မြို့စားအိမ်တော် ရှေ့ကွင်းပြင်တွင် လူအများ စုရုံးနေကြ၏။
ကျင်ယီဝေ တပ်မှူးချုပ် ချူကျောင်းရန်ကို အပေါ်ပိုင်း ဗလာကျင်းလျက် တိုင်တွင် ချည်နှောင်ထားပြီး ဘေးပတ်ဝန်းကျင်တွင် ကျင်ယီဝေနှင့် သွေးနက်ဂိုဏ်းမှ အရာရှိများ ရပ်ကြည့်နေကြသည်။
သွေးနက်ဂိုဏ်း ခေါင်းဆောင် လန်ပိက အေးစက်စွာ မေးမြန်းလိုက်၏။ “ပိုင်ယင် ဆားတွင်းကိစ္စမှာ ကျင်ယီဝေက တာဝန်ပေါ့လျော့ခဲ့တယ်။ သခင်မ အမိန့်အရ ကြိမ်ဒဏ် ၅၀ ပေးမယ်။ ချူကျောင်းရန်... အပြစ်ကို ဝန်ခံသလား။”
“ဝန်ခံပါတယ်။” ချူကျောင်းရန်က ဖြေလိုက်သည်။
လန်ပိသည် သားရေကြိမ်လုံးကို ကောက်ယူလိုက်၏။ သာမန် ကြိမ်လုံး မဟုတ်ဘဲ သံကြိုးသေးများ ပါဝင်သော အထူးပြုလုပ်ထားသည့် ကြိမ်လုံး ဖြစ်သည်။
ရိုက်လိုက်လျှင် အလွန် နာကျင်စေပြီး အားနည်းသူများ ဆိုလျှင် သေစေနိုင်လောက်၏။
ပို၍ နာကျင်စေရန် လန်ပိက ကြိမ်လုံးကို ရေအေးထဲ စိမ်လိုက်သေးသည်။
“ဖြောင်း...”
ပထမဆုံး ရိုက်ချက် ကျရောက်သွား၏။
ချူကျောင်းရန်၏ ကျောပြင်ပေါ်တွင် သွေးစို့နေသော အရာတစ်ခု ထင်ကျန်ရစ်ခဲ့ပြီး ချက်ချင်း ဖူးရောင်လာသည်။
“ဖြောင်း... ဖြောင်း... ဖြောင်း...”
လန်ပိက ဆက်တိုက် ရိုက်နှက်နေသည်။ ညှာတာမှု လုံးဝ မရှိပေ။
ခဏအတွင်းမှာပဲ ချူကျောင်းရန်၏ ကျောပြင်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားပြီး သွေးများ စီးကျလာသည်။
သို့ပေမည့် ချူကျောင်းရန်သည် အံကြိတ်ခံထားပြီး အသံတစ်ချက်မှ မထွက်ပေ။
ရိုက်ချက်တိုင်းသည် ပြင်းထန်လှပြီး သွေးများ လွင့်စဉ်ထွက်လာသည်။
ဘေးမှ ကြည့်နေသူများက မျက်နှာပျက်နေကြသည်။ ရိုက်ချက် ကျရောက်တိုင်း သူတို့ပါ လိုက်နာကျင် နေသကဲ့သို့ ခံစားနေရ၏။
ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ကျေနပ်အားရနေသည်။ ၃ မိနစ် ကြာချိန်မှာတော့ အချက် ၄၀ ပြည့်သွားသည်။
“ဒါက ချူကျောင်းရန် တစ်ယောက်တည်းရဲ့ အပြစ် မဟုတ်ဘူး။ ကျင်ယီဝေ တစ်ဖွဲ့လုံးရဲ့ အပြစ်ပဲ။”
လန်ပိက အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း... ကျန်တဲ့ ၁၀ ချက်ကို ရှင် ဆက်ရိုက်။”
အားလုံး အံ့ဩသွားကြသည်။ ‘ဘာသဘောလဲ။ ယွင်အောက်ထျန်းက တတိယတပ်မှူးချုပ်ပဲ ရှိသေးတာ။ လက်အောက်ငယ်သားက အထက်လူကြီးကို ရိုက်ရမယ် ဟုတ်လား။’
သို့ပေမည့် ယွင်ကျုံးဟဲ့က ဤအခွင့်အရေးကို စောင့်နေတာ ကြာပြီဖြစ်သည်။ ချက်ချင်း ရှေ့ထွက်ပြီး ကြိမ်လုံးကို ယူလိုက်၏။
‘လေးလိုက်တာ။’
ယွင်ကျုံးဟဲ့က အားကုန်သုံးပြီး ရိုက်လိုက်သည်။
၇ ချက်လောက် ရိုက်ပြီးချိန်မှာတော့ သူ မောဟိုက်လာ၏။
စိတ်ပျက်စရာကောင်းသည်မှာ ယွင်ကျုံးဟဲ့၏ အားအင်ချည့်နဲ့မှုကြောင့် သူ၏ရိုက်ချက်များသည် လန်ပိကဲ့သို့ ပြင်းထန်နာကျင်ခြင်း မရှိပေ။
ထိုအခြေအနေကို ရိပ်မိသွားသော ချူကျောင်းရန်မှာ နာကျင်ခြင်းထက် သက်သာရာရသွားသည့် အမူအရာမျိုး ဖြစ်နေသည်။ ၎င်းကိုကြည့်ပြီး ယွင်ကျုံးဟဲ့ မကျေမနပ် ဖြစ်သွားမိ၏။
မိမိလက်ဖြင့် ကိုယ်တိုင်ရိုက်နှက်သည့်အခါ ချူကျောင်းရန်အား အသည်းခိုက်အောင် နာကျင်စေချင် သော်လည်း နှိပ်နယ်ပေးနေသကဲ့သို့သာ ဖြစ်နေသည်။
ထို့ကြောင့် သူ အကြံတစ်ခု ရသွားသည်။ ‘နေရာရွှေ့ပြီး ရိုက်မှဖြစ်မယ်။’
ထို့နောက် သူက အားအင်အားလုံးကို စုစည်းကာ ချူကျောင်းရန်၏ ခါးအောက်ပိုင်းကို ဦးတည်၍ အားကုန်လွှဲရိုက်ရန် ချိန်ရွယ်လိုက်တော့သည်။ ‘ထိပါစေ။’
ကြိမ်လုံးက တင်ပါးဆုံကို ထိသွား၏။
“အွတ်...”
ချူကျောင်းရန်၏ လည်ချောင်းထဲမှ နာကျင်သော အသံ ထွက်ပေါ်လာသည်။ ဆံပင်များ ထောင်ထသွား သကဲ့သို့ ခံစားလိုက်ရသည်။
ရိုက်ချက်က အသံသိပ်မကျယ်သော်လည်း နာကျင်မှုကမူ အသည်းခိုက်သွားပုံရ၏။
ချူကျောင်းရန်၏ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်တက်သွားသည်ကို ကြည့်ပြီး ဘေးမှ ဝိုင်းကြည့်နေသူများပင် ကိုယ့်ဖင်ကိုယ် ရှုံ့သွားကြသည့်အထိ ကျိန်းစပ်မှုကို ခံစားလိုက်ရသည်။
ထိုမြင်ကွင်းကို ကြည့်နေသော လန်ပိမှာလည်း အံ့အားသင့်ကာ မျက်လုံးအစုံ ပြူးသွားတော့၏။
ယွင်ကျုံးဟဲ့ကမူ ရပ်တန့်ခြင်းမရှိဘဲ (၉) ချက်မြောက် ရိုက်ချက်ကို ထပ်မံလွှဲရိုက်လိုက်ရာ၊ ထိုတစ်ကြိမ်တွင်မူ ရိုက်ချက်က အရှိန်ပြင်းစွာဖြင့် တခြားသော နေရာတစ်ခုသို့ စိုက်ဝင်သွားတော့သည်။
၁၀ ချက်မြောက်...
ကြိမ်လုံးက ချူကျောင်းရန်၏ မျက်နှာကို ရစ်ပတ်သွားပြီး အရှိုးရာ ထင်ကျန်ရစ်ခဲ့၏။
အချက် ၅၀ ပြည့်သွားပြီဖြစ်သည်။ ချူကျောင်းရန်၏ တစ်ကိုယ်လုံး သွေးများ၊ ချွေးများဖြင့် ရွှဲနစ်နေသည်။
ယွင်ကျုံးဟဲ့က ချူကျောင်းရန်ရှေ့သို့ သွားပြီး ပြောဆိုလိုက်၏။ “တပ်မှူးချုပ်... စိတ်မရှိပါနဲ့။ လန်ပိက အတင်း ရိုက်ခိုင်းလို့ပါ။”
လန်ပိ ဒေါသထွက်သွားသည်။ ‘ရှင်… ကျွန်မတို့ကို သွေးခွဲနေတာလား။’
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “တပ်မှူးချုပ်... ခင်ဗျား နာသလို ကျုပ်လည်း ရင်ထဲက နာပါတယ်။ နောက်နောင် ညီအစ်ကိုတွေလို ဆက်နေကြမယ်နော်။”
ချူကျောင်းရန်က ပြုံးလိုက်သည်။ “ကောင်းပါပြီ။ တစ်အိုးတည်း စားနေကြတာပဲ။ ညီအစ်ကိုတွေပါပဲ။”
သူ့အပြုံးက တောက်ပနေဆဲဖြစ်ပြီး မျက်လုံးထဲမှာ အမုန်းတရား မရှိချေ။ သို့ပေမည့် ခြေထောက်များ တုန်ယင်နေသည်ကိုတော့ ဖုံးကွယ်၍ မရနိုင်ချေ။
.................
ထိုနေ့ညတွင် လန်ပိက စာရွက်နှစ်ရွက်ကို ယွင်ကျုံးဟဲ့နှင့် ဆရာကြီး ဇိုအန်ထံ ပေးလိုက်သည်။ “ဒါက မဟာမိတ်အဖွဲ့ ကိုယ်စားလှယ် စာရင်းပဲ။”
“မော့ချို မပါပါလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“ပထမအကျော့က လျော်ကြေးကိစ္စပဲ ဆွေးနွေးမှာမို့လို့ သူ မပါတာပါ။” ကျင်းကျုံးယွဲ့က ဖြေရှင်းပေး လိုက်သည်။
ဆရာကြီး ဇိုအန်က ဖြည့်စွက်ပြောဆိုလိုက်၏။ “ဒီကိစ္စကို မော့မျိုးနွယ်စုက ဦးဆောင်တာ မှန်ပေမဲ့ တခြား ပါဝင်ပတ်သက်သူတွေ အများကြီး ရှိတယ်။ သူတို့ကို အရင် ကျေနပ်အောင် လုပ်ပေးရမယ်။ ပြီးမှ ပိတ်ဆို့အရေးယူတာတွေ ဆက်လုပ်မှာ။”
ဤသည်မှာ အမြတ်ဝေစု ခွဲဝေသည့် ပွဲဖြစ်ကြောင်း ရှင်းလင်းလွန်းလှသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခေါင်းဆောင်က ယွင်ဝမ်ရွှယ်တဲ့။ ဒီနာမည်ကို ရင်းနှီးနေသလိုပဲ။”
ကျင်းကျုံးဟဲ့က ဖြေလိုက်သည်။ “အင်း… သူက ယွင်ဝမ်လီရဲ့ အစ်ကိုလေ။”
အမှန်စင်စစ် ယွင်ဝမ်လီမှာ နင်ချင်း၏ ပထမအိမ်ထောင်ဖက်ဖြစ်ရာ ယွင်ဝမ်ရွှယ်မှာမူ နင်ချင်းအတွက် ခဲအိုတော်စပ်သူတစ်ဦး ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ လုံးဝမသိရှိထားသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ယွင်ဝမ်ရွှယ်သည် နင်ချင်းအပေါ် ယခင်တည်းက စိတ်ဝင်စားမှု ရှိခဲ့ခြင်းပင်။
နင်ချင်း မုဆိုးမဘဝသို့ ရောက်ရှိသွားသည့် နောက်ပိုင်းတွင်လည်း ယွင်ဝမ်ရွှယ်သည် သူမကို ပိုင်ဆိုင်နိုင်ရန် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ကြံစည်အားထုတ်ခဲ့ဖူးသည်။
သို့ပေမည့် နင်ချင်း၏ အလွန်အမင်း သတိကြီးမှုနှင့် ပါးနပ်မှုတို့ကြောင့်သာ ထိုဘေးအန္တရာယ်များမှ အကြိမ်ကြိမ် ကံကောင်းထောက်မစွာ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူက ဘာရာထူးလဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “မဟာမိတ် ကုန်သည်များအသင်း ခေါင်းဆောင်။”
ယွင်ကျုံးဟဲ့က အံ့အားသင့်သွားသည်။ “စီးပွားရေးသမားလား။ မြို့စား မဟုတ်ဘူးလား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ သူက စီးပွားရေးသမားပဲ။”
ယွင်ကျုံးဟဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘာစီးပွားရေး လုပ်တာလဲ။”
လန်ပိက ဝင်ဖြေလိုက်၏။ “ပြည့်တန်ဆာရုံနဲ့ လောင်းကစားရုံ။ ပိုင်ရှင်မဲ့ နယ်မြေရဲ့ အချမ်းသာဆုံး ကုန်သည်ကြီးလေ။”
ယွင်ကျုံးဟဲ့ အားကျသွားသည်။ အမြတ်အများဆုံး စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ပထမအကျော့မှာ သူ့ကို နိုင်အောင် တိုက်ရမှာပေါ့။”
ဆရာကြီး ဇိုအန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒီဆွေးနွေးပွဲကို သူ လေလံယူထားတာ ဖြစ်နိုင်တယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “နိုင်ငံရေး ကိစ္စကို လေလံယူလို့ ရတာလား။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ပိုင်ရှင်မဲ့ နယ်မြေမှာ မရတာ မရှိဘူး။”
ယွင်ကျုံးဟဲ့က ယွင်ဝမ်ရွှယ်အကြောင်း စတင် မေးမြန်းလိုက်၏။ “သူ့အကျင့်စရိုက်က ဘယ်လိုလဲ။”
ကျင်းကျုံးယွဲ့က ဖြေသည်။ “လောဘကြီးတယ်။ ဉာဏ်များတယ်။ သွေးစုပ်ကောင် လို့တောင် နာမည်တွင်တယ်။”
ယွင်ကျုံးဟဲ့က မေး၏။ “စွန့်စားရတာ ကြိုက်လား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ကြိုက်တာပေါ့။ သူ့ဘဝက စွန့်စားမှုတွေနဲ့ ပြည့်နေတာပဲ။”
ယွင်ကျုံးဟဲ့က အချက်အလက်များကို မှတ်သားရင်း ထပ်မေးလိုက်၏။ “လောင်းကစားရုံ ပိုင်ရှင် ဆိုတော့ လောင်းကစား တော်လား။”
လန်ပိက ဝင်ပြောလိုက်သည်။ “ဆရာတစ်ဆူပဲ။ လောင်းကစားနဲ့ပဲ ကြီးပွားလာတာ။”
ထို့နောက် လန်ပိက ဆက်ရှင်းပြ၏။ “သူက ငယ်ငယ်တည်းက ဆိုးသွမ်းတယ်။ ၁၃ နှစ်သားမှာ အဖေရဲ့ ကိုယ်လုပ်တော်ကို စော်ကားလို့ အိမ်က နှင်ချခံရတယ်။ လောင်းကစားရုံမှာ ကြီးပြင်းလာပြီး လောင်းကစား အတတ်ပညာတွေ တတ်မြောက်လာတယ်။ လောင်းကစားရုံ တစ်ရုံကို အနိုင်ရပြီး ဆက်တိုက် တိုးချဲ့လာနိုင်ခဲ့တယ်။ အသက် ၃၅ နှစ်မှာ အိမ်ပြန်လာပြီး ၃၉ နှစ်မှာ ခေါင်းဆောင် ဖြစ်လာတာပဲ။”
‘ဂိုဏ်းချုပ်ကြီး အဆင့်ပါလား။’
ယွင်ကျုံးဟဲ့က စိတ်ဝင်စားသည့် လေသံဖြင့် မေးလိုက်သည်။ “သူ့ရဲ့လောင်းကစား အရည်အချင်းက ဘယ်လိုလဲ။”
လန်ပိက ဖြေလိုက်၏။ “ဘယ်တော့မှ မရှုံးဘူး။”
ယွင်ကျုံးဟဲ့က ကောက်ချက်ချလိုက်သည်။ “ဒါဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေမှာပေါ့။”
လန်ပိက ပြောလိုက်၏။ “သေချာတာပေါ့။ လောင်းကစားလောကရဲ့ ဘုရင်ပဲ။ လူစိတ်ကိုလည်း ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် လျော်ကြေးငွေကို အများကြီး တောင်းမှာ သေချာတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မ... ကျုပ်တို့ ဘယ်လောက်ထိ တတ်နိုင်လဲ။”
ကျင်းကျုံးယွဲ့က ပြန်မေးလိုက်၏။ “ရှင် ဘယ်လောက် ရှာပေးနိုင်လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “၁ သန်း (၁၀ သိန်း) ရတယ် ထားပါတော့။”
ကျင်းကျုံးယွဲ့က တွက်ချက်ကာ ပြောလိုက်၏။ “စစ်စရိတ်၊ လစာ၊ ရွှေငွေတွေ အရည်ကျိုလိုက်ရင် ၅ သိန်း လောက် ရမယ်။”
ယွင်ကျုံးဟဲ့က ရေရွတ်လိုက်သည်။ “စုစုပေါင်း ၁.၅ သန်း (၁၅ သိန်း) ပေါ့။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
ဤပမာဏမှာ အလွန်နည်းပါးလွန်းလှသည်။ အသက်ဆုံးရှုံးခဲ့ရသူပေါင်း နှစ်ထောင်ကျော်ရှိသည့်အပြင် ၎င်းတို့ ထဲတွင် အရေးပါသော ကုန်သည်များနှင့် အစိုးရအရာရှိများပါ ပါဝင်နေသည်။
ထို့အပြင် စီးပွားရေးအရ ထိခိုက်ပျက်စီးမှုများမှာလည်း ကြီးမားလှသောကြောင့် ငွေ ၁၅ သိန်းဆိုသည်မှာ မည်သို့မှ လုံလောက်မှုရှိမည် မဟုတ်ပေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆရာကြီး... သူ ဘယ်လောက် တောင်းမယ် ထင်လဲ။”
ဆရာကြီးက ဖြေလိုက်၏။ “အများကြီး တောင်းမှာ။ မယုံနိုင်လောက်အောင် များလိမ့်မယ်။”
ကျင်းကျုံးယွဲ့က တီးတိုး ပြောလိုက်သည်။ “မနက်ဖြန် သိရမှာပေါ့။”
နောက်တစ်နေ့ ညနေခင်းတွင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ ရောက်ရှိလာကြ၏။
မြို့ထဲ မဝင်ဘဲ မြို့ပြင် မိုင် ၂၀ အကွာရှိ ရေကြည်စံအိမ်တွင် တည်းခိုကြသည်။ စစ်သည် ၁၀၀၀ ပါလာပြီး စံအိမ်ကို ဝိုင်းရံထားကြသည်။
မဟာမိတ်တပ်တော် ၁၅၀၀၀ ကလည်း ခြိမ်းခြောက်မှု အပြည့်ဖြင့်ချီတက်လာနေပြီ ဖြစ်၏။
ဒုတိယနေ့တွင် ဆွေးနွေးပွဲ စတင်သည်။
ဆရာကြီး ဇိုအန်နှင့် ယွင်ကျုံးဟဲ့တို့သည် စစ်သည် ၅၀၀ ခြံရံလျက် ရေကြည်စံအိမ်သို့ သွားရောက်ကြသည်။ နောက်လိုက် စာရေးလေး တစ်ယောက်သာ ပါ၏။
ယွင်ဝမ်ရွှယ်သည် အလွန် ဉာဏ်နီဉာဏ်နက် များလှသူဖြစ်သည်။ သူသည် ဆွေးနွေးပွဲကို မြို့ထဲ၌ ကျင်းပခြင်းမပြုဘဲ သူ၏ နယ်မြေအတွင်းသို့သာ ခေါ်ယူခဲ့သည်။
ဤသည်မှာ ရိုးရှင်းသော ဆွေးနွေးပွဲတစ်ခု မဟုတ်ဘဲ တစ်ဖက်လူအား မိမိလက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်စေရန် စီစဉ်ထားခြင်းပင်။
ဧည့်သည်အဖြစ် ရောက်ရှိလာသူကို မိမိအလိုကျ ထိန်းချုပ်နိုင်သည့် အိမ်ရှင်အဖြစ် အသာစီးရယူကာ အခြေအနေ အရပ်ရပ်ကို သူ၏ စိတ်ကြိုက် ပုံဖော်လိုက်ခြင်း ဖြစ်ပေသည်။
ညအချိန်တွင် ဆွေးနွေးပွဲ စတင်၏။
ယွင်ကျုံးဟဲ့သည် ယွင်ဝမ်ရွှယ်ကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရသည်။ ကုန်သည်နှင့်လည်း မတူ၊ စာပေပညာရှင်နှင့်လည်း မတူ၊ စစ်သည်နှင့်လည်း မတူပေ။
လင်းတနှာခေါင်းကြီးက ထင်ရှားနေသည်။ မျက်နှာ ရှည်မျောမျောနှင့် မျက်လုံးအိမ် နက်ရှိုင်းသည်။ ချောမောသော်လည်း ရက်စက်ပုံ ပေါက်နေသည်။
“ကျင်းကျုံးယွဲ့က ခင်ဗျားတို့ နှစ်ယောက်တည်း လွှတ်လိုက်တာလား။” ယွင်ဝမ်ရွှယ် အံ့ဩသွား၏။
ယွင်ဝမ်ရွှယ်၏ ဘက်တော်သားများမှာ ဆယ်ဂဏန်းမက ရှိနေချိန်တွင် လေခွင်းမြို့ဘက်မှမူ လူနှစ်ယောက် တည်းသာ ရှိသည်။
ထိုမြင်ကွင်းက အလွန် အားငယ်စရာကောင်းလှပြီး တစ်ဖက်သတ် အရှုံးပေးရတော့မည့် အခြေအနေမျိုး ဖြစ်နေ၏။
ဤမျှအထိ အင်အားချင်း ကွာခြားနေမှုကို ကြည့်ပြီး ကျင်းကျုံးယွဲ့တစ်ယောက် အမှန်တကယ်ပဲ လက်လျော့ လိုက်ပြီလားဟု သံသယဝင်စရာ ဖြစ်နေသည်။
“ဆွေးနွေးစရာ မလိုတော့ဘူး။”
ယွင်ဝမ်ရွှယ်က စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်၏။ “ဒါကို ယူသွားပြီး ကျင်းကျုံးယွဲ့ကို လက်မှတ် ထိုးခိုင်းလိုက်။ မထိုးရင် အကျိုးဆက်ကို ခံစားရမယ်။”
ယွင်ကျုံးဟဲ့ စာရွက်ကို ယူကြည့်လိုက်ချိန်မှာတော့ မျက်လုံးပြူးသွားသည်။ များလိမ့်မည်ဟု မျှော်လင့်ထား သော်လည်း ဤမျှလောက် များမည်ဟု မထင်ထားခဲ့ချေ။
ငွေသား ၅ သန်း (သိန်း ၅၀) ဖြစ်သည်။
‘ရူးနေတာလား။ ကျင်းကျုံးယွဲ့မှာ ၅ သိန်းတောင် မရှိတာကို သိန်း ၅၀ တောင်းနေတယ်။’ ယွင်ကျုံးဟဲ့ ရယ်ချင်သွား၏။
“နေအုံး။ ခင်ဗျားက ယွင်အောက်ထျန်းလား။” ယွင်ဝမ်ရွှယ်က မေးလိုက်သည်။
သူ၏ မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာသည်။ သူက နင်ချင်း ယောကျ်ား၏ အစ်ကို ဖြစ်သော်လည်း နင်ချင်းကို အပိုင်ရယူရန် ကြံစည်ခဲ့သည့်သူလည်း ဖြစ်လို့နေ၏။
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
“လိုက်ခဲ့။” ယွင်ဝမ်ရွှယ်က အနောက်ဘက် ခြံဝင်းထဲသို့ ခေါ်သွား၏။
ယွင်ကျုံးဟဲ့ ခဏတွေဝေပြီးမှ လိုက်သွားသည်။
အနောက်ဘက် ခြံဝန်းထဲ ရောက်သည်နှင့် ယွင်ဝမ်ရွှယ်က ဓားကို ဆွဲထုတ်ပြီး ယွင်ကျုံးဟဲ့၏ လည်ပင်းကို တင်လိုက်၏။ “ခင်ဗျား နင်ချင်းနဲ့ အိပ်ခဲ့တယ် ဆို။”
ယွင်ကျုံးဟဲ့က ဂုဏ်ယူနေသည့် လေသံဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်။ ဘာဖြစ်လို့လဲ။ တစ်ခါမကဘူး။ အရသာ ရှိလိုက်တာဗျာ။”
သူ၏ စကားမဆုံးခင် ယွင်ဝမ်ရွှယ်က ဓားဖြင့် ယွင်ကျုံးဟဲ့၏ ခွကြားကို ခုတ်ပိုင်းလိုက်တော့၏။
***