ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေေလသည်။
"ဘီလီယံ သုံးဆယ်နှစ်…"
ထိုစဉ် ရုတ်တရက် ခပ်မာမာဖြင့် မောက်မာလှသော အသံတစ်ခု ထွက်ပေါ်လာေလသည်။ လူတိုင်း လှည့်ကြည့်လိုက်ရာ လေလံပွဲ၏ အဝင်တံခါးမှ လူအချို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
၎င်းတို့သည် အရပ်နှစ်မီတာကျော် မြင့်မားကြပြီး သားရေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေေလသည်။ ခေါင်းဆောင်ဖြစ်သူမှာ မီးတောက်ကဲ့သို့ နီရဲသော ဆံပင်ရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး အလွန်ပင် ထင်ပေါ်လှသူဖြစ်သည်။
"ဝူမျိုးနွယ်စုရဲ့ မင်းသားပဲ" ကျိုးပုယီသည် ထိုလူငယ်ကို မြင်သောအခါ အံ့အားသင့်သွားမိခဲ့သည်။
ဝူပါ့ထျန်းဟု ခေါ်သော ထိုဝူမျိုးနွယ်စု မင်းသားမှာ နာမည်နှင့် လိုက်အောင်ပင် အလွန်တရာ ဗိုလ်ကျစိုးမိုးတတ်သူ ဖြစ်သည်။
အထူးခန်းထဲတွင်ရှိသော လုံခဲ့သည် ဝူပါ့ထျန်း ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ မျက်ခုံးများ တွန့်တက်သွားခဲ့သည်။ မိစ္ဆာမျိုးနွယ်စု နှင့် ဝူမျိုးနွယ်စုတို့ကြားတွင် ရန်ငြိုးများ အလွန်နက်ရှိုင်းလှပြီး ထိုဝူပါ့ထျန်းမှာ အမြဲတမ်း ပြဿနာရှာတတ်သူဖြစ်သည်။
"ဘီလီယံ သုံးဆယ်သုံး…" လုံခဲ့သည် ဝူပါ့ထျန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဘီလီယံ သုံးဆယ်လေး…" ဝူပါ့ထျန်းသည် ဂုဏ်ယူသောအပြုံးဖြင့် ပြောလိုက်သည်။
"ဘီလီယံ သုံးရာ့ငါးဆယ်…"
"ဘီလီယံ သုံးရာ့ခြောက်ဆယ်…"
နှစ်ဦးသားသည် ဈေးနှုန်းကို ဘီလီယံ လေးရာအထိ လျင်မြန်စွာ မြှင့်တင်လိုက်ကြသည်။ လုံခဲ့သည် ဘီလီယံ လေးရာဟု ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ ဝူပါ့ထျန်းက အေးအေးဆေးဆေးပင် "ဘီလီယံ လေးရာ့တစ်ဆယ်…" ဟု ဆိုလိုက်သည်။
"ဘီလီယံ ငါးရာ…" လုံခဲ့သည် ဈေးကို ဘီလီယံ ငါးရာသို့ ရုတ်တရက် မြှင့်တင်လိုက်သည်။
ဝူပါ့ထျန်းက ပြုံး၍ "ဘီလီယံ ခြောက်ရာ…"ဟုအော်လိုက်သည်။
"ဘီလီယံ ခုနစ်ရာ…" လုံခဲ့သည် ဆက်၍ အော်ဟ်လိုက်သည်။
"ဘီလီယံ ရှစ်ရာ…" ဝူပါ့ထျန်းသည် ပခုံးကိုတွန့်ကာ အေးအေးဆေးဆေးပင် ပြုံးလျက် ဆိုလိုက်သည်။ ၎င်း၏ ပုံစံမှာ ဘီလီယံ ရှစ်ရာဟူသော ပမာဏသည် သာမန်ကျောက်ခဲလေး ရှစ်ရာလောက်သာ ရှိသကဲ့သို့ အလွန်ပေါ့ပါးနေပသည်။
ထိုအသံကို ကြားသောအခါ အခန်းနားတွင်းရှိ လူတိုင်း ထိတ်လန့်သွားကြသည်။ စွမ်းအားကြီးလှသော ရှောင်ယောင်တောက်မန်ကဲ့သို့ အဖွဲ့အစည်းပင်လျှင် ခေါင်းခါယမ်းကာ အသံမထွက်ရဲတော့ပေ။
ချောင်းဝိညာဉ်ကျောက်တုံး ဘီလီယံ ၈၀၀ ဆိုသည်မှာ မည်မျှများပြားသော ပမာဏဖြစ်သည်ကို လူတိုင်းသိကြပေသည်။ ဟုန့်မုန်လောကရှိ ထိပ်တန်းအင်အားစု အများအပြားပင် ထိုပမာဏကို စုဆောင်းနိုင်ခြင်း မရှိကြပေ။
လုံခဲ့လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘီလီယံ ၈၀၀ ဟူသော ဈေးနှုန်းမှာ ထိုမီးကျောက်တုံး၏ တန်ဖိုးထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။
"ဒီ ဝူပါ့ထျန်းက တကယ့်ကို မုန်းစရာကောင်းတာပဲ" လုံခဲ့၏ နောက်ကွယ်မှ အစေခံမလေးသည် ဝူပါ့ထျန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဝူပါ့ထျန်းသည် အထူးခန်းမှ လုံခဲ့ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရယ်မောလိုက်ပြီး "လုံခဲ့သခင်မလေး... ဘာလို့ ဒီလောက်မြန်မြန် ရပ်သွားရတာလဲ၊ မိစ္ဆာမျိုးနွယ်စုက ဒီလောက်ေငွေလးကို နှမြောနေတာတော့မဟုတ်ပါဘူးေနာ်" ဟု လှောင်ပြောင်လိုက်သည်။
လုံခဲ့နှင့်အတူ ပါလာသော မိစ္ဆာမျိုးနွယ်စုမှ ပညာရှင်များအားလုံး မျက်နှာပျက်ယွင်းသွားကြသည်။
လုံခဲ့က ပြန်အော်လိုက်သည် "ဘီလီယံ ကိုးရာ…"
ဝူပါ့ထျန်းက ပြုံးလိုက်ပြီး "မိစ္ဆာမျိုးနွယ်စုမှာ ဘီလီယံအနည်းငယ်တောင် မရှိဘူး ထင်နေတာ၊ ကြည့်ရတာ အိတ်ကပ်ထဲမှာ အကြွေလေးတွေ ကျန်သေးသားပဲ" ဟု ဆိုကာ လေလံမှူးကို လက်ညှိုးထိုးပြလျက် "ဝမ်း ထရီလီယံ" ဟု အော်လိုက်သည်။
“တစ်ထရီလီယံလား…”
ဝူပါ့ထျန်း၏ အသံသည် အသံလှိုင်းများအဖြစ် ပျံ့လွင့်သွားပြီး ခန်းမတစ်ခွင်လုံးကို ဟိန်းထွက်သွားစေသည်။ ထိုစဉ်လူတိုင်းလည်း ဆွံ့အသွားကြသည်။ လုံခဲ့၏ စိတ်ထဲတွင် လေးလံသွားရသည်။ ယခုတစ်ကြိမ်တွင် သူမ တစ်ထရီလီယံသာ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဝူပါ့ထျန်းသည် အထူးခန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး "တစ်ထရီလီယံလေ... မိစ္ဆာမျိုးနွယ်စုကတော့ ကြောက်သွားပြီထင်တယ်၊ တခြားရော ဘယ်သူ ဈေးပြိုင်ချင်သေးလဲ" ဟု မေးလိုက်သည်။
"မိစ္ဆာမျိုးနွယ်စုက သူရဲဘောကြောင်တာပဲ" ဟူသော စကားကြောင့် လုံခဲ့နောက်မှ ပညာရှင်များ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေတော့သည်။
မည်သူမျှ ဈေးမပြိုင်နိုင်တော့ဟု အားလုံးမှ ထင်မှတ်နေစဉ်မှာပင် ရုတ်တရက် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာေလသည်။
"ဟုန့်မုန်စွမ်းအင် နှစ်သန်း…"
လူတိုင်း အံ့ဩသွားကြပြီး အသံလာရာ နေရာကို လှည့်ကြည့်လိုက်ကြသည်။ လုရီဖျင်၏ ဘေးတွင် ထိုင်နေသော ကျိုးပုယီမှာ လုရီဖျင်၏ အသံကို ကြားလိုက်ရသဖြင့် မှင်သက်သွားပြီး လုရီဖျင်ကို အံ့အားသင့်တကြီး လှည့်ကြည့်လိုက်မိသည်။
ဟုန်မုန်းစွမ်းအင် နှစ်သန်းဆိုသည်မှာ ချောင်းဝိညာဉ်ကျောက်တုံး နှစ်ထရီလီယံ နှင့် ညီမျှပေသည်။
အစောပိုင်း ဝူပါ့ထျန်း၏ တစ်ထရီလီယံမှာ အလွန်ပင် ထိတ်လန့်စရာကောင်းနေပြီ ဖြစ်သော်လည်း ယခုအခါ လုယီဖျင်မှ တိုက်ရိုက်ပင် နှစ်ထရီလီယံဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်လေသည်။
အထူးခန်းထဲရှိ လုံခဲ့ပင်လျှင် ထောင့်တစ်နေရာတွင် ထိုင်နေသော အပြာရောင်ဝတ်စုံဖြင့် လူငယ်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိသည်။
ဝူပါ့ထျန်း၏ အကြည့်တို့သည် လုရီဖျင်ထံသို့ ကျရောက်သွားပြီး သူသည်လည်း အလားတူပင် အံ့သြမှင်သက်သွားရသည်။ အစောပိုင်းသူ ဈေးအော်နေစဉ်တွင် အလွန်တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် တစ်ထရီလီယံ ဆိုသည်မှာ သူ၏ အကန့်အသတ်ေပးနိုင်သည့် ေစျးပင် ဖြစ်သည်။
လုရီဖျင်၏ မျက်နှာမှာမူ ပုံမှန်အတိုင်းပင် တည်ငြိမ်နေခဲ့သည်။
နောက်ဆုံးတွင် ထိုမီးလျှံကျောက်တုံး ကို လုရီဖျင်ကပင် ဝယ်ယူနိုင်ခဲ့သည်။ လုရီဖျင်သည် ဟုန့်မုန်စွမ်းအင်နှစ်သန်း ပေးချေပြီးနောက် ဝမ်ပေါင်ကုန်သွယ်ရေးအသင်းမှ မီးလျှံကျောက်တုံးကို လုရီဖျင်ထံသို့ လာရောက် ပေးအပ်ခဲ့သည်။
ဝူပါ့ထျန်းသည် လုရီဖျင်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ဘာမျှမပြောဘဲ ဝူမျိုးနွယ်စုမှ ပညာရှင်များနှင့်အတူ ထွက်ခွာသွားတော့သည်။
"ဒီလူရဲ့ အထောက်အထားကို စုံစမ်းခိုင်းလိုက်ရမလား" ဟု ကုန်သွယ်ရေးအသင်းမှ ထွက်လာပြီးနောက် ဝူမျိုးနွယ်စုမှ ပညာရှင်တစ်ဦးက ဝူပါ့ထျန်းကို လမ်းညွှန်ချက် တောင်းခံလိုက်သည်။
"သူ့အထောက်အထားက ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး၊ ဝမ်ပေါင်မြို့ကနေ ထွက်တာနဲ့ သူ့ကို သတ်ပစ်လိုက်ရုံပဲ" ဟု ဝူပါ့ထျန်းက အေးစက်စက် ပြောလိုက်သည်။
ဝူမျိုးနွယ်စုသည် မိစ္ဆာမျိုးနွယ်စုကိုပင် ဂရုမစိုက်ရာ၊ မည်သည့်နေရာမှမသိ ပေါ်လာသော လူတစ်ယောက်ကို ပုရွတ်ဆိတ်သဖွယ်သာ သဘောထားခဲ့သည်။ ဝူမျိုးနွယ်စုဝင်များသည်လည်း ခေါင်းငြိမ့်သေဘာတူလိုက်ကြသည်။
ဝူမျိုးနွယ်စုသည် လူသတ်သည့်အခါ တစ်ဖက်လူ၏ အဆင့်အတန်းကို ဂရုစိုက်လေ့မရှိေပ။ မည်သူပင်ဖြစ်စေ နောက်ခံမည်မျှပင် တောင့်တင်းစေကာမူ မိစ္ဆာမျိုးနွယ်စုထက် ပို၍အင်အားကြီးရန်မှာ မဖြစ်နိုင်ပေ။
"ပြီးတော့... ကမ္ဘာဦးပုဆိန်ရဲ့ သတင်းကိုလည်း စုံစမ်းခိုင်းလိုက်ဦး" ဟု ဝူပါ့ထျန်းက ဆက်ပြောသည်။ "အဲဒီပုဆိန်မှာ ကောင်းကင်နဲ့မြေကြီးကို ခွဲထုတ်ခဲ့တဲ့ မာစတာပန့်ကူးရဲ့ ဆန္ဒတွေ ပါဝင်နေတယ်။ ငါ့ခမည်းတော်သာ အဲဒီပုဆိန်ကို ရခဲ့ရင် ကမ္ဘာဦးနယ်ပယ်ကို နားလည်သဘောပေါက်သွားလိမ့်မယ်။ အဲဒီအခါကျရင် နျိုဝါဆိုတဲ့ မိန်းမကိုလည်း ဂရုစိုက်နေစရာမလိုတော့ဘူး"
ဝူမျိုးနွယ်စုမှ လူအချို့သည် ရိုသေစွာဖြင့် တုံ့ပြန်လိုက်ကြသည်။
လုရီဖျင်သည် မီးလျှံကျောက်တုံးကို ရရှိပြီးနောက် ကုန်သွယ်ရေးအသင်းမှ ချက်ချင်း ထွက်မသွားခဲ့သေးပေ။ ကျိုးပုယီနှင့် လမ်းခွဲပြီးနောက် ဝမ်ပေါင်ကုန်သွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဝမ်ရှီမင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
လုရီဖျင်သည် ဟုန့်မုန်စွမ်းအင် နှစ်သန်းသုံး၍ ကျောက်တုံးဝယ်ခဲ့သည့် သတင်းကြောင့် ဝမ်ရှီမင်းသည် သူ့ကို အလွန်ပင် ယဉ်ကျေးပျူငှာစွာ လက်ခံတွေ့ဆုံခဲ့သည်။ သို့သော် လုရီဖျင်သည် လူနှစ်ယောက်ကို ရှာဖွေပေးရန် ဝမ်ပေါင်ကုန်သွယ်ရေးအသင်းကို အကူအညီတောင်းခံမည်ဟု သိလိုက်ရသောအခါ သူ အံ့အားသင့်သွားခဲ့ရသည်။
"ညီအစ်ကို လုက ဘယ်သူ့ကို ရှာချင်လို့လဲ" ဝမ်ရှီမင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
လုရီဖျင်သည် သူ့ မိဘနှစ်ပါး၏ ရုပ်သွင်ပြင်နှင့် ထူးခြားချက်များကို အသေးစိတ် ဖော်ပြလိုက်ပြီး
"လူတစ်ယောက်ကို ရှာတွေ့ရင် ဟုန့်မုန်စွမ်းအင် တစ်သန်း ပေးမယ်" ဟု ဆိုလိုက်သည်။
"ဟုန့်မုန်စွမ်းအင် တစ်သန်းလား" ဝမ်ရှီမင်း ဆွံ့အသွားရသည်။ လူတစ်ယောက်ကို ရှာဖို့အတွက် ဟုန့်မုန်စွမ်းအင် တစ်သန်းလောက်အထိ သုံးမည့်သူရှိသည်မှာ သူ့အတွက်တော့ မယုံနိုင်စရာ ဟာသတစ်ခုကဲ့သို့ပင် ဖြစ်နေေလသည်။
"ဟုတ်တယ်၊ တစ်သန်း.." လုရီဖျင်သည် တည်ကြည်စွာပင် ပြောလိုက်လေသည်။
ထို့နောက်တွင် ဝမ်ရှီမင်းသည် ထိုတာဝန်ကို လက်ခံသေဘာတူခဲ့ပြီး လုရီဖျင် ရှာဖွေနေသည့် လူနှစ်ဦးကို ရှာတွေ့နိုင်ရန် ကုန်သွယ်ရေးအသင်းမှ အစွမ်းကုန် ကူညီပေးမည်ဖြစ်ကြောင်း အာမခံေပြာကြားခဲ့သည်။ လုရီဖျင်သည် ပြန်ခါနီးတွင် စရန်ငွေအဖြစ် ဟုန့်မုန်စွမ်းအင် နှစ်သိန်းကို ပေးချေခဲ့သည်။
ဝမ်ပေါင်ကုန်သွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဝမ်ရှီမင်းကိုယ်တိုင် လုရီဖျင်ကို အသင်းပြင်ပအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်မှာ အလွန်ပင် ရှားပါးလှသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ဟုန့်မုန်စွမ်းအင် နှစ်သန်းတန်ကြေးရှိသော လုပ်ငန်းတာဝန်ဖြင့်အတူ ဝမ်ရှီမင်းသည် စေတနာဖြင့် သတိပေးစကား ဆိုလိုက်ေလသည်။
"ညီအစ်ကိုလု... ခင်ဗျား လေလံပွဲမှာ ဝူပါ့ထျန်းကို အတော်လေး အငြိုးပွားအောင် လုပ်မိသွားတာပဲ။ အခုတလော ဝမ်ပေါင်မြို့ထဲကနေ အပြင်ကိုမထွက်ေသးတာ အကောင်းဆုံးပဲဗျ…"
လုရီဖျင်ကလည်း ခေါင်းငြိမ့်ပြကာ ကျေးဇူးတင်စကားဆိုပြီး ထွက်ခွာလာခဲ့သည်။
ကုန်သွယ်ရေးအသင်းမှ ထွက်လာပြီးနောက် လုရီဖျင်သည် ဟုန့်မုန်စွမ်းအင် နှစ်သိန်းသုံး၍ ဝမ်ပေါင်မြို့ထဲတွင် ခမ်းနားလှသော စံအိမ်တော်ကြီးတစ်ခုကို ဝယ်ယူလိုက်သည်။ ထို့နောက် မီးလျှံကျောက်တုံးကို ထုတ်ယူကာ စံအိမ်တော်အတွင်း၌ စတင် သန့်စင်ကျင့်ကြံလေတော့သည်။
မီးလျှံကျောက်တုံးသည် တာအိုသီးနှံကဲ့သို့ မဟုတ်ပေ။ တာအိုသီးနှံမှာ တည်ဆောက်ခြင်းသစ်ပင်ကျန့်မုမှ ဆင်းသက်လာခြင်းဖြစ်ပြီး လုရီဖျင်သည် ထိုသစ်ပင်နှင့် တစ်သားတည်း ဖြစ်နေသောကြောင့် သန့်စင်ရန် လွယ်ကူသော်လည်း မီးလျှံကျောက်တုံးအတွင်းရှိ သက်ရှိစွမ်းအင်များကို သန့်စင်ရန်မှာမူ ထင်သလောက် မလွယ်ကူလှပေ။
လုရီဖျင်အနေဖြင့် ထိုကျောက်တုံးအတွင်းရှိ စွမ်းအင်များကို လုံးဝဥဿုံ သန့်စင်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။ သန့်စင်ပြီးနောက်တွင် သူ၏ တာအိုဘိုးဘေးစွမ်းအားမှ ဆယ်သန်း ပမာဏခန့်သာ တိုးမြင့်လာခဲ့သည်။
အခြားသော တာအိုဘိုးဘေးများအတွက်မူ ဆယ်စုနှစ်အနည်းငယ်အတွင်း ဆယ်သန်းအထိ တိုးတက်လာခြင်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသော်လည်း လုရီဖျင်အတွက်မူ လိပ်တစ်ကောင် သွားနေသကဲ့သို့ အလွန်ပင် နှေးကွေးလွန်းလှသည်။
"ကြည့်ရတာ... တာအိုသီးနှံတွေကိုပဲ ဆက်ပြီး သန့်စင်ကျင့်ကြံရဦးမယ် ထင်တယ်" ဟု လုရီဖျင်သည် သူ့အတွေးဖြင့်သာ တွေးလိုက်မိသည်။
တည်ဆောက်ခြင်းသစ်ပင်သည် တာအိုဘိုးဘေးများကို တိုက်ရိုက် ဝါးမြိုနိုင်ခြင်း မရှိသော်လည်း စွမ်းအားကြီးလှသော သူတော်စင်ဧကရာဇ်ဘုရင်အဆင့်ရှိ တာအိုသီးနှံများကို သန့်စင်ခြင်းမှာ မီးလျှံကျောက်တုံးကို သန့်စင်ခြင်းထက် ပို၍ မြန်ဆန်ပေလိမ့်မည်။
ယခုမူ မြို့ပြင်သို့ ထွက်ရန် အချိန်တန်ပြီဖြစ်သည်။
လုရီဖျင်သည် ထိုင်နေရာမှ ထကာ စံအိမ်တော်မှ ထွက်ခွာခဲ့ပြီး ဝမ်ပေါင်မြို့ပြင်သို့ ထွက်လာခဲ့သည်။ လုယီဖျင် မြို့ပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် အပြင်ဘက်တွင် စောင့်ကြိုနေသော ဝူမျိုးနွယ်စုမှ ပညာရှင် တစ်ဒါဇင်ကျော်သည် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြလေတော့သည်။
***