လုရီဖျင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ရှေ့ဘက်ရှိ မြို့ေတာ်ဆီသို့ ပျံသန်းသွားခဲ့သည်။
ဟုန့်မုန်နယ်မြေသည် စကြဝဠာ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိပြီး အလွန်တရာ လျှို့ဝှက်လှသည့်ေနရာဖြစ်သည်။ ကံကြမ္မာ အထောက်အပံ့မပါလျှင် တာအိုဘိုးဘေးများပင် ဝင်ရောက်နိုင်ရန် မလွယ်ကူချေ။ ယခု ဟုန့်မုန်နယ်မြေသို့ ရောက်ရှိလာပြီဖြစ်၍ လုရီဖျင်သည် လေ့လာရမည့်အရာများစွာတွက် အချိန်အတန်ကြာ နေထိုင်သွားရန် ဆုံးဖြတ်လိုက်သည်။
သူသည် ရှေ့ဘက်ရှိ မြို့အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မြို့မှာ အလွန်မကြီးမားသော်လည်း လူသူထူထပ်ကာ အလွန်စည်ကားလှသည်။
လုရီဖျင်သည် လူအုပ်ကြားထဲမှ လမ်းမအတိုင်း အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။ ကြီးမားသော စားသောက်ဆိုင်ကြီးတစ်ခု ရှေ့သို့ ရောက်သောအခါ သူသည် အတွင်းသို့ဝင်ကာ ကောင်းမွန်သော နေရာတစ်ခုတွင် ဝက်ထိုင်လိုက်ေလသည်။ သတင်းအချက်အလက် စုံစမ်းရန်နှင့် ယခုလောကအကြောင်း နားလည်ရန်အတွက် စားသောက်ဆိုင်သည် အကောင်းဆုံးနေရာပင် ဖြစ်သည်။
ထို့အပြင် ထိုနည်းလမ်းမှာ အသက်သာဆုံးနှင့် အထိရောက်ဆုံး ဖြစ်သည်။
လုရီဖျင်သည် စားပွဲထိုးကို ခေါ်ကာ ဝိုင်ကောင်းတစ်အိုးနှင့် ဟင်းလျာများကို မှာယူလိုက်သည်။ ထို့နောက် ဝိုင်တစ်ခွက်သောက်ရင်း ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးပြောဆိုသံများကို နားစွင့်နေခဲ့သည်။
“ကြားရသလောက်တော့ မိစ္ဆာမျိုးနွယ် နဲ့ စုန်းမျိုးနွယ်တို့ စစ်ဖြစ်တော့မယ်ဆိုပဲ”
“စစ်ဖြစ်ရုံတင်မကဘူး၊ နျူဝါ နဲ့ ဝူကျူ တို့တောင် စတင်လှုပ်ရှားနေပြီလို့ ကြားတယ်”
ဘေးစားပွဲမှ စကားဝိုင်းသည် လုရီဖျင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
သူ ဆက်လက်နားထောင်ကြည့်ရာ ဟုန့်မုန်လောကတွင် မိစ္ဆာမျိုးနွယ်နှင့် စုန်းမျိုးနွယ်တို့မှာ အင်အားအကြီးဆုံးဖြစ်ပြီး၊ ၎င်းတို့နောက်တွင် လူသားမျိုးနွယ်နှင့် နတ်မျိုးနွယ်ဂိုဏ်းတို့ ရှိနေကြောင်း သိလိုက်ရသည်။
နျူဝါမင်းသမီးနှင့် ဝူကျူတို့ နှစ်ဦးစလုံးမှာ တာအိုလမ်းစဉ် အထွတ်အထိပ်အဆင့်ပညာရှင်များ ဖြစ်ကြသည်။
“တာအိုလမ်းစဉ် အထွတ်အထိပ်အဆင့်လား...” လုရီဖျင် တိုးတိုးလေး ရေရွတ်လိုက်ေလသည်။
တာအိုလမ်းစဉ် အထွတ်အထိပ်အဆင့် ဆိုသည်မှာ တိုက်ခိုက်ရေးစွမ်းအား သန်း ၁,၉၀၀ ရှိသော အဆင့်ပင် ဖြစ်သည်။
ချောင်းလောကတွင် အင်အားအကြီးဆုံးဖြစ်သော မိစ္ဆာဘိုးဘေး လော့ဟူပင်လျှင် တိုက်ခိုက်ရေးစွမ်းအား သန်း ၂၀၀ ထိသာ ရှိေပသည်။ ချောင်း လောကတွင် တယအိုလမ်းစဉ်အဆင့်ရှိသူများကို လက်ချောင်းဖြင့် ရေတွက်၍ရသော်လည်း ယခုဟုန့်မုန်နယ်မြေတွင်မူ တာအိုဘိုးဘေးများစွာ ရှိနေခဲ့သည်။ ချောင်းလောကကဲ့သို့ သူတော်စင်ဘုရင်များစွာ မရှိသော်လည်း ဟုန့်မုန်လောက၏ ထိပ်တန်းအင်အားစုအသီးသီးတွင် ယေဘုယျအားဖြင့် တာအိုလမ်းစဉ်ဘိုးဘေးအဆင့် တစ်ဦးစီ ရှိကြသည်။
စားသောက်ဆိုင်တွင် ခေတ္တထိုင်ပြီးနောက် လုရီဖျင်သည် ဆိုင်မှထွက်ကာ ဟုန့်မုန်လောကရှိ ကုန်သည်အသင်းများအကြောင်း စုံစမ်းကြည့်ခဲ့သည်။ ထို့နောက် သူသည် ဟုန့်မုန်လောကတွင် အကြီးဆုံးဖြစ်သော ဝမ်ပေါင်ကုန်သည်ကြီးများအသင်းဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ပေါင်ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်မှာ ဟုန့်မုန်ယ်မြေ၏ အလယ်ဗဟိုတွင် မရှိဘဲ ပေါင်ယုရတနာနယ်မြေ ဟုခေါ်သော အခြားနယ်မြေတစ်ခုတွင် တည်ရှိသည်။
ရတနာနယ်မြေဟု အမည်ပေးထားသည့်အတိုင်း ၎င်းမှာ ဟုန့်မုန်လောကတွင် အချမ်းသာဆုံး နယ်မြေဖြစ်သည်။ ထို့အပြင် ရတနာအများဆုံးနှင့် ကုန်သည်အသင်း အများဆုံး စုဝေးရာနေရာလည်း ဖြစ်သည်။ အခြားနယ်မြေများမှ အလွန်ချမ်းသာသည့် သူဌေးကြီးများသည်ပင် ပေါင်ယုနယ်မြေသို့ ရောက်မှသာ စစ်မှန်သည့် ချမ်းသာကြွယ်ဝမှုကို ခံစားရသည်ဟူသေူ သတင်းမျိုးရှိပေသည်။ လုရီဖျင်သည် ဝမ်ပေါင်ကုန်သည်အသင်းသို့ သွားကာ သူ၏မိဘများအကြောင်းကို စုံစမ်းခိုင်းရန် ရည်ရွယ်ထားေလသည်။ သူ၏မိဘများသာ ဟုန်းမုံနယ်မြေထဲတွင် ရှိနေပါက ဝမ်ပေါင်ကုန်သည်အသင်း၏ ငွေကြေးနှင့်
အင်အားဖြင့် ရှာဖွေရန် မခက်ခဲလှပေ။
တဖြေးဖြေးဖြင့် ညဉ့်နက်လာခဲ့ပြီး
ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်ငြိမ်သက်ေနခဲ့သည်။
လူသူကင်းမဲ့သော တောင်ခြေတစ်ခုရှိ မီးပုံဘေးတွင် လုရီဖျင်သည် ယခုလောက၏ ဝိုင်ကို သောက်ရင်း အနားယူနေလေတော့သည်။
ချောင်း လောက၏ ဘုရင်ဖြစ်လာပြီးနောက် လွန်ခဲ့သောနှစ်များအတွင်း လုရီဖျင်သည် တစ်လောကလုံးရှိ ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းစေကာ သူ၏ ဝမ်ရှီဝိုင်ကို ပိုမိုကောင်းမွန်အောင် ပြန်လည်ဖော်စပ်ထားခဲ့သည်။ အဆင့်မြှင့်တင်ထားသော ဝမ်ရှီဝိုင်မှာ သဘာဝအတိုင်းပင် ပိုမိုနူးညံ့ချိုမြိန်ပြီး ရနံ့မှာလည်း ကြာရှည်စွာ သင်းပျံ့နေလေသည်။
ညဦးယံလေပြေတိုက်ခိုက်လိုက်သည့်အချိန်တိုင်း ဝိုင်ရနံ့မှာ မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားေလသည်။
လုရီဖျင်သည် တစ်ကိုယ်တည်း ဝိုင်သောက်နေစဉ် အဝေးတစ်နေရာမှ ဖြူဖျော့နေသော ဝတ်ရုံဟောင်းကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။ သူ၏ခါးတွင် ဝိုင်ထည့်သည့် အနီရောင်ဗူးသီးခြောက်ကြီး တစ်လုံးကို ချိတ်ဆွဲထားပြီး ဝိုင်ရနံ့နောက်သို့ လိုက်ပါလာခြင်း ဖြစ်သည်။
အဖိုးအို ထိုနေရာသို့ ရောက်ရှိလာပြီးနောက် လုရီဖျင် တစ်ကိုယ်တည်း ထိုင်သောက်နေသည်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားေလသည်။ သူသည် လုရီဖျင်အနီးသို့ လျှောက်လာပြီး လက်ဝါးချင်းပွတ်ကာ "ညီလေး... မင်းသောက်နေတဲ့ဝိုင်က ဘယ်စားသောက်ဆိုင်ကလဲ၊ စတုရန်းစားသောက်ဆိုင်က ထုတ်တဲ့ ထုတ်ကုန်အသစ်လား" ဟု မေးမြန်းလိုက်သည်။
စတုရန်းစားသောက်ဆိုင်မှာ ဟုန့်မုန်လောကတွင် နံပါတ်တစ် စားသောက်ဆိုင်ဖြစ်သည်။
အဖိုးအို၏ အငမ်းမရဖြစ်နေသော ပုံစံကိုကြည့်ကာ လုရီဖျင်က ပြုံးလျက် "မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတာ" ဟု ပြန်ပြောလိုက်သည်။
ထိုအဖိုးအိုမှာ အစွမ်းမနိမ့်လှပေ။ သူသည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့် ဖြစ်ပြီး တာအိုနယ်ပယ်နယ်ပယ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူဖြစ်သည်။
ထိုသူကို ကြည့်ရင်း လုရီဖျင်သည် အောက်လောကရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သူတွေ့ခဲ့ဖူးသည့် ပညာနတ်တောင်းစား ကျိုးချန်ကို ပြန်လည်သတိရသွားမိသည်။ ကျိုးချန်သည်လည်း ဝိုင်ကို အလွန်နှစ်သက်ပြီး ယခုအဖိုးအိုကဲ့သို့ပင် ပေပေတေတေ နေတတ်သူဖြစ်သည်။ ထို့ကြောင့် ထိုအဖိုးအိုကို ကြည့်ရသည်မှာ လုရီဖျင်အတွက် အမှတ်တရများပြန်လည်ပေါ်ပေါက်စေခဲ့သည်။
"ဒါဆိုရင် ညီလေး... ဒီဝိုင်ကို ငါ့ဆီ ရောင်းလို့ရမလား၊ ဘယ်လောက်လဲနဲ့ဝယ်ရမလဲ" အဖိုးအိုက ပြုံးလျက် မေးလိုက်သည်။ သူသည် ဝိုင်အိုးကို စိုက်ကြည့်ရင်း သွားရည်များပင် ကျလုမတတ် ဖြစ်နေခဲ့သည်။
လုရီဖျင်ကလည်း ပြုံးလျက် ဝိုင်တစ်အိုးကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်သည်။
အဖိုးအိုမှာ အံ့အားသင့်သွားပြီး လုရီဖျင်ကို ချောင်း ဝိညာဉ်ကျောက်တုံးများပေးရန် ပြင်သော်လည်း လုရီဖျင်က လက်ကာပြကာ ငြင်းဆိုလိုက်သည်။
အဖိုးအိုသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေသော်လည်း နောက်ဆုံးတွင် အားမနာတော့ဘဲ ဝိုင်အိုးကိုဖွင့်ကာ အားပါးတရ သောက်လေတော့သည်။
အဖိုးအို၏ စရိုက်မှာ ကျိုးချန်နှင့် ဆင်တူလှသဖြင့် နှစ်ဦးသား ဝိုင်သောက်ရင်း စကားစမြည်ပြောကာ လျင်မြန်စွာ ရင်းနှီးသွားကြသည်။
အဖိုးအို၏ မျိုးရိုးအမည်မှာ ကျိုး ဖြစ်ပြီး အမည်ရင်းမှာ ကျိုးပုယီဖြစ်ကြောင်း လုရီဖျင် သိလိုက်ရသည်။
"ကျိုးပုယီလား၊ နာမည်က ထူးခြားသားပဲ" လုယီဖျင်က ပြုံးလျက် ဆိုလိုက်သည်။
အဖိုးအို ကျိုးပုယီကလည်း ရယ်မောရင်း "ပုယီဆိုတာ အသက်ရှင်ရတာ မလွယ်ကူဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့" ဟု ဆိုလိုက်သည်။ ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့် ဖြစ်နေသော်လည်း ဟုန့်မုန်လောကတွင် အသက်ရှင်ရပ်တည်ရသည်မှာ ရေခဲပြင်ပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ပင် ခက်ခဲလှသည်။
ထို့နောက် ကျိုးပုယီက "ညီလေးလု... မင်း ဘယ်ကို သွားမှာလဲ" ဟု မေးလိုက်သည်။
"ရတနာနယ်မြေ ထဲက ဝမ်ပေါင်မြို့ ကိုပါ" ဟု လုရီဖျင်က မဖုံးကွယ်ဘဲ ဖြေလိုက်သည်။
လုရီဖျင် ဝမ်ပေါင်မြို့သို့ သွားမည်ကို သိသောအခါ ကျိုးပုယီက သွားကာ ရယ်မောလျက်"ငါလည်း အဲဒီကို သွားမှာပဲ။ ညီလေးလုက ဝမ်ပေါင်ကုန်သည်အသင်းဆီကနေ အဲ့ဒါကို ဝယ်ဖို့ သွားတာလား" ဟု မေးလိုက်သည်။
"အဲ့ဒါဆိုတာ ဘာလဲ" လုရီဖျင်က နားမလည်သဖြင့် ပြန်မေးလိုက်သည်။
ကျိုးပုယီသည် လုရီဖျင်၏ ဝေခွဲမရဖြစ်နေသော မျက်နှာကိုကြည့်ကာ "ညီလေးလု... လွန်ခဲ့တဲ့ ရက်ပိုင်းက ဝမ်ပေါင်ကုန်သည်အသင်းကနေ မီးလျှံတိမ်တိုက်ဂူထဲကရလာတဲ့ မီးလျှံတိမ်တိုက်ကျောက်တုံး သတင်းကို မကြားမိဘူးလား" ဟု ပြောလိုက်သည်။
လုရီဖျင်က ခေါင်းခါပြလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်တွင် ဝမ်ပေါင်ကုန်သည်ကြီးများအသင်းသည် မီးလျှံတိမ်တိုက်ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ မီးလျှံတိမ်တိုက်ကျောက်တုံး တစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုကျောက်တုံးမှာ သာမန် ကမ္ဘာဦးအဆင့် ကျောက်တုံးမျိုး မဟုတ်ပေ။ ၎င်းအတွင်း၌ အလွန်ထူးခြားဆန်းပြားပြီး စွမ်းအားကြီးမားသော သက်ရှိသတ္တဝါတစ်ကောင် ကိန်းအောင်းနေသည်ဟုပင် ဆိုကြသည်။
“ဒီမီးလျှံကျောက်တုံးက ဒီလောက်တောင် ထူးခြားနေတယ်ဆိုရင် ဝမ်ပေါင်ကုန်သည်အသင်းက ဘာလို့ ပြန်ရောင်းမှာလဲ” ဟု လုရီဖျင်က မေးမြန်းလိုက်သည်။
ကျိုးပုယီကလည်း ခေါင်းခါပြကာ “ငါလည်း မသိဘူး” ဟုသာ ဖြေကြားခဲ့သည်။
ထိုသို့ဖြင့် ညတာ ကုန်ဆုံးသွားခဲ့ေလသည်။ လုရီဖျင်နှင့် ကျိုးပုယီတို့သည်လည်း သူတို့၏ ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြသည်။
ရတနာနယ်မြေသို့ ရောက်ရှိပြီးနောက် နှစ်ဦးသား ဝမ်ပေါင်မြို့ဆီသို့ ဦးတည်လာခဲ့ကြသည်။ ရတနာနယ်မြေသည် ဟုန့်မုန်လောကတွင် အချမ်းသာဆုံး နယ်မြေဖြစ်သည်နှင့်အညီ လမ်းခရီးမှာ ပြန့်ပြူးချောမွေ့နေပြီး စည်ကားသိုက်မြိုက်မှုမှာလည်း အံ့မခန်းလှပေ။
မြို့တွင်းရှိ အဆောက်အအုံများမှာ တောက်ပပြောင်လက်နေပြီး ၎င်းတို့ကို ချောင်းလောကတွင် တွေ့ရခဲသော ရတနာပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ဟင်းလင်းပြင်သင်္ဘောများပင်လျှင် အဖိုးတန်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။
ကျိုးပုယီသည် လမ်းတစ်လျှောက်ရှိ စည်ကားမှုများကို ကြည့်ကာ “ဒီနောက်ပိုင်းနှစ်တွေမှာ ဟုန့်မုန်လောကက သိပ်မအေးချမ်းလှဘူး။ မိစ္ဆာမျိုးနွယ်နဲ့ စုန်းမျိုးနွယ်တွေကြားမှာ ခဏခဏ တိုက်ပွဲငယ်တွေ ဖြစ်နေကြတာ၊ တခြားနယ်မြေတွေမှာလည်း စစ်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမဲ့ ဒီရတနာနယ်မြေကတော့ ဘာမှမထိခိုက်ဘူး” ဟု ပြောပြခဲ့သည်။
ရတနာနယ်မြေသည် ဟုန့်မုန်လောက၏ ထိပ်တန်းကုန်သည်အသင်းအားလုံး စုဝေးရာနေရာ ဖြစ်သောကြောင့် မိစ္ဆာမျိုးနွယ်နှင့် စုန်းမျိုးနွယ်များပင်လျှင် ယခုနေရာ၌ တိုက်ခိုက်ရန် မဝံ့ရဲကြချေ။
ထို့နောက် ကျိုးပုယီက သက်ပြင်းချလျက် “အခုဆို ရတနာနယ်မြေထဲက မြို့ကြီးတွေမှာ အိမ်ဈေးတွေက အရမ်းတက်နေတာ၊ ဝမ်ပေါင်မြို့ထဲက အိမ်ကြီးအိမ်ကောင်းေတွဆိုရင် ချောင်း ဝိညာဉ်ကျောက်တုံး သန်းပေါင်း တစ်သောင်းလောက်ထိတောင် ပေးရတယ်” ဟု ဆိုလိုက်သည်။
“သန်းပေါင်း တစ်သောင်းတောင်လား အဲဒီလောက်တောင် များတာလား” လုရီဖျင် အံ့အားသင့်သွားမိသည်။
ကျိုးပုယီက ခေါင်းညိတ်ကာ “သန်းတစ်သောင်းဆိုတာ အနည်းဆုံးပဲ၊ တချို့ဆို တစ်သိန်းကျော်ထိတောင် ရှိတယ်” ဟု ပြန်ဖြေခဲ့သည်။
နှစ်ဦးသား စကားပြောရင်း ဝမ်ပေါင်မြို့သို့ ရောက်ရှိလာေလသည်။ သို့သော် ဝမ်ပေါင်မြို့ထဲသို့ ဝင်ရန်အတွက် မြို့ဝင်ကြေး ပေးဆောင်ရပြီး ၎င်းမှာလည်း မနည်းလှပေ။ တစ်ဦးလျှင် ချောင်းဝိညာဉ်ကျောက်တုံး တစ်ခုစီ ပေးဆောင်ရေလသည်။
မြို့ထဲသို့ ရောက်သောအခါ ကျိုးပုယီသည် လုယီဖျင်ကို ဝမ်ပေါင်ကုန်သည်ကြီးများအသင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ မီးလျှံတိမ်တိုက်ကျောက်တုံးကြောင့် ကုန်သည်အသင်းသို့ ရောက်လာကြသော ပညာရှင်များစွာရှိနေပြီး ခန်းမဆောင်ကြီးတစ်ခုလုံး လူအုပ်ဖြင့် ပြည့်နှက်နေေလသည်။
ကျိုးပုယီသည် ခန်းမအတွင်းရှိ လူအုပ်ကို အကဲခတ်ကြည့်လိုက်ရာ အမျိုးသမီး အနည်းငယ်ကို တွေ့ရှိသွားပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ေလသည် “ဒါ... မိစ္ဆာမျိုးနွယ်ရဲ့ သူေတာ်စင်မိန်းကလေးပဲ”
မိစ္ဆာမျိုးနွယ်၏သူေတာ်စင်မိန်းကေလးဆိုသည်မှာ နျူဝါမင်းသမီး၏ တစ်ဦးတည်းသော တိုက်ရိုက်တပည့်ရင်းပင်ဖြစ်လေသည်။
***