သိပ္ပံပညာရှင်တွေရဲ့ ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး လုချန်က သိပ်ပြီး ဂရုမစိုက်ပေ။ သူကလည်း လူတွေကို မက်ချာတွေရဲ့ ကြီးမားတဲ့ အလားအလာကို မြင်စေချင်သည်။ မက်ချာ စက်ရုပ်ရဲ့ အောက်ခြေက ဒုံးအရှိန်မြှင့်စက်တွေက မီးပွင့်လာပြီး ဒီဧရာမ စက်ကြီးက လေထဲကို ထိုးတက်သွားသည်။
မြို့သူမြို့သားတွေကတော့ လည်ပင်းတဆန့်ဆန့်နဲ့ ကြည့်နေကြပြီး အားလုံးက ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဒီဧရာမ စက်ရုပ်ကြီးက တောရိုင်းနယ်မြေဆီ တန်းတန်းမတ်မတ် ပျံသန်းသွားတာကို ငေးကြည့်နေကြသည်။ လုကျန့်မုန်းကလည်း သူတို့နောက်ကနေ သိပ်မနီးမဝေးကနေ အမြဲတမ်း လိုက်ပါစောင့်ရှောက်နေသည်။ လုချန်က လော့နျန်ဝေကို ကြည့်ပြီး မေးလိုက်သည်။
"ဘယ်လိုနေလဲ... ပထမဆုံး အမဲလိုက်တာဆိုတော့ စိတ်လှုပ်ရှားနေလား..."
သူမရဲ့ မျက်လုံးတွေက တောက်ပနေပြီး "အင်း... ဒါက စွန့်စားခန်းတစ်ခုလိုပဲ၊ အိပ်မက်တစ်ခုလိုပဲနော်" လို့ ပြန်ဖြေပါတယ်။
လုချန်က သူ့ရဲ့ စိတ်စွမ်းအားကို ဖြန့်ကျက်ပြီး တိုက်ခိုက်မယ့် ပစ်မှတ်ကို ရှာလိုက်သည်။ ကီလိုမီတာ ၁၅၀ အကွာမှာ အဆင့်C ဒုတိယအလွှာသားရဲတစ်ကောင်ရဲ့ အငွေ့အသက်ကို သူ ခံစားမိလိုက်သည်။ “ဒါက ပထမဆုံး စမ်းသပ်ဖို့အတွက် အကောင်းဆုံးပဲ” မက်ချာကြီးက လေထဲမှာ စောင်းသွားပြီး အရှိန်မြှင့်လိုက်သည်။
မက်ချာမှာ ပါဝင်တဲ့ အာရုံခံစက်က ကီလိုမီတာ ၁၀ အကွာအဝေးကိုပဲ ဖမ်းယူနိုင်တာမို့ မကြာခင်မှာပဲ စခရင်ပေါ်မှာ အနီရောင် အမှတ်အသားတစ်ခု ပေါ်လာပါတယ်။ သုတေသန ဓာတ်ခွဲခန်းထဲမှာတော့ နည်းပညာရှင်တွေက အချက်အလက်တွေကို အသည်းအသန် ခွဲခြမ်းစိတ်ဖြာနေကြပါတယ်။
"အဆင့်C ဒုတိယအလွှာ သားရဲလား... သူက ပထမဆုံး တိုက်ပွဲအတွက် ဒီလိုပြိုင်ဘက်မျိုးကို ရွေးတာလား... သူ တကယ်ပဲ ကိုင်တွယ်နိုင်ပါ့မလား" လို့ သိပ္ပံပညာရှင် လူငယ်လေးတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။။
ဘေးက သိပ္ပံပညာရှင်ကြီးကတော့ နှာခေါင်းတစ်ချက် ရှုံ့ပြီး ပြောလိုက်သည်။ "မောင်ရင်... ကြည့်ထားလိုက်စမ်းပါ... သူ့ရဲ့ မနေ့က စွမ်းဆောင်ရည်ကို မြင်ဖူးရင် အဆင့်C သားရဲဆိုတာ သူ့အတွက် ဘာမှမဟုတ်မှန်း သိလိမ့်မယ်" လို့ ပြောလိုက်သည်။
ကျယ်ပြောလှတဲ့ တောရိုင်းနယ်မြေထဲမှာ မြေပြင်ကြီးက တုန်ခါနေသည်။ ဧရာမ ပုံရိပ်ကြီးတစ်ခုက တဖြည်းဖြည်း ပေါ်လာသည်။ မျိုးဗီဇပြောင်း သင်းခွေချပ်ကြီး တစ်ကောင်ပင်။ အလျား ၃ မီတာ၊ အမြင့် ၁၂ မီတာလောက် ရှိပြီး တစ်ကိုယ်လုံးကို သံချပ်ကာလို မာကျောတဲ့ အနီရောင် အကြေးခွံတွေနဲ့ ဖုံးအုပ်ထားသည်။
မျက်လုံးတွေက သွေးရောင် တောက်နေပြီး ကောင်းကင်ကနေ ကျဆင်းလာတဲ့ မက်ချာကြီးကို မြင်တာနဲ့ သားရည်တွေ တောက်တောက်တောက် ကျလာတော့သည်။ သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေသည်။ မောင်းနှင်ခန်းထဲမှာ လုချန်က လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး "နျန်ဝေ... မြဲမြဲကိုင်ထားနော်" လို့ သတိပေးလိုက်သည်။
“ဝေါင်း...”
နီရဲနေတဲ့ သင်းခွေချပ်ကြီးက လည်ပင်းကို နောက်လှန်ပြီး ဟိန်းဟောက်လိုက်ရာ မြေပြင်ကြီး တစ်ခုလုံး တုန်ခါသွားသည်။ အမြီးကနေ ဖုန်တောတွေ ထစေပြီး ဒေါသထွက်နေတဲ့ နွားသိုးတစ်ကောင်လို ပြေးဝင်လာသည်။ A1 မြို့တော်ရဲ့ မြို့လယ်စခရင်ကြီးတွေ ရှေ့မှာတော့ မြို့သားထောင်ပေါင်းများစွာက အသက်ရှူဖို့တောင် မေ့ပြီး စောင့်ကြည့်နေကြသည်။ သင်းခွေချပ်ကြီးက တစ်လှမ်းချင်းစီမှာ မြေပြင်ကို နက်နက်ရှိုင်းရှိုင်း ကျင်းတွေ ဖြစ်သွားစေပြီး သူ့ရဲ့ အကြေးခွံတွေက ဓားသွားတွေလို ထောင်ထနေကာ လုချန်ရဲ့ အကြည့်တွေက စူးရှသွားသည်။
“ဝှစ်...”
သင်းခွေချပ်ကြီးက အရှိန်ကုန် ပြေးဝင်လာချိန်မှာပဲ လုချန်က မက်ချာရဲ့ အရှိန်မြှင့်စက်ကို ဖွင့်ပြီး ဘေးကို အံ့သြစရာကောင်းလောက်အောင် သွက်လက်စွာ ရှောင်လိုက်သည်။ ဧရာမ စက်ရုပ်ကြီးက သာမန် စစ်သည်တော်တစ်ယောက်လိုပင်။
သင်းခွေချပ်ကြီးက ဒေါသတကြီးနဲ့ အမြီးကြီးကို ဝေ့ယမ်းပြီး ပြန်လှည့်လာသည်။ လုချန်က အခွင့်အရေးကို လက်မလွှတ်ပေ။ မက်ချာရဲ့ လက်တံက ဆန့်ထွက်သွားပြီး ဓားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။ ဓားရှည်ကြီးက အပြာနုရောင် အလင်းတွေ တောက်လာပြီး သင်းခွေချပ်ကြီးဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ နောက်ဆုံးမိနစ်မှာ လုချန်က ခြေလှမ်းတစ်ချက် ပြောင်းပြီး တိုက်ကွက်ကို ရှောင်ကာ သားရဲကြီးရဲ့ ကိုယ်ပေါ်ကို ဓားနဲ့ အားကုန် ရိုက်ချလိုက်သည်။ မီးပွားတွေ ဖြာထွက်သွားပြီး သင်းခွေချပ်ရဲ့ အနီရောင် အကြေးခွံတွေ ကွဲအက်ကာ အတွင်းသားတွေ ပေါ်လာပါတယ်။
သားရဲကြီးက နာကျင်စွာနဲ့ အော်ဟစ်ပြီး နောက်ကို ယိုင်သွားသည်။ မြို့လယ်ကွင်းပြင်မှာတော့ ကောင်လေးတစ်ယောက်က သူ့အမေရဲ့ အင်္ကျီလက်ကို ဆွဲပြီး "မေမေ... သူ နိုင်ပြီ မက်ချာကြီး နိုင်ပြီ" လို့ အော်နေသည်။ စစ်သည်တော်တွေကတော့ ပါးစပ်အဟောင်းသားနဲ့ ငေးနေကြတုန်းပေ။ "သူ့ရဲ့ လှုပ်ရှားမှုကို မြင်လိုက်လား... ဒီလောက်ကြီးတဲ့ စက်ကြီးကို ဘယ်လိုလုပ် ဒီလောက် တိတိကျကျ ထိန်းချုပ်နိုင်ရတာလဲ"
သင်းခွေချပ်ကြီး ပြန်ထလာချိန်မှာတော့ လုချန်က အချိန်ဆွဲမနေတော့ပေ။ ဒုံးအရှိန်မြှင့်စက်တွေက မြည်ဟည်းလာပြီး မက်ချာစက်ရုပ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သင်းခွေချပ်ရဲ့ မေးရိုးကို ပင့်ထိုးလိုက်သည်။
“ဂျွတ်...”
အရိုးတွေ ကြေမွသွားတဲ့ အသံနဲ့အတူ သားရဲကြီး ဘေးတိုက် လဲကျသွားပြီး မြေသားလွှာတွေကို လယ်ထွန်သလို ကျိုးပျက်သွားသည်။
"ပြီးသွားပြီ"
လုချန်က ဓားရှည်ကြီးကို ခေါင်းပေါ် မြှောက်လိုက်သည်။ မက်ချာရဲ့ ရင်ဘတ်က တာဘိုင်တွေက စွမ်းအားတွေကို စုစည်းနေပြီး မြည်နေသည်။ ထို့နောက် ဓားရှည်ကြီးက ကျဆင်းလာပြီး သင်းခွေချပ်ကြီးကို နှစ်ပိုင်း ပြတ်သွားအောင် ပိုင်းချလိုက်တော့သည်။
ဧရာမ စက်ရုပ်ကြီးက လဲကျနေတဲ့ သားရဲကြီးရှေ့မှာ ခန့်ညားစွာ ရပ်နေပြီး အငွေ့ဖြူဖြူတွေ ထွက်နေသည်။ မောင်းနှင်ခန်းထဲမှာတော့ လော့နျန်ဝေရဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည်နဲ့ အသက်ရှူသံတွေ မြန်နေသည်။ သူမရဲ့ မျက်နှာက ဖြူလျော့နေပေမယ့် မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပြောင်နေတုန်းပင်။
"ဒါက မယုံနိုင်စရာပဲ..." လို့ သူမက တိုးတိုးလေး ပြောလိုက်သည်။
လုချန်က အသက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး သူ့ရဲ့ စိတ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ A1 မြို့တော်ရဲ့ စခရင်ပေါ်မှာတော့ ကြေညာသူရဲ့ အသံက တုန်ရင်နေပါတယ်။
"အမျိုးသမီးနဲ့ အမျိုးသားအပေါင်းတို့... အခုပဲ သမိုင်းဝင် အခိုက်အတန့်ကို ခင်ဗျားတို့ မြင်တွေ့လိုက်ရပါပြီ... လုချန်က မက်ချာ စက်ရုပ်ကို မောင်းနှင်ပြီး အဆင့်C သားရဲကို သတ်ဖြတ်နိုင်ခဲ့ပါတယ်... ဒါဟာ လူသားမျိုးနွယ်အတွက် လက်နက်သစ်တစ်ခု ပေါ်ထွက်လာတာပါပဲ..."
လုချန်က မက်ချာကြီးကို ဒရုန်းရှိရာဘက် လှည့်လိုက်သည်။ သွေးတွေ ပေကျံနေတဲ့ ဓားသွားကြီးက နေရောင်အောက်မှာ လက်ခနဲ ဖြစ်သွားပြီး လုချန်ရဲ့ နှုတ်ခမ်းထောင့်မှာတော့ အပြုံးတစ်ခု ပေါ်နေခဲ့သည်။
***