ဧည့်ခန်းအတွင်း၌ ကျူးယန်သည် အခန်းထဲရှိ ဖုန်မှုန့်တိုင်းကို မှတ်မိလိုဟန်ဖြင့် အရာအားလုံးကို ဂရုတစိုက် ကြည့်ရှုနေ၏။
အနီရောင် "နှစ်ဆမင်္ဂလာ"ဟူသော စာလုံးကြီးမှာလည်း ပျော်ရွှင်စရာ အထိမ်းအမှတ်အဖြစ် ရှိနေသည်။
"မြောင်... "
"မြောင်... မြောင်..."
ရှဲ့ရှင်းစုကတော့ သူမ၏ခန္ဓာကိုယ်ကို အားသုံးကာခါယမ်းနေပြီး သူမ၏ ကျောပေါ်ရှိ "နှစ်ဆမင်္ဂလာ" စာလုံးကို မနှစ်သက်စွာ ခါချ၏။
သူမ အမှန်တကယ်မကျေမနပ် ဖြစ်နေခြင်းပင်။
ကျိယွမ်မရှိသည့် အချိန်အတောအတွင်း သူမသည် စက်ရုပ်မဇီးရိုးဝမ်း၏ နှိပ်စက်မှုကို ခံခဲ့ရသည်။
သူမသည် ဇီးရိုးဝမ်းအား ကြောင်နှိပ်စက်မှုဖြင့် သက်ဆိုင်ရာသို့ပင် တိုင်တန်းချင်နေ၏။
နေ့တိုင်း မနားတမ်း ဗီဒီယိုရိုက်သည့်အပြင် ကြောင်စာစားခြင်းကိုလည်း ကန့်သတ်ခြင်း ခံထားရသည်။
ကံမကောင်းသည်မှာ သူမ မည်မျှပင် အော်ဟစ်နေပါစေ ကျိယွမ်က နားမလည်ခြင်းပင်။
သူမ၏ ဝမ်းဗိုက်အောက်ပိုင်း၌ အေးစိမ့်လာသည်အထိ သူမ အော်ဟစ်နေသော်လည်း နာညီးလိုက်တာ ဟူသော
အကြည့်ကိုသာ ပြန်ရခဲ့၏။
ငါ့ဘဝက ရင်နာစရာကောင်းလိုက်တာ။
သို့သော် သူမသည် ကျိယွမ်ကို မျက်နှာချိုသွေးနေရန်တော့ စိတ်ကူးမရှိပါ။
အေးစက်သောငတုံးပိုင်ရှင်ကသာ မသေမျိုးသခင်မဖြစ်သော သူမအား မျက်နှာချိုသွေးရမည် မဟုတပါလား။
“ဘယ်လောက် ချစ်စရာကောင်းတဲ့ ကြောင်လေးလဲ”
ကျူးယန်က တမြောင်မြောင်အော်နေသော ရှဲ့ရှင်းစုကို ကြည့်ကာ မျက်လုံးထဲ၌ အပြုံးနုနုလေးများ ပေါ်လာသည်။
သူမက လက်ညှိုးလေးကို ညင်သာစွာပင့်လိုက်ရာ ရှဲ့ရှင်းစု၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မှု ကင်းမဲ့သွားပုံရပြီး ကျူးယန်၏ လက်ထဲသို့ ရောက်ရှိသွား၏။
ရှဲ့ရှင်းစု၏ ကြောင်မျက်လုံးများ ပြူးကျယ်သွားလေသည်။
မသေမျိုးနည်းစနစ်လား။
ဒါပေမဲ့ ဘာလို့ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုကို မခံစားရတာလဲ။
ဤစွမ်းရည်မှာ အနည်းဆုံးချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်၌ ရှိနိုင်၏။
သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။
ဤနေရာ၌ ကျင့်ကြံသူ တစ်ဦး မည်သို့ ရှိနေနိုင်သနည်း။
ပြီးတော့ သူမသည် မည်သည့်ကမ္ဘာမှ လာသနည်း။
ရှဲ့ရှင်းစုသည် နားရွက်လေးများထောင်လာကာ သတိရှိလာပြီး ကျူးယန်ကို အလေးအနက် စတင် စစ်ဆေးလေသည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ မှင်တက်သွားရသည်။
ဤအမျိုးသမီး၏ ရုပ်ရည်အလှအပမှာပင် အခြားကမ္ဘာမှ ရောက်လာသူကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ထို့ပြင် သူမက မသေမျိုးနည်းစနစ်ကိုလည်း တတ်မြောက်ထားသေး၏။
လူယုတ်မာပိုင်ရှင်ကျိယွမ်သည် မည်သို့သော ကုသိုလ်ကံ သို့မဟုတ် စွမ်းရည်ရှိ၍ ဤကဲ့သို့သော မသေမျိုးနှင့် လက်ထပ်ခွင့်ရလိုက်သနည်း။
သို့သော် သူမ၏ပိုင်ရှင်မှာ ဦးနှောက်မကောင်းသော်လည်း ရုပ်ရည်က ပြိုင်ဘက်ကင်းချောမောသည်ကို တွေးမိသောအခါ သူမ နားလည်သွားသည်။
သနားစရာပဲ။
မသေမျိုးလမ်းစဉ်သို့ စတင်ဝင်ရောက်သူများသည် လောကီအလှအပများတွင် လွယ်လွယ်ကူကူ မျက်စိကျတတ်ကြ၏။ လောကီရေးရာများမှ ကင်းဝေးပြီးသားဖြစ်သော အမြုတေသခင်မဖြစ်သည့်သူမနှင့် မတူနိုင်ပေ။
ရှဲ့ရှင်းစု သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။
မည်သို့ဆိုစေကာမူ တစ်ဖက်လူမှာ ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းက ကောင်းသော အချက်ဖြစ်သည်။
သူမ၏ ကျင့်ကြံမှုကို အတန်အသင့် ပြန်လည်ရရှိလာသောအခါ သူမသည် သူတို့နှင့် ဆက်သွယ်နိုင်ပေလိမ့်မည်။
သူမ၏အစွမ်းများမှ နည်းနည်းပါးပါး ထုတ်ပြလိုက်လျှင်ပင် ဤဇနီးမောင်နှံမှာ သူမအား အဆင့်မြင့်ကျင့်ကြံသူအဖြစ် သေချာပေါက် ကိုးကွယ်ကြမှာသေချာ၏။
ထိုအချိန်ကျလျှင် ရိုဘော့မဇီးရိုးဝမ်းမှာ သူမ၏ လက်အောက်သို့ ရောက်ရှိလာတော့မည် မဟုတ်ပါလား။
ကြောင်မြက်ပင်ကိုလည်း သူမ အလိုရှိသရွေ့ နမ်းရှိုက်နိုင်မည်ဖြစ်သည်။
ဗီဒီယိုရိုက်ခြင်းကိုမူ သူမ သပိတ်မှောက်ပြီး ကြီးကြပ်သူအဖြစ်သာ လုပ်ဆောင်ရန်စိတ်ကူးထား၏။
ရှဲ့ရှင်းစုသည် သူမ၏ ချိုမြိန်သော စိတ်ကူးယဉ်မှုများထဲတွင် နစ်မျောနေလေသည်။
ကျူးယန်သည် ကြောင်မလေးနှင့် ခဏကြာအထိ ဆော့ကစားနေပြီး သူမ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
သို့သော် ခဏကြာသောအခါ ကျူးယန်သည် ကျိယွမ်နောက်သို့ လိုက်သွားကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။
ကျိယွမ်က တိုးညှင်းစွာ ခေါ်လိုက်၏။
"သတို့သမီးလေး"
သူ၏ အသံနှင့်အတူ သတို့သမီး ဝတ်စုံတစ်ခုမှာ အခန်းထဲ၌ ရုတ်တရက် ပေါ်လာ၏။။
ကျူးယန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမက ပြုံးကာ မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်သည်။
"ဒါက အစ်မကြီးရှောင်ကျားလား"
သူမသည် ကျိယွမ် ပြောပြထားသဖြင့် သတို့သမီးလေး၏အကြောင်းနှင့် ကျိယွမ်နှင့် သူမတို့၏ ဇာတ်လမ်းကို သိထားလေသည်။
"သူက ထူးခြားတာပဲ"
ကျုးယန်က ထိုသို့ရေရွတ်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"လူတိုင်းက ထူးခြားတာပဲလေ"
ကျိယွမ်က မထူးဆန်းသော သဘာဝတစ်ခုလိုပြောလိုက်၏။
“နင်လည်း ထူးခြားတယ်၊ သူကလည်း ထူးခြားတယ်၊ ငါလည်း ထူးခြားတာပဲ... အဲဒီတော့ ..ငါတို့ မနက်ဖြန် လက်ထပ်စာချုပ် သွားချုပ်ကြရင် ဘယ်လိုလဲ”
ကျိယွမ်က ကျူးယန်နှင့်သတို့သမီးလေးကို ကြည့်ကာ မေးလိုက်သည်။
ကျူးယန်ကဘာမှမပြောသေးခင်မှာပင် သတို့သမီးလေး၏ အေးစက်သော အင်္ကျီလက်မောင်းအတွင်းမှ ပျော်ရွှင်သောမျက်နှာပုံပါသည့် သစ်သားဆိုင်းဘုတ်လေးတစ်ခု လျှောကျလာ၏။
ကျိယွမ် ဘာပဲပြောပြော သူမ အမြဲတမ်း ပျော်ရွှင်နေပုံရသည်။
ကျူးယန်ကလည်း ကျိယွမ်ကို မှီလိုက်ပြီး ခေါင်းညိတ်ပြ၏။
"ဒါပေမယ့်... ငါတို့ သုံးယောက်လုံး အတူတူ စာချုပ်ချုပ်တာက တရားမဝင်ဘူး မဟုတ်လား"
ကျိယွမ်က ထိုကိစ္စကို စိုးရိမ်နေပုံဖြင့် စဥ်းစားနေသည်။
ကိုယ်ကျင့်တရားနှင့် ပတ်သက်၍မူ ကျိယွမ် ဂရုမစိုက်ပေ။
စည်းကမ်းဆိုသည်မှာ လိုက်လျောညီထွေရှိရန် လိုအပ်၏။
အရေးကြီးသည်မှာ တရားဝင်မှု ဖြစ်သည်။
"ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ၊ ငါက အစ်မကြီးရှောင်ကျားကို ဝတ်ထားလိုက်မယ်၊ ပြီးမှ အတူတူ စာချုပ်သွားချုပ်မယ်လေ"
ကျူးယန်က ထူးဆန်းသော စိတ်ကူးတစ်ခုကို အကြံပြုလိုက်သည်။
ကျိယွမ်သည် ခဏမျှ မှင်တက်သွားပြီး ကျုးယန်ကို ကြည့်လိုက်၏။
“နင် ဒီလောက်အထိ ဉာဏ်ကောင်းမယ်လို့ ငါမထင်ထားဘူး”။
သို့သော် သူက ခေါင်းခါပြသည်။
“အဲဒါ မဖြစ်ဘူး။ ဒါကို ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်သင့်တယ်။
သတို့သမီးလေးအတွက် နေရာတောင် မရှိတဲ့ မင်္ဂလာဆောင်မျိုးတော့ ငါတို့ မလုပ်နိုင်ဘူး”။
ကျိယွမ်သည် ဥပဒေကို အမြဲတမ်း လိုက်နာသူ ဖြစ်သော်လည်း မိသားစုအတွက် အနည်းငယ် တော်လှန်ပုန်ကန်ခြင်းမှာ လက်ခံနိုင်စရာ ဖြစ်သည်။
“ငါ အဆက်အသွယ်တွေ သုံးပြီး ခွမ်းဟွမ်ကို အကူအညီ တောင်းရမယ့်ပုံပဲ”။
ခွမ်းဟွမ်သည် အထက်တန်းလွှာ တစ်ဦး ဖြစ်သည်။
ချင်းယွမ်နိုင်ငံတွင် အထက်တန်းလွှာများသည် လူမှုအဆင့်အတန်း မြင့်မားပြီး အခွင့်ထူးများကို ခံစားနိုင်၏။
ခွမ်းဟွမ်တွင် ကျယ်ပြန့်သော အဆက်အသွယ်များ ရှိသောကြောင့် လက်ထပ်စာချုပ် ရရှိရန် ကူညီပေးရန်မှာ ပြဿနာ မဟုတ်ပေ။
ထိုသို့ တွေးပြီးနောက် ကျိယွမ်သည် ခွမ်းဟွမ်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ထိုအချိန်တွင် ဟိုတယ်၌ ခွမ်ဟွမ်းသည် စိတ်မပါဘဲ တီဗီကြည့်နေ၏။
တစ်ခါတစ်ရံတွင် သူသည် ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ယံရှိ နေမင်းကို ကြည့်ကာ အူကြောင်ကြောင်ဖြင့် ရယ်မောနေလေသည်။
နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ် တစ်ဦးသည် သူမ၏ ခင်ပွန်းကို ကြည့်ကာ မျက်လုံးထဲ၌ အကူအညီမဲ့နေဟန်ဖြင့် သက်ပြင်းချရှာ၏။
"ပညာရှင်တွေ ပြောတာက ကောင်းကင်မှာ ပိုနေတဲ့နေကို သိပ်မကြည့်ရဘူးတဲ့၊ အဲဒါက မှတ်ဉာဏ်ချို့ယွင်းစေနိုင်တယ်လို့ ပြောတယ်"
"မင်း ဘာသိလို့လဲ၊ မှတ်ဉာဏ်ချို့ယွင်းတာက ဘာမှမဟုတ်ဘူး"
ခွမ်းဟွမ်သည် ကောင်းကင်မှ နေကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး အတုမရှိသော အလှနတ်သမီး တစ်ဦးကို မြင်တွေ့နေရသကဲ့သို့ တဟားဟား ရယ်မောနေပြန်သည်။
ထိုစဉ်က သူသည် သံမဏိခံတပ်ကြီးထဲတွင် အားကိုးရာမဲ့စွာပိတ်မိနေခဲ့ပြီးကောင်းကင်တွင် နေမင်းအသစ်တစ်လုံး ထပ်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်ပြီး စိတ်လှုပ်ရှားသွားခဲ့၏။
ထို့နောက် နေအိမ်အကျယ်ချုပ် ကျခံနေရသော်လည်း သူ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး စားသောက်၍လည်း ကောင်းနေသည်။
မကြာမီတွင် သူသည် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။
သူ့ကို ခေါ်ထုတ်ဆောင်လာသူမှာ မြို့တော်မှ ဖြစ်ပြီး စစ်စခန်းမှ လူများနမနှိုင်းယှဉ်နိုင်သော သူဖြစ်၏။
သူတို့သည် ကိုယ်တိုင်လာရောက် တောင်းပန်ပြီး နူးညံ့သော စကားများကို လည်း ပြောကြားခဲ့သည်။
ထိုအရာက ခွမ်းဟွမ်ဘဝတွင် တစ်ခါမှ မကြုံဖူးသော အရာပင်။
နောက်ပိုင်းတွင် သူသည် လူထုဆန္ဒခံယူပွဲ အကြောင်းကို သိရှိခဲ့ပြီး မူမိသားစု၏ ကောင်းကင်မျက်လုံး ၁၃ခုမှာ တစ်ခုမကျန် ပြုတ်ကျသွားသည်ကို ခဲ့ရသည်။
သူသည် သဘောကျစွာ ရယ်မောနေမိပြီး မစ္စတာကျိကို ပို၍ပင် အထင်ကြီး လေးစားမိနေသည်။
ကြယ်ခုနစ်ပွင့်မိသားစုတွေလား။
ငါပြောပါတယ် ၊ ခွေးချေးလောက်တောင် မတန်ဘူးလို့ ..ဟားဟား ဟားဟား ။
ကောင်းကင်မျက်လုံးတဲ့လား။
နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ ကြောက်စရာ လက်နက်တွေဆို။ အခုတော့ ကစားစရာလေးတွေ မှတ်လား။
မစ္စတာကျိသည် ကမ္ဘာ့အထွတ်အထိပ်၌ အမှန်တကယ် ရပ်တည်နေသူမျိုး ဖြစ်သည်။
လောက၌ ရှိသမျှ အရာအားလုံးသည်... သူ့အတွက် ကစားပွဲတစ်ခုသာ ...။
မစ္စတာကျိသည် ဂိမ်းများ၊ NPC များ၊ ဆက်တင်များနှင့် ဇာတ်လမ်းများ အကြောင်းကို မကြာခဏ ပြောဆိုနေခြင်းမှာ မဆန်းတော့ပါ။
အမှန်တကယ်ပင် ထိုကဲ့သို့သော စွမ်းအားကြီးသူအတွက် ဤကမ္ဘာကြီးမှာ ကြီးမားသော ဂိမ်းတစ်ခုသာ မဟုတ်ပါလော။
သို့သော် ယခုအချိန်တွင် ခွမ်းဟွမ်သည် ပျော်ရွှင်သလို စိုးရိမ်စိတ်လည်း ဖြစ်နေမိ၏။
မလျော်ကန်သော ဥပမာဖြင့် ပြောရလျှင် ခင်ပွန်းဖြစ်သူက ဧကရာဇ်မင်း ဖြစ်နေသည်ကို ရုတ်တရက် သိလိုက်ရသော ဇနီးငယ်လေးတစ်ဦးနှင့် တူနေသည်၊ သူမအလွန်ပျော်ရွှင်သွားသော်လည်း မင်းကြီးက သူမကို အာရုံမစိုက်သည်မှာ ကြာပြီဖြစ်ကြောင်းလည်း သတိပြုမိသွားသည်။
ထိုစဉ် "အထူးဂရုပြုရန်" ဟုအမည်သတ်မှတ်ထားသော ဖုန်းမြည်သံ မြည်လာသဖြင့် ခွမ်းဟွမ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
မလှမ်းမကမ်းတွင်ရှိနေသော မိန်းမဖြစ်သူမှာပင် ခွမ်းဟွမ်ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ မနာလို ဖြစ်သွား၏။
"အိုး... ကျွန်မကိုတောင် 'အထူးဂရုပြုရန်' လို့ သတ်မှတ်မထားဘူးနော်"
"ဘယ်လိုလုပ် မင်းနဲ့အတူတူ ဖြစ်နိုင်မှာလဲ၊ ငြိမ်ငြိမ်နေစမ်း အသံမထွက်နဲ့ "
ခွမ်းဟွမ်က သူ၏ ဇနီးကို စိုက်ကြည့်လိုက်ပြီး ဖုန်းကို ဂရုတစိုက် ဖြေကြားလိုက်သည်။
သူ၏မိန်းမမှာ ဒေါသမထွက်ဘဲ နူညံ့စွာ ပြုံးပြီး တိတ်တိတ်လေးနေပေးလေ၏။
“မစ္စတာကျိ”
ခွမ်းဟွမ်သည် ရှေးဟောင်းနှင့် တန်ဖိုးကြီးသော ရှေးဟောင်းပစ္စည်း တစ်ခုကို ကိုင်ထားသကဲ့သို့ ဖုန်းကို ကိုင်ထားပြီး သူ၏ ကျောမှာ အလိုအလျောက်ပင် ကိုင်းညွတ်သွားသည်။
ကျိယွမ်သည် ဖုန်း၏ တစ်ဖက်တွင်မဟုတ်ဘဲ သူ၏ ဘေးနား၌ ရှိနေသကဲ့သို့ပင် ။
"မင်းရဲ့ အသံက ဘာလို့ တုန်နေတာလဲ။ လေ့ကျင့်ခန်း လုပ်နေတာလား။ ဒါမှမဟုတ်...အဟမ်း... ငါ တစ်ခုခုများ အနှောင့်အယှက် ပေးမိသွားတာလား"
ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ခွမ်းဟွမ်က ပြာပြသလဲပြန်ဖြေ၏။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး မစ္စတာကျိ"
သူ အလွန် စိတ်လှုပ်ရှားနေပြီး ကျိယွမ် နားလည်မှု လွဲသွားမည်ကို ကြောက်ရွံ့နေသည်။
"ငါ အနှောင့်အယှက် မပေးမိဘူးဆိုရင် ကောင်းတာပေါ့။ မဟုတ်ရင် မင်းရဲ့ စိတ်အခြေအနေကို ငါ ဖျက်ဆီးမိသလို ဖြစ်ပြီး အကူအညီ တောင်းရတာ အားနာစရာ ဖြစ်နေမှာ"
ကျိယွမ်က အားနာနေပုံရကာ
သူ၏စကားများသည် ပြိုင်ဘက်ကင်းသောစွမ်းအားရှင်တစ်ဦး ပြောမည့် စကားမျိုးနှင့် မတူပေ။
သို့သော် ကျိယွမ်နှင့် ယခင်ကတည်းက ထိတွေ့ဖူးသောကြောင့် ခွမ်းဟွမ်သည် ကျိယွမ်မှာ ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းတတ်သူ ဖြစ်ကြောင်း သဘောပေါက်၏။
“ကျေးဇူးပြုပြီး မစ္စတာကျိ ၊ဘာလိုချင်တယ်ဆိုတာ ကျွန်တော့်ကို အမိန့်ပေးပါ”
သူက ပို၍ပင် နှိမ့်ချစွာပြောလိုက်သည်။
မစ္စတာကျိကို အလုပ်အကျွေး ပြုရခြင်းမှာ သူ၏ ဂုဏ်ယူစရာဖြစ်ပြီး သူ၏ ဘိုးဘေးများအတွက်ပါ ဂုဏ်တက်စေမည် ဖြစ်သည်။
"ငါ အရင်က ပြောခဲ့တယ် မဟုတ်လား၊ ကောင်းကင်မှာ ဒုတိယမြောက် နေတစ်စင်း ပေါ်လာတဲ့အခါ ငါ လက်ထပ်မယ်လို့"
"ဂုဏ်ယူပါတယ် မစ္စတာကျိ"
ယခွမ်းဟွမ်၏ မျက်လုံးများ လင်းလက်သွားသည်။
ဒါဆို သူပြောခဲ့သမျှ အရာအားလုံးက အမှန်တကယ် ဖြစ်လာခဲ့ပြီပေါ့။
သူ၏ ဇနီးသည် အမှန်တကယ်ပင် နေမင်းဆီမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုကိစ္စမှာ လုံးဝစိတ်ကူးယဉ်လို့ မရနိုင်သောအရာဖြစ်ပြီး အခြားသူများအားသွားပြောမိလျှင် သူ့အားအရူးတစ်ယောက်လိုကြည့်ကြမှာ သေချာ၏။
မစ္စတာကျိ၏ ဇနီးသည် မည်သို့သော ပုံစံရှိကာ မည်မျှအတုမရှိကျော့ရှင်းမှုမျိုးကို ပိုင်ဆိုင်နေလိမ့်မည်နည်း။
ကောင်းကင်ရှိနေမင်းပေါ်မှ ဆင်းလာသူမှာ သာမန်အမျိုးသမီးမဟုတ်သည်ကတော့ သေချာနေသည် မဟုတ်ပါလား။
သူလည်း နတ်သမီးပဲနေမှာ ။
"ငါတို့ မနက်ဖြန် စာချုပ်ချုပ်ဖို့ စီစဉ်ထားတယ်၊ ဒါပေမယ့်... ပြဿနာ အသေးလေး တစ်ခု ရှိနေတယ်"
ကျိယွမ်က တုံ့ဆိုင်းစွာ ပြောလိုက်သဖြင့် ခွမ်းဟွမ်အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သူ့လို အကြွင်းမဲ့အစွမ်းထက်သူ တစ်ဦးက လက်ထပ်စာချုပ်ချုပ်ဖို့ လိုအပ်သေးလို့လား။
သို့သော် ထိုကဲ့သို့ အတုမရှိအောင်အစွမ်းထက်သူတစ်ဦး၏ စိတ်ကို မိမိတိုလို သာမန်လူများ၏ အသိဉာဏ်ဖြင့် ခန့်မှန်း၍ မရနိုင်ပါ။
သူ စာချုပ်ချုပ်ချင်တယ်ဆိုတော့ လည်း ချုပ်ပါစေပေါ့။
"ကျွန်တော် ကူညီပေးရမယ့် အရာများ ရှိပါသလား"
"ဒီလိုပါ၊ ငါ ဒီတစ်ခါ ဇနီး နှစ်ယောက် နဲ့ တစ်ခါတည်းလက်ထပ်ချင်လို့၊ ပြီးတော့ အတူတူ စာချုပ်ချုပ်ချင်တာ"
ကျိယွမ်က သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
ခွမ်းဟွမ်မှင်တက်သွားပြီး လုံးဝ တုန်လှုပ်သွား၏။
မိန်းမ နှစ်ယောက်လား။
သူ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားခဲ့သည်။
မိန်းမနှစ်ယောက် လက်ထပ်ခြင်းမှာ ထူးဆန်းသလို ထင်ရသော်လည်း..၄င်းက သိပ်ပြီး ထူးခြားသော အရာတော့ မဟုတ်ပါ။
အထက်တန်းလွှာ အများအပြားမှာ ဇနီး နှစ်ယောက် သို့မဟုတ် ထိုထက်မကကို ပေါ်ပေါ်ထင်ထင် လက်ထပ်နေကြသည် မဟုတ်ပါလား။
အချို့ဆိုလျှင် ရပ်ကွက်တစ်ခုထဲမှာပင် အဆောက်အဦး အနည်းငယ် ဝယ်ထားပြီး အဆောက်အဦး တစ်ခုစီတွင် ဇနီး တစ်ယောက်စီ ထားရှိကြ၏။
ထို့ကြောင့် မိန်းမတစ်ယောက်ထက်မက ယူခြင်းမှာ အတော်လေး ပုံမှန် ဖြစ်သည်။
အဓိက အချက်မှာ မစ္စတာကျိကတော့ အခြားသူများနှင့် မတူညီပေ။
သူ၏ ဇနီးမှာ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ် ဖြစ်၏။
ကောင်းကင်ပေါ်ရှိ နေမင်းကြီးဆီမှ ဆင်းသက်လာသော အမျိုးသမီး ဆိုကတည်းက ကြောက်စရာကောင်းသလို အထင်ကြီးစရာလည်း ကောင်းနေသည် မဟုတ်ပါလား။
ထိုကဲ့သို့ ထူးခြားသော ပုဂ္ဂိုလ်မျိုးက...
“မစ္စတာကျိ၊ ခင်ဗျား ဇနီးနှစ်ယောက် ယူချင်တာကို ခင်ဗျားရဲ့ဇနီးက သိရဲ့လား”
ခွမ်းဟွမ်က ဂရုတစိုက် မေးလိုက်သည်။
သူ ကူညီပေးလိုက်ရန်မှာ ပြဿနာမရှိသော်လည်း မစ္စတာကျိ၏ ဇနီးက နောက်ကျမှ သိသွားကာ သဘောမတူဘဲ သူ့ကို သတ်ပစ်မည်ကို သူ စိုးရိမ်နေမိ၏။
“သူ သိတယ်လေ”
ကျိယွမ်က ဇဝေဇဝါဖြင့် ပြန်မေးသည် ။
“ဘာလဲ၊ ငါက မိန်းကလေးငယ်တွေကို လိမ်ညာပြီး လက်ထပ်နေတယ်လို့ မင်း သံသယ ရှိနေတာလား”
“မဟုတ်... မဟုတ်ပါဘူး”
ခွမ်းဟွမ်က အလျင်အမြန် ရှင်းပြသည်
။
“ကျွန်တော် မစ္စတာကျိအတွက် ချက်ချင်း စီစဉ်ပေးပါ့မယ်”
“အော်... ဟုတ်သားပဲ၊ ငါ့ဇနီး နှစ်ယောက်လုံးမှာ မှတ်ပုံတင်လည်း မရှိဘူး၊ ဓာတ်ပုံလည်း မရှိဘူး၊ အဲဒါလေး ကူညီပေးနိုင်မလား”
“ရပါတယ်”
“အော်... ငါ မေ့သွားတယ်၊ မှတ်ပုံတင် ဓာတ်ပုံရိုက်ဖို့ ဆိုရင် သူတို့ လူကိုယ်တိုင် ရှိနေရမယ် မဟုတ်လား။ ငါ့ကို ပြောပါ၊ ငါ ငါ့ဇနီးတွေနဲ့ အတူ လာခဲ့မယ်"
"အာ... မဟုတ်သေးဘူး၊ မနက်ဖြန်က စာချုပ်ချုပ်မှာ ဆိုတော့ အချိန်မှီပါ့မလား။ တောက်... ဒါက တော်တော် ဒုက္ခများတာပဲ၊ မှတ်ပုံတင် လုပ်ရမယ်၊ စာချုပ်ချုပ်ရမယ်၊ နှစ်ခါ သွားရမယ်"
"အဲဒါတွေ အားလုံးကို တစ်ခါတည်း အတူတူ လုပ်လို့ မရဘူးလား”
ကျိယွမ်မှာ ပြောရင်းမှ အလွန် စိတ်ညစ်နေပုံရသည်။
ခွမ်းဟွမ်မှာ အနည်းငယ် စကားမဲ့သွားလေသည်။
သူ ပြောချင်သည်မှာ" ခင်ဗျား လူကိုယ်တိုင်တောင် လာစရာ မလိုပါဘူး၊ ကျွန်တော် မှတ်ပုံတင်နဲ့ လက်ထပ်စာချုပ်တွေကို ခင်ဗျားဆီ ယူလာပေးလို့ ရပါတယ်၊ ဓာတ်ပုံတောင် မလိုပါဘူး" ဟုဖြစ်သည်။
သို့သော် ဤသူမှာ မစ္စတာကျိ ဖြစ်သည်။ သူ၏ အတွေးအခေါ်မှာ ထူးခြားလှသည်၊ ထို့ကြောင့် ခွမ်းဟွမ်က စောဒကတတ်ခြင်း ၊ ကန့်ကွက်ခြင်းမပြုရဲပေ။
“စာချုပ် နှစ်မျိုးလုံးကို တစ်ခါတည်း လုပ်ပေးဖို့ကလည်း ဖြစ်နိုင်ပါတယ်။
အဲဒီအချိန်ကျရင် ကျွန်တော် ဝန်ထမ်းတွေကို လက်ဆောင် ပေးလိုက်မယ်။"
"မစ္စတာကျိနဲါ ဇနီးတွေက ရပ်ကွက်အပြင်ဘက်နားကို လာရုံပါပဲ”
ခွမ်းဟွမ်သည် ပြည်ထဲရေးဌာနနှင့် ရဲစခန်းဝန်ထမ်းများကို ကျိယွမ်၏ ရပ်ကွက် အပြင်ဘက်သို့ ခေါ်ဆောင်လာရန် ဆုံးဖြတ်လိုက်သည်။ သူ၏အိမ်ထဲအထိ သွားလျှင်ရသော်လည်း သူစိမ်းများကို လက်မခံချင်မှာစိုးရ၏။
“တကယ်လား။ မင်းက အထက်တန်းလွှာတစ်ယောက် ဖြစ်နေတာ မဆန်းပါဘူး၊ မင်းမှာ အဆက်အသွယ်တွေ တကယ် ရှိတာပဲ"
"ဒါနဲ့၊ လက်ဆောင်ကို ဘယ်လောက် ပေးဖို့ စီစဉ်ထားလဲ။ ငါ မင်းကို အကုန်အကျ မခံစေချင်ဘူး။ ပမာဏကို ပြောပါ၊ ငါ ပေးမယ်”
ထိုစကားကို ကြားသောအခါ ခွမ်းဟွမ်အနည်းငယ် ခေါင်းကိုက်သွားပြီး ခေတ္တတုန့်ဆိုင်းသွားပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်
"၉၉၉ လား"
သူသည် အလွန် များလွန်းသော သို့မဟုတ် အလွန် နည်းလွန်းသော ပမာဏကို မပြောရဲပါ။
“အာ... ငါ့ရဲ့ စုဆောင်းငွေတွေ ၉၉၉ ထပ်လျော့သွားပြန်ပြီ၊ အခုဆိုရင် ကုံရှင်းကို ဝယ်ဖို့ ပိုဝေးသွားပြီ”
ကျိယွမ် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။
ဒီနေ့ခေတ်မှာ ပိုက်ဆံရှာရတာ မလွယ်ကူပေ။
အလုပ်ခေါ်စာတွေမှာ လစာ ၅၀၀၀ ကနေ ၉၀၀၀ ကြားရမယ်လို့ ပြောထားပေမယ့် တကယ်တမ်းက ၅၀၀၀ ပဲ ရသည်ကိုကြည့်ရုံဖြင့် ထိုအချက်ကို သိနိုင်၏။
ဒါပေမယ့် အွန်လိုင်းမှာ ကြည့်လိုက်လျှင်တော့ ပျမ်းမျှလစာက ၉၀၀၀ ဖြစ်နေတတ်သည်။
ခွမ်းဟွမ်သည် တဟားဟား ရယ်မောလိုက်ချင်သော်လည်း ကျိယွမ်၏ စကားအပေါ် မည်သည့် မှတ်ချက်မျှ မပေးရဲသဖြင့် ဖုန်းကိုသာ ညင်သာစွာချလိုက်ရ၏။
ထို့နောက် သူ့အား စပ်စုသလိုကြည့်နေသော မိန်းမအား ကြည့်ကာ တွေးမိသွားသည်။
"မိန်းမနှစ်ယောက်ယူမယ်လို့များ ငါပြောလိုက်ရင် ဘာတွေများ ဖြစ်လာမလဲ"
…...........
နံနက်ခင်း နေရောင်ခြည်မှာ အလွန် နွေးထွေးပြီး သာယာလှသည်။
ဝမ်ထုန်သည် ကားမောင်းနေရင်း ကျေနပ်နေ၏။
"ဝါး... ကောင်းကင်မှာ နေတစ်စင်း ပိုနေတော့ အပူချိန်တိုးလာသလိုတော့ ခံစားရတယ်"
ကျောက်လုံရှို့သည် ဘေးထိုင်ခုံတွင် ထိုင်ကာ သတင်းစာကို အာရုံစိုက် ဖတ်နေသည်။
“မကြာသေးခင်က ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာတယ်လို့ ကြားတယ်၊ ကောင်းကင်မှာ ပိုနေတဲ့ နေက ဒဏ္ဍာရီလာ စွမ်းအားများ ဖြစ်နိုင်မလား”
ဝမ်ထုန်သည် ကောင်းကင်ကို ကြည့်ကာ အတွေးနက်နေ၏။
သတင်းစာကို အလေးအနက် ဖတ်နေသော ကျောက်လုံရှို့မှာ သူ၏စကားကြောင့် ခေတ္တ ရပ်တန့်သွားသည်။
“မင်းတို့ လူငယ်တွေက အတွေ့အကြုံ မရှိကြဘူး၊ မားကက်တင်း အကောင့်တွေရဲ့ လှည့်စားမှုကို လွယ်လွယ်ကူကူ ခံရလွန်းတယ်။ ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထလာတာမျိုးဆိုတာ မရှိပါဘူး၊ ဒါတွေ အားလုံးက အတုတွေပါ"
"နတ်ဆိုးတွေ နတ်ဘုရားတွေ၊ မသေမျိုးတွေ ဆိုတာ အားလုံး အတုတွေပဲ။ ငါတို့ သိပ္ပံပညာကိုပဲ ယုံကြည်ဖို့ လိုအပ်တယ်”
“ဟား... ဒါဆိုရင် ကောင်းကင်မှာ ပိုနေတဲ့ နေကို ဘယ်လိုပြောမလဲ”
ဝမ်ထုန်က မကျေမနပ် ပြောလိုက်သည်။
“ဒါက စာများများ ဖတ်ဖို့ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို ပြနေတာပဲ"
"ကြည့်လိုက်... သတင်းစာထဲမှာ ရေးထားတာက ကောင်းကင်မှာ ပိုနေတဲ့ နေက တကယ့် နေမဟုတ်ဘူး၊ အဲဒါက ကောင်းကင်အစက်အပြောက်ဒါမှမဟုတ် အလင်းယိုင်မှုလို့ ခေါ်တဲ့ ဖြစ်စဉ်တစ်ခုပဲ”
ကျောက်လုံရှို့က သတင်းစာကို ဝမ်ထုန်ထံ ကမ်းပေးလိုက်သည်။
ဝမ်ထုန်က နှုတ်ခမ်းဆူလိုက်၏ ။
“ဒီပညာရှင်တွေ ပြောတာတွေက အဓိပ္ပာယ် မရှိတာတွေပဲ။ မရေမရာနဲ့ ဝေဝေဝါးဝါးတွေ ပြောပြီး လူတွေကို လှည့်စားဖို့ ကြိုးစားနေတာ"
"မကြာသေးခင်က ပညာရှင် တစ်ယောက်က ကြောင်ကို ယုန်လို့တောင် မှားပြောခဲ့သေးတယ် မဟုတ်လား ၊ ဘယ်လိုမှ ယုံလို့မရဘူး "
“မင်းတို့ လူငယ်တွေနဲ့ ငြင်းနေလို့လည်း အကျိုးမရှိပါဘူး”
ကျောက်လုံရှို့ ဆက်မပြောချင်တော့ပေ။
ဤအကြောင်းအရာနှင့် ပတ်သက်၍ ငြင်းခုံနေရန် မလိုအပ်ပါ။
ဝမ်ထုန်ကလည်း သူတို့၏ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးကို မထိခိုက်စေလိုသဖြင့် ဆက်မငြင်းတော့ပေ။
သူမက မေးလိုက်သည်။
"ဒီနေ့ ငါတို့ ဘယ်အထက်တန်းလွှာရဲ့ မယားငယ်ကို စာချုပ်ချုပ်ပေးရမှာလဲ"
"ဒီလို ကိစ္စတွေက ငါတို့ မေးခွန်းထုတ်ရမယ့် အရာတွေ မဟုတ်ဘူး၊ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လိုက်လုပ်ပေးရုံပဲ"
ကျောက်လုံရှို့က အလုပ်ကိစ္စဖြစ်သောကြောင့် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
မလာခင်ကပင် ခေါင်းဆောင်က သူတို့ကို ထပ်ခါတလဲလဲ သတိပေးခဲ့သည်မှာ ထိုသူအား ကောင်းမွန်စွာဝန်ဆောင်မှု ပေးရန် ဖြစ်၏။
စကားနည်းနည်းပြော၊ အလုပ်များများလုပ်ပြီး မလိုအပ်သော မေးခွန်းများကို မမေးရပါ။
ခေါင်းဆောင်က ထပ်ပြောသေးသည်မှာ၊ အကယ်၍ ထိုသူကို စော်ကားမိပါက ခေါင်းတလားသာ ပြင်ထားလိုက်ပါ ဟူ၏။
ပြောရလျှင် အစိုးရဝန်ထမ်း တစ်ယောက်ဖြစ်ပြီးဆိုကတည်းက တစ်သက်လုံးအတွက် အာမခံချက် ရှိနေပြီးသားဖြစ်သည်၊ ကြီးမားသော အမှားတစ်ခု မလုပ်မိသရွေ့ အလုပ်ထုတ်ခံရရန် မဖြစ်နိုင်ပေ။
သို့သော်လည်း အထက်လူကြီးက အလုပ်ပြုတ်ရန်လောက်ကို အသာထား ခေါင်းတလားပြင်ရန်ကိုပါ ပြောဆိုခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူတို့ဆောင်ရွက်ပေးရမည့် အထက်တန်းလွှာမှာ အလွန်ပင်ထူးခြားပြီး ကြီးမားသောအာဏာရှိသူ ဖြစ်ရမည်ဟု ကျောက်လုံရှို့ သတိပြုမိသွား၏။
“ဒီနေ့ လက်ထပ်စာချုပ် နှစ်ခု ချုပ်ပေးရမယ်လို့ ကြားတယ်၊ အထက်တန်းလွှာတွေကို မနာလို ဖြစ်မိတဲ့ နောက်ထပ် နေ့တစ်နေ့ ပဲ"
" ငါရော ဘယ်တော့မှ ယောက်ျားနှစ်ယောက် ရမှာလဲ”
ဝမ်ထုန်က မကျေမနပ်ပြောလိုက်၏။
ကျောက်လုံရှို့က ပြုံးလိုက်ပြီး ဘာမှ မပြောပေ။
နံနက် ကိုးနာရီခန့်တွင် ကျောက်လုံရှို့နှင့် ဝမ်ထုန်တို့သည် သူတို့၏ ရုံးခန်းအသစ်တည်နေရာသို့ ရောက်ရှိလာကြသည်။
ဤနေရာမှာ ယနေ့အတွက် သူတို့၏ ရုံးခန်း ဖြစ်လာမည် ဖြစ်သည်။
သူတို့ရောက်သွားသောအခါ အခြားဌာနမှ ဝန်ထမ်းများလည်း ရှိနေသည်ကို တွေ့ရ၏။
အချင်းချင်းစကားအနည်းငယ် ပြောဆိုပြီးနောက် ဝမ်ထုန်သည် အခန်းထဲသို့ ပြန်ဝင်လာပြီး ကျောက်လုံရှို့ကို တိုးတိုးလေး ပြောလိုက်သည်။
“အဲဒီ အထက်တန်းလွှာရဲ့ ဇနီးမှာ မှတ်ပုံတင်တောင် မရှိဘူးတဲ့၊ သူက ဝရမ်းပြေးတစ်ယောက်များ ဖြစ်နေမလား၊ ဒါမှမဟုတ် သေချင်ယောင်ဆောင်နေတဲ့ အမွေခံ သူဌေးသမီးလေး ဖြစ်နေမလား မသိဘူး"
တီဗီဇာတ်လမ်းတွဲအများကြီး ကြည့်ဖူးသော ဝမ်ထုန်သည် ချက်ချင်းပင် ဇာတ်လမ်းများကို စိတ်ကူးယဉ်လေတော့သည်။
ဥပမာအားဖြင့် အထက်တန်းလွှာ (A ) က အမွေခံသူဌေးသမီး (B) ကို ချစ်မိသွားတယ်၊ ဒါပေမယ့် (B) က အထက်တန်းလွှာ (C) နဲ့ စေ့စပ်ထားပြီးသား ဖြစ်နေတယ်။
ဒါကြောင့် သူမက အိမ်ထောင်ရေးကနေ လွတ်မြောက်ဖို့ သေချင်ယောင်ဆောင်လိုက်တာပေါ့။
“နင့်ရဲ့ ခန့်မှန်းချက်က နည်းနည်းတော့ လက်လှမ်းလွန်းနေပြီ၊ ဂြိုဟ်သား တစ်ယောက်လို့ပဲ ပြောလိုက်ပါတော့လား”
ကျောက်လုံရှို့က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ထိုကိစ္စကို မစဥ်းစားပေ။
"ဂြိုဟ်သားလား"
ဝမ်ထုန်၏ မျက်လုံးများ လင်းလက်သွားသည်။
"ရှင့်ဆီက စိတ်ကူးသစ် တစ်ခု ရသွားပြီ။ ဒီလူက... လူသား မဟုတ်ရင်ရော ၊ ဒါဆို နတ်ဆိုး၊ တစ္ဆေ၊ ဒါမှမဟုတ် နတ်သမီး တစ်ပါးများ ဖြစ်နေမလား"
"ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာတာနဲ့အမျှ ဘာမဆို ဖြစ်နိုင်တာပဲ”
အဓိပ္ပာယ် မရှိသည်များကို လျှောက်ပြောနေသည့် ဝမ်ထုန်အားကြည့်ကာ
ကျောက်လုံရှို့က သက်ပြင်းချလိုက်သည်။
“ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထတာကို ခဏ ထားလိုက်ပါဦး၊ အပြင်မှာဆိုရင် နင်က ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါလို့တောင် ငါ မပြောရဲဘူး”
“ဟေး... အဲလို မပြောပါနဲ့။ ကျွန်မ ထင်တာက ဒါက တကယ်ဖြစ်နိုင်တယ်နော်”
ဝမ်ထုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အလုပ်ကိုသာ လုပ်စမ်းပါ၊ သပ်သပ်ရပ်ရပ် ပြင်ဆင်ထား။ အဲဒီလူက ဒီနေ့ ညနေပိုင်း လာမှာ၊ အဲဒီကျရင် မင်း မြင်ချင်နေတဲ့... မိစ္ဆာတွေ နတ်ဆိုးတွေကို မြင်ရမှာပေါ့ ဟးဟားဟားဟား ”
ကျောက်လုံရှို့က တဟားဟား ရယ်မောလိုက်သည်။
“အင့်... ဒီလူကြီးကတော့ တကယ်ကို ခေါင်းမာတာပဲ။ ဒါကြောင့်လည်း အင်တာနက်မှာ ပြောကြတာပေါ့၊ လူတွေက အသက် ၃၅ ကျော်ရင် အသစ်အဆန်းတွေကို လက်မခံနိုင်ကြတော့ဘူးလို့”
“နင် နားမလည်ပါဘူး။ နင်ကိုယ်တိုင် အသက်အရွယ်တစ်ခု ရလာတဲ့အခါ မနားလည်လာလိမ့်မယ်။ နင် ငယ်ငယ်တုန်းက ဘယ်လောက်အထိ ကလေးကလား ဆန်ခဲ့သလဲ ဆိုတာကိုလည်း သိလာလိမ့်မယ်”
ကျောက်လုံရှို့က အလေးအနက် ပြောလိုက်သည်။
အတွေ့အကြုံများကသာ လူကိုရင့်ကျတ်စေသော အကောင်းဆုံးသင်ခန်းစာများ မဟုတ်ပါလား။
…........
"လီယန်လား"
“အာ... ကျိယွမ်၊ ဘာကိစ္စလဲ”
“အင်း... ငါ မနက်ဖြန် မင်္ဂလာဆောင် အခမ်းအနား ကျင်းပမလို့ ၊ လာခဲ့ပါဦး”
“ဟမ်... နင် လက်ထပ်တော့မှာလား”
ဖုန်း၏ အခြားတစ်ဖက်တွင်ရှိနေသော လီယန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲ၌ မနာလိုစိတ် အနည်းငယ် ပေါ်လာ၏။
သူမသည် ကျိယွမ်၏ ကံကောင်းမှုကို မနာလို ဖြစ်မိခြင်းပင်။
သူသည် ကြောင်တစ်ကောင်ကြောင့် နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်လာခဲ့ပြီး တစ်နှစ်ကို သန်းနဲ့ချီ ရှာနိုင်နေပုံရသည်၊ အခုတော့ ဇနီးတစ်ယောက်တောင် ရနေလေပြီ။
“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်…”
“လိပ်စာက... ထားလိုက်ပါတော့၊ ငါ တခြားလူတွေကိုလည်း အကြောင်းကြားရဦးမယ်”
ကျိယွမ်က ဖုန်းချသွား၏။
“ဝမ်ရွှီ၊ ငါ လက်ထပ်တော့မယ်... မင်္ဂလာဆောင် အခမ်းအနားက…”
“ဟမ်... မနက်ဖြန်လား၊ ငါ သေချာပေါက် ခွင့်ယူပြီး လာခဲ့မယ်”
“ဝူချီ၊ ငါ့မင်္ဂလာဆောင်ကို လာခဲ့ဦးမလား…”
“ဒေါက်တာ ၊ ကျွန်တော့်ရဲ့ မင်္ဂလာဆောင်က မနက်ဖြန်ပါ…”
ဆေးရုံတစ်ခုမှ ယူနီဖောင်းဝတ် အမျိုးသမီး ဆရာဝန်သည် သူမ၏ လူနာထံမှ ဖုန်းလက်ခံရရှိသောအခါ သူမ၏ စိတ်မှာ ခေတ္တမျှ ဗလာဖြစ်သွားခဲ့သည်။
သူမ၏ စိတ်ထဲတွင် ချောမောသော မျက်နှာတစ်ခု ပေါ်လာ၏။
“ရှင်... လက်ထပ်တော့မှာလား”
ကျုံးညာက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“အင်း”
“ရှင့်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ အချို့ ရှိနေတာကို သူသိရဲ့လား။ ကျိယွမ်၊ ရှင်... တခြား မိန်းကလေးတွေကို မထိခိုက်စေသင့်ဘူးနော်၊ နားလည်လား”
ကျုံးမြောင်၏ စိတ်ထဲတွင်ရှုပ်ထွေးနေပြီး ကောက်ချက်အမျိုးမျိူး ဆွဲနေတော့သည်။
“ကျွန်တော့် စိတ်က ကောင်းပါတယ်ဗျ”
ဖုန်း၏တစ်ဖက်တွင်တော့ ကျိယွမ် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
မင်္ဂလာဆောင် အခမ်းအနား တစ်ခုအတွက်၊ စည်ကားစေရန် လူအချို့ကို သူ ဖိတ်ကြားရမည် ဖြစ်၏။
သို့သော် သူ့တွင် ဆွေမျိုး မရှိပေ။
ကျူးယန်နှင့် သတို့သမီးလေးတို့တွင်လည်း သူမှလွဲ၍ အခြားဆွေမျိုး လုံးဝမရှိကြပေ။
ထို့ကြောင့် ဤစားသောက်ပွဲမှာ... စားပွဲတစ်လုံးစာတောင် မပြည့်နိုင်ပေ၊ ပရိတ်သက်က တော်တော်လေး အင်အားနည်းနေသည်။
ထို့ကြောင့် သူက သိဟောင်းကျွမ်းဟောင်းများကို ပိုမို ဖိတ်ကြားရန် စဉ်းစားခဲ့ခြင်းပင်။
“ကောင်းပါပြီ”
ကျုံးမြောင်က မင်္ဂလာကိစ္စနှငိ့ပတ်သတ်သော မေးခွန်းအချို့ ထပ်မေးလိုက်သော်လည်း သူမ၏စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေခဲ့သည်။
ဖုန်းချပြီးနောက် သူမသည် ရုံးခန်းထဲတွင် ထိုင်ကာ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်နေမိ၏။
"စိတ်ဝေဒနာရှင် တစ်ယောက်က ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။
ဒါက တခြား မိန်းကလေးတွေကို သိသိသာသာ ထိခိုက်စေတာပဲ”
ကျုံးမြောင် အနည်းငယ်လည်း မခံမရပ်နိုင် ဖြစ်မိသည်။
သူမသည် ထိုကဲ့သို့သော ကိစ္စများကို အများအပြား တွေ့ဖူးပါသည်။
ထိုစဥ်က သူမနှင့်သိပ်မသက်ဆိုင်ခဲ့သော်လည်း ယခုကိစ္စကတော့ သူမ၏လူနာဖြစ်နေ၏။
ရုတ်တရက် ရဲရင့်သော အတွေးတစ်ခု သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။
“တခြားလူတွေကို ထိခိုက်စေတာထက်စာရင် ငါကိုပဲ ထိခိုက်စေတာက ပိုကောင်းလိမ့်ဦးမယ်”
ထိုသို့တွေးမိသောအခါ ကျုံးမြောင်အနည်းငယ်ထိတ်လန့်သွားပြီး သူမ၏ မျက်နှာမှာလည်း အနည်းငယ် နီမြန်းသွားခဲ့သည်။
သို့သော် မကြာမီ သူမ၏မျက်နှာလေးက ရှုံ့မဲ့သွား၏။။ သူမ၏ ခေါင်းကို ကိုင်လိုက်ပြီး နာကျင်စွာ ညည်းညူသည်။
"ငါ အလုပ်ပြောင်းသင့်ပြီ ထင်တယ်။ စိတ်ဝေဒနာရှင်တွေနဲ့ ဒီလောက်ကြာကြာ အတူရှိနေတော့ ငါ့မှာတောင် လက္ခဏာတွေ စပြနေပြီ။"
" ပြီးတော့၊ အဲဒီအိမ်မက်ကလည်း... ဟူး...ငါ့မှာလည်း ကောင်းကောင်း မအိပ်ရတာ ကြာပြီ"
အခန်းထဲတွင်ဖြစ်သည်။
ကျိယွမ်သည် အနီရောင် မင်္ဂလာဝတ်စုံဝတ်ထားသော နင်းထောင်ကို ကြည့်နေရင်း သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်လာ၏။
နင်းထောင်၏အမည်းရောင်ဝတ်စုံကို ကြည့်ရသည်မှာ အကျင့်ဖြစ်နေပြီ ဖြစ်သော်လည်း၊ သူမအား အနီရောင် ဝတ်စုံဖြင့် ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းမှာ ထူးခြားသော ဆွဲဆောင်မှု တစ်မျိုးကို ပေးစွမ်းနေသည်။
အမည်းရောင်ဝတ်စုံဝတ် နင်ထောင်းမှာ အေးစက်ပြီး ဆွဲဆောင်မှုရှိ၏။
စာဝါငှက်မလေးကျူးယန်မှာ ချစ်စရာကောင်း၏။
ယခု အနီရောင်ဝတ်စုံဝတ် နင်းထောင်ကတော့ အေးစက်သောကျော့ရှင်းမှုကို ဆောင်ကျဉ်းနေပြီး အလွန်ကျတ်သရေရှိသည်။
ပြောရလျှင် မတူညီသော အမူအရာများနှင့်စရိုက်များက လူတစ်ယောက်တည်းပေါ်၌ ပေါ်ထွက်နေခြင်းပင်။
“ဖုန်းဆက်တာတွေ အားလုံး ပြီးပြီလား”
နင်းထောင်သည် ကျိယွမ်ကို မေးကာ ငြိမ်သက်စွာ ထိုင်နေသည်။
“အင်း၊ အားလုံးကို အကြောင်းကြားပြီးပြီ။ စားပွဲတစ်လုံးစာတော့ ပြည့်မှာပါ၊ ဟုတ်တယ်မလား”
ဘာပဲပြောပြော အခမ်းအနားမှာ အခမ်းအနားအငွေ့အသက်တော့ လိုအပ်သည် မဟုတ်ပါလား။
“ဒါဆို အစ်မကြီး ရှောင်ကျားနဲ့အတူ အတူတူ သွားပြီး စာချုပ်ချုပ်ကြစို့”
နင်းထောင်၏ အသက်ရှူသံမှာ သစ်ခွပန်းကဲ့သို့ပင်။
“အင်း... သူက ဘယ်တုန်းက အစ်မကြီး ဖြစ်သွားတာလဲ”
“ကျွန်မ အဲဒီလို ခေါ်ရတာ ကြိုက်တယ်”
နင်းထောင်က ထိုသို့ပြောလိုက်ပြီး ကျိယွမ်ကို မျက်စိတစ်မှိတ် ပြလိုက်သည်။
“မင်းမှာ စိတ်ဝေဒနာ ရှိနေတယ်လို့ ငါ သံသယ ဖြစ်မိတယ်၊ ဒါပေမယ့် ငါ့မှာ သက်သေ မရှိတာ ခက်တယ်”
ကျိယွမ်က သူ၏လက်ကို ဝေ့ယမ်းလိုက်၏။
အမှန်တကယ်တွင် သူသည် စာဝါငှက်မလေးကျူးယန်နှင့် နင်းထောင်မှာ လူတစ်ယောက်တည်းသာ ဖြစ်ကြောင်း သိပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုတည်းတွင် လူနှစ်ယောက် ယှဉ်တွဲနေထိုင်ခြင်းမျိုး မဟုတ်ပေ။
ပို၍ သင့်လျော်သော ဖော်ပြရလျှင် ၄င်းမှာ သရုပ်ဆောင်ခြင်း သို့မဟုတ် ပုံစံနှစ်မျိုး ဖြစ်နေခြင်း ဟု ဆိုရပေမည်။
ရှက်တက်သောစာဝါငှက်မလေး ကျူးယန်က ပို၍ ရဲရင့်ချင်သောအခါ သူမသည် နင်းထောင်ကို ထွက်လာစေသည်။
ထိုအခါ ကျူးယန်က နောက်လိုက်လေး တစ်ဦးကဲ့သို့ ပို၍ ပြုမူတတ်၏။
“ကျွန်မမှာ စိတ်ဝေဒနာ မရှိပါဘူး”
နင်းထောင်က ဆွဲဆောင်မှုရှိရှိပြုံးလိုက်သည်။
“ယောက်ျား... ကျွန်မ ရှင့်ကို စမ်းသပ်ချင်တယ်”
“ဟေ”
ကျိယွမ်က နင်းထောင်အား အထူးအဆန်းလို ကြည့်၏။
သူမ ယနေ့ဘာဖြစ်နေသနည်း။
“ဒီနေ့ ကျွန်မရဲ့ ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်ကို မတူညီအောင် ဝတ်ဆင်ထားတယ်"
"ဘယ်ဘက်ခြေထောက်ကို ကျူးယန်က ဝတ်ပေးထားတာ၊ ညာဘက်ခြေထောက်ကိုတော့ ကျွန်မဘာသာ ဝတ်ထားတာ"
"ယောက်ျား... ခန့်မှန်းကြည့်ပါဦး၊ ဘယ်ဘက်နဲ့ ညာဘက် ခြေထောက်တွေမှာ ဘာအဆင်တန်ဆာတွေ ရှိမလဲဆိုတာ”
နင်းထောင်က ထိုသို့ပြောနေစဉ်မှာပင် မတ်မတ်ပြင်ထိုင်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို စုထားကာ အနီရောင် ဝတ်စုံဖြင့် လုံခြုံစွာ ဖုံးအုပ်ထား၏။
ကျိယွမ်က နင်းထောင်ကို ပြုံး၍ကြည့်နေပြီး စဥ်းစားနေသလို သူ၏မေးကို သူပြန်ပွတ်ကာ ဖြေသည်။
“ဘယ်ဘက်က...ကျူးယန် မှတ်လား.. အင်း... ဒါဆို အဖြူရောင် ခြေအိတ်ရှည်လား”
ကျိယွမ်က ကျူးယန်အား ပထမဆုံးခန့်မှန်းလိုက်သည်။
အဖြူရောင် ခြေအိတ်ရှည်မှာ ကျူးယန်၏ ပုံစံနှင့် ပို၍ လိုက်ဖက်၏။
“ယောက်ျား... ရှင် မှားသွားပြီ”
နင်းထောင်က သူမ၏ စကတ်အနားကို မလိုက်ပြီး စကတ်အောက်ရှိ သွယ်လျပြီး အချိုးအစားကျသော ခြေထောက်များကို ပြသလိုက်သည်။
အမည်းရောင် ခြေအိတ်ရှည်မှာ ခြေထောက်များကို တင်းကျပ်စွာပတ်ထားပြီး အနားသတ်များကို ပေါင်အထိ ဆွဲတင်ထားသည်။ ခြေအိတ်ရှည်များမှာ အနည်းငယ် တင်းကျပ်နေပုံရပြီး ပေါင်ပေါ်တွင် အဝတ်အစားရာအမှတ်အသား အနည်းငယ်ပင် ထင်ကျန်နေ၏။
“ကျူးယန်က ပြောတယ်၊ ယောက်ျားက အဲဒါကို ကြိုက်တယ်တဲ့”
နင်းထောင်က ထိုသို့ပြောရင်း သူမ၏ သွယ်လျသောခြေထောက်လေးကို ကျိယွမ်၏ ခြေထောက်ပေါ်သို့ တင်လိုက်သည်။
အမည်းရောင် ခြေအိတ်ရှည်ထဲရှိ နူးညံ့သော ခြေချောင်းလေး ငါးချောင်းမှာ ကွေးညွတ်နေပြီး ပန်းရောင်သမ်းကာ ချစ်စရာကောင်းနေသည်မှာ ကျောက်စိမ်းဖြူကဲ့သို့ပင်။
နင်းထောင်က သူမ၏ဘယ်ဘက်ခြေထောက်ဖြင့် ကျိယွမ်၏ ဝမ်းဗိုက်ကို ဖိထားပြီး အနည်းငယ်နောက်ပြောင်ချင်သော အမူအရာဖြင့် ကျိယွမ်အား မထိတထိကြည့်၏။
“ညာဘက်ကိုတော့ ငါ မမှားတာ သေချာတယ် ၊ အဲဒါက သေချာပေါက် အဖြူရောင်ခြေအိတ်ရှည် ဖြစ်ရမယ်”
စာဝါငှက်မလေးကျူးယန်က အမည်းရောင်ကို ရွေးချယ်ထားသောကြောင့် နန်းတော်သခင်မနင်းထောင်က အဖြူရောင်ကို ရွေးချယ်ရမည် မဟုတ်ပါလော။
“ယောက်ျား.. တစ်ဝက်ပဲ မှန်တယ်”
နင်းထောင်က ပြုံးလျက် ပြောလိုက်သည်။
“အဲဒါဆို အသားရောင် ခြေအိတ်ရှည်လား”
“အဲဒါလည်း မဟုတ်ဘူး...”
နင်းထောင်းက စကတ်၏ ညာဘက်အခြမ်းကို ထပ်မံ မလိုက်ပြန်သည်။
“...ရှင် တကယ်ပဲ တစ်ဝက်ပဲ မှန်ခဲ့တာ”
အခြားတစ်ဖက်တွင် မည်သည့်ခြေအိတ်မှ ဝတ်ထားခြင်း မရှိပေ။
နင်းထောင်၏ ခြေထောက်မှာအလွန် ဖြူဖွေးနေပြီး ဆန်းပြားသော အလှတရား တစ်မျိုးရှိကာ သူမ၏ ခြေချောင်းလေးများမှာ ကြာစွယ်ကဲ့သို့ စုနေ၏။
အဖြူရောင် ခြေအိတ်ရှည် ဝတ်မထားသော်လည်း ဝတ်ထားသည်ထက်ပင် ပို၍ လှပနေလေသည်။
“ယောကျ်ား..ရှင် ကြိုက်ရဲ့လား”
နင်းထောင်က ရဲရင့်နေဆဲပင်။
အကယ်၍ ကျူးယန်သာ ဆိုပါက ဤကဲ့သို့သော စကားမျိုးကို မည်သည့်အခါမျှ ပြောရဲမည် မဟုတ်ပေ။
နင်းထောင်က ထိုသို့ပြောလိုက်ပြီး သူမ၏ဗလာဖြစ်နေသော ခြေဖဝါးမှာ ကျိယွမ်၏ လက်ဖဝါးဆီသို့ ဦးတည်သွားသည်။
ကျိယွမ်က နုညံ့သောခြေဖျားလေးအား အလိုက်သင့် ဖမ်းဆုပ်လိုက်၏။
နင်းထောင်၏ သေးငယ်ပြီး လက်ရာမြောက်သောခြေဖဝါးလေးမှာ အနုပညာ ပစ္စည်းတစ်ခုကဲ့သို့ပင်၊ ကျိယွမ်သည် သူမ၏ ခြေဖဝါးတစ်ခုလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ပြီး ညင်သာစွာ ပွတ်သပ်ပေးနေမိသည်။
နင်းထောင်၏ မျက်နှာလေးအနည်းငယ် နီမြန်းသွားပြီး သူမ၏ မျက်လုံးထဲတွင် မြူမှုန်များ ပေါ်လာသည်။
“ယောက်ျား.. တကယ်လို့ ကျွန်မတို့ လက်ထပ်စာချုပ် ရပြီးတဲ့အထိ စောင့်ပြီးမှ အရာအားလုံးကို လုပ်မယ်ဆိုရင်၊ အဲဒါက... သိပ်ပြီး အလောတကြီး ဖြစ်မနေဘူးလား”
သူမက ကျိယွမ်ကို မှီလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျိယွမ်၏ ပေါင်ပေါ်သို့ ရောက်ရှိနေကာ သူမ၏ အနီရောင် ဝတ်စုံမှာလည်း ချီယွမ်၏ ပေါင်များကို ဖုံးအုပ်ထားသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက ကျိယွမ်ကို ကြည့်နေပြီး နှုတ်ခမ်းလေးများမှာလည်း အနည်းငယ် စူနေ၏။
သူမသည် မည်သည့်မိတ်ကပ်မှ မလိမ်းထားသော်လည်း သူမ၏ နှင်းကဲ့သို့ ဖြူစင်သော မျက်နှာမှာ အေးစက်ပြီး လှပနေသည်။
“ဟင်း...”
နင်းထောင်၏ ပေါင်မှာ တစ်ဖက်က ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံး ပိုးသားကဲ့သို့ပင်၊ အခြားတစ်ဖက်မှာမူ ပိုးခြေအိတ် အမည်းရောင်၏ အထိအတွေ့ ရှိနေသည်။
သူမသည် တစ်ခုခုကို မျှော်လင့်နေသလို ရှက်လည်း ရှက်နေရှာ၏။
သို့သော် သူမက ရဲရဲဝံ့ဝံ့ပင် ပြောလိုက်သည်။
“ယောက်ျား...ကျူးယန် မလုပ်ရဲတာကို ကျွန်မ လုပ်မယ်”
သူမက ထိုသို့ပြောလိုက်ပြီးသည်နှင့် သူမ၏ နွေးထွေးသော နှုတ်ခမ်းများမှာ ကျိယွမ်၏ မျက်နှာသို့ နီးကပ်လာသည်။
ဤအချိန်တွင် ကျိယွမ်သည် အထူးပင် တည်ငြိမ်နေသည်။ သို့မဟုတ်... လုံးဝ မတည်ငြိမ်နိုင်တော့ပေ။
သူ၏ လက်မှာ အလိုအလျောက်ပင် စကတ်ပေါ်သို့ ကျော်ဖြတ်သွားပြီး လှပသောနင်းထောင်ကို ညင်သာစွာ ပွေ့ချီလိုက်သည်။
နင်းထောင်၏ မျက်လုံးထဲတွင် လှည့်ကွက်တစ်ခု ဖြတ်ပြေးသွားပြီး ကျိယွမ်၏ နားနားသို့ကပ်ကာ တီးတိုးဆို၏။
"ဒါဆို... ကျွန်မတို့ နည်းနည်းနောက်ကျမှ စာချုပ်သွားချုပ်ကြရင် ဘယ်လိုလဲ"
ကျိယွမ်က သူမ၏မျက်နှာလေးကို မော့ကြည့်၏။
“မင်း ပြောတာက... အဓိပ္ပာယ်တော့ ရှိသားပဲ”
ကျိယွမ်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ကျူးယန်နှင့် မလုပ်ဖူးသေးသော အရာများကို မြိန်ယှက်စွာ ခံစားလျက် အစားထိုးလိုက်လေသည်။
အိုးကိုးလုံးတောင်ရှိ ထင်ယောင်ထင်မှားမှုများထဲမှ အတိတ်၏ နာကျင်မှုများမှာ မီးခိုးငွေ့များကဲ့သို့ ဖြစ်သွားခဲ့သည်။
အစ္စုပ္ပန်အချိန်ကသာ အရေးကြီးဆုံး မဟုတ်ပါလား။
နင်းထောင်က ရဲတင်း၏။
ကျိယွမ်ကလည်း မထိန်းနိုင်တော့ပါ။
ရလဒ်အနေဖြင့် အဝတ်အစားများ လျှောကျသွားပြီး စကတ်များ စုတ်ပြဲသွားကာ အတိုင်းအဆမရှိအောင် ဆွဲဆောင်မှုရှိသောအလှအပများ ပေါ်လာခဲ့သည်။
“ယောက်ျား.. ရှင်က နည်းနည်းတော့ လိုသေးတယ်၊ ကျွန်မကို.. အမည်းရောင် ဝတ်စုံ ပြောင်းဝတ်ခိုင်းရင် ဘယ်လိုလဲ”
ကျိယွမ်က ခေါင်းယမ်း၏။
"ဘာနဲ့ဖြစ်ဖြစ် လှတယ်"
“သွေးပုလဲ... ညင်ညင်သာသာလေး…”
ကျိယွမ်က ခေါင်းယမ်းပြန်၏။
"သည်းခံပြီး ကျော်ဖြတ်လိုက်"
"ယောက်ျားက တော်တော်နီးစပ်လာပြီ ၊ အနက်ရောင်ကို ပိုကြိုက်တာလား"
ကျိယွမ်က ခေါင်းယမ်းလေ၏။
"ငါက အကုန်ကြိုက်တာ .."
"သွေးပုလဲ..."
တစ်ဖက်တွင်တော့....
“မှောင်တော့မယ်၊ အဲဒီလူက ဘယ်တော့မှ လာမှာလဲ”
ဝမ်ထုန်သည် ရုံးခန်းအသစ်တွင် ထိုင်နေရင်း ပျင်းရိလာသည်။
ညနေပိုင်း လာရမည် ဖြစ်သော်လည်း ယခုမူ မှောင်လုနီးပါးပင် ဖြစ်နေလေပြီ ။ကိုယ်တော်ချောက ပေါ်တော်မူမလာသေးပါ။
“ညည်းညူမနေနဲ့တော့။ ငါ ခေါင်းဆောင်ကို မေးကြည့်တာ၊ ခေါင်းဆောင်ကပြောတယ် အဲဒီလူ မလာမချင်း ငါတို့ ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်ရမယ်တဲ့၊ သူ လက်ထပ်စာချုပ် လာယူတဲ့အထိပေါ့”
ကျောက်လုံရှို့က သူ၏ သတင်းစာကို ချလိုက်ပြီး အေးအေးဆေးဆေးရှင်းပြသည်။
ဘယ်နေရာမှာဖြစ်ဖြစ် အလုပ်လုပ်ရတာကတော့ အတူတူပဲ မဟုတ်ပါလား။
ယခုနေရာက တော်တော်လေး အေးဆေးလှပြီး မဆိုးလှပါ။
ပြီးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရာထူးတိုးဖို့ အခွင့်အလမ်း မရှိတာလည်း အတူတူပါပဲ၊ ဟုတ်တယ်မလား။
“ဒါဆို သူ ဘယ်တော့မှ မလာတာ ပိုကောင်းတယ်၊ ဒီမှာ အလုပ်ရှောင်နေလို့ ရတာပေါ့”
သို့သော် ထိုစကားက သူမ၏ စိတ်ကူးယဉ်မှုသာ ဖြစ်ပြီး လက်တွေ့တော့ မဖြစ်နိုင်ပါ။
ထိုအချိန်တွင် ရုတ်တရက် မက်ဆေ့ခ်ျတစ်ခု ရောက်လာသည်။
ဝမ်ထုန်၏ မျက်နှာ အနည်းငယ် ပျက်သွား၏။
"သူ ရောက်လာပြီ"
ကျောက်လုံရှို့ အလျင်အမြန် ထလိုက်ပြီး သူ၏ မျက်နှာထားမှာ တည်ကြည်သွားသည်။
“မှတ်ထားပါ၊ ရိုးရိုးရှင်းရှင်း လုပ်ထုံးလုပ်နည်းလေးပဲ လုပ်ပေး၊ ဓာတ်ပုံရိုက်ပြီး စာချုပ်တွေ ထုတ်ပေးလိုက်"
ကျောက်လုံရှို့က ဝမ်ထုန်ကို စိတ်မချသလို ထပ်မံ ညွှန်ကြားလိုက်၏။
“စိတ်မပူပါနဲ့၊ ကျွန်မ ဓာတ်ပုံရိုက်တာ ကျွမ်းကျင်ပါတယ်”
ဝမ်ထုန်က စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းလိုက်သည်။
ဒီနေ့တော့ အထက်တန်းလွှာတွေရဲ့ အတင်းအဖျင်းအချို့ကို သူမ ရရှိနိုင်ကောင်း ရရှိပေလိမ့်မည်။
ကျောက်လုံရှို့က ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ်သပ်ရပ်အောင်ပြင်လိုက်၏။
ဝမ်ထုန်က ဓာတ်ပုံရိုက်ပေးမည်ဖြစ်ပြီး သူက လက်ထပ်စာချုပ်ပေါ်တွင် ကပ်ပေးမည် ဖြစ်သည်။
အလုပ်က ရိုးရှင်းလှ၏။
တံဆိပ်တုံး ထုတာတွေ ဘာတွေကတော့ ပြီးစီးနေပြီ ဖြစ်သည်။
အခြား လုပ်ထုံးလုပ်နည်းများကိုလည်း ပယ်ဖျက်ထား၏။
“သွားပြီနော် ကျောက်ကော"
ဝမ်ထုန်သည် ရုံးခန်းထဲမှ ထွက်လာရင်း လက်ဝေ့ယမ်းလိုက်သည်။
ရုံးခန်းအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် သူမသည် သက်လတ်ပိုင်း အမျိုးသား တစ်ဦးကို တွေ့လိုက်ရ၏။
ထိုအမျိုးသားမှာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး တပ်ဖွဲ့၏ အငွေ့အသက်များ ပါရှိကာ ထင်ရှားသော နောက်ခံမှ လာသူဖြစ်ကြောင်း သိသာလှသည်။
သူလား။
ဝမ်ထုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် ထိုသူ ပြောလိုက်သည်ကို ကြားလိုက်ရ၏။
“မစ္စတာကျိက ဓာတ်ပုံရိုက်တဲ့ အခန်းထဲကို ဝင်သွားပြီ၊ သွားပြီး သူတို့ရဲ့ ဓာတ်ပုံတွေကို ရိုက်ပေးလိုက်၊ ပြီးတော့ မှတ်ထားပါ... စကားတွေ အများကြီး မပြောပါနဲ့”
အမျိုးသားမှာ ခွမ်းဟွမ်ပင် ဖြစ်သည်။
ဝမ်ထုန်က ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ်တော့ အံ့အားသင့်သွားသည်။
ယခုတွေ့ရသော အမျိုးသားမှာ အတော်လေး ထူးခြားကာအဆင့်မြင့်ပုံရ၏။သို့သော် သူကပင် အထဲက လူကို မစ္စတာကျိဟု ခေါ်နေဆဲ ဖြစ်သည်။
ထိုသူမှာ... အမှန်တကယ်ပင် အစွမ်းထက်ပုံ ရ၏။
မျှော်လင့်ချက်နှင့်အတူ စိုးရိမ်စိတ်များ ရောပြွမ်းနေလျက် ဝမ်ထုန်သည် ဓာတ်ပုံရိုက်သည့် အခန်းထဲသို့ ဝင်လာခဲ့သည်။
“ရဲဘော်၊ အားနာစရာ ဖြစ်သွားပြီ၊ ဒုက္ခပေးမိပြီ”
ရုတ်တရက် ငယ်ရွယ်ပြီး သာယာသော အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုသူကို မြင်လိုက်ရသောအခါ ဝမ်ထုန်သည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး ရဲရဲ မကြည့်ရဲဆော့ပေ။
သူမ၏ နှလုံးခုန်သံများမှာလည်း အလွန်မြန်ဆန်လာသည်။
သူက အလွန် ချောမောလွန်းနေ၏။
ဒါက တီဗီဇာတ်လမ်းတွေထဲက အာဏာရှင် စီးအီးအိုပုံစံမျိုး မဟုတ်လား။
"ကျူးယန်နဲ့ ကျွန်တော် အားလုံး အဆင်သင့် ဖြစ်နေပါပြီ၊ မင်းကိုပဲ စောင့်နေတာ”
“ကျွန်မ အခုပဲ လာပါ့မယ်”
ဝမ်ထုန်သည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး မော့မကြည့်ရဲပေ။
သို့သော် သူမသည် မစ္စတာကျိ၏ ဘေးတွင်ရပ်နေသည့် ကျော့ရှင်းသော ကိုယ်ဟန်ရှိသည့် အမျိုးသမီး နှစ်ဦး ရှိနေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။
တစ်ဦးမှာ အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးမှာ အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဟန် တူ၏။
ဝမ်ထုန်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူ့မိန်းမနှစ်ယောက်က... ဘာလို့ ဒီလောက်အထိ ကွဲပြားအောင် ဝတ်ဆင်ထားကြတာလဲ။
သူမ စပ်စုချင်သော်လည်း မမေးရဲပါ။
သူမသည် ခေါင်းငုံ့ထားပြီး ကင်မရာဆီသို့ လျှောက်သွားလိုက်သည်။
ထိုအခါမှသာ သူမသည် သူမ၏ ရှေ့မှ လူသုံးဦးကို ဂရုတစိုက် ကြည့်ရဲတော့သည်။
သူတို့က တန်းစီထိုင်နေကြ၏။
အမည်းရောင်ဝတ်စုံဝတ် မိန်းကလေးကို မြင်လိုက်ရသောအခါ ဝမ်ထုန်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်လာသည်။
သူမမှာ အထက်တန်းလွှာများကို ထပ်ပြီး မနာလို ဖြစ်မိသွားရပြန်သည်။
သူမက အရမ်း လှလွန်းနေသည် မဟုတ်ပါလား။
ယခုအချိန်တွင် ကျူးယန်သည် ကျိယွမ်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ လှပသော မျက်လုံးထဲတွင် နွေဦး၏ အရိပ်အယောင်များ ရှိနေဟန်တူသည်။
သူမ၏ နားရွက်များအထိ နီမြန်းနေပြီး အနည်းငယ်လည်း ရှက်နေပုံ ရ၏။
အမှန်တကယ်တော့ အရင်ကနှင့် နှိုင်းယှဉ်လျှင် ဤရှက်သွေးများမှာ ဘာမှ မဟုတ်ပေ။
ဒီလောက်လှနေတာကြီးကတော့ လူကိုသတ်သေချင်အောင် လှောင်ပြောင်နေသလိုပဲ။
အဆိုးဆုံးမှာ သူမ၏အလှက အလွန်မြင့်မြတ်သည့် အရှိန်အဝါများထွက်နေခြင်းပင်။ ကမ္ဘာပေါ်ရှိအလှပဆုံးသူများပင် ထိုသို့သော အရှိန်အဝါမရှိသည်မှာသေချာ၏။
ဆက်ကြည့်နေရင် ငါ့ကိုယ်ငါ ရုပ်ဆိုးလွန်းလို့ သတ်သေမိမှာစိုးရတယ်။
ဝမ်ထုန်သည် အနီရောင်မင်္ဂလာဝတ်စုံဝတ် မိန်းကလေး၏ မျက်နှာဆီသို့ အကြည့်ကို လွှဲပြောင်းလိုက်သည်။
သို့သော် သူမ မျက်တောင်များကို ခတ်လိုက်မိ၏။
ပြီးနောက် သူမ၏ မျက်မှန်ကို ချွတ်ပြီး သုတ်လိုက်သည်။
သူမ... မှင်တက်ကာ တောင့်တောင့်ကြီး ရပ်နေမိပြီး အခိုက်အတနိ့၌ သူမ၏ စိတ်မှာ ခေတ္တမျှ ဗလာဖြစ်သွား၏။
ရှေ့ကို ကြည့်ရင်း သူမက အလိုအလျောက်ပင် မေးလိုက်မိသည်။
“မစ္စတာကျိ၊ ရှင့်ရဲ့ တခြား ဇနီးက ဘယ်မှာလဲ”
“သူတို့ နှစ်ယောက်လုံး ဒီမှာ ရှိနေတာပဲလေ၊ တခြား တစ်ယောက်က... အင်း၊ ကောင်းကင်ပေါ်မှာ”
“ကောင်းကင်ပေါ်မှာလား”
ဝမ်ထုန် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဂရုတစိုက်နှင့် ဆက်မေးလိုက်၏။
“ကျွန်မ ပြောတာက ခုနက အနီရောင် မင်္ဂလာဝတ်စုံနဲ့ တစ်ယောက်ကို ပြောတာပါ”
“သူမ ဒီမှာ ရှိနေတာပဲ”
ချီယွမ်သည် သတို့သမီးလေး၏ အေးစက်သော လက်ကို ဆုပ်ကိုင်ထားသည်။
“ဟမ်”
ဝမ်ထုန် လုံးဝ မှင်တက်သွား၏။
မင်္ဂလာဝတ်စုံကြီးလေ... ဘာလဲ။
ဒီလူက မင်္ဂလာဝတ်စုံ တစ်ခုနဲ့ လက်ထပ်နေတာလား။
ထိုအချိန်တွင် ဝမ်ထုန်အတွက် ပို၍ပင် တုန်လှုပ်စရာ ကောင်းသောအရာ ဖြစ်ပျက်လာသည်။
မင်္ဂလာဝတ်စုံမှာ မစ္စတာကျိ၏ ဘေးသို့ ပို၍ မှီလိုက်ဟန်တူပြီး ၎င်း၏ အင်္ကျီလက်စများက မစ္စတာကျိ၏ လည်ပင်းကော်လာကို ပြန်လည် ပြင်ဆင်ပေးနေ၏။
ဗုဒ္ဓေါ....။
ဝမ်ထုန်ခမျာ ဒူးများတဆတ်ဆတ်တုန်သွားလေသည်။
ဒီမင်္ဂလာဝတ်စုံက...တစ္ဆေလား ၊ မဟုတ်ဘူး နတ်ဆိုးလား။
သူမ အလွန် ထိတ်လန့်သွားပြီး သူမ၏ နှလုံးသားမှာ လည်ပင်းဝအထိ ခုန်တက်လာသလို ခံစားရ၏။
အောင်မလေး... ဝိညာဉ်စွမ်းအင်တွေက တကယ်ပဲ ပြန်လည် နိုးထလာတာလား။
မင်္ဂလာဝတ်စုံတွေတောင် ဝိညာဉ်ဝင်ပြီး ယောက်ျားချောချောလေးနဲ့ လက်ထပ်နေကြပြီ။
အိုး... ငါ့ စိတ်ကို မထိန်းနိုင်တော့ဘူး။
သူမ၏ စိတ်မှာ ရှုပ်ထွေးနေပြီး ချည်ထွေးကြီးတစ်ခုလို ဖြစ်နေသည်။
သို့သော် သူမသည် သတိပြန်ဝင်လာကာ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး ဓာတ်ပုံများကို အောင်မြင်စွာရိုက်ပေးနိုင်ခဲ့၏။
ဝန်ခံရလျှင် သူမသည် ကြောက်ရွံ့အံ့သြနေသည့်ကြားမှ မစ္စတာကျိကို လက်မထောင်ပြီး ချီးကျူးချင်မိသည်။
အထက်တန်းလွှာတွေကတော့ တကယ်ကို အထက်တန်းလွှာတွေပဲ။
လူမဟုတ်တဲ့ မင်္ဂလာဝတ်စုံနဲ့တောင် လက်ထပ်နိုင်ကြတယ်။
တစ်ချိန်တည်းတွင် ရုံးခန်းအတွင်း၌ဖြစ်သည်။
ကျောက်လုံရှို့သည် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေသည်။
“ဒါက ဘယ်လို အဓိပ္ပာယ် မရှိတာလဲ၊ ပထမမိန်းမတစ်ယောက်က... နာမည် နှစ်ခုနဲ့လား။ မှတ်ပုံတင်မှာ စာကြောင်း တစ်ကြောင်း ပိုလိုနေတာပဲ။ အထက်တန်းလွှာတွေက တကယ်ကို အထက်တန်းလွှာတွေပါပဲ”
“နေဦး နောက်တစ်ယောက်က ပိုပြီးတော့တောင် ရယ်စရာ ကောင်းသေးတယ်၊ လူမျိုးနေရာမှာ 'မင်္ဂလာဝတ်စုံ မင်းမျိုးမင်းနွယ်' လို့ ဖြည့်ရမယ်တဲ့။ ချင်းယွမ် နိုင်ငံမှာ ဒီလိုလူမျိုးတွေ ဘယ်တုန်းကရှိနေတာလဲ”
ကျောက်လုံရှို့သည် စာရွက်စာတမ်းများကို ဖတ်ရင်းဖတ်ရင်းမှ သူ၏ စိတ်ထဲတွင် ဒေါသတကြီးရေရွတ်နေ၏။
တကယ့်ကို ပေါက်ကရအထက်တန်းလွှာတွေပါပဲ။
သို့သော် သူသည် မည်သည့် မကျေနပ်မှုကိုမျှ မပြရဲပါ။
အချက်အလက်များက လုံးဝအဓိပ္ပာယ် မရှိသော်လည်း ၄င်းတို့ကို အွန်လိုင်း စနစ်ထဲသို့ ထည့်သွင်းရာ၌ မည်သည့်ကန့်ကွက်မှုမှ မရှိခဲ့ပေ။
ချင်းယွမ်နိုင်ငံ၏ စနစ်ထဲတွင်အချက်အလက်များကို မည်သူမဆို စိတ်ကြိုက်ဖြည့်ချင်ရာဖြည့်၍ မရပါ။
၎င်းတို့အားလုံးမှာ ရွေးချယ်စရာအနည်းငယ်သာရှိပြီး ဌာနချုပ်မှ သတ်မှတ်ထားသော စည်းကမ်း ဖြစ်သည်။
သို့သော် ယခုမူ ၎င်းကို စိတ်ကြိုက် ပြင်ဆင်နိုင်နေ၏။
သူ မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။
ဤစနစ်မှာ ဌာနချုပ်မှ ထိန်းချုပ်ထားသောစနစ်ဖြစ်သည်။
သူတို့သည် ချင်းယွမ်နိုင်ငံအတွက် တော်တော်လေး အဓိပ္ပါယ်ကင်းမဲ့နေသော လူမျိုးနွယ်အသစ်တစ်ခုကိုပင် ဖန်တီးလိုက်ပုံရ၏။
တစ်ဖက်လူမှာ ဤကဲ့သို့သော အခွင့်ထူးရှိနေခြင်းမှာ... သူတို့က သေချာပေါက် ဌာနချုပ်နှင့် အဆက်အသွယ် ရှိနေခြင်းကို ဆိုလိုနေလေသည်။
“ဒါက...ကြယ်ခုနစ်ပွင့် မိသားစုကများလား"
" မဟုတ်ဘူး၊ကြယ်ခုနစ်ပွင့် မိသားစုမှာဒီလိုအခွင့်ထူး ရှိပေမယ့် သူတို့ဆိုရင် မိန်းမယူဖို့ကိစ္စလေးနဲ့ ဒီလောက်ရုစိုက်မှာ မဟုတ်ဘူး၊ ဒါက အရမ်း ဒုက္ခများလွန်းတယ်"
"ဇနီး နှစ်ယောက်လောက်ကတော့ ၊ သူတို့ လက်ထပ်ချင်ရင် ဒီအတိုင်းပဲ လက်ထပ်လိုက်ကြမှာပဲကို"
ကျောက်လုံရှို့ ဇဝေဇဝါ ဖြစ်နေသည်။
ယခုအချိန်၌ လိုအပ်သမျှ အရာအားလုံးကို သူ အဆင်သင့်ဖြစ်နေလေပြီ ။ သူသည် ဝမ်ထုန်ထံမှ ဓာတ်ပုံများ၏ အီလက်ထရွန်နစ်နှင့် စက္ကူဗားရှင်းများကို စောင့်နေရုံသာကျန်၏။
တစ်ခုကို စနစ်ထဲသို့ ထည့်သွင်းရန် ဖြစ်ပြီး အခြားတစ်ခုကို လက်ထပ်စာချုပ်နှင့် မှတ်ပုံတင်ပေါ်တွင် ကပ်ရန် ဖြစ်သည်။
ထိုအချိန်တွင် အလျင်စလိုနိုင်သော ခြေသံတစ်ခုက သူ့ဆီသို့ နီးကပ်လာသည်။
ကျောက်လုံရှို့ မော့ကြည့်လိုက်သောအခါအပြေးအလွှား ရောက်လာသော ဝမ်ထုန်ကိုတွေ့လိုက်ရပြီး သူမက အမောတကြီးဖြစ်ကာ စိုးရိမ်နေပုံရ၏။
ကျောက်လုံရှို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လာတာလဲ”
ဝမ်ထုန်က နောက်ကြောင်းမအေးသလို တစ်ချက်ပြန်ကြည့်ပြီးမှ တိုးတိုးလေးမေး၏။
“ကျောက်ကော၊ မစ္စတာကျိရဲ့ ဇနီးက ဘာလဲဆိုတာ ရှင် သိလား”
ကျောက်လုံရှို့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
“အဲဒါ မင်္ဂလာဝတ်စုံကြီးရှင့် ၊ လူမဟုတ်ဘူး”
ကျောက်လုံရှို့ ခဏမျှ မှင်တက်သွားသော်လည်း ချက်ချင်းသတိဝင်လာပြီး ရယ်မောလိုက်သည်။
“ဒီအထက်တန်းလွှာတွေကတော့ တကယ်ပဲထူးဆန်းတာလား ၊ ဝတ်စုံတစ်ခုနဲ့ လက်ထပ်တာတောင် လက်ထပ်စာချုပ် လိုသေးတယ်တဲ့"
"ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲ ၊ လွန်ခဲ့တဲ့တစ်ခါတုန်းက လူတစ်ယောက်က လေထိုးအရုပ်ကြီးယူလာပြီး လက်ထပ်ချင်တယ်လို့ ဇွတ်ပြောနေသေးတယ်လေ။ အဲဒီတုန်းက ငါတို့တွေ တော်တော် ရယ်ခဲ့ရတာပဲ မှတ်လား"
သူ၏ပေါ့ပေါ့ပါးပါးမှတ်ချက်ကို ဝမ်ထုန်က လက်မခံပါ။သူမက ထပ်ပြော၏။
“ကျောက်ကော၊ အဲဒါက သာမန် မင်္ဂလာဝတ်စုံ မဟုတ်ဘူး ၊ အဲဒါက ဝိညာဉ်ဝင်နေတဲ့ မင်္ဂလာဝတ်စုံ၊ သူက လမ်းလျှောက်နိုင်တယ်”
သူမကပြောရင်း စိတ်လှုပ်ရှားလာပြီး
သူမ ရိုက်ထားသော ဓာတ်ပုံများကို ကျောက်လုံရှို့အား ပြသလိုက်သည်။
“ကြည့်ပါဦး၊ ဒီမင်္ဂလာဝတ်စုံက နာမည်က ရှောင်ကျားတဲ့၊ သူက တကယ်ကို နူးညံ့တယ်”
“နင် ငါ့ကို လာနောက်နေတာလား”
ကျောက်လုံရှို့က သူမအား သံသယဖြင့် ကြည့်သည်။
“ကျွန်မ လိမ်နေတာဆိုရင် အပြင်ထွက်တာနဲ့ ကားတိုက်ပါစေ"
"ဟားဟားဟား... ဝိညာဉ်စွမ်းအင်တွေ တကယ်ပဲ ပြန်လည် နိုးထလာတာပါဆို တကယ်ဖြစ်နေပြီလို့”
ဝမ်ထုန်သည် စိတ်လှုပ်ရှားစွာဖြင့် ခဏမျှ အူကြောင်ကြောင် ရယ်မောနေပြီးနောက် တစ်ခုခုအား ဆုံးရှုံးသွားသလိုလည်း ခံစားနေရ၏။
ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထလာခြင်းက သူမကဲ့သို့သော လူငယ်လေး တစ်ယောက်အတွက် ဘာများ အကျိုးရှိမည်နည်း။
ဒါက ကောင်းချီးလား ဒါမှမဟုတ် ကျိန်စာလား။
ရုတ်တရက် သူမသည် ကျိယွမ်ကို တွေးမိပြီး ရဲရင့်သော အတွေးတစ်ခု ပေါ်လာသည်။
"သူက ငါ့ကို ထူးခြားတဲ့ လမ်းစဉ်ထဲကို ခေါ်သွားနိုင်မလား"
သို့သော် မကြာမီ နောက်တစ်မျိုးတွေးမိကာ သူမ စိတ်ပျက်သွားပြန်သည်။
သူမက သာမန်ဝန်ထမ်းမလေး တစ်ယောက်မျှသာ ဖြစ်သည်၊ ဘယ်သူကများ သူမကို ကူညီပါမည်နည်း။
“နင် စိတ်စွဲနေတာလို့ ငါ ထင်တယ်၊ မင်္ဂလာဝတ်စုံ တစ်ခုက ဘယ်လိုလုပ် ဝိညာဉ်ဝင်နိုင်မှာလဲ”
ကျောက်လုံရှို့ကတော့ သူ၏အသိဉာဏ်နှငိ့ဗဟုသုတများအပေါ် ယုံကြည်နေဆဲပင်။
ဒီကောင်မလေး ဇာတ်လမ်းတွေကြည့်တာ အရမ်းများနေပြီ။
ထိုစဉ် နောက်ထပ်ခြေသံများက သူတို့ဆီသို့ နီးကပ်လာခဲ့သည်။
“ကျွန်တော်တို့ရဲ့ လက်ထပ်စာချုပ်တွေ အဆင်သင့် ဖြစ်ပြီလား ၊ ကျွန်တော်တို့ ဓာတ်ပုံတချို့ ရိုက်ပြီးရင် ဗီဒီယိုတစ်ခု လုပ်ဖို့ စီစဉ်ထားလို့ပါ”
"ဟုတ်ကဲ့. ပြီး.."
အသံပိုင်ရှင်ကို မြင်လိုက်ရသောအခါ ကျောက်လုံရှို့မှာ လုံးဝ မှင်တက်သွားပြီး စကားပင်ဆုံးအောင်မပြောနိုင်ဆော့ပါ။၊ သူ၏ ကမ္ဘာကြီးမှာ ထိုအခိုက်အတန့်၌ ပြိုလဲသွားခဲ့သည်။
မင်္ဂလာဝတ်စုံက အမှန်တကယ်ပဲ ဝိညာဉ်ဝင်နေတာလား။
ဒါက ဘယ်လိုမှ မဖြစ်နိုင်တာကြီး။
***