“အိုး... ငါ့ မိဘတွေရဲ့သတင်း ရလားပြီလား” ထိုသတင်းကို ကြားလိုက်ရချိန်တွင် လုရီဖျင်သည် အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့သည်။
စစ်သူကြီးသည် အလျင်အမြန်ပင် ဦးညွှတ်ကာ “ဟုတ်ပါတယ် အရှင်၊ သခင်ကြီး လုရီဝမ်တို့ဇနီးမောင်နှံက လင်ထျန်းကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ လီလင်ထျန်းနဲ့အတူ စကြဝဠာရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားခဲ့ကြတယ်လို့ ကျွန်တော်မျိုးတို့ စုံစမ်းသိရှိထားပါတယ်” ဟု ပြန်လည်ဖြေကြားလိုက်သည်။
“လင်ထျန်း ကုန်သည်ကြီးများအသင်း...” လုရီဖျင် ခေတ္တမျှ မှင်တက်သွားေလသည်။
လင်ထျန်းကုန်သည်ကြီးများအသင်းသည် ချောင်းလောကတွင် ဒုတိယအကြီးဆုံး ကုန်သည်အသင်းဖြစ်ပြီး ထာဝရကုန်သည်ကြီးများအသင်း ပြီးေနာက် ငွေကြေးအင်အား အတောင့်တင်းဆုံး ဖြစ်သည်။
“ဟုတ်ပါတယ်၊ ဥက္ကဋ္ဌ လီလင်ထျန်းကလည်း စကြဝဠာထဲကနေ အခုလေးတင် ပြန်ရောက်လာတယ်လို့ သိထားပါတယ်။ အရှင်... လီလင်းထျန်းကို အရှင်ရှိရာဆီ ခေါ်လိုက်ရမလား” ဟု စစ်သူကြီးက ထပ်မံမေးမြန်းလိုက်သည်။
“မလိုဘူး၊ ငါကိုယ်တိုင်ပဲ လင်ထျန်းကုန်သည်အသင်းဆီ သွားလိုက်မယ်” ဟု ဆိုကာ လုရီဖျင်သည် ချက်ချင်းပင် ထွက်ခွာသွားခဲ့တော့သည်။
လင်ထျန်းကုန်သည်ကြီးများအသင်း၏ ဌာနချုပ်သည် ချောင်း လောက၏ အလယ်ဗဟိုတွင် ရှိသဖြင့် ချောင်းမြို့တော် နှင့် မဝေးလှပေ။ မကြာမီမှာပင် လုရီဖျင်သည် ဌာနချုပ်သို့ ရောက်ရှိသွားပြီး လီလင်းထျန်းနှင့် တွေ့ဆုံခဲ့သည်။
ပြန်ရောက်ခါစဖြစ်သော လီလင်းထျန်းသည် လုရီဖျင်အကြောင်းကို အသင်းသားများထံမှ ကြားသိထားပြီးဖြစ်သည်။ လုရီဖျင် ကိုယ်တိုင်ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် လမ်းဘေးတွင် တန်းစီ၍ ကြိုဆိုေနကြေလသည်။
လုရီဖျင်သည် စကားအပိုမပြောဘဲ သူ၏မိဘများအကြောင်းကိုသာ မေးမြန်းလိုက်သည်။
လီလင်းထျန်းသည်လည်း ဖုံးကွယ်မထားရဲသည့်အတွက် သူနှင့် လုရီဝမ်တို့နှစ်ဦး စကြဝဠာအနက်ပိုင်းသို့ သွားခဲ့ကြပုံကို အသေးစိတ် ပြောပြခဲ့လေသည်။
ထိုစကားကို ကြားသောအခါ လုရီဖျင် မျက်မှောင်ကြုတ်သွားခဲ့သည်။
အကြောင်းမှာ လီလင်းထျန်းနှင့်အဖွဲ့သည် စကြဝဠာအနက်ပိုင်းသို့ ရောက်ရှိပြီးနောက် မကြာမီမှာပင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုနှင့် တိုးခဲ့ကြသည်။ ထိုအခါ ဟင်းလင်းပြင်အတွင်းရှိ လှိုင်းလေထန်မှုများကြောင့် အားလုံး လွင့်စင်ကာ လူစုကွဲသွားခဲ့ကြခြင်း ဖြစ်သည်။
လီလင်းထျန်းသည် ဟင်းလင်းပြင် လှိုင်းလေများကြားတွင် နှစ်ပေါင်းများစွာ မျောပါနေခဲ့ရပြီး လွန်ခဲ့သော ရက်အနည်းငယ်အချိန်မှ ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင်ထွက်ပေါက်တစ်ခုကို တွေ့ရှိကာ လွတ်မြောက်လာခြင်း ဖြစ်သည်။
လုရီဖျင်သည် အသေးစိတ်အချက်အလက်များကို မေးမြန်းရာ လီလင်းထျန်းသည်လည်း ရိုးသားစွာ ဖြေကြားခဲ့သည်။
လီလင်းထျန်း လိမ်ညာခြင်းမရှိကြောင်း အတည်ပြုပြီးနောက် လုရီဖျင်သည် ထိုအက်ကွဲကြောင်းနှင့် တွေ့ခဲ့သည့် တိကျသော တည်နေရာကို မေးမြန်းကာ ထွက်ခွာလာခဲ့သည်။
ချောင်းမြို့တော်သို့ ပြန်ရောက်သောအခါ လုရီဖျင်သည် သူ၏ညီမနှင့် လက်အောက်ခံစစ်သူကြီးများကို ကိစ္စအဝဝ မှာကြားခဲ့ပြီး စကြဝဠာအနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
မိစ္ဆာနယ်မြေကို ဖြတ်ကျော်ပြီးနောက် တောင်တန်းများ၊ ပင်လယ်များ၊ တောနက်များနှင့် လွင်ပြင်များကို ဖြတ်သန်းကာ နောက်ဆုံးတွင် လီလင်းထျန်းတို့ မတော်တဆဖြစ်ခဲ့သည့် နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာသည် နက်ရှိုင်းသော ပင်လယ်ပြင်နှင့် အလွန်နီးကပ်လှသည်။
လုရီဖျင်သည် ပတ်ဝန်းကျင်ကို တစ်ချက်စစ်ေဆးကြည့်လိုက်ပြီးနောက် တောင်တန်းတစ်ခုပေါ်သို့ ပျံသန်းသွားကာ တောင်ထိပ်တစ်ခုပေါ်တွင် အကြည့်ရပ်တန့်သွားေလသည်။ ထိုနေရာသည် လီလင်းထျန်းနှင့်အဖွဲ့ကို ဟင်းလင်းပြင်အက်ကွဲကြောင်းမှ စုပ်ယူသွားခဲ့သည့် နေရာပင် ဖြစ်သည်။
လုရီဖျင် အာရုံခံကြည့်ခဲ့ရာ ထိုနေရာရှိ ဟင်းလင်းပြင်မှာ အမှန်တကယ်ပင် မတည်မငြိမ်ဖြစ်နေသော်လည်း ယခုအချိန်၌ အက်ကွဲကြောင်း မရှိတော့ပေ။ လုရီဖျင်သည် လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ရာ ရှေ့တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး သူသည် ထိုအတွင်းသို့ တိုးဝင်သွားတော့သည်။
အက်ကွဲကြောင်းအတွင်း၌ ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်လေလှိုင်းများမှာ နေရာအနှံ့ ရှိနေခဲ့သည်။ ထိုအတွင်း၌ ရှိနေသောသူမှာ ဟိန်းဟောက်နေသော ပင်လယ်ပြင်အလယ်တွင် ရောက်နေသည့် လူသားတစ်ဦးကဲ့သို့ပင်ဖြစ်သည်။
ထိုနေရာသည် စကြဝဠာ၏ အစွန်းအဖျားဒေသလည်း ဖြစ်သည်။ စကြဝဠာ၏ အဆုံးသတ်သို့ မရောက်ရှိသေးသော်လည်း ဟင်းလင်းပြင်အတွင်းရှိ စွမ်းအင်စီးကြောင်းများမှာ အလွန်ပြင်းထန်လှေပသည်။
သူတော်စင်ဧကရာဇ်ဘုရင် တစ်ဦးပင် ထိုနေရာသို့ ဝင်ရောက်လာပါက ပြင်းထန်သော စွမ်းအင်စီးကြောင်းများကြောင့် လွင့်စင်သွားနိုင်ပြီး မိမိကိုယ်ကိုပင် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
လီလင်းထျန်း ပြောပြချက်များအရ လုရီဖျင်သည် သူ၏မိဘများ လွင့်စင်သွားနိုင်သည့် လမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်။ သူတော်စင်ဧကရယဇ်များအတွက်မူ မိမိကိုယ်ကို မထိန်းချုပ်နိုင်သော်လည်း တာအိုဘိုးဘေးတစ်ယောက်အထွက် ခက်ခဲသည့်အရာမဟုတ်ပေ။ လုရီဖျင်သည် ရှေ့သို့ တဖြည်းဖြည်း မျောပါသွားရင်း သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ပတ်ဝန်းကျင်ရှိ အပြောင်းအလဲနှင့် အငွေ့အသက်မှန်သမျှကို ဂရုတစိုက် အာရုံခံေလ့လာနေခဲ့သည်။
လီလင်းထျန်းသည် နှစ်ပေါင်းများစွာ ပိတ်မိနေပြီးနောက် ကံကောင်းစွာဖြင့် လွတ်မြောက်လာခြင်းေကြာင့် သူ၏မိဘများသည်လည်း ယခုနေရာတွင် ပိတ်မိနေနိုင်သေးသည်ဟု မျှော်လင့်နေမိသည်။
သူ၏ မိဘများသည် ယခုနေရာ၌ ရှိနေသေးပါက သူ မဖြစ်မနေ ရှာတွေ့မည်ဖြစ်သည်။
လုရီဖျင်သည် ပြင်းထန်သော လေစီးကြောင်းများအတိုင်း တစ်လခန့် မျောပါရှာဖွေခဲ့သည်။ သို့သော် သူ့ မိဘများ၏ အငွေ့အသက်ကိုမူ အာရုံမရသေးချေ။
ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်း၌ ပြင်းထန်လှသော ချောင်းလေလှိုင်းများမှအပ အခြားသက်ရှိဟူ၍ မရှိချေ။ တစ်လကြာ မျောပါရှာဖွေနေစဉ်အတွင်း ထိုလေစီးကြောင်းများမှလွဲ၍ လုရီဖျင် မည်သည့််အရာကိုမျှ မတွေ့ရှိခဲ့သော်လည်း သူသည် ဆက်လက်၍သာ ရှာဖွေနေခဲ့သည်။
နောက်ထပ် အချိန်တစ်လကုန်ဆုံးသွားသည့်တိုင် ဘာမျှမတွေ့ရခဲ့ေပ။
သို့သော် ဆက်လက်ရှာဖွေခဲ့ပြီး အချိန်မှာ
နှစ်နှစ်ကုန်ဆုံးသွားေလသည်။
လုရီဖျင်သည် မိမိရှေ့ရှိ မီးခိုးရောင် ချောင်း လေလှိုင်းများကို ကြည့်ကာ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်း သို့မဟုတ် တစ်သိန်း ကြာသည့်တိုင် သူသည် မိဘများကို မဖြစ်မနေ ရှာဖွေမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ထို့နောက်အချိန်မှာ ဆယ်နှစ် ကုန်လွန်သွားခဲ့သည်။
ထို့နောက်အနှစ်နှစ်ဆယ် ကုန်လွန်သွားပြန်သည်။
နောက်ဆုံးတွင် နှစ်ပေါင်း ၄၀၀ ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ လုရီဖျင်သည် လက်မလျာ့ခဲ့ဘဲ ချောင်းစွမ်းအင် စီးကြောင်းများကြားတွင် ရှာဖွေနေဆဲပင်ဖြစ်သည်။
နှစ်ပေါင်း ၄၀၀ ကျော်အတွင်း လုရီဖျင်သည် တစ်ခါရံမျှသာ ရပ်နားကာ နေမင်းဟိဘစ်စကတ်ပင် ကို ဆင့်ခေါ်ပြီး နေမင်းစစ်မှန်သောမီးဖြင့် အသားကင်ခြင်း၊ ဝိုင်သောက်ခြင်းများ ပြုလုပ်ကာ အားအင်ဖြည့်တင်းပြီးေနာက်မှ ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ခဲ့ေလသည်။
တစ်နေ့တွင် လုရီဖျင် ရှေ့သို့ ဆက်လက်ရှာဖွေနေစဉ်အတွင်း ရုတ်တရက် ရှေ့တစ်နေရာမှ အားနည်းသော စွမ်းအင်လှိုင်းရိုက်ခတ်မှုတစ်ခုကို အာရုံခံမိလိုက်သည်။
"ဒါက..."
လုရီဖျင်သည် ဟင်းလင်းပြင်ကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားရာ မကြာမီမှာပင် ထိုစွမ်းအင်ထွက်ပေါ်ရာနေရာသို့ ရောက်ရှိသွားေလသည်။ ၎င်းမှာ ဟင်းလင်းပြင် ထွက်ပေါက်တစ်ခုပင် ဖြစ်သည်။ သို့သော် လုရီဖျင်သည် ထိုထွက်ပေါက်မှာ သူစတင်ဝင်ရောက်လာခဲ့သည့် နေရာမဟုတ်ကြောင်း သိနေခဲ့သည်။
သူ ခေတ္တမျှ စဉ်းစားပြီးနောက် ထိုထွက်ပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းထွက်လိုက်ေလသည်။
လုရီဖျင် အပြင်သို့ ရောက်ရှိသွားချိန်တွင် မြင်တွေ့ရသည်မှာ မီးခိုးရောင် လေလှိုင်းများမဟုတ်ဘဲ စူးရှတောက်ပသော နေရောင်ခြည်များပင် ဖြစ်သည်။
သူ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ ကြီးမားလှသော နေမင်းကြီး တစ်စင်း တောက်ပနေသည်ကို တွေ့လိုက်ရသည်။
ထိုနေမင်းကြီးမှာ ခရမ်းရွှေရောင် ဖြစ်နေပြီး သူယခင်က မြင်ဖူးသမျှ နေမင်းများနှင့် လုံးဝမတူဘဲ အလွန်တရာ လှပတောက်ပေနခဲ့သည်။
နေရောင်အောက်တွင် တောင်တန်းများ၊ လွင်ပြင်များ၊ သစ်တောများနှင့် အဝေးတစ်နေရာတွင် မြို့ပြများကိုပါ မြင်တွေ့နေရသည်။ ထိုနေရာရှိ အရာအားလုံးမှာ ဖော်ပြ၍မရနိုင်လောက်အောင် သက်ဝင်လှုပ်ရှားနေပြီး ဟင်းလင်းပြင် နိယာမများ မှာလည်း ချောင်းနယ်မြေထက်ပင် ပိုမိုခိုင်မာအားကောင်းနေသည်။
လုရီဖျင်သည် သူ၏ ဝိညာဉ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်ကာ အဝေးသို့ စူးစမ်းလိုက်သည်။
တာအိုလမ်းစဉ်တိုက်ခိုက်ရေးစွမ်းအား သန်း ၇၀၀ ရှိသော လုရီဖျင်၏ ဝိညာဉ်အာရုံ လွှမ်းခြုံနိုင်စွမ်းမှာ အံ့မခန်းလှသော်လည်း သူ၏အာရုံကို အဆုံးအစထိ တွန်းပို့ထားလျှင်ပင် ယခုလောက၏ အဆုံးသတ်ကို မမြင်နိုင်သေးချေ။ လုရီဖျင်အတွက်မူ ယခုရောက်ရှိနေသည့်ကမ္ဘာသည် ချောင်းလောကထက်ပင် ပိုမိုကြီးမားနေခဲ့သည်။
ထို့အပြင် သူ၏ ဝိညာဉ်အာရုံအောက်တွင် တွေ့ရှိရသော ယခုကမ္ဘာမှ သက်ရှိများ၏ အလုံးစုံသော အစွမ်းအစမှာ ချောင်းလောကထက် အဆပေါင်းများစွာ သန်မာလှသည်။
ချောင်းလောကတွင် သူတော်စင်နယ်ပယ်အဆင့်ရှိ ပညာရှင်များကို တွေ့ရခဲလှသည်။
ယေဘုယျအားဖြင့် မြို့တစ်မြို့တွင် သူတော်စင်အဆင့်တစ်ဦးရှိရန် မလွယ်ကူသော်လည်း ယခု သူအာရုံခံမိသမျှ မြို့ပေါင်းတစ်ရာခန့်တွင် သူတော်စင်အဆင့် ပညာရှင်များ ရှိနေကြသည်။ ကောင်းကင်အရှင် အဆင့် ပညာရှင်များမှာလည်း ချောင်း လောကထက်ပင် ပိုမိုများပြားလှသည်။
ထိုအခြေနေကြောင့် လုယီဖျင် အံ့အားသင့်သွားရသည် "ဒါက ဟုန့်မုန်နယ်မြေလား"
စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာတွင် ချောင်းလောကထက် ပိုမိုကြီးမားသည့် ဟုန့်မုန်နယ်မြေ ဟုခေါ်ေသာ ကမ္ဘာတစ်ခု ရှိပေသည်။ထိုသတင်းမှာ ဒဏ္ဍာရီတစ်ခုအဖြစ် လောကတွင် အမြဲတည်ရှိေနခဲ့သည်။ ထိုဟုန့်မုန်နယ်မြေသည် စကြဝဠာ၏ ပထမဆုံးသော ကမ္ဘာဖြစ်ပြီး ချောင်းလောကထက်ပင် စော၍ တည်ရှိခဲ့ခြင်းဖြစ်သည်။
"အဖေနဲ့ အမေလည်း ဟင်းလင်းပြင် လေလှိုင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် ဒီဟုန့်မုန်နယ်မြေထဲကို ရောက်လာတာများလား" လုရီဖျင် စိတ်ထဲတွင် တွေးတောနေမိသည်။ ၎င်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
***