လုရီဖျင်သည် သူ၏နောက်တွင် လိုက်ပါလာသော ဝူ မျိုးနွယ်စုဝင် ဆယ်ဂဏန်းခန့်ကို သတိမပြုမိသွားခဲ့သည်။ ဝမ်ပေါင် မြို့မှ ထွက်ခွာလာပြီးနောက် သူသည် လူသူကင်းမဲ့သော တောင်တန်းများဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့သည်။
လုရီဖျင်သည် တောင်ကုန်းတစ်ခုကို ဖြတ်သန်းသွားစဉ်မှာပင် သူ၏နောက်မှ ဝူမျိုးနွယ်စုဝင် ဆယ်ယောက်ကျော်မှာ အရှိန်မြှင့်တင်လိုက်ပြီး လုရီဖျင်၏ ရှေ့မှ ပိတ်ဆို့တားဆီးလိုက်ကြသည်။
လုရီဖျင်သည် သူ့ကို တားဆီးထားသော ဝူမျိုးနွယ်စုဝင် ဆယ့်လေးယောက်ကို ကြည့်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် "ခင်ဗျားတို့ တစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။
လေလံပွဲတွင် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် သူသည် သန်း ၇၀၀ အဆင့်ရှိသော တာအိုဘိုးဘေး တစ်ဦးဖြစ်ကြောင်း ဝူမျိုးနွယ်စုဝင်များ သိရှိထားပြီးဖြစ်ေသာကြောင့် ယခုအချိန်တွင် ဝူမျိုးနွယ်စုမှ စေလွှတ်လိုက်သည့် ဝူမျိုးနွယ်စုဝင် ဆယ့်လေးယောက်မှာ အားနည်းသူများ မဟုတ်ကြပေ။
တစ်ဦးမှာ သန်း ၈၀၀ တာအိုဘိုးဘေး ဖြစ်သည်။
ကျန်နှစ်ဦးမှာ သန်း ၇၀၀ တာအိုဘေးများ ဖြစ်ကြသည်။ ကျန်ရှိသော ဆယ့်တစ်ဦးထဲတွင် သုံးဦးမှာ အလယ်အလတ်အဆင့် တာအိုဘိုးဘေးများဖြစ်ပြီး၊ ငါးဦးမှာ ထိပ်တန်းအဆင့် သူတော်စင်ဧကရာဇ်ဘုရင်များနှင့် ကျန်ခြောက်ဦးမှာလည်း အဆင့်မြင့် သူတော်စင်များ ဖြစ်ကြသည်။
ထိုကဲ့သို့သော အင်အားစုမျိုးသည် ဟုန့်မုန် လောကရှိ ထိပ်သီးအင်အားစု အများအပြားကို အမြစ်ပြတ်ချေမှုန်းရန် လုံလောက်ေပသည်။ ဟုန့်မုန်လောကရှိ ထိပ်သီးအင်အားစု အချို့တွင် တာအိုဘိုးဘေး နှစ်ဦး သို့မဟုတ် သုံးဦးသာ ရှိတတ်ပြီး အလယ်အလတ်အဆင့် တာအိုဘိုးဘေးပင် မရှိကြပေ။
သန်း ၈၀၀ တာအိုဘိုးဘေးသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး "တစ်ခုခုလား ရှိတာပေါ့၊ ပြီးတော့ အဲဒါကလည်း ကိစ္စကောင်းတစ်ခုပဲ" ဟု ပြောလိုက်ရာ ကျန်ရှိသော ဝူမျိုးနွယ်စုဝင် ဆယ့်သုံးဦးလုံးလည်း သံပြိုင် ရယ်မောကြလေသည်။
လုရီဖျင်သည် မီးလျှံတိမ်တိုက်ကျောက်ကို ဝယ်ယူစဉ်က ဟုန့်မုန်စွမ်းအင်အပိုင်းအစ ၂ သန်းကို မျက်တောင်တစ်ချက်မခတ်ဘဲ ထုတ်ပေးခဲ့သဖြင့် သူ၏ ကြွယ်ဝမှုမှာ အံ့မခန်းဖြစ်ရမည်ဟု ဝူပါ့ထျန်း ယူဆကာ တာအိုဘိုးဘေး အများအပြားကို လုရီဖျင်အား စောင့်ကြိုတိုက်ခိုက်ရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
"အင်း….တကယ့်ကို ကိစ္စကောင်းတစ်ခုပဲ ဖြစ်မယ်ထင်တယ်" လုရီဖျင်သည် ဝူမျိုးနွယ်စုဝင် ဆယ့်လေးယောက် ရယ်မောနေသည်ကို မြင်သောအခါ သူကိုယ်တိုင်လည်း ရယ်မောလိုက်ပြီး ရုတ်တရက် လှုပ်ရှားလိုက်သည်။
ထိုစဦ် လုရီဖျင်၏ ဦးခေါင်းထက်၌ ချင်းယွမ်တိမ်တိုက် ပေါ်လာပြီး၊ ကျန့်မုသစ်ပင်ကို ဆင့်ခေါ်လိုက်ကာ ဘယ်ဘက်လက်တွင် ကမ္ဘာဦးခေါင်းလောင်း နှင့် ညာဘက်လက်တွင် ပုကျိုးတောင်တို့ကို ကိုင်ဆောင်လိုက်သည်။
လုရီဖျင်၏ အင်အားအပြည့်ဖြင့် တွန်းထုတ်လိုက်မှုအောက်တွင် ကမ္ဘာဦးခေါင်းလောင်းသည် လက်ထဲမှ ပြေးထွက်သွားသလိုပင် တစ်ချိန်တည်းမှာပင် ပုကျိုးတောင်ကိုလည်း လွှဲထုတ်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများသည် ကမ္ဘာဦးခေါင်းလောင်းနှင့် ပုကျိုးတောင်တို့ထံမှ စီးထွက်လာေလသည်။
ဝူမျိုးနွယ်စုဝင် ဆယ့်လေးယောက်သည် ၎င်းတို့ စိတ်ကူးထားသည်ထက် ကျော်လွန်သော စွမ်းအားကို ခံစားလိုက်ရသဖြင့် မျက်နှာအမူအရာများ ရုတ်တရက် ပျက်ယွင်းသွားကြသည်။
"ကမ္ဘာဦးသစ်ပင် ၊ ကမ္ဘာဦးခေါင်းလောင်း "
"အစွမ်းကုန် ခုခံကြ…" သန်း ၈၀၀ တာအိုဘိုးဘေးသည် အားအပြည့် ဟိန်းဟောက်လိုက်ပြီး ဓားကြီးတစ်လက်ကို ထုတ်ကာ ကမ္ဘာဦးခေါင်းလောင်းဆီသို့ ပိုင်းချလိုက်သည်။ ကျန်ရှိသော ဆယ့်သုံးဦးမှာလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ဝူမျိုးနွယ်စု တာအိုဘိုးဘေး ဆယ့်လေးယောက်၏ စွမ်းအား၊ သူတော်စင်ဘုရင်များ၏ စွမ်းအားနှင့် ကမ္ဘာဦးခေါင်းလောင်း၊ ပုကျိုးတောင်တို့ အရှိန်ပြင်းစွာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဝူမျိုးနွယ်ဝင် ဆယ့်လေးယောက်လုံး လွင့်စင်ထွက်သွားခဲ့ေလသည်။
ကမ္ဘာဦးခေါင်းလောင်း၏ မြည်ဟည်းသံမှာ အချိန်အတော်ကြာအောင် ဆက်တိုက်ထွက်ပေါ်နေပြီး ဝမ်ပေါင်မြို့နှင့် ပတ်ဝန်းကျင်မြို့များအထိ ပျံ့နှံ့သွားခဲ့သည်။
လုရီဖျင်သည် တစ်ချက်တည်းဖြင့် ထိုလူ ဆယ့်လေးယောက်ကို ရိုက်ထုတ်ပြီးနောက် တိုက်စစ်ကို မရပ်တန့်ဘဲ သစ်ပင်အကိုင်းအခက် ထောင်ပေါင်းများစွာကို ဧရာမ ကျာပွတ် ကုဋေပေါင်းများစွာအဖြစ် ပြောင်းလဲကာ ဝူမျိုးနွယ်စုဝင်များကို ထပ်မံ ရိုက်လွှတ်လိုက်ေလသည်။
ထိုလူတစ်ဆယ့်လေးယောက် ထပ်မံလွင့်စင်သွားစဉ် လုရီဖျင်သည် ကိုယ်ရောင်ဖျောက်ကာ သူတော်စင်ဧကရာဇ်ဘုရင်များရှိရာသို့ တိုးသွားခဲ့သည်။ ယခုအခြေနေမှာ ဝူမျိုးနွယ်စုမှ လာရောက်ဆက်သသည့် မဟာတာအို အသီးအနှံများဖြစ်ရာ လုရီဖျင် လက်လွှတ်ခံမည် မဟုတ်ပေ။
"သူ့ကို သတ်ကြစမ်း…" သန်း ၈၀၀ တာအိုဘိုးဘေးသည် ဒဏ်ရာများကို ဂရုမစိုက်ဘဲ လုရီဖျင်ဆီသို့ တစ်ဖန် ပြေးဝင်လာပြီး ဟိန်းဟောက်လိုက်ေလသည် "မင်းမှာ သတ္တိရှိရင် ကမ္ဘာဦးသစ်ပင်နဲ့ ကမ္ဘာဦးခေါင်းလောင်းကို အသုံးမပြုဘဲ တိုက်စမ်းပါကွ…"
လုရီဖျင်သည်လည်း သဘောတူကာ ကမ္ဘာဦးခေါင်းလောင်းနှင့် ကမ္ဘာဦးသစ်ပင်ကို အသုံးမပြုဘဲ လက်သီးကို မြှောက်ကာ တုံ့ပြန်လိုက်သည်။ လက်သီးချင်း ထိပ်တိုက်တွေ့သွားသောအချိန်တွင် ဝူမျိုးနွယ်စု၏ သန်း ၈၀၀ တာအိုဘိုးဘေးသည် မိမိ မခုခံနိုင်လောက်အောင် ပြင်းထန်သည့် စွမ်းအားကို ခံစားလိုက်ရပြီး လက်မောင်းမှ အရိုးကျိုးသံများဖြင့်အတူ နောက်သို့ တစ်ဖန် လွင့်စင်သွားရေလသည်။
သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး မြေကြီးဖြင့်ပွတ်တိုက်မိကာ အဝေးသို့လွင့်စင်သွားခဲ့သည်။ လုရီဖျင်သည်လည်း ခြေတစ်လှမ်းလှမ်းကာ သူ၏ရှေ့သို့ ရောက်ရှိသွားေလသည်။
သူသည် လုရီဖျင်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ပြီး "မင်းရဲ့အင်အားက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ" ဟု မေးလိုက်ေလသည်။ သူသည် လုရီဖျင်ထက် သန်း ၁၀၀ ပိုသော တာအိုဘိုးဘေးတစ်ဦးဖြစ်သော်လည်း အဝေးသို့ ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။
"ဘာလို့ ဒီလောက်သန်မာရတာလဲ ဟုတ်လား…" လုရီဖျင် ခနဲ့တဲ့တဲ့ ရယ်မောလိုက်ေလသည်။ သူ၏ တစ်ကိုယ်လုံးတွင် အလင်းတန်းများ ဝန်းရံလာပြီး ဖန်စဉ်းခြင်းမဟာတာအိုလမ်းစဉ်၏ အင်းကွက်သင်္ကေတများကို စုစည်းလိုက်ေလသည်။
"ပထမဆုံးသော တာအိုခန္ဓာကိုယ်ပဲ…"
"ဖန်စဉ်းခြင်း တာအိုခန္ဓာကိုယ်ပဲ…"
ဝူမျိုးနွယ်စုမှ တာအိုဘိုးဘေး ခြောက်ဦးလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ လုရီဖျင်သည် ပထမဆုံးသော တာအိုခန္ဓာကိုယ်ဖြစ်သည့် ဖန်စဉ်းခြင်းတာအိုခန္ဓာကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝမထင်မှတ်ထားကြပေ။
လုရီဖျင်သည် စကားအရှည်ကြီး မပြောတော့ဘဲ ထပ်မံတိုက်ခိုက်လိုက်ေတာ့သည်။ ဝူမျိုးနွယ်စုမှ တာအိုဘိုးဘေး ခြောက်ဦးမှာလည်း လုရီဖျင်၏ ပြင်းထန်သော ထိုးနှက်ချက်များကို ခံစားခဲ့ရပြီး မကြာမီမှာပင် ပြန်မခုခံနိုင်တော့သည့်အထိ အားအင်များ ေလျာ့နည်းသွားကြေလသည်။
လုရီဖျင်သည် ထိုလူခြောက်ဦး၏ စွမ်းအားများကို ချိတ်ပိတ်လိုက်ပြီး ထွက်ခွာသွားခဲ့ေတာ့သည်။
လုရီဖျင်င် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ဝူမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ငယ် ဝူပါ့ထျန်း အခြေနေအကြောင်း သတင်းရရှိသွားခဲ့သည်။
"ဘာ…ဝူလုံ နဲ့ တခြားလူတွေကို အဆက်အသွယ် ပြတ်သွားတယ် ဟုတ်လား" ဝူပါ့ထျန်း၏ မျက်နှာမှာ မည်းေမှာင်သွားခဲ့သည်။
"ဟုတ်ပါတယ်…"
"ဒါဆိုသွားရှာကြလေ…ဘာလုပ်နေကြတာလဲ၊ ဟုန့်မုန်လောက တစ်ခုလုံးကို မြေလှန်ရှာရရင်တောင် အဲဒီလူတွေကို ငါ့ဆီအရောက် ခေါ်လာခဲ့ကြ"ဝူပါ့ထျန်းသည် ဒေါသစိတ်ပြင်းထန်စွာဖြင့် အော်ဟစ်လိုက်လေသည်။
လုရီဖျင်သည် ထွက်ခွာလာပြီးနောက် လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုကို ရွေးချယ်ကာ ကမ္ဘာဦးသစ်ပင်ကို အသုံးပြု၍ သူတော်စင်ဧကရာဇ်ရှစ်ဦးကို ဝါးမြိုစေခဲ့သည်။ ထို့နောက် လူရှစ်ဦး၏ မဟာတာအိုအသီးအနှံများကို ယူဆောင်ကာ တစ်ခုပြီးတစ်ခု စတင်သန့်စင်လေတော့သည်။
ဝူမျိုးနွယ်စု၏ သူတော်စင်ဧကရာဇ်ရှစ်ဦးစလုံးမှာ ထိပ်တန်းအဆင့်များဖြစ်ကြပြီး အားလုံးမှာ သန်း ၁၇၀၀ အထက် စွမ်းအားရှိသူများ ဖြစ်ကြသည်။ နှစ်ဦးမှာ သူတော်စင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဖြစ်သည်။ ထို့ကြောင့် လုရီဖျင်သည် လူရှစ်ဦး၏ အသီးအနှံများကို သန့်စင်လိုက်သောအခါ တိုးတက်မှုမှာ အလွန်သိသာလာခဲ့သည်။
သန့်စင်ခြင်းနယ်မြေရှိ သူတော်စင်ဘုရင်လေးဆယ်ကျော်ကို သန့်စင်ခြင်းသည် အံ့မခန်း မဟုတ်သော်လည်း လုရီဖျင်၏ စွမ်းအားမှာ သန်း ၉၃၀,၀၀၀ ကျော်အထိ တိုးတက်သွားခဲ့သည်။
"ဒူ ၉၃၀,၀၀၀ ကျော်ပဲ..." လုရီဖျင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တာအိုဘိုးဘေး စွမ်းအားများ စီးဆင်းနေမှုကို ခံစားနေရပြီဖြစ်သည်။ သူသည် သန်း ၁,၀၀၀၊ တစ်ဘီလီယအဆင့်ကို မကျော်ဖြတ်နိုင်သေးသော်လည်း ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ပင် သန်း ၁,၁၀၀ ရှိသော ထိပ်တန်းတာအိုဘိုးဘေးတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့စရာ မလိုတော့ပေ။
သူသည် ယခုအခါ သန်မာနေပြီဖြစ်သော်လည်း ဝူမျိုးနွယ်စုတစ်ခုလုံးနှင့် ရင်ဆိုင်ရန်မှာ မလုံလောက်သေးပေ။ ထို့ကြောင့် သူ၏ အင်အားကို တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်သို့ အမြန်ဆုံး ရောက်အောင် မြှင့်တင်ရမည်ဖြစ်သည်။
လုရီဖျင်သည် လေထဲသို့ ပျံတက်ကာ ထွက်ခွာလာခဲ့သည်။ မြို့တစ်မြို့ကို ဖြတ်သန်းစဉ် ဝူမျိုးနွယ်စု၏ နယ်မြေအကြောင်း စုံစမ်းပြီးနောက် ထိုနယ်မြေဆီသို့ ဦးတည်သွားခဲ့သည်။
တစ်ခါတစ်ရံတွင် အန္တရာယ်အရှိဆုံးနေရာမှာ အလုံခြုံဆုံးနေရာ ဖြစ်နေတတ်သည်။
ယခုအခါ ဝူမျိုးနွယ်စုမှ သူ့ကို လိုက်လံရှာဖွေနေချိန်တွင် သူသည် ဝူမျိုးနွယ်စု၏ နယ်မြေအတွင်းသို့ လာရဲလိမ့်မည်ဟု ၎င်းတို့ လုံးဝတွေးမိမည်မဟုတ်ပေ။
နာရီဝက်ခန့်အကြာတွင် လုရီဖျင်သည် ဝူမျိုးနွယ်စု နယ်မြေအတွင်းသို့ ရောက်ရှိလာပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သည်။ မကြာမီမှာပင် တောင်တန်းတစ်ခု၌ ကျင့်ကြံနေသော ဝူမျိုးနွယ်စု၏ ထိပ်တန်းသူတော်စင်ဧကရာဇ် အဆင့်ရှိ ပညာရှင်တစ်ဦးကို ရှာတွေ့သွားခဲ့သည်။
ယခုအချိန်တွင် သူ၏ အင်အားကို အမြန်ဆုံး မြှင့်တင်လိုပါက ထိပ်တန်းသူေတာ်စင်များ၏ မဟာတာအိုအသီးအနှံများကို ဝါးမြိုရန်သာ လိုတော့သည်။
ထိုနေရာသို့ ရောက်ရှိပြီးနောက် လုရိီဖျင်သည် တိုက်ခိုက်မှုကြောင့် မည်သည့်အသံမျှ အပြင်သို့ မပေါက်ကြားစေရန် စွမ်းအင် အကာအကွယ်အတားအဆီး တစ်ခုကို အလျင်အမြန် တည်ဆောက်လိုက်သည်။ ထို့နောက် ဝူမျိုးနွယ်စု သူတော်စင်ဧကရာဇ်ဘုရင်များ၏ ဂူအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ကာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ထိုသူတော်စင်ဧကရာဇ်ဘုရင်များကို ဖမ်းဆီးထိန်းချုပ်လိုက်သည်။
လုရီဖျင်၏ လက်ရှိအင်အားကြောင့် ထိုသူေတာ်စင်ဧကရာဇ်ဘုရင်မှာလည်း ခဏချင်းပင် အညံ့ခံလိုက်ရသည်။ ထို့ကြောင့် အခြေနေတစ်ခုလုံးကို အခြားသူများမသိရှိသွားခဲ့ပဲ တစ်ခဏချင်းပြီးစီးသွားခဲ့သည်။ ရန်သူကို အနိုင်ယူပြီးနောက် လုရီဖျင်သည် မဟာတာအိုအသီးအနှံကို စတင်သန့်စင်လေတော့သည်။
တစ်ဖက်လူ၏ မဟာတာအိုအသီးအနှံကို သန့်စင်ပြီးနောက် လုရီဖျင်သည် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး ဝူမျိုးနွယ်စုနယ်မြေအတွင်း နောက်ထပ်ပစ်မှတ်တစ်ခုကို ဆက်လက်ရှာဖွေခဲ့သည်။
လုရီဖျင်သည် သူ၏လှုပ်ရှားမှုမတိုင်မီ စွမ်းအင်အတားအဆီးကို တည်ဆောက်ခဲ့သဖြင့် အခြားသူများကို သတိမမူမိခဲ့သော်လည်း ဝူမျိုးနွယ်စုအနေဖြင့် ပုံမှန်မဟုတ်သောအခြေအနေကို ရှာဖွေတွေ့ရှိရန်မှာ ကြာမြင့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အချိန်ကို အလဟဿမဖြုန်းတီးဘဲ အသီးအနှံများကို ဆက်တိုက်ရှာဖွေနေခြင်းဖြစ်သည်။
မကြာမီမှာပင် လုရီဖျင်သည် ဒုတိယပစ်မှတ်ကို ရှာတွေ့ခဲ့သည်။ ဒုတိယပစ်မှတ်မှာ ပထမတစ်ဦးထက် အင်အားအဆမတန် သန်မာပြီး၊ ပထမတစ်ဦးမှာ သန်း ၁,၂၀၀ ရှိပြီး ဒုတိယလူမှာ သန်း ၁,၅၀၀ ရှိသော သူတော်စင်ဧကရာဇ်ဘုရင် တစ်ဦးဖြစ်သည်။
လုရီဖျင်သည် ယခင်နည်းလမ်းအတိုင်းပင် ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို ထိန်းသိမ်းရန် စွမ်းအင်အတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။ ထို့နောက် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ဝူမျိုးနွယ်စုသူေတာ်စင်ဧကရာဇ်ဘုရင်ကို ဖမ်းဆီးထိန်းချုပ်လိုက်လေသည်။
ထိုသို့ဖြင့်တစ်လခွဲခန့် အချိန်ကုန်ဆုံးသွားခဲ့သည်။
လုရီဖျင်သည် မဟာတာအိုအသီးအနှံ ၁၃ ခုကို ဆက်တိုက်သန့်စင်ပြီးနောက် သူ၏အင်အားမှာ သန်း ၁,၁၀၀ ရှိသော တာအိုဘိုးဘေးအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့ပြီး တာအိုဘိုးဘေး ထိပ်တန်းအဆင့်နယ်ပယ်သို့ ဝင်ရောက်သွားေလသည်။
လုယီဖင်၏ စွမ်းအားမှာ သန်း ၁,၁၀၀သို့ ရောက်ရှိကာစဖြစ်သော်လည်း သူ၏ အမှန်တကယ်တိုက်ခိုက်ရေးစွမ်းရည်မှာ တာအိုဘိုးဘေးအဆင့် အထွတ်အထိပ်ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်ပြီပင်ဖြစ်သည်။
***