သစ်ရွက်ကြွေနယ်မြေသည် စတုရန်းကီလိုမီတာ ၁၅၀၀ ကျယ်ဝန်းပြီး လယ်မြေဧက သန်းချီ ရှိသည်။ ဆန်စပါး တန်ချိန် သန်းချီ ထွက်ရှိ၏။
စားနပ်ရိက္ခာသည် အာဏာ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ထို့ကြောင့် ရှီးယွီမြို့က လုံးဝ လက်လွှတ်မည် မဟုတ်ပေ။
“ဒါဆိုရင် သဘောတူညီမှု တစ်ခု လုပ်ရအောင်။”
ယွင်ကျုံးဟဲ့က အဆိုပြုလိုက်၏။ “ကျုပ်က သစ်ရွက်ကြွေနယ်မြေကို စစ်မတိုက်ဘဲ ပြန်သိမ်းပေးမယ်။ အဲဒါကို လက်ဆောင်အနေနဲ့ ပေးပြီး ခင်ဗျားကို လက်ထပ်ခွင့် တောင်းမယ်။ ဘယ်လိုလဲ။”
ကျင်းကျုံးယွဲ့ အံ့ဩသွားသည်။ “ယွင်ကျုံးဟဲ့... ရှင်က လိမ်ညာလှည့်ဖြားတာ တော်တယ် ဆိုပေမဲ့ စစ်မဟာဗျူဟာ နားလည်လို့လား။ ရှင်က စာမတတ်ဘူး မဟုတ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “သစ်ရွက်ကြွေနယ်မြေကို ပြန်သိမ်းဖို့က လှည့်ဖြားရုံနဲ့ မရဘူး။ မဟာဗျူဟာ လိုတယ်။ ဉာဏ်ပညာ လိုတယ်။”
ယွင်ကျုံးဟဲ့က ယုံကြည်ချက်ရှိသည့် လေသံဖြင့် ပြောလိုက်၏။ “အဲဒါ ကျုပ်မှာ ရှိပါတယ်။ ကျုပ်က ကိုယ့်ဘာသာ လေ့လာထားတဲ့ စစ်ဗျူဟာမှူးပါ။ ကမ္ဘာ့အတော်ဆုံး စစ်ဗျူဟာမှူးပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘယ်က လေ့လာတာလဲ။”
ယွင်ကျုံးယွဲ့က ဖြေလိုက်၏။ “စာအုပ် ၃ အုပ်က လေ့လာတာပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘာစာအုပ်တွေလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “နိဗ္ဗာန်မီး၊ မဟာစစ်ဗျူဟာမှူးနဲ့ ရွှေအိုးစည်။”
ကျင်းကျုံးယွဲ့သည် ထိုစာအုပ်များကို တစ်ခါမှ မကြားဖူးပေ။ သို့ပေမည့် နောက်ဆုံးစာအုပ်က နည်းနည်း ထူးဆန်းနေသလို ခံစားရသည်။
ကျင်းကျုံးယွဲ့က ခေါင်းလိုက်ကာ ပြောလိုက်၏။ “ကောင်းပြီလေ။ ရှင်က စစ်ဗျူဟာမှူး ဆိုတော့ စမ်းသပ်ကြည့်ရတာပေါ့။”
.................
“လူကြီးမင်းနှစ်ဦးကို ဖိတ်ခေါ်လိုက်ပါ။” ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ။”
ခဏအကြာတွင် လူနှစ်ဦး ဝင်ရောက်လာကြ၏။
ထိုနှစ်ဦးထဲမှ တစ်ဦးကို ယွင်ကျုံးဟဲ့ မြင်ဖူးသည်။ နှစ်ဦးစလုံးသည် ကျင်းကျုံးယွဲ့၏ အကြံပေးများ ဖြစ်ကြပြီး စာပေပညာရှင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
“ဒီနှစ်ယောက်က ကျွန်မရဲ့ အကြံပေး ချန်လင်နဲ့ ယွီတိန်း လို့ခေါ်တယ်။” ကျင်းကျုံးယွဲ့က မိတ်ဆက်ပေး လိုက်၏။
“မြို့စားမင်းကို ဂါရဝပြုပါတယ်။” အကြံပေးနှစ်ဦးက ဦးညွှတ်လိုက်ကြသည်။
သို့ပေမည့် သူတို့နှစ်ဦးက ယွင်ကျုံးဟဲ့ကို လုံးဝ မမြင်ချင်ယောင် ဆောင်နေကြ၏။
ယွင်ကျုံးဟဲ့သည် ကြီးမားသော အောင်ပွဲကို ရယူပေးခဲ့ကြောင်း၊ နင်ချင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အစီရင်ခံစာကို ပြောင်းလဲနိုင်ခဲ့ကြောင်း သူတို့ သိရှိထားကြသည်။
သို့ပေမည့် သူတို့မျက်လုံးထဲတွင် ယွင်ကျုံးဟဲ့သည် စာမတတ်သော သူတောင်းစား၊ လိမ်လည်လှည့်ဖြားသူ တစ်ဦးသာ ဖြစ်နေဆဲပင်။
မိန်းမလှည့်စားခြင်း၊ လိမ်လည်ခြင်း၊ ခိုးယူခြင်း စသည်တို့သည် အောက်တန်းစား အလုပ်များသာ ဖြစ်သည်ဟု ယူဆထားကြသည်။
‘ကျုပ်တို့လို စာပေပညာရှင်တွေက ဒီလိုလူမျိုးနဲ့ အတူမနေနိုင်ဘူး။’
လူစုံပြီ ဖြစ်သောကြောင့် ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့၏ ဉာဏ်ပညာကို စမ်းသပ်ရန် ပြင်ဆင်လိုက်၏။
ယွင်ကျုံးဟဲ့ကို အခွင့်အရေး တစ်ခု ပေးလိုသည်။ လှည့်ဖြားသူ ဘဝမှ စစ်ဗျူဟာမှူး ဘဝသို့ ပြောင်းလဲပေးလိုသည်။ ထိုမှသာ အနာဂတ် ရှိမှာ ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် စစ်ဗျူဟာမှူး အဆင့်သို့ ရောက်မှသာ ကျင်းကျုံးယွဲ့ကို လက်ထပ်ခွင့် ရရှိနိုင်မည်။
ထိုစဉ် အပြင်ဘက်မှ မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
“သခင်မ... ဆရာကြီး ဇိုအန်ရောက်ရှိလာပါပြီ။” အစောင့်တစ်ဦးက အော်ဟစ် အကြောင်းကြားလိုက်၏။
“ဆရာကြီး ဇိုအန် ဟုတ်လား။” ကျင်းကျုံးယွဲ့ အံ့ဩသွားသည်။
သူမသည် ချက်ချင်း မတ်တတ်ထရပ်ပြီး ကြိုဆိုရန် ထွက်ခွာသွား၏။
အကြံပေးနှစ်ဦးလည်း နောက်မှ ကပ်လိုက်သွားကြသည်။ အခန်းဝ မရောက်မီကပင် ခါးကို ကိုင်းထား ကြသည်။
ဆရာကြီး ဇိုအန်၏ အဆင့်အတန်း မြင့်မားပုံ ရ၏။
ခဏအကြာတွင် ကျင်းကျုံးယွဲ့သည် လူအိုကြီးတစ်ဦးကို တွဲကူလျက် ပြန်ဝင်လာသည်။
လူအိုကြီးသည် လျှော်ပိတ်ကဲ့သို့ အဝတ်အစားကို ဝတ်ဆင်ထားပြီး ပိန်လှီသော ခန္ဓာကိုယ်၊ ဖြူဖွေးနေသော ဆံပင်များ ရှိသည်။ သို့ပေမည့် မျက်လုံးများမှာမူ နက်ရှိုင်းပြီး တောက်ပနေ၏။
“ဆရာကြီး... အိမ်မှာ အနားမယူဘဲ ဘာကိစ္စ ရှိလို့ ဒီအထိ လာရတာလဲ။” ကျင်းကျုံးယွဲ့က မေးမြန်း လိုက်သည်။
“ဒီနေ့က လေခွင်းချိုင့်ဝှမ်းအတွက် အရမ်း အရေးကြီးတယ်လေ။ ကျုပ် မလာလို့ မဖြစ်ဘူး။” ဆရာကြီး ဇိုအန်က ပြန်ဖြေလိုက်၏။
ကျင်းကျုံးယွဲ့က ဇိုအန်အကြောင်း ယွင်ကျုံးဟဲ့ကို မိတ်ဆက်ပေးလိုက်သည်။ “ဒီဆရာကြီး ဇိုအန်က အဖေ့ လက်ထက်တည်းက အမှုထမ်းခဲ့တာ။ လေခွင်းမြို့ရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခဲ့တဲ့သူပေါ့။”
ယွင်ကျုံးဟဲ့ သဘောပေါက်သွား၏။
ချန်လင်နှင့် ယွီတိန်းတို့သည် သာမန် အကြံပေးများသာ ဖြစ်ကြပြီး၊ ဤဆရာကြီး ဇိုအန်မှာမူ လေခွင်းမြို့၏ စစ်မှန်သော စစ်ဗျူဟာမှူးကြီး ဖြစ်သည်။ ရာထူး မရှိသော်လည်း အဆင့်အတန်းမှာ မြင့်မားလှသည်။
“ဆရာကြီး။ ထိုင်ပါ။” ကျင်းကျုံးယွဲ့က နေရာပေးလိုက်၏။
“သခင်မ အရင် ထိုင်ပါ။” ဆရာကြီး ဇိုအန်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့၊ ချန်လင်နှင့် ယွီတိန်းတို့ မတ်တတ်ရပ်နေကြပြီး ကျင်းကျုံးယွဲ့နှင့် ဆရာကြီး ဇိုအန်တို့ ထိုင်နေကြ၏။
ကျင်းကျုံးယွဲ့သည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရှင်းပြလိုက်သည်။
ရှီးယွီမြို့မှ သခင်လေး မော့ချို၏ ထူးဆန်းသော အပြုအမူများ၊ နင်ချင်း၏ ဘက်လိုက်သော အစီရင်ခံစာကို လက်ခံလိုက်ခြင်း၊ ချိုရွှေမြို့ကို အရေးယူရန် အကြံပြုခြင်း စသည်တို့ကို ပြောပြလိုက်၏။
မော့ချို၏ လုပ်ရပ်သည် နားလည်ရ ခက်ခဲလှသည်။ သူ ဘာလုပ်ချင်နေသနည်း။
သို့ပေမည့် သေချာသည်မှာ သူသည် ဉာဏ်များပြီး ရက်စက်သူ ဖြစ်သောကြောင့် ကြီးမားသော ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေမည်မှာ သေချာသည်။
“မော့ချိုရဲ့ လုပ်ရပ်က သေချာပေါက် အကြံအစည် ရှိတယ်။ သူ့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်ကို ဘယ်လို ဖော်ထုတ်မလဲ။ ဘယ်လို တုံ့ပြန်မလဲ။ ချန်လင်... ရှင် အရင် ပြောပါ။” ကျင်းကျုံးယွဲ့က မေးမြန်းလိုက်၏။
အကြံပေး ချန်လင်က ဦးညွှတ်ပြီး ပြောဆိုလိုက်၏။ “သခင်မ... ဆရာကြီး... ကျုပ် အမြင်အရတော့ ဒါက ဆုတ်ခွာပြီးမှ တိုက်ခိုက်တဲ့ နည်းဗျူဟာပါ။ ကျုပ်တို့ကို ပေါ့ဆသွားအောင် လုပ်ပြီးမှ အသေသတ်မယ့် သဘောပါ။”
“ယွီတိန်း... ရှင် ပြောပါဦး။” ကျင်းကျုံးယွဲ့က နောက်တစ်ဦးကို မေးမြန်းလိုက်သည်။
အကြံပေး ယွီတိန်းက ဦးညွှတ်ပြီး ပြောဆိုလိုက်၏။ “သခင်မ... ဆရာကြီး... ကျုပ် အမြင်အရတော့ ဒါက အချိန်ဆွဲတဲ့ နည်းဗျူဟာပါ။”
“ဆက်ပြောပါအုံး။”
အကြံပေး ယွီတိန်းက ဆက်ပြောလိုက်သည်။ “ရဲတိုက်က ကျုပ်တို့နဲ့ အရမ်း နီးကပ်နေတယ်။ ကျုပ်တို့ စစ်တပ်ကလည်း အနီးအနားမှာ ရှိနေတယ်။ သူက ကျုပ်တို့ ရုတ်တရက် တိုက်ခိုက်မှာ ကြောက်လို့ အစီရင်ခံစာကို လက်ခံလိုက်တာပါ။ နင်ချင်းကို တာရှီမြို့ ပြန်ရောက်အောင် ခေါ်သွားပြီးမှ ခြိမ်းခြောက်တာ၊ နာမည်ဖျက်တာတွေ လုပ်ပြီး အစီရင်ခံစာကို ပြန်ပြင်ခိုင်းမှာပါ။”
“ရှင်တို့ နှစ်ယောက်လုံးရဲ့ သုံးသပ်ချက်တွေက ဖြစ်နိုင်ခြေ ရှိပါတယ်။”
ကျင်းကျုံးယွဲ့က ပြောဆိုလိုက်ပြီး ယွင်ကျုံးဟဲ့ကို လှည့်ကြည့်လိုက်၏။ “ယွင်အောက်ထျန်း... ရှင် ပြောပါအုံး။”
ယွင်ကျုံးဟဲ့၏ ဉာဏ်ပညာကို စမ်းသပ်မည့်အချိန် ရောက်လာပြီဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် မတ်တတ်ရပ်လျက် မျက်လုံးမှိတ်ထားပြီး စဉ်းစားနေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် သုံးသပ်နေသည်။ အထူးသဖြင့် မော့ချို၏ စကားလုံးတိုင်း၊ အမူအရာတိုင်းကို ပြန်လည် မြင်ယောင်နေ၏။
ထူးဆန်းသော အချက် နှစ်ချက် ရှိနေသည်။ ပထမအချက် - ရှီးယွီမြို့ စာရေးတော်ကြီး ယန်ရွေ့ရှန်၏ အမူအရာအရ မော့ချိုသည် နင်ချင်း၏ သေကွင်းသေကွက်ကို ကိုင်ထားသော်လည်း အသုံးမချခဲ့ပေ။
ဒုတိယအချက် - မော့ချိုသည် အစီရင်ခံစာကို လက်ခံရုံသာမက ချိုရွှေမြို့ကိုပါ အရေးယူရန် တိုက်တွန်းခဲ့သည်။
အထူးသဖြင့် ဒုတိယအချက်သည် အလွန် ထူးဆန်းနေသည်။ လျော်ကြေးပေးရန်၊ စစ်တပ်လျှော့ချရန်၊ တပ်စွဲပြီး စောင့်ကြည့်ရန် စသည်တို့ကိုပါ အကြံပြုခဲ့၏။
သူ ဘာလုပ်ချင်နေသနည်း။ အလွန် ထူးဆန်းလှသည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ ငြိမ်သက်နေသည်ကို တွေ့ချိန်မှာတော့ ထပ်မေးလိုက်၏။ “ယွင်အောက်ထျန်း... အိပ်ပျော်နေတာလား။”
ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လိုက်သည်။ စကားမပြောဘဲ အတွင်းခန်းထဲသို့ ဝင်သွားပြီး စာရွက်စာတမ်း အထပ်လိုက်ကို ယူလာခဲ့သည်။
“သခင်မ... ကျန်တဲ့လူတွေကို ထွက်သွားခိုင်းပါ။ လျှို့ဝှက်ချက်တွေ ပါနေလို့ပါ။” ယွင်ကျုံးဟဲ့က တောင်းဆို လိုက်၏။
အကြံပေးနှစ်ဦး မျက်နှာပျက်သွားကြသည်။ ‘သူတောင်းစားကများ ကျုပ်တို့ကို မောင်းထုတ်နေတယ်။ ဆရာကြီး ဇိုအန် ရှိနေတာတောင် မရိုမသေ လုပ်ရဲတယ်။’
ကျင်းကျုံးယွဲ့၏ မျက်နှာထား တင်းမာသွားသော်လည်း လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ “လူကြီးမင်းနှစ်ဦး အပြင်ထွက်ပေးပါ။ ဆရာကြီးပဲ ကျန်ခဲ့ပါ။”
အကြံပေးနှစ်ဦး ဒေါသတကြီး ထွက်ခွာသွားကြသည်။ စိတ်ထဲတွင်မူ ကျင်းကျုံးယွဲ့သည် မျက်စိကန်းနေပြီဟု တွေးတောနေကြသည်။
“ယွင်အောက်ထျန်း... ရှင် ဘာလုပ်နေလဲ ဆိုတာ သိရဲ့လား။”
ကျင်းကျုံးယွဲ့က ပြောဆိုလိုက်သည်။ “ရှင့်မှာ စစ်ဗျူဟာ အရည်အချင်း ရှိတယ်ဆိုလို့ အခွင့်အရေး ပေးတာ။ ဆရာကြီးက စစ်မှန်တဲ့ ဗျူဟာမှူးကြီးပဲ။ ရှင့်အရည်အချင်းကို ထုတ်ပြလိုက်။”
ဆရာကြီး ဇိုအန်လည်း ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
“ယွင်အောက်ထျန်း... ဘာကြောင်နေတာလဲ။ ပြောလေ။ မော့ချိုက ဘာလို့ ဒီလို လုပ်တာလဲ။” ကျင်းကျုံးယွဲ့က စိတ်မရှည်သည့် လေသံဖြင့် မေးလိုက်သည်။
ယွင်ကျုံးဟဲ့သည် စာရွက်စာတမ်းများကို လျင်မြန်စွာ လှန်လှောဖတ်ရှုနေသည်။ စာမျက်နှာ တစ်မျက်နှာကို တစ်စက္ကန့်နှုန်းဖြင့် ဖတ်ရှုနေ၏။
ရုတ်တရက် စာရွက်တစ်ရွက်ကို ဖတ်မိချိန်မှာတော့ မျက်နှာ ပျက်ယွင်းသွားပြီး အသက်ရှူ မြန်ဆန်လာသည်။
“ယွင်အောက်ထျန်း... ရှင်က ကောင်းကျိုးကြီး လုပ်ခဲ့ပေမဲ့ ကျွန်မက အပြစ်နဲ့ ဆုလာဘ်ကို ကောင်းကောင်း ခွဲခြားတတ်တယ်။ ပေါက်ကရ လုပ်ရင် ကြိမ်ဒဏ် ၅၀ ပေးမယ်။” ကျင်းကျုံးယွဲ့က ခြိမ်းခြောက်လိုက်၏။
ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ကို ကြည့်ပြီး ပြောဆိုလိုက်သည်။ “သခင်မ... ပြဿနာ တက်ပြီ။ ပြဿနာ ကြီးကြီး တက်ပြီ။ လေခွင်းချိုင့်ဝှမ်း ပျက်စီးတော့မယ်။”
သူ့လေသံက ထိတ်လန့်စရာ ကောင်းနေ၏။ ဗေဒင်ဆရာ တစ်ယောက် ဟောကိန်းထုတ်နေသလိုပင်။
ဗေဒင်ဆရာတွေက အရင်ဆုံး ခြိမ်းခြောက်ပြီးမှ ယတြာချေခိုင်းတတ်ကြ၏။ ယွင်ကျုံးဟဲ့၏ ပုံစံက ထိုကဲ့သို့ပိုပိုသာသာ လုပ်နေသလို ဖြစ်နေသည်။
ကျင်းကျုံးယွဲ့သည် အခန်းထောင့်မှ ကြိမ်လုံးကို ယူလိုက်၏။
“သခင်မ... ကျုပ်တို့ ထောင်ချောက်မိသွားပြီ။”
ယွင်ကျုံးဟဲ့က ပြောဆိုလိုက်သည်။ “မော့ချိုက အရမ်း တော်တယ်။ သူ့အစီအစဉ်က တစ်ဆင့်ပြီး တစ်ဆင့် ဆက်စပ်နေတယ်။ ကာကွယ်ဖို့ ခက်တယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ယွင်အောက်ထျန်း... အတည်ပြောနေတာလား။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “သခင်မ စဉ်းစားကြည့်ပါ။ သူ့မှာ နင်ချင်းကို ခြိမ်းခြောက်နိုင်တဲ့ အကွက် ရှိရက်နဲ့ မသုံးခဲ့ဘူး။ ချိုရွှေမြို့က သူ့လူ ဖြစ်ရက်နဲ့ ကာကွယ်မပေးဘဲ တွန်းချခဲ့တယ်။ ဘာဖြစ်လို့လဲ။ မဟာမိတ်အဖွဲ့ရဲ့ တရားမျှတမှုကို ပြချင်ရုံ သက်သက် မဟုတ်ဘူး။ ကျုပ်တို့ကို အရေးယူဖို့ လမ်းခင်းနေတာ။ ချိုရွှေမြို့ အမှားလုပ်လို့ အရေးယူခံရရင်... လေခွင်းမြို့က ပိုကြီးတဲ့ အမှားလုပ်ရင် ပိုပြီး အရေးယူခံရမှာပေါ့။
ဒီရက်ပိုင်း ကျုပ်တို့က နင်ချင်းနဲ့ အစီရင်ခံစာကိုပဲ အာရုံစိုက်နေကြတယ်။ တခြားနေရာတွေကို သတိမထားမိကြဘူး။ မော့ချိုက ဟန်ပြတိုက်ခိုက်ပြီး တကယ့် နေရာကို အလစ်ဝင်တိုက်တာ။ သူ ဘယ်နေရာကို တိုက်မလဲ။ ကျုပ်တို့ရဲ့ အသက်သွေးကြောက ဘယ်မှာလဲ။ ပိုင်ယင်နဲ့ လန်ထျန် နယ်မြေတွေမှာ ရှိနေတယ်။
ပိုင်ယင် ဆားတွင်းက ဆားထွက်နှုန်း ၇၀ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် ပိုင်ယင် ဆားတွင်းမှာ ပြဿနာ တက်နေလောက်ပြီ။ ကျုပ် ခန့်မှန်းတာ မမှားရင်... ပိုင်ယင် ဆားတွင်းမှာ ကလေးအလုပ်သမားတွေ ရှိနေလောက်ပြီ။
ကျုပ်တို့ ဆားကို စားပြီး လူတွေ သေကုန်ကြပြီ။ အများကြီး သေကုန်ကြပြီ။ ဒါက ကျုပ်တို့ကို ဒုက္ခပေးဖို့ လုံလောက်တယ်။ ဒါတင် မကသေးဘူး။ မော့ချိုက ပိုရက်စက်တယ်။ ဘာဆက်ဖြစ်မလဲ။”
ယွင်ကျုံးဟဲ့ ကိုယ့်ဘာသာ မေးပြီး ကိုယ့်ဘာသာ ဖြေနေ၏။ “ဟုတ်တယ်။ ဆားတွင်း ပြိုကျမှု ဖြစ်လိမ့်မယ်။ ဒါမှ လူတွေ အများကြီး သေမှာ။ ပြီးရင် တာဝန်အားလုံးကို ကျုပ်တို့အပေါ် ပုံချလိမ့်မယ်။ သခင်မ... ချက်ချင်း လေခွင်းမြို့ကို ပြန်ရအောင်။ အခုချက်ချင်း ပြန်ရအောင်။ တစ်စက္ကန့်တောင် မစောင့်နဲ့။”
ကျင်းကျုံးယွဲ့နှင့် ဆရာကြီး ဇိုအန်တို့သည် ယွင်ကျုံးဟဲ့ကို အံ့ဩစွာ ကြည့်နေကြသည်။
‘ဒီကောင် ရူးနေတာလား။ စာရွက်တစ်ရွက်ကို ဖတ်ပြီး ဒီလောက်ထိ ခန့်မှန်းနိုင်သလား။ စာရွက်ထဲမှာ ဘာမှ မပါဘူးလေ။ သူတို့လည်း ဖတ်ဖူးတာပဲ။ ယွင်ကျုံးဟဲ့က ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ထင်နေတာလား။’
“သွားကြစို့။ သခင်မ... အခု သွားမှ မီမယ်။ အချိန်မီမယ်လို့ မျှော်လင့်ရတာပဲ။” ယွင်ကျုံးဟဲ့က အလောတကြီးဖြင့် တောင်းဆိုလိုက်၏။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ အခု သွားကြမယ်။”
မယုံကြည်သော်လည်း အခွင့်အရေး ပေးချင်သောကြောင့် ဖြစ်၏။
“အချိန်မီပါစေ။ အချိန်မီပါစေ။” ယွင်ကျုံးဟဲ့ ရေရွတ်နေသည်။
ကျင်းကျုံးယွဲ့သည် မြင်းပေါ်တက်ပြီး စစ်သည် ၂၀၀ ဖြင့် ချက်ချင်း ထွက်ခွာသွားသည်။ အကြံပေးနှစ်ဦးနှင့် ဆရာကြီး ဇိုအန်ကို ထားရစ်ခဲ့၏။
***