သူတော်စင်ဘုရင် အင်အားကြီးသူ တစ်ဦးသည် ကောင်းကင်နှင့်မြေကြီး၏ အရင်းအမြစ်ဖြစ်သော မူလ ခရမ်းရောင် ချီ ကို လူကိုယ်တိုင် ဖမ်းယူနိုင်ပေသည်။
ဤသတင်းမှာ အလွန် အံ့မခန်းဖြစ်ပြီး အကြီးအကဲများနှင့် တပည့်များစွာသည် နားထောင်ရင်း မှင်တက် သွားခဲ့ကြလေ၏။
ပြီးတော့ ပို၍ ပေါက်ကွဲစေနိုင်သော သတင်းက လာဦးမည်သာ ဖြစ်လေသည်။
၎င်းမှာ သူတော်စင်ဘုရင် တစ်ဦးသာ အသုံးပြုနိုင်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ထင်ရှားသော် လည်း နင်းဖန်က ၎င်းကို ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း တတိယအလွှာ တွင် အောင်မြင်ခဲ့သည်...။ ၎င်းမှာ ရိုးရှင်းစွာပင် ယုံကြည်နိုင်စရာ မရှိလှချေ။
"ပုံသဏ္ဌာန်မဲ့ အမြစ်က မူလ ခရမ်းရောင် ချီ တစ်မျှင်ကို ဆေးထဲကို ဆွဲငင်နိုင်တာလား...။"
စွန်းချီယွမ်၊ ရှောင်ချာ နှင့် ဆေးဝါးဗေဒတွင် ကျွမ်းကျင်သော အခြားသူများသည် ဤအချိန်တွင် အတွေး နက်သွားခဲ့ကြလေ၏။
ပုံသဏ္ဌာန်မဲ့ အမြစ် သည် လွန်ခဲ့သော နှစ်တစ်သန်းက မျိုးတုံးသွားခဲ့သော ရှေးဟောင်း ခေတ်မှ ကောင်းကင်နဲ့မြေကြီး ရတနာ တစ်ခု ဖြစ်လေသည်။
ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ဆေးဥယျာဉ် အတွင်းရှိ အမြစ်မှာ ကမ္ဘာပေါ်တွင် ကျန်ရှိနေသော အနည်းငယ်မျှသော အရာများထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။
ပို၍ ရှားပါးသည်မှာ ဤ ပုံသဏ္ဌာန်မဲ့ အမြစ် ကို ဆေးဥယျာဉ် တွင် အနှစ်နှစ်သန်းတိုင်တိုင် သေချာစွာ ပြုစုစောင့်ရှောက်ထားခဲ့ခြင်းပင်။
ဤမျှရှည်လျားသော ကာလတစ်လျှောက်လုံး ဂိုဏ်း၏ အဆင့်မြင့် အရာရှိ မျိုးဆက်ပေါင်းများစွာကို ဖြတ်သန်းခဲ့သော်လည်း မည်သူကမျှ ၎င်းကို မခူးယူခဲ့ခြင်းမှာ အံ့ဖွယ်တစ်ခုလည်း ဖြစ်၏။
ဤအတွက် အဓိက အကြောင်းရင်း နှစ်ခု ရှိလေသည်။
ပထမအချက်မှာ စျေးကွက်ရှိ အဓိက ဆေးညွှန်းများ သို့မဟုတ် ဆေးလုံး ဖော်မြူလာ အများစုသည် ပုံသဏ္ဌာန်မဲ့ အမြစ် ကို မလိုအပ်ခြင်းပင်။
ဒုတိယအချက်မှာ ၎င်းကို ရံဖန်ရံခါ လိုအပ်လျှင်ပင် ဂိုဏ်းတွင် ထိုကဲ့သို့သော ဝိညာဉ်အပင် တစ်ပင်သာ ကျန်ရှိတော့ကြောင်းကို ထည့်သွင်းစဉ်းစားကာ လူအများစုက လက်လျှော့ပြီး အခြားနည်းလမ်းတစ်ခုကို ရှာဖွေရန် ရွေးချယ်ကြမည်သာ ဖြစ်လေ၏။
မည်သို့ပင်ဆိုစေ ၎င်းသည် နောက်ဆုံးကျန်ရှိနေသော အမျိုးအစားဖြစ်ပြီး အနှစ်တစ်သန်းတိုင်တိုင် မွေးမြူထားခဲ့ရာ လူအများစုက ၎င်းကို အသုံးမပြုရက်ကြချေ။
ယနေ့အထိပင်။
သူ၏ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးသန့်စင်တာ အတွက် နင်းဖန်သည် ၎င်းကို ခူးယူကာ မျက်စိ တစ်မှိတ်အတွင်း သန့်စင်လိုက်သည်ပင်တကား။
အနှစ်နှစ်သန်းတိုင်တိုင် အသက်ရှင်ခဲ့သော ဤ ပုံသဏ္ဌာန်မဲ့ အမြစ် သည် နောက်ဆုံးတွင် ၎င်း၏ ကံကြမ္မာ အဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ရ၏။
အခြားသူများသည် ဤမြင်ကွင်းနှင့် ပတ်သက်၍ သိပ်မခံစားရချေ။
ဆေးဥယျာဉ် တွင် အလုပ်လုပ်နေသော အကြီးအကဲများနှင့် တပည့်အချို့သာ သူတို့၏ နှလုံးသားထဲတွင် ဒေါသအနည်းငယ် ခံစားခဲ့ရလေ၏။
မည်သို့ပင်ဆိုစေ အနှစ်နှစ်သန်းတိုင်တိုင် ရှင်သန်ခဲ့ပြီး ဂိုဏ်းတွင် တစ်ခုတည်းသာ ကျန်ရှိတော့သော ကောင်းကင်နဲ့မြေကြီး ရတနာ တစ်ခုမှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။
ယခု နင်းဖန်က ၎င်းကို ကိုယ်ပိုင်အဖြစ် ခူးယူလိုက်သဖြင့် ဆေးဥယျာဉ် မှ လူများသည် သဘာဝကျစွာပင် အလွန်အမင်း နာကျင်မှုကို ခံစားခဲ့ကြရ၏။
သူ ရေချိုးကန်ထဲသို့ အောင်မြင်စွာ မဝင်ရောက်မီကပင် ရေတွက်မရနိုင်သော ဆေးဥယျာဉ် တပည့်များ သည် သူတို့၏ နှလုံးသားထဲတွင် နင်းဖန်ကို ကျိန်ဆဲနေကြပြီး သူ့ကို အလဟဿ ဖြုန်းတီးသူဟု ခေါ်ဆိုနေ ခဲ့ကြသည်ပင်။
သူသည် အဆိပ်ဆေးညွှန်း တစ်ခုကို ဖျော်စပ်ပြီး သေလမ်းရှာနေသည်မှာ ဆိုးရွားလှပြီ ဖြစ်၏။
သို့သော် ဝိညာဉ်အပင်များ နှင့် ဝိညာဉ် သစ်ပင်ပန်းမန် များစွာကိုပါ ဖျက်ဆီးပစ်ခြင်းမှာ ရိုးရှင်းစွာ မုန်းတီး စရာပင်။
မဟာအကြီးအကဲ ကျီးယန် ဝင်ရောက် ရှင်းပြသည့် အချိန်ရောက်မှသာ ဆေးဥယျာဉ် မှ လူအုပ်ကြီးသည် သူတို့၏ စိတ်များကို ပြောင်းလဲသွားကြပြီး တစ်ယောက်စီတိုင်းမှာ အတိုင်းအဆမရှိ အံ့အားသင့်သွားခဲ့ ကြလေ၏။
"ပုံသဏ္ဌာန်မဲ့ အမြစ် တစ်ခုတည်းက အမှန်တကယ် အကျိုးသက်ရောက်မှုတွေ အများကြီး ရှိတာလား...။ အဲဒါက ကောင်းကင်နဲ့မြေကြီးရဲ့ အရင်းအမြစ်ဖြစ်တဲ့ မူလ ခရမ်းရောင်ချီ ကိုတောင် ဆွဲငင်နိုင်တာ လား...။"
အကယ်၍ နင်းဖန်က ယနေ့ ၎င်းကို သရုပ်ပြမပြခဲ့ပါက သူတို့၏ တစ်သက်တာလုံးတွင် သူတို့ သိရှိခဲ့မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့၏ နှလုံးသားထဲရှိ မကျေနပ်ချက်များမှာ အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွား ခဲ့လေတော့၏။
ပုံသဏ္ဌာန်မဲ့ အမြစ် သည် အဖိုးတန်သော်လည်း ဝိညာဉ်အပင် တစ်ပင်အနေဖြင့် ၎င်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်အတွက် အနှေးနှင့်အမြန် ဆေးအဖြစ် အသုံးပြုခံရမည်သာ ဖြစ်လေသည်။
ယခုအခါ ၎င်းသည် ဂိုဏ်း၏ အသန်မာဆုံး ပါရမီရှင် ၏ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် အထောက် အကူ တစ်ခု ဖြစ်လာပြီဖြစ်ရာ ၎င်း၏ အနှစ်နှစ်သန်းကြာ ရှည်လျားသော ကြီးထွားမှုမှာ အချည်းနှီး မဟုတ်တော့ချေ။
"သေချာပေါက် ရနိုင်တယ် ဒါပေမယ့် အောင်မြင်ဖို့အတွက် ဖုံးကွယ်ထားတဲ့ အခြေအနေတချို့ ရှိသင့် တယ်...။"
"ဥပမာအားဖြင့် အချိန်ကိုက်၊ ပါဝင်ပစ္စည်းတွေကို ထည့်ရမယ့် အစီအစဉ်...။ ဒါတွေကို ငါတောင် မမြင် နိုင်ဘူး...။ နောက်မှ နင်းဖန်ကို လူကိုယ်တိုင် မေးဖို့ပဲ ငါ စောင့်နိုင်တော့တယ်...။"
ကျီးယန် က သူ၏ နုပျိုသော မျက်နှာပေါ်ရှိ မရှိသော မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စွန်းချီယွမ် အား ပြန်ဖြေလိုက်၏။
နောက်ဆုံးလူသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို တင်းစေ့ထားပြီး သူ၏ နှလုံးသားမှာ မုန်တိုင်း ထန်နေသကဲ့သို့ ဟိန်းဟောက်နေခဲ့လေသည်။
အဓိက ဆေးအဖြစ် ပဋိပက္ခဖြစ်နေသော သတ္တိများရှိသည့် ဝိညာဉ်အပင်များ ကို အသုံးပြုပြီး အရန် အဖြစ် အဆိပ်ပြင်းသော ပစ္စည်းများကို အသုံးပြုကာ လုံးဝ ကမောက်ကမ ဖြစ်နေသင့်သော ဤဆေး စွမ်းအင်များကို သူ ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့ရုံသာမက တတိယမြောက် အဓိက ဆေးဖြစ်သော မူလ ခရမ်းရောင် ချီ ကိုလည်း ချောမွေ့စွာ မိတ်ဆက်နိုင်ခဲ့သည်တကား…။
ရိုးရိုးသားသား ပြောရလျှင် စွန်းချီယွမ် သည် သူ၏ ဘဝတစ်လျှောက်လုံး ဆေးသန့်စင်သော ဆေးညွှန်း များ ရေးသားလာခဲ့သော်လည်း ကမ္ဘာကြီး၏ အရင်းအမြစ် တစ်မျှင်ကို အဓိက ဆေးအဖြစ် အသုံးပြုနိုင် မည်ဟု သူ ဘယ်သောအခါမျှ မတွေးခဲ့ဖူးချေ။
ဤအကြံဉာဏ်မှာ အလွန် အံ့အားသင့်စရာ ကောင်းလွန်းလှသည်...။ သူ၏ တွေးခေါ်ပုံမှာ မည်မျှပင် ကျယ်ပြန့်နေမည်နည်း။
သူသည် သမားရိုးကျ ကန့်သတ်ချက်များဖြင့် အနည်းငယ်မျှ ကန့်သတ်မခံရဘဲ ကြည့်ရှုသူတိုင်းကို လုံးဝ ယုံကြည်သွားစေခဲ့၏။
ထို့အပြင် အရေးအကြီးဆုံးမှာ ဤကဲ့သို့သော ကမ္ဘာကို တုန်လှုပ်စေမည့် ဆေးညွှန်း ကို ရေးသားခဲ့သူမှာ ဆေးဖက်ဝင် အပင်များ လမ်းကြောင်းသို့ အသစ်ရောက်လာသူ တစ်ဦးမျှသာ ဖြစ်နေခြင်းပင်။
ဤကမ္ဘာရှိ ဝိညာဉ်အပင်များ နှင့် ဝိညာဉ် သစ်ပင်ပန်းမန် များ အားလုံးနှင့် ပတ်သက်၍ သူ၏ နားလည်မှု တစ်ခုလုံးသည် သူ ကိုယ်တိုင် ရေးသားခဲ့သော စာအုပ်များမှသာ လာခြင်း ဖြစ်လေသည်။
"သူ့မှာ နာမည်ကြီး ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုတောင် မရှိခဲ့ဘူး... အားလုံးက ကိုယ်တိုင် လေ့လာ ခဲ့တာချည်းပဲ...။"
"ဒါ ဘယ်လို ပါရမီမျိုးလဲ…။"
"သူ့ကို ဆေးဖက်ဝင် အပင် သူတော်စင် ခန္ဓာကိုယ် လို့ ခေါ်ရင်တောင် ချဲ့ကားရာ မကျဘူးလေ...။"
သို့တိုင် ထိုသို့သော ထက်မြက်သူ တစ်ဦးက ရေးသားထားသော ထိပ်တန်း ဆေးညွှန်းကို လွန်ခဲ့သော သုံးရက်ကပင် သေစေနိုင်သော အဆိပ်ဆေးညွှန်းအဖြစ် သူ ဝေဖန်မိခဲ့သေးသည်ပင်။
ဤသည်ကို တွေးမိသောအခါ စွန်းချီယွမ် သည် သူ၏ မျက်နှာပေါ်တွင် ရှင်းပြ၍မရနိုင်သော အပူရှိန်ကို ခံစားလိုက်ရ၏။
သူ၏ နှလုံးသားမှာ ရှုံးနိမ့်မှုများဖြင့် ပို၍ပင် ပြည့်နှက်သွားပြီး ထူထဲသော စွမ်းအားမဲ့မှု ခံစားချက် တစ်ခုက သူ၏ တစ်ကိုယ်လုံးကို ဖြတ်သန်းသွားခဲ့လေသည်။
"ငါ ဒီတာအိုကို အနှစ်တစ်ထောင် လေ့လာခဲ့တာတောင် သုံးရက်ပဲ လေ့လာခဲ့တဲ့သူလောက် မကောင်း ပါလား...။"
သူ ခါးသီးစွာ ပြုံးလိုက်ပြီး တစ်ခဏတာ လမ်းပျောက်ကာ ဇဝေဇဝါ ဖြစ်သွားပြီး သူ၏ တာအို နှလုံးသား ပြိုလဲသွားကာ သူ၏ တည်ရှိမှု အဓိပ္ပာယ်က ဘာလဲဟု တွေးတောနေမိ၏။
"ဂျူနီယာညီလေးစွန်း... ကိုယ့်ကိုယ်ကိုယ် အထင်သေးနေစရာ မလိုပါဘူး...။"
ဂိုဏ်းချုပ်သည် စွန်းချီယွမ် ၏ အခြေအနေကို တစ်ချက် ကြည့်လိုက်ပြီး အတွင်းစိတ်တွင် သက်ပြင်းမချ ဘဲ မနေနိုင်ခဲ့ချေ။ သူသည် သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"ငါ အရင်က ပြောခဲ့သလိုပဲ ထူးခြားတဲ့လူတွေက ထူးခြားတဲ့အရာတွေကို လုပ်ကြတယ်...။"
"နင်းဖန်က ငါတို့ဂိုဏ်းရဲ့ နှစ်တစ်သန်းမှာ တစ်ခါပေါ်မယ့် ပါရမီရှင်ပဲ...။ သူ့ရဲ့ ကိုယ်ပိုင် အကန့်အသတ် တွေကို ချိုးဖျက်နိုင်တဲ့ ကမ္ဘာပေါ်က ပထမဆုံး သေမျိုးခန္ဓာကိုယ် လေ...။ သူ့ဆီမှာ ဖြစ်ပျက်သမျှ ဘယ် လိုအရာမျိုးကမှ အံ့သြစရာ မဖြစ်သင့်ဘူး...။"
ဂိုဏ်းချုပ်၏ နှစ်သိမ့်စကားများကို ကြားသောအခါ စွန်းချီယွမ် သည် အများကြီး ပိုကောင်းသွားသလို ခံစားလိုက်ရ၏။
သူတို့ဘေးတွင် ရှောင်ချာ က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"နင်းဖန် ဆေးညွှန်း စရေးတုန်းက စီနီယာအစ်ကိုဂိုဏ်းချုပ်...။ မင်းလည်း သူ အောင်မြင်မယ်လို့ မယုံခဲ့ ဘူး မဟုတ်လား...။"
"အခုတော့ မင်းက ထူးခြားတဲ့လူတွေက ထူးခြားတဲ့အရာတွေကို လုပ်ကြတယ် ဆိုပြီး ပြီးမှ ပြောနေတာ ပေါ့... ဒါပေမယ့် ဒီနင်းဖန်က တကယ်ကို ထူးခြားတာပဲ...။"
"သူ့ရဲ့ ဆေးသန့်စင်သော သွေးကြောများ နွေးထွေးစေခြင်း ပြီးသွားရင် သူက ဆေးလုံး အသား အာဟာရ ဖြစ်စေခြင်း လမ်းကြောင်းကို ဆက်သွားသင့်တယ် မဟုတ်လား...။"
"ဆေးဖော်စပ်ခြင်း တာအို ကလည်း တူညီတဲ့ အခြေခံသဘောတရားတွေအတိုင်း သွားတာပဲ...။ အခြေခံ ဆေးဝါးဗေဒက အားလုံး ဆက်စပ်နေတယ်လေ...။"
"ဒီကောင်လေးက ဆေးဖက်ဝင် အပင်တွေနဲ့ ပတ်သက်ပြီး ဒီလောက် ပါရမီပါနေမှတော့ သူက ဆေး သန့်စင်ခြင်း မှာလည်း မွေးရာပါ ကျွမ်းကျင်သူ ဖြစ်နိုင်တယ်...။"
"အဲဒီအချိန်ရောက်ရင် ငါ ဘယ်တော့မှ အထင်သေးတဲ့ပုံစံ မလုပ်ရဘူး...။ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စ ကို အဘိုးကြီးစွန်း တစ်ယောက်တည်း ကြုံတွေ့ရတာ လုံလောက်ပါပြီ...။"
ရှောင်ချာ သည် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် သတိပေးလိုက်လေ၏။
"ထူးခြားတဲ့လူတွေက ထူးခြားတဲ့အရာတွေကို လုပ်ကြတယ် ဆိုတဲ့ အခြေခံသဘောတရားကို သူ အမြဲတမ်း စိတ်ထဲ မှတ်ထားရမယ်…။"
"အကယ်၍ နင်းဖန်က ဆေးဖော်စပ်ခြင်း ကို တကယ် စတင်မယ်ဆိုရင် သုံးရက်တာ ကိုယ်တိုင် လေ့လာ တာပဲဖြစ်ဖြစ် မူရင်း ဆေးလုံး ဖော်မြူလာ တစ်ခု ဖန်တီးတာပဲဖြစ်ဖြစ် သူ အောင်မြင်မယ်ဆိုတာကို ငါ လုံးဝ သေချာနေတဲ့ပုံ ပေါက်အောင် လုပ်ဖို့ပဲ လိုတယ်...။"
"ပြီးတော့ နင်းဖန်က ထိပ်တန်းအဆင့် ဆေးလုံး တစ်လုံးကို အောင်မြင်စွာ ဖျော်စပ်လိုက်တဲ့အခါ ဂိုဏ်း ထဲက အားလုံးက ငါ့ကို နက်ရှိုင်းစွာ လေးစားပြီး ငါ့ရဲ့ ထူးခြားတဲ့ အမြော်အမြင်ကို ချီးကျူးကြမှာ သေချာ တယ်...။"
"ဟီးဟီး...၊ ငါ တကယ်ကို ဉာဏ်ကောင်းတာပဲ...။"
ဤသည်ကို တွေးမိသောအခါ ရှောင်ချာ သည် တိုးတိုးလေး ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
သူ့ဘေးတွင် ရပ်နေသော ကျုံးတင်း က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုရှောင်...၊ ဘာလို့ အဲဒီလောက် စိတ်ပျက်စရာကောင်းအောင် ရယ်နေတာလဲ...။"
"ဘာမှမဟုတ်ပါဘူး ရယ်စရာတစ်ခု တွေးမိလို့ပါ...။"
ရှောင်ချာ က လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ အမူအရာကို ချက်ချင်း ပြင်ဆင်လိုက်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
အခြားသူများသည် ဤနေရာရှိ ဆူညံသံကို သတိမထားမိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံးသည် အောက်ဘက်ရှိ အခြေအနေကိုသာ အာရုံစိုက်နေကြသောကြောင့်ပင်။
"နင်းဖန်က သူ့ရဲ့ ဆေးသန့်စင်သော ဆေးညွှန်းအတွက် ကောင်းကင်နဲ့မြေကြီး ရတနာ တွေ အများကြီး အသုံးပြုခဲ့တယ်။ ပြီးတော့ ကမ္ဘာကြီးရဲ့ အရင်းအမြစ်ဖြစ်တဲ့ မူလ ခရမ်းရောင် ချီ ကိုတောင် မိတ်ဆက် ခဲ့သေးတယ်...။ အဲဒီ အကျိုးသက်ရောက်မှုက သာမန် ဆေးညွှန်းတွေထက် အများကြီး သာလွန်နေမှာ မဟုတ်ဘူးလား...။"
"အဲဒါက ပြောစရာတောင် မလိုပါဘူး...။ မူလ ခရမ်းရောင် ချီ လို အမြင့်ဆုံး ရတနာတစ်ခုက ငါတို့တောင် မရနိုင်တဲ့အရာလေ...။ သူတော်စင်ဘုရင် တစ်ယောက်ပဲ ရနိုင်တာ...။ ဒါကတင် အဲဒါ ဘယ်လောက် အဖိုးတန်လဲဆိုတာကို ပြသနေတာပဲလေ...။"
"တကယ်ပါပဲ...၊ ဒီလို နတ်ဘုရားပစ္စည်းက ဆေးသန့်စင်တာ၊ မှော်လက်နက်ဖန်တီးတာ ဒါမှမဟုတ် အဆောင်လက်ဖွဲ့တွေနဲ့ ဆေးဝါးတွေ ဖန်တီးရာမှာ အသုံးပြုရင်တောင် သေချာပေါက် အံ့မခန်း အကျိုး သက်ရောက်မှုတွေ ရှိမှာပဲ...။"
"ဒီ ဆေးသန့်စင်သော သွေးကြောများ နွေးထွေးစေခြင်း နဲ့ ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း ပြီးနောက်မှာ နင်းဖန်ရဲ့ အင်အားက ဘယ်အဆင့်အထိ တိုးတက်လာမလဲ မသိဘူးနော်...။"
အကြီးအကဲများသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး သူတို့၏ နှလုံးသားများတွင် သိချင်စိတ်များနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့၏။
ကျီးယန် သည် ပေါ်လာပြီး အခြေအနေကို ရှင်းပြပြီးနောက် ဆက်မနေခဲ့ချေ။ သူ၏ ပုံရိပ်သည် မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။
ချို့ယွင်းနေသော ဝင်ပေါက် ပြဿနာကို ဆက်လက် တွေးတောရန် ထိုက်ရီအကြွင်းအကျန်နယ်မြေ ၏ အနက်ရှိုင်းဆုံး နေရာသို့ သူ ပြန်သွားခဲ့ခြင်း ဖြစ်လေသည်။
မဟာအကြီးအကဲ ထွက်ခွာသွားသည်နှင့်အမျှ အနီးအနားရှိ အစစ်အမှန်တပည့်များနှင့် အတွင်းစည်း တပည့်များစွာသည် ရုတ်တရက် ဖိအားများ လျော့ကျသွားသည်ကို ခံစားလိုက်ရပြီး သက်ပြင်းရှည် ကြီးများ ချလိုက်ကြလေတော့၏။
ချက်ချင်း ဆက်လက် ဖြစ်ပေါ်လာသည်မှာ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သော အံ့အားသင့်မှုနှင့် ဆူညံသံများပင် ဖြစ်လေတော့သည်။
"ဆေးသန့်စင်တဲ့ ဆေးညွှန်းက အတုမဟုတ်ဘူး...။"
"ပုန်းကွယ်နေတဲ့ အဓိက ဆေးဖြစ်တဲ့ မူလ ခရမ်းရောင် ချီ တောင် ရှိသေးတယ်...။"
ဤသတင်းများသည် လူတိုင်း၏ စိတ်ထဲတွင် ပေါက်ကွဲသွားသော အနက်ရှိုင်းဆုံး ဗုံးတစ်လုံးကဲ့သို့ပင်။
သူတော်စင်သည် ပထမဆုံး ထိုးနှက်ခံရသူဖြစ်ပြီး အံ့အားသင့်မှုကြောင့် လုံးဝ မှင်တက်သွားခဲ့လေ၏။
"နင်းဖန်က... နောက်တစ်ကြိမ် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြန်ပြီ...။"
ဘာဖြစ်လို့လဲ။
***