[ ဒင်..]
[ သင်သည် ရှားပါးအဆင့် ကျင့်ကြံနည်း နေမင်းစကြာယန်ကျင့်စဥ်ကို လေ့ကျင့်ပြီး ဒုတိယအဆင့်သို့ တက်လှမ်းခဲ့သည်အတွက် သင်၏ ကျင့်ကြံမှု အမြန်နှုန်း ဆယ်ဆတိုးလာပါသည်.. ]
[ စေတနာတန်ဖိုး ၁၃၀ အသုံးပြုပြီး ဒုတိယအဆင့် ၃အထိ ရောက်ရှိသွားပါပြီ.. ]
[ သင် S အဆင့် အရည်အချင်းမြှင့်တင်ကတ်ကို အသုံးပြုထားပါတယ် ..သင်၏ B အဆင့် အစွန်းရောက်ခရမ်းရောင်မျက်လုံးသည် S အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါပြီ.. ]
[ အစွန်းရောက် ခရမ်းရောင်မျက်လုံး ( s အဆင့်) : လှုပ်ရှားမှုများကို မြင်နိုင်စွမ်းနှင့် ခြေရာခံနိုင်စွမ်းကို သိသိသာသာမြှင့်တင်ပေးပြီး စိတ်စွမ်းအားပိုမို အားကောင်းလာပါတယ်.. ရန်သူ၏ အားနည်းချက်များနှင့် လှုပ်ရှားမှုကို သိမြင်နိုင်ပါတယ် ..]
[ နတ်ဘုရားစွမ်းရည်: အားနည်းချက်အား ဆတိုးထိခိုက်မှု ..ရန်သူ၏ အားနည်းချက်ကို ထိခိုက်မိပါက ပြင်းအား ၂၀ % တိုးလာမည်.. ]
[ ကျန်ရှိသော စေတနာတန်ဖိုး : ၀.. ]
[ ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး စေတနာအမှတ် စုဆောင်းခြင်း၏ ပထမခြေလှမ်းကို သင် လျှောက်လှမ်းနိုင်ခဲ့ပါပြီ.. ထို့နောက် ကောင်းကင်ဘုံကို ကြီးမားသော မေတ္တာတရားနှင့် သန့်စင်ပြီး ကံကြမ္မာကို စုဆောင်းကာ ခေတ်သစ်တစ်ခုကို အစပြုလိုက်ပါ.. ]
ဂူချန်၏ အမြင်အာရုံတစ်ခုလုံး အပြာရောင်အလင်းတန်းများနှင့် ပြည့်နှက်သွား၏ ။
နောက်ဆုံးစာကြောင်းပေါ်လာပြီးနောက် နွေးထွေးသော စီးကြောင်းတစ်ခုသည် ဂူချန်၏ ခန္ဓာကိုယ်အနှံ ဖြတ်သန်းသွားပြီး ခြေလက်အရိုးများထဲသို့ ပေါင်းစည်းသွားသည် ။
သူ၏ သွေးနှင့်ချီများ ပြင်းထန်စွာ ဆူပွက်လာ၏ ။ စွမ်းအင်များက လှောင်အိမ်မှ လွတ်လာသည့် သားရဲတစ်ကောင်နှယ် သူ့ခန္ဓာကိုယ်ထဲတွင် သောင်းကြမ်းနေသည် ။
တစ်နှစ်ပတ်လုံး ပိတ်ဆို့နေသည့် အတားအဆီးသည် စက္ကူတစ်စနှယ် ကျိုးပျက်သွားပြီး ဒုတိယအဆင့်၃ အထိ မြင့်တက်လာ၏ ။
ဂူချန်သည် မည်သည့် အဆင်မပြေမှုကိုမှ မခံစားရဘဲ ကိုယ်တိုင်ကျင့်ကြံ၍ အဆင့်တက်ခဲ့သကဲ့သို့ သက်တောင့်သက်သာ ခံစားနေရသည် ။
' အား..မိုက်လိုက်တာ.. '
ဂူချန်၏ ခရမ်းရောင်မျက်လုံးက ပိုမိုတောက်ပလာ၏ ။ သူ လက်သီးဆုပ်လိုက်လျှင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု လှည့်ပတ်နေသည်ကို ခံစားမိလိုက်လေသည် ။ ယုံကြည်မှုများ ပိုရှိလာသည် ။
ဂူချန်က အသာအယာပြုံး၍ လူသွားစင်္ကြံအဆုံးအထိ ဆက်လျှောက်သွားသည် ။
ပတ်ဝန်းကျင်ရှိ အလင်းရောင်သည် ပိုမိုတောက်ပလာပြီး ဆူညံသော စကားပြောသံများ ပဲ့တင်ထပ်လာ၏ ။
" လုဖန် နိုင်ဖို့ ဖြစ်နိုင်မယ်ထင်လား.. "
" E အဆင့် အမှိုက်ကောင်လား.. အိမ်မက်ထဲမှာပဲ နိုင်လိမ့်မယ်.. "
" ဒီ စကားတွေကြားတော့ ငါ့ ဒေါသတွေ လိမ့်တက်လာသလိုပဲ.. "
" ဗိုက်အောက်ပိုင်းကလား.. "
" ..... "
" ဂူချန်က ပထမအဆင့်အထွတ်အထိပ်မှာ ရောက်နေတာကြာလှပြီ.. သူ့ အဆင့်က လုဖန်ထက် မြင့်သလို သူ လေ့ကျင့်တဲ့ ကျင့်စဥ်တွေကလဲ လုဖန်ထက် အများကြီးသာတယ်ဟ..သူဘယ်လိုလုပ်ရှုံးနိုင်မှာလဲ .."
" ဂူချန်က အနိုင်ကျင့်တက်လို့ ငါမကြိုက်ပေမဲ့ သူသန်မာတာကိုတော့ ငြင်းလို့ မရဘူးလေ.. "
" သူ့နောက်ခံလဲ ကြည့်အုံးလေ.. ဘာအရင်းအမြစ်လိုလို လွယ်လွယ်ရနေတာကို ..သူသာ အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ဒီ တစ်ကျောင်းလုံးမှာ အဆင့် A ပါရမီရှင် မုရုံချင်းရွှယ် ကလွဲရင် ဘယ်သူမှ ယှဥ်နိုင်မှာ မဟုတ်ဘူး.. "
" ဟေး..ငါ့ဘောစ့်ကို မကောင်းဘူးပြောတာ ဘယ်ကောင်လည်း ဇရှိရင် ကျောင်းဆင်းတဲ့ချိန် အပြင်ထွက်လာခဲ့.. "
" ...... "
ယခု အချိန်တွင် ကြည့်ရှုသူ အများစုမှာ လုဖန် သူ့ကိုယ်သူ အရူးလုပ်နေသည်ကို မြင်ချင်၍ ဖြစ်သည် ။
လုဖန်၏ အရင်ရည်းစားပင် လှောင်ပြောင်သူများထဲတွင် ရှေ့ဆုံးရောက်နေ၏ ။ အဆင့်ဤမျှ ကွာခြားလှသည်ကို လုဖန် မည်သည့်အတွက်ကြောင့် စိန်ခေါ်မှန်း သူမ နားမလည်နိုင် ။
ဂူချန် ပြိုင်ကွင်းထဲ ဝင်လာလျှင် ပတ်ဝန်းကျင်မှ အားပေးသံများ ဆူညံသွားသဖြင့် ပြုံးလိုက်သည် ။
ဗီလိန် ဖြစ်ရသည်က ဤတစ်ခုတော့ ကောင်း၏ ။ mc များလို သွားလေရာ လှောင်ပြောင်ခံရမည် မဟုတ်ချေ ။
...
အားကစားကွင်းထဲတွင်...
" ဂူချန်.. ဘာလို့ ဒီလောက်ကြာနေတာလဲ.. ကြောက်လို့ အချိန်ဆွဲနေတာလား.. "
လုဖန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏ ။ အဝေးမှ တစ်လှမ်းချင်းလာနေသော ချောမောသည့် လူငယ်လေးကို လေးလံသည့်ပေတံ လက်နက်ဖြင့် ထိုးပြရင်း စိန်ခေါ်လိုက်သည် ။
" လွန်ခဲ့တဲ့ သုံးလက မင်းငါ့ကို အရှက်ခွဲခဲ့တဲ့ အတွက် ဒီနေ့ ဆယ်ဆ ပြန်ယူပြမယ်.. "
လုဖန်သည် သူအရှက်ခွဲ ခံရစဥ်က ဆယ်ဆ ပြန်ယူမည်ဟု ကတိပြုခဲ့၏ ။ ဂူချန်အား ခြေထောက်အောက် နင်းထားနိုင်မှသာ သူ၏ နှလုံးသားအထုံး ပြေလျော့နိုင်မည်ဖြစ်သည် ။ ယနေ့ အချိန်တန်လေပြီ ။
" ဟီးဟီးဟီး..."
ဂူချန်က လူယုတ်မာ လေသံဖြင့် ရယ်လိုက်ပြီး...
" မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာလဲ ငါ မသိပေမဲ့..ငါ့အမြင်အရတော့ မင်းကြောက်နေသင့်တယ် ထင်တယ်နော်.. "
" မင်း ဘာပြောတာလဲ.. "
လုဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ ။ သူ့ရင်ထဲတွင် ခံစားချက်သိပ်မကောင်း ။
" ငါ မှတ်မိသလောက်ဆိုရင်.. မင်းအိမ်က တျန်ဝမ်စတားစီးတီး အိမ်ရာ ..တိုက်အမှတ် ၁၂.. အခန်း နံပါတ် ၁၂၅ မှာနေတယ်.. မင်းမှာ အဒေါ်တစ်ယောက်နဲ့ အကိုဝမ်းကွဲ တစ်ယောက်ရှိတယ်.. "
" မင်းအဒေါ်က စူပါမားကပ်မှာ အရောင်းစာရေး အနေနဲ့ အလုပ်လုပ်ပြီးတော့ မင်းအကိုဝမ်းကွဲက ဆန်းကြယ်သားရဲအမဲလိုက်အဖွဲ့က အဖွဲ့ဝင်.."
ဂူချန်က လုဖန်အား လှောင်ဟန်အပြည့်ဖြင့် ကြည့်လိုက်ပြီး...
" ငါ ပြောတာ မှန်တယ်မှတ်လား.. လုဖန်.."
[ ပိုင်ရှင်က သုံးနှစ်ကြာ သိကျွမ်းခဲ့သည် အတန်းဖော်၏ အိမ်ပြန်လမ်းကို စေတနာ သဒ္ဒါအား ထက်သန်စွာ ညွှန်ပြပေးခဲ့ပြီး မိသားစုအား စိုးရိမ်ပေးခဲ့သည့်အတွက် ကြင်နာတက်သော နှလုံးသား ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရပါတယ် စေတနာတန်ဖိုး +50 ]
' အင်း သိပ်တော့မများဘူး.. သူ့အဒေါ်နဲ့အကို ချီနှောင်ခံထားရတဲ့ ဓာတ်ပုံ ပြလိုက်နိုင်ရင် ပိုများများ ရလောက်တယ်.. နောက်မှ အခွင့်အလမ်း ရှာကြည့်ရမယ်.. '
ဂူချန် တွေးနေ၏ ။
ဂူချန်၏ စကားကိုကြားလျှင် လုဖန်၏ မျက်နှာက သွေးဆုတ်သွားပြီး ဒေါသများ ပေါက်ကွဲထွက်လာ၏ ။
သူက လေးလံပေတံ ကို ဝှေ့ယမ်းပြီး ဂူချန်ထံသို့ ဒေါသတကြီး ပြေးဝင်လာသည် ။ သူ၏ မျက်ဝန်းများက မီးဝင်းဝင်းတောက်နေပြီး အော်ဟစ်လိုက်၏ ။
" ဂူချန်.. ခွေးမသား..လူယုတ်မာကောင်.. "
" ငါ့မိသားစုကို တစ်ခုခု လုပ်ရဲရင် မင်းကို တစစီဆွဲဖြဲပစ်မယ်ကွ.."
လုဖန်သည် သူ့မိသားစု ထိလျှင် သည်းမခံနိုင် ။ လိပ်စာများအား ရွတ်ပြခြင်းက ခြိမ်းခြောက်ခြင်း မဟုတ်သည်လော ။
" ကျောင်းသား.. မင်း ရပ်စမ်း.."
ဒိုင်လူကြီးက လက်တစ်ဖက်ဖြင့် လုဖန်ကို ဖမ်းချုပ်ကာ တားမြစ်လိုက်၏ ။
" ဒါ ပြင်ဆင်ချိန်ကွ.. တိုက်ခိုက်လို့ မရသေးဘူး.. "
" မကျေနပ်ချက် တစ်ခုခု ရှိရင် ခနစိတ်ထိန်း ထားလိုက်အုံး. "
" အားးးး......"
လုဖန်က ရုံးကန်ရန် ကြိုးစားသော်လည်း မရသဖြင့် သားရဲတစ်ကောင်လို အော်ဟစ်လိုက်သည် ။ သူ့အသံက မုန်းတီးမှုများ ပေါ်လွင်နေပြီး ဒိုင်လူကြီးကို မျက်လုံးပြူးကြည့်လိုက်ကာ...
" သူက ကျုပ်မိသားစုကို ခြိမ်းခြောက်နေတာ.. ခင်ဗျားက ကျုပ်ကို စိတ်ထိန်းခိုင်းနေတာလား.. "
ဒိုင်လူကြီက ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်ပြီး...
" အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ .."
ထို့နောက် ဒိုင်လူကြီးက ခေါင်းတစ်ဖက်သို့ လှည့်ထားပြီး ပြန်လှည့်မကြည့်တော့ ။
" ခင်ဗျား..."
လုဖန်၏ ဒေါသများက စုပုံလာ၏ ။ ပေါက်ကွဲ ထွက်ချင်သော်လည်း အဖမ်းခံထားရ၍ ဂူချန်ကို ကြည့်ပြီး ဒေါသတကြီး အော်လိုက်သည် ။
" မင်း...ရွံစရာကောင်းတဲ့ လူယုတ်မာ.. တခြားသူတွေကို အနိုင်ကျင့်ဖို့နဲ့ ညစ်ပတ်တဲ့ လှည့်ကွက်တွေပဲ တက်တဲ့ကောင်.. "
" မင်း သတ္တိရှိရင် ငါနဲ့ လာချစမ်း..."
လုဖန်က ဂူချန်သည် သူ့ကို ကြောက်နေ၍ အရှုံးပေးစေရန် လှည့်ကွက်အသုံးပြုနေသည်ဟု မှတ်ယူလိုက်၏ ။
တိုက်ပွဲကွင်း တွင် အကာအရံ ရှိ၍ ပွဲကြည့်နေသူများမှာ အသံမကြားရ ။ ထို့ကြောင့် ဒေါသတကြီး ပြေးဝင်ရန် ကြိုးစားနေသည့် လုဖန်ကိုသာ မြင်နေရ၏ ။ လှောင်ပြောင်သံများက ပိုမို ကျယ်လောင်လာသည် ။
လုဖန်က လှောင်ပြောင်သံများကို မကြားရသော်လည်း ထိုအကြည့်များအား သတိပြုမိ၏ ။ သူ ဒေါသပိုထွက်လာသည် ။
နှစ်မိနှစ်ကြာပြီးနောက်...
လုဖန် တည်ငြိမ်သွားသဖြင့် ဒိုင်လူကြီးက ပြန်လွှတ်ပေးလိုက်ပြီး သူ့နေရာသူ ပြန်သွားလိုက်သည် ။
နှစ်ဖက်လုံး အသင့်ပြင်ပြီးသည်ကို မြင်မှ...
" ပွဲစ...."
ဒိုင်လူကြီး၏ အသံထွက်လာသည်နှင့်...
" ဗုန်း..... ယား...."
ဟိန်းဟောက်သံကျယ်ကြီးနှင့်အတူ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး မြူခိုးများ ထွက်ပေါ်လာ၏ ။
လုဖန်က ပေတံကို ဝှေ့ယမ်းပြီး အပြာရောင်အလင်းတန်း တစ်ခုသဖွယ် ဂူချန်ထံသို့ ပြေးဝင်လာသည် ။
တစ်ချိန်တည်းမှာပင် ပထမအဆင့်၉ အော်ရာက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏ ။
ကြည့်ရှုနေကြသူများအားလုံး အံ့သြသွားကြသည် ။
" ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "
" သူ တကယ်ပဲ ပထမအဆင့်၉ ကို ရောက်သွားပြီပေါ့ .."
ပွဲကြည့်ရန်လာသည့် ဆရာများပင် အံ့အားသင့်နေကြသည် ။ သုံးလအတွင်း အဆင့်လေးဆင့်တက်သည်က ချင်းဟယ် အမှတ်၁ အထက်တန်းကျောင်း၏ ထိပ်တန်းပါရမီရှင် မုရုံချင်းရွှယ်ပင် တက်နိုင်သည့် အရာမဟုတ် ။ ဤကဲ့သို့ အံ့ဖွယ်အမှုသည် အမှန်တကယ်ပင် ပြီးမြောက် အောင်မြင်ခဲ့သည်လော ။ E အဆင့် ပါရမီရှင်က အောင်မြင်နိုင်ခဲ့သည်လော ။
" အိုးးးမိုင်ဂေါ့... ခု ဘယ်သူ နိုင်မလဲဆိုတာ ပြောရခက်သွားပြီ.."
တစ်စုံတစ်ယောက်က ထအော်လိုက်၏ ။
" ဘယ်ကောင်ပြောတာလဲ.. လုဖန်လို အမှိုက်မျိုးက ငါ့ဘောစ့်ကို ယှဥ်နိုင်မှာတဲ့လား.. "
ဆံပင်အဝါရောင်ဆိုးထားသော လူတစ်ယောက်က မကျေမနပ် ထပြော၏ ။ သူ့ဆရာအား လုဖန်နှင့် ယှဥ်ပြောသည်ကို သည်းမခံနိုင် ။
ပွဲကြည့်နေကြသူများ အားလုံးက အာရုံ စိုက်ကြည့်နေကြ၏ ။ သူတို့ မမျှော်မှန်းထားသည့် အပြင်းအထန်တိုက်ပွဲတစ်ခု ဖြစ်လာခဲ့လေပြီ ။
သို့သော်လည်း နောက်တစ်စက္ကန့်အကြာတွင် သူတို့အားလုံး ဆွံ့အ သွားရသည် ။
လုဖန်၏ ပုံရိပ်သည် မိုးကြိုးတစ်စင်းလို လျင်မြန်စွာ ရွေ့လျားနေသည် ။ သူ၏ လေးလံသောပေတံကို ပင့်မြှောက်ကာ တားဆီး၍ မရနိုင်သော အရှိန်အဟုန်ဖြင့် ဂူချန် ထံသို့ ပြေးဝင်သွားသည်။
" ဂူချန် .. လွန်ခဲ့တဲ့ သုံးလက အရှက်ရစေခဲ့တဲ့ လုပ်ရပ်အတွက် ဒီနေ့ ငါမင်းကို အပြည့်အဝ ပြန်ပေးဆပ်မယ်.."
လုဖန်က အော်ဟစ်လိုက်ကာသူ့၏အပြင်းထန်ဆုံး သိုင်းကွက်ကို အသုံးပြုပြီး ပေတံနှင့် ခုတ်ချက်တစ်ချက် ထုတ်လွှတ်လိုက်၏ ။
" မိုးကြိုးလှိုင်းခွဲပေတံ.. "
အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိုးကြိုးပစ်သံများ ထွက်ပေါ်လာသည် ။
"ဟဲဟဲ..."
ဂူချန်က သူ့ပြိုင်ဘက်ကို ပြုံးစိစိကြည့်လိုက်ပြီး လက်ကို အသာမြှောက်ကာ အလေးမထားဟန်ဖြင့် ပုတ်ထုတ်လိုက်၏ ။
" ဘမ်း...."
လေးလံသော ပေတံသည် ချက်ချင်း လွင့်စင်သွား၏ ။ ပတ်ဝန်းကျင်ရှိ မိုးကြိုးများသည် ချည်မျှင်ကဲ့သို့ အပိုင်းပိုင်းကွဲသွားသည် ။
ပေါင်ထောင်ပေါင်းများစွာသော အားတစ်ခုသည် လူဖန် ၏ ခါးနှင့် ဝမ်းဗိုက်ကို ချက်ချင်းထိမှန်သွားပြီး အရိုးကျိုးသံနှင့် ကြွက်သားများ စုတ်ပြဲသံများ ရောနှောထွက်ပေါ်လာသည် ။
ချက်ချင်းပင် အမြောက်ဆန်ကဲ့သို့ လွင့်စင်သွားပြီး သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ပွတ်တိုက်၍ ကွင်းတစ်ခုလုံးကို အလျားလိုက် ပျံသန်းသွားကာ အစွန်အဖျား၌ ရပ်တန့်သွားသည် ။
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည် ။ သူ၏ ခန္ဓာကိုယ်သည် အားကစားကွင်းကြမ်းပြင်တွင် မီတာအတော်ရှည်သော မြောင်းတစ်ခုထဲသို့ ထွန်ယက်ထားခဲ့သည် ။ ပြန့်ကျဲနေသော အပျက်အစီးများကြားတွင် တောက်ပသော အနီရောင် အသားနှင့် သွေးအစအနများ ရှိနေသည် ။
[ အိမ်ရှင်က သုံးနှစ်ကြာ သိကျွမ်းခဲ့တဲ့ အတန်းဖော်တစ်ယောက်ကို ပြင်းထန်သည့် ခန္ဓာကိုယ် လေ့ကျင့်ပေးသည့်အတွက် အဖိုးတန်အချိန်တွေကို မဖြုန်းတီးဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ စေတနာတန်ဖိုး +50 ]
" ဒုန်း..."
လေးလံသော ပေတံသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည် ။ တစ်ချိန်တည်းမှာပင် ဂူချန်က အသာအယာ ပြုံးလိုက်ပြီး ဒုတိယအဆင့် သိုင်းပညာရှင်၏ အရှိန်အဝါသည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေ၏ ။
" စောတီးပဲ.. ငါ့ ရွှေလက်ချောင်းက ပိုကောင်းတယ်.. အဆင့်ကျော်တိုက်ချင်တဲ့ သောက်ပေါရဲ့.. "
***