုံး သိုင်းပညာဆရာတစ်ဦး ဖြစ်နိုင်၏။
သူက တကယ့်ကို ထိပ်တန်းပါရမီရှင်တစ်ဦးများလား။
ဟန်ရှန်းယွင်က ပြုံး၍ ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်၊ အဲဒါ ကျွန်တော်ပါပဲ"
ထိုအချိန်တွင် ကျိယွမ်က ပြိုင်ပွဲဝင်အားလုံးကို ပတ်ပတ်လည် ကြည့်လိုက်ပြီး ခေါင်းယမ်းပြီး စိတ်ပျက်လက်ပျက် ညည်းညူသည်။
"အကုန်လုံးက အရမ်း အားနည်းလွန်းတယ်၊ ပြိုင်ဘက်မရှိအောင် အစွမ်းထက်နေရတာက ပျင်းစရာတော်တော်ကောင်းတာပဲ"
ရှင်းယွီက ကျိယွမ်ကို မျက်စောင်းထိုးရင်း ဟောက်၏။
"ကျိယွမ်၊ နင်က ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ရင်တောင် တခြားသူတွေကို အထင်မသေးနဲ့"
ကျိယွမ်သည် သိုင်းပညာ၏ အထွတ်အထိပ်ကိုရောက်နိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်နိုင်သည်ကို သူမ နားလည်ထားသည်။
မကြာသေးမီက ဖြစ်ပွားနေသည့် ထူးဆန်းသောအရာများနှင့်နှိုင်းယှဥ်လျှင် ဤကိစ္စမှာ အံ့သြစရာကြီး မဟုတ်တော့ပါ။
"ငါ ဘယ်သူ့ကိုမှ အထင်မသေးပါဘူး။ သူတို့ကို ပိုကြိုးစားစေချင်တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ... သူတို့က အရမ်း အားနည်းလွန်းတယ်။ ချန်ပီယံ ဖြစ်ချင်တာကြောင့်သာ မဟုတ်ရင် ငါ ဝင်ပြိုင်နေမှာတောင် မဟုတ်ဘူး"
ကျိယွမ်က အမှန်တကယ်ပျင်းရိနေခြင်းဖြစ်သည်။သခ်ျာပရော်ဖက်ဆာတစ်ဦးက မူလတန်းအဆင့်သင်္ချာပဟေဋိပြိုင်ပွဲတွင် မူကြိုကလေးများနှင့် ဝင်ပြိုင်နေသလို ခံစားရ၏။
ကျိယွမ်၏ လက်မောင်းကို ကိုင်ထားသည့် ကျူးယန်က ရွှင်မြူးစွာပြုံးလျှက် အကြံပြုသည်။
"သူတို့အားလုံးကို ဒဏ်ရာရအောင် လုပ်ပေးရမလား ၊ ဒါဆို သူတို့ ပြိုင်ပွဲက နုတ်ထွက်သွားရလိမ့်မယ်... နင်တိုက်ရိုက်ချန်ပီယံ ဖြစ်သွားတာပေါ့"
"ဒါက နည်းနည်း များမသွားဘူးလား"
ကျိယွမ်က စဉ်းစားပြီး ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် အဆောက်အဦးအတွင်း၌ ဖြစ်သည်။
အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီးဖြင့်
တင်ပြနေ၏။
"ဆရာ၊ ခုနက ပြိုင်ပွဲဝင် ဝမ်ဖူရှန့်က အရေးကြီးပုဂ္ဂိုလ်ကို နှုတ်နဲ့ ရန်စခဲ့ပါတယ်"
"ဘာ"
စစ်ဝတ်စုံနှင့် အမျိုးသားက ထိတ်လန့်သွားပြီး ထိုင်နေရာမှ မတ်တပ်ဖြစ်သွားသည်။
"သူက ဘယ်လိုတောင် သတ္တိရှိရတာလဲ"
ထိုသူမှာ သူတို့အားလုံး သတိထားပြီး ဆက်ဆံရမည့်သူဖြစ်၏။ယခု ဘာမှ မဟုတ်သောတစ်စုံတစ်ဦးက သူ့ကို ရန်စရဲသည်တဲ့လား။
သူက သေချာပေါက် သေမင်းကို ခေါ်နေခြင်းပင်။
"ဝမ်ဖူရှန့် ဟုတ်လား...မြန်မြန်၊ သူ့ကို သွားဖမ်းခိုင်းလိုက်။ သူက ပြိုင်ပွဲမတိုင်ခင် ပြိုင်ဘက်ကို နှုတ်နဲ့ ရန်စ ခြိမ်းခြောက်ခဲ့တယ်။ သူ့ကို ချက်ချင်း ပြိုင်ပွဲက ထုတ်ပယ်ပြီး နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပြုမှုနဲ့ တရားစွဲလိုက်... အခုချက်ချင်း သွားဖမ်း"
တက်တူးနှင့်လူမှာ ကျိယွမ်အား တိုက်ရိုက်စကားပင်မပြောခဲ့ပါ။သို့သော် အနည်းငယ်သွယ်ဝိုက်မိရုံဖြင့် နိုင်ငံတော်ပုန်ကန်မှုနှင့် ထောင်နန်းစံရပေတော့မည်။
စစ်အရာရှိမှာ တကယ်ပင် ဒေါသထွက်နေသည်။
မိမိတို့မှာ ကျိယွမ်ကို မရန်စမိစေရန် အထူးသတိထားနေရ၏။
သို့သော်လည်း တစ်စုံတစ်ဦးက သူ့ကို ပြစ်မှားရဲသေးသည်မှာ သေချင်နေသောလုပ်ရပ်ဖြစ်သည်ဟု သူယူဆသည်။
အကယ်၍ ကျိယွမ် စိတ်ဆိုးသွားပြီး ကောင်းကင်မျက်လုံး အနည်းငယ်ကို ထပ်မံဖျက်ဆီးလိုက်ပါက မည်သူက တာဝန်ယူမည်နည်း။
"နေဦး...ပြိုင်ပွဲဝင်တိုင်းကို ပြိုင်ပွဲမစမီ ရှင်းပြပေးဖို့ ဝန်ထမ်းတွေကို မြန်မြန် စီစဉ်လိုက်။ ပြိုင်ဘက်ကို ဘယ်လိုဆဲဆိုစကား ၊ ဘယ်လိုရန်စမှုမျိုးမှ မလုပ်ဖို့ တားမြစ်လိုက်၊ နားလည်လား"
စစ်အရာရှိက ပြတ်သားစွာ ထပ်ပြောသည်။
ဤကိစ္စကို စနစ်တကျ ကိုင်တွယ်ရမည် ဖြစ်၏ ။ သို့မဟုတ်ပါက ရာထူးတိုးခြင်းနှင့် လစာတိုးခြင်းကို အသာထား။
မိမိတို့၏ အသက်ကိုပင် ထိန်းထားနိုင်မည် မဟုတ်ပေ။
...........
နောက်တစ်နေ့တွင် ကိုယ်ခံပညာပြိုင်ပွဲကို တရားဝင် စတင်ခဲ့သည်။
ပြိုင်ပွဲတွင် စင်မြင့် ၁၀ ခု ပါဝင်ပြီး ပြိုင်ပွဲဝင်များသည် အသုတ်လိုက် ယှဉ်ပြိုင်ကြရ၏။
အဆင့်များစွာ ဖြတ်ကျော်ပြီးနောက် ထိပ်တန်း အယောက် ၂၀ ခန့်ကိုသာ နောက်ထပ် ယှဉ်ပြိုင်ရန် ရွေးချယ်မည် ဖြစ်သည်။
ပြိုင်ပွဲမှာ များသောအားဖြင့် နှစ်ရက် ကြာမြင့်၏။
ပထမနေ့ကတော့ ထုံးစံအတိုင်း ထူးခြားမှုမရှိသော တိုက်ခိုက်ခြင်းများသာ ဖြစ်သည်။
ပွဲကြည့်စင်တွင်လည်း ပရိသတ် အနည်းငယ်သာ ရှိ၏။
"ဟူး...၊ ပွဲမစခင် ဆဲဆိုနှိမ်ချတဲ့ အစီအစဉ် ဘာလို့မရှိတာလဲ ၊အရမ်း ပျင်းစရာကောင်းတယ်"
"ဆဲဆိုတာလည်း မရှိ၊ အပြန်အလှန် စကားနာထိုးတာလည်း မရှိ။ ဒီလို တိုက်ခိုက်တာက လမ်းဘေး ရန်ဖြစ်တာလောက်တောင် စိတ်လှုပ်ရှားဖို့ မကောင်းဘူး"
"ပျင်းစရာကြီး၊ ဒါမျိုးမှန်းသိရင် မလာပါဘူး"
ပရိသတ်များသည် စိတ်ပါဝင်စားမှု မရှိဘဲ ပွဲများကို ပျင်းရိစွာ ကြည့်နေကြသည်။
ကျိယွမ်လည်း စိတ်မဝင်စားပါ။
သူက ပြိုင်ပွဲကို ကြည့်ရင်း သက်ပြင်းချရင် တွေးနေမိသည်။
"လူသားလမ်းစဥ် သိုင်းဘုရင်... ဒါက အနှစ်တစ်ရာအတွင်း ဖြစ်နိုင်တယ်။ ဝိညာဉ်လမ်းစဥ်သိုင်းဘုရင် အတွက်ကတော့ ငါ ဘာသဲလွန်စမှ မရှိသေးဘူး"
ကျူးယန်ကမူ အတော်လေး ပျော်နေပုံရသည်။
"ဒီလူသေးသေးလေးတွေ တိုက်ခိုက်နေတာကို ကြည့်ရတာ တော်တော် ပျော်စရာကောင်းတယ်၊ ယောက်ျားပြတဲ့ ကာတွန်းကားဆိုတာကို ကြည့်နေရသလိုပဲ"
"ဟေး..နင်ကမှ လူသေးသေးလေးပါ၊ ငါ မဟုတ်ဘူး"
ကျိယွမ်က သူမကို ကြည့်လိုက်သည်။
ကျုးယန်မှာ သေးငယ်ပြီး နုနယ်၏။ သူမ၏ အနက်ရောင်ဝတ်စုံက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားရာ သူမကို ပို၍ပင် သေးငယ်သွားစေသည်။
သူမသည် ကျိယွမ်ကို အမြဲတမ်းလိုလို တစ်ကိုယ်လုံးတွယ်ကပ်ထားသော်လည်း လေးလံခြင်း မရှိပေ။
"ဘာကို ပုတာလဲ ၊ ငါလုံးဝ မပုဘူး"
ကျူးယန်က သူမ၏ ရင်ဘတ်ကို မတ်လိုက်ရင်း ဂုဏ်ယူစွာ ပြောသည်။
သူမသည် အတွင်းခံအင်္ကျီကို လျှို့ဝှက်ဝယ်ယူထားသော်လည်း သဘာဝအရ A နှင့် B ကြားသာ ရှိပြီး B ဘက်သို့ ပိုနွယ်သည်။ သို့သော်လည်း သူမက ကြည့်ကောင်းနေဆဲပင်။
ကျိယွမ်က သူမအား သေချာကြည့်ပြီး ခေါင်းညိတ်ပြသည်။
"တကယ်တော့ နင်က သိပ်မသေးပါဘူး။ နင် ပိုကြီးချင်တယ်ဆိုရင် ငါ နင့်ကို တောင်ကြီးတစ်လုံးလောက် ကြီးသွားအောင် မန္တန် သုံးပေးလို့ရတယ်"
"ထွက်သွားစမ်း"
ကျုးယန်က ပုံမှန်ဆိုလျှင် ဆဲဆိုခဲသော်လည်း ယခုမှာတော့ မဆဲဘဲမနေနိုင်တော့ပေ။ ကျိယွမ်၏ အကြည့်များကြောင့် သူ၏စကားက ဘယ်ကိုဦးတည်နေမှန်း သိသာ၏။
"ဟေး၊ မဆဲနဲ့လေ။ ဒီမှာ အဲဒါ တားမြစ်ထားတယ်"
"ဟွန့်..ဘယ်သူက ဂရုစိုက်နေလို့လဲ"
ကျူးယန်က သူမ၏ ခေါင်းကိုကျိယွမ်ထံမှ လွှဲလိုက်ပြီး သွေးပုလဲကသာ တောင်းပန်ခြင်း မပြုပါက သူမသည် ယနေ့ စကားပြောတော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
"ဟိုလူကို တွေ့လား ၊ အဲဒါ တောင်ပိုင်းခြင်္သေ့ ကျန်းယန်ပဲ။ သူက ဒီပြိုင်ပွဲမှာ ငါ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက ပုရွက်ဆိတ်တစ်ကောင်ထက် နည်းနည်းလေးပဲ ပိုသန်မာတယ်"
ထိုအချိန်တွင် စင်မြင့်ပေါ်၌ ကျန်းယန်က ပြင်းထန်သော လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်ရာ လေပြင်းများ ထွက်ပေါ်လာပြီး သူ၏ သွေးစွမ်းအင်များ ပွက်ပွက်ဆူလာသည်။
ဤမြင်ကွင်းကြောင့် ပရိသတ်များစွာထံမှ အားပေးသံနှင့် လက်ခုပ်သံများ ထွက်ပေါ်လာ၏။
အကြောင်းမှာ... ယင်းက နောက်ထပ် တစ်ချက်တည်းနှင့် အနိုင်ယူလိုက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ကျူးယန်မှာ စိတ်ဆိုးနေဆဲ ဖြစ်သဖြင့် ကျိယွမ်နှင့် စကားမပြောချင်ပါ။
သို့သော်လည်း ကျိယွမ်က သူမကို စကားစပြောရန် အခွင့်အရေးရှာနေခြင်းဖြစ်သည်ဟု သူမ တွေးလိုက်မိသည်။
ယခုအချိန် သူမ ပြန်ပြောပါက သူမက အရင် စကားစခြင်း မဟုတ်တော့ပေ။
သူမက ကျန်းယန်ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။
"သွေးပုလဲ.. ဒီကမ္ဘာက လူတွေက... ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလို မခံစားရဘူးလား"
"ရင်းနှီးတယ်"
ကျိယွမ် အံ့အားသင့်သွားသည်။
အမှန်အတိုင်း ပြောရလျှင် သူသည် မည်သည့် ရင်းနှီးမှုကိုမျှ သတိမထားမိခဲ့ပေ။
"သူတို့ရဲ့ သွေးမျိုးဆက်က... မိစ္ဆာတစ်သောင်းနယ်မြေက မိစ္ဆာတွေနဲ့ အရင်းအမြစ် တူနေသလိုပဲ"
ကျူးယန်က ကျန်းယန်အားကြည့်နေရင်းမှ အလေးအနက် ပြောသည်။
သူမသည် ယင်နတ်ဘုရားအဆင့်တွင် ရှိနေသဖြင့် ကျိယွမ်ထက် ပို၍ မြင်နိုင်၏။
မိစ္ဆာတစ်သောင်းနယ်မြေနှင့် ရင်းနှီးသူတစ်ဦးအနေဖြင့် ကျုးယန်က ဤနေရာမှ သွေးမျိုးဆက်များအကြောင်းကို ကျိယွမ်ထက်ပို၍ ကောင်းစွာ သိရှိထားသည်။
လျူဖုန်းနယ်မြေတွင် သူတို့၏ အကြီးမားဆုံး ရန်သူမှာ မိစ္ဆာတစ်သောင်းနယ်မြေမှ မိစ္ဆာများ ဖြစ်၏။
ရှန်ရန်ရန်၏ အမိန့်အောက်မှ မိစ္ဆာနယ်မြေ၏ အဓိပတိ အရှင်သခင်သည် လျူဖုန်းနယ်မြေကို ကျူးကျော်ခဲ့သည်။
အဓိပတိအရှင်သခင် တစ်ဦးဖြစ်သောနင်းထောင်သည် ထိုမိစ္ဆာနယ်မြေမှ အရှင်သခင်များနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး ၎င်းတို့၏ အငွေ့အသက်ကို ရင်းနှီးနေ၏။
ကျိယွမ်မှာမူ သူမနှင့် မတူညီပေ။ သူသည် ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်ပြီးနောက် အရာအားလုံးကို ဖြိုခွင်းခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူသည် မိစ္ဆာမျိုးနွယ်၏ အရှင်သခင်များနှင့် သီးသန့် ထိတွေ့မှု နည်းပါးခဲ့၏။သူက မည်းမည်းမြင်ရာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သောကြောင့် မ်စ္ဆာအရှင်သော ဘာသော နားမလည်ခဲ့ပါ။
လျူဖုန်းနယ်မြေအကြောင်းကို ကြားရသောသောအခါ ကျိယွမ်က ကျူးယန်၏ အေးစက်သော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"ဒါက မိစ္ဆာတစ်သောင်းနယ်မြေနဲ့ ပတ်သက်နေတာလား"
"ဒါဆို နောင်တစ်ချိန်မှာ အိုးကိုးလုံးတောင်တန်းကို ပြန်သွားဖို့ အခွင့်အရေး ရှိနိုင်တယ်လို့ ဆိုလိုတာပေါ့"
"ဖြစ်နိုင်ရင် နင့်ရဲ့ ဇာတိမြေမှာ ငါတို့ မင်္ဂလာဆောင်လို့ ရမှာ"
"ငါ့မှာ ဇာတိမြေ မရှိပါဘူး၊ ဒါပေမဲ့ ရှိခဲ့မယ်ဆိုရင်... အဲဒါ နင့်ရဲ့အမြုတေပေါ်မှာ ဖြစ်လိမ့်မယ်။"
ကျူးယန်က နှုတ်ခမ်းဆူပြသော်လည်း သူမ၏ အသံတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပါဝင်နေသည်။
အမှန်စင်စစ် သူမတွင် မိသားစု ဟူ၍ တစ်ခါမျှ မရှိခဲ့ပေ။
သူမ၏ ကမ္ဘာထဲသို့ ရုတ်တရက် ရောက်ရှိလာသည့် သွေးပုလဲကသာ သူမ၏ အရာအားလုံး ဖြစ်သည်။
သို့သော် သူမ၏ဘဝအများစုကို ရှည်လျားပြီး နာကျင်စရာကောင်းသော စောင့်ဆိုင်းမှုဖြင့် အထီးကျန်စွာကုန်ဆုံးခဲ့ရ၏။
သက်ရှိဟူ၍မရှိ။ ပူပြင်းကာ အဆုံးမရှိသော မီးတောက်များနှင့် ဟင်လင်းပြင်ကြီးသာရှိခဲ့သည်။
သူမသည် အထီးကျန်မှုနှင့်လွမ်းဆွတ်မှုတို့ကို နှစ်ပေါင်းများစွာ အလူးအလဲခံခဲ့ရသော်လည်း ယခုအခါမှာတော့ သူမ ရသင့်ရထိုက်သော ပျော်ရွှင်မှုကို ခံစားနေရပြီ မဟုတ်ပါလား။
"နောင်တစ်ချိန်မှာ ငါ နင့်ကို နှိပ်စက်ရင် နင့်ကို ကာကွယ်ပေးမယ့်အမျိုး မရှိရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်က ကျူးယန်အားကြည့်ကာ လူဆိုးတစ်ယောက်လို ပြုံးပြ၏။
"နင် လုပ်ရဲရင် လုပ်ကြည့်စမ်း"
ကျူးယန်က ကျိယွမ်ကို မျက်စောင်းထိုးလိုက်ပြန်သည်။
"အဲလိုသာ ဖြစ်လာရင် ငါ နင်းထောင်အဖြစ် ပြန်ပြောင်းပြီး နင့်ကို နင်းပစ်မယ်။"
"အခုမှ နောင်တရမိတယ်၊ နင့်ကို ထျန်းရှင်းနန်းတော်မှာ ပိတ်မိနေတုန်းက လေးငါးခါလောက် နင်းခဲ့သင့်တာ"
ထိုစဉ်က ကျိယွမ်သည် ဂိမ်းထဲသို့ မဝင်ရောက်နိုင်ခဲ့ပေ။
နင်းထောင်သည် ဝိညာဉ်ချိတ်ပိတ်ကျောက်စိမ်းကို သုံးပြီး ကျိယွမ်ကို ခေါ်ဆောင်ခဲ့ပြီး ကျိယွမ်သည် နင်းထောင်၏ အကျဉ်းသားဖြစ်ခဲ့သည်။
နင်းထောင်သည် ကျိယွမ်ကို လုံးဝ ထိန်းချုပ်ထားရန်နှင့် ထျန်းရှင်းနန်းတော်၏ မြေအောက်ခန်းတွင် ပိတ်လှောင်ထားရန်ပင် တွေးတောခဲ့ဖူးသည်။ သို့မှသာ သူသည် သူမ၏ အမြင်အာရုံမှ ဘယ်တော့မှ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ သူ၏ တည်ရှိမှု တစ်ခုလုံးမှာ သူမကို ဗဟိုပြုနေမည် ဖြစ်သည်။
"မဟုတ်ဘူး၊ နင့်ကို အခု နင်းလည်း ရတာပဲ"
ကျူးယန်က အနည်းငယ်လူဆိုးပုံ ပေါက်သွား၏။
" ဟဲဟဲ ...သွေးပုလဲ ၊ နင် အခု ငါ့ကို မယှဉ်နိုင်ဘူးမှတ်လား။"
ကျူးယန်၏ မျက်နှာတွင် ဂုဏ်ယူနေသည့် အမူအယာပေါ်လာ၏။
သီးသန့်ခန်းအတွင်း၌ ကျူးယန်က သူမ၏ သွယ်လျသော ခြေထောက်ကို မလိုက်၏။
သူမသည် သူ့ကို ဖိနပ်ဖြင့် မနင်းချင်ပုံရသည်။သူမ၏ ဖိနပ်မှာ ပျောက်ကွယ်နေပြီး အနက်ရောင် ခြေအိတ်များဖြင့် ပတ်ထားသော ခြေဖဝါးလေးမှာ နုနယ်သော ကြာစွယ်ကဲ့သို့ ပေါ်ထွက်လာ၏။
သူမ၏ ကျောက်စိမ်းရောင်ခြေချောင်းလေး ငါးချောင်းမှာ အလွန်လက်ရာမြောက်သော အနုပညာလက်ရာတစ်ခုကဲ့သို့ ရှိနေပြီး လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားနိုင်လောက်အောင် သေးငယ်သည်။
ဒါကို မြင်တော့ ကျိယွမ်က တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။
"လျူဖုန်းနယ်မြေက ခြေအိတ်တွေက ဒီကုံရှင်းဂြိုဟ်ကထက် ပိုအရည်အသွေး ကောင်းတာလား"
"ငါတို့ လျူဖုန်းနယ်မြေကို သွားလို့ရရင် နယ်မြေကျော် ကုန်သွယ်မှု လုပ်ပြီး ခြေအိတ်တွေ ရောင်းလို့ရမလားပဲ"
ယခုတစ်ကြိမ်တွင် ကျုးယန်က အောင့်မထားဘဲ ကျိယွမ်ကို အမှန်တကယ် ပိတ်ကန်ပစ်လိုက်သည်။
သို့သော် သူမသည် ကျိယွမ်ကို အရမ်း အလိုလိုက်လွန်းပုံရသည်။ သူမ၏ ကန်ချက်မှာ အားနည်းလွန်းပြီး နှေးကွေးသဖြင့် ကျိယွမ်က အလွယ်တကူ ဖမ်းလိုက်သည်။
သူက ကျူးယန်၏လှပသော ခြေဖဝါးလေးအား လက်တစ်ဖက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်ထားရင်းမှ အခြားလက်တစ်ဖက်က သူ၏ခြေကျင်းဝတ်လေးအား ဖမ်းဆုပ်လိုက်၏။
"ငါက ပြောရုံပြောတာပါ၊ ငါတို့မှာ ပိုက်ဆံ အရမ်း လိုနေလို့လေ"
ကျိယွမ်က ကုံရှင်းဂြိုဟ်ကို ဝယ်ချင်သော်လည်း သူက အလွန် ဆင်းရဲနေသည်။
"ဟွန့်.."
ကျုးယန်၏ နားရွက်များမှာ နီရဲသွားပြီး အနည်းငယ် ရုန်းလိုက်သည်။ သူမက ကျိယွမ်ကို မကျေမနပ် ကြည့်ပြီး နှုတ်ခမ်းဆူ၏။
"ပိုက်ဆံက ငါ့ထက် ပိုအရေးကြီးတယ်ပေါ့ "
အိုးကိုးလုံးတောင်တန်းပေါ်တွင်လည်း သူမက "ဂိတ်တံခါးက ငါ့ထက် ပိုလှလို့လား" ဟု မေးခဲ့ဖူးသည်။
သူမ၏စကားကို ကြားသောအခါ ကျိယွမ်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။
"လူအများစုအတွက်တော့ ပိုက်ဆံက တကယ် အရေးကြီးပါတယ်။
ဒါပေမဲ့ ငါလို ဥပဒေလိုက်နာတဲ့၊ စိတ်ကူးယဉ်ဆန်တဲ့ လူတစ်ယောက်အတွက်တော့... နင်ကသာ အရေးကြီးဆုံးပါ"
"အဲဒါဆို နင်သာ ဥပဒေကိုမလိုက်နာရင် ဒါမှမဟုတ် စိတ်ကူးယဉ်မဆန်တတ်ရင်ကော"
"ဒါလည်း နင်ပဲ ဖြစ်မှာပါ"
ကျိယွမ်က သူမ၏ခြေဖျားလေးအား တင်းတင်းဆုပ်ကာ ပြန်ဖြေသည်။
"ဟွန့်"
ကျူးယန်က နောက်တစ်ကြိမ် နှာမှုတ်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ပျော်ရွှင်မှု အငွေ့အသက်များ ပိုမိုပါဝင်နေသည်။
"ငါ လေးနက်တဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိတယ်"
ထိုအချိန်တွင် ကျိယွမ်က တစ်ခုခုကို သတိရသွားပြီး သူ၏ မျက်နှာထားမှာ တည်ကြည်သွားသည်။
"ဘာမေးခွန်းလဲ"
ကျုးယန်က သူ၏ ခြေထောက်ရှည်လေးကို ဆန့်တန်းထားဆဲဖြစ်ပြီး သူမ၏ ခြေဖဝါးကို ပြန်မရုန်းခဲ့ပါ။ ကျိယွမ်နှင့် ယခုလိုဘနီးကပ်နေရခြင်းကို နှစ်သက်နေပုံရ၏။
သို့မဟုတ် နှစ်ပေါင်းများစွာ တစ်ယောက်တည်းအထီးကျန်စောင့်ဆိုင်းခဲ့ရသဖြင့် သူမသည် ပြင်းထန်သောမလုံခြုံမှုကို ခံစားနေရပြီး အချိန်မရွေး အစွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေခြင်းလည်း ဖြစ်နိုင်သည်။
ကျိယွမ်နှင့် နီးကပ်စွာ နေရခြင်းကသာ သူမကို လုံခြုံမှု ခံစားရစေ၏။
ထို့ကြောင့် ဤကမ္ဘာသို့ ရောက်ကတည်းက သူမသည် ကျိယွမ်၏အနီးမှာ မခွာတမ်း တွဲနေခြင်း ဖြစ်သည်။
သူမ၏အကြည့်များမှာ ကျိယွမ်ထံမှ ဘယ်တော့မှ လွှဲမသွားပေ။
သူမသည် ကျိယွမ်၏ပုခုံးကို မှီထားနိုင်ပါက ဘယ်တော့မှ ငြင်းပယ်မည် မဟုတ်ပါ။
"ငါတို့ မင်္ဂလာဦး လက်ဆောင် ဘယ်လောက် ပေးရမလဲဆိုတာ မဆွေးနွေးရသေးဘူး"
ကျိယွမ်က သူမအားကြည့်ကာ အလေးအနက် ပြောသည်။
"ငါ မင်္ဂလာဦးလက်ဆောင်တွေဘာတွေ မလိုချင်ဘူး"
ကျူးယန်က ချက်ချင်း ခေါင်းခါလိုက်သည်။
"နင်က အချစ်မှာ အရမ်းရူးသွပ်တာပဲ"
ကျိယွမ်က သဘောကျသလို ရယ်မောလိုက်ပြီး ကျူးယန်၏နှာသီးဖျားလေးကို တို့၏။
"ငါတို့ စကားပြောနေတွေတာကို အင်တာနက်ပေါ် တင်လိုက်ရင် နင့်ကို ထုံးစံဖျက်တယ်ဆိုပြီး ဝေဖန်မယ့်သူတွေ အများကြီး ရှိလိမ့်မယ်"
"သူတို့ ငါ့ကို ဝေဖန်ရင် နင် ငါ့ဘက်က ကာကွယ်ပေးမှာ မဟုတ်လား..သွေးပုလဲ"
သူမက စွဲမက်ဖွယ် ပြုံးပြကာ ချွဲလိုက်သည်။
"အင်း... အဲလိုမှ မဟုတ်ရင်လည်း ငါ သူတို့ကို သတ်ပစ်လိုက်မှာပေါ့"
ကျိယွမ်က အမှန်တကယ်အလေးအနက်ပြောနေခြင်းဖြစ်၏။
သူသည် ကျူးယန်ကို နောက်ထပ် ဝမ်းနည်းစရာများ မကြုံတွေ့စေလိုတော့ပေ။
သူမသည် လုံလောက်သည်ထက် ပို၍ ခံစားခဲ့ရပြီး ဖြစ်သည်။
"ငါ့ကြောင့် နင့်ကိုထပ်ပြီး မနာကျင်စေရတော့ဘူး "
***