လုရီဖျင် တာအိုဘိုးဘေး ထိပ်တန်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက်တွင်မူ သူ၏ အဆင့်တက်လှမ်းမှုမှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
တာအိုဘိုးဘေး ထိပ်တန်းအဆင့်သို့ မရောက်မီ သန်း ၁,၅၀၀ ရှိသော စိန့်ကင်းတစ်ဦး၏ အသီးအနှံကို သန့်စင်ပြီးနောက် တာအိုဘိုးဘေးစွမ်းအား ၁၀ သန်းခန့် တိုးတက်သော်လည်း ယခု ထိပ်တန်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ အသီးအနှံကို သန့်စင်ပြီးပါက တိုးတက်မှုမှာ ၅ သန်းပင် ရှိတော့သည်။
ထို့ကြောင့် လုရီဖျင်အနေဖြင့် တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် ဝူမျိုးနွယ်စု၏ ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင်ပေါင်း ၁၀၀ ကျော်ကို သန့်စင်ရန် လိုအပ်ပေမည်။ ဝူမျိုးနွယ်စုတွင်နူ ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင် အရေအတွက်မှာ အတော်အတန်ရှိသဖြင့် ထိုအရေအတွက်ခန့် ရှာမတွေ့မည်ကိုမူ သူ မစိုးရိမ်ပေ။
လုရီဖျင်သည် မဟာတာအိုအသီးအနှံများကို ဆက်တိုက်သန့်စင်ရင်း အခြားပစ်မှတ်များကိုလည်း မရပ်မနား ရှာဖွေနေခဲ့သည်။ အသီးအနှံတစ်ခုကို သန့်စင်ပြီးေနာက် ရန်သူမှ ရိပ်မိသွားနိုင်ခြေ ရှိနေသဖြင့် သူသည် တစ်မိနစ်၊ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဘဲ အလွန်အမင်း အရေးတကြီး လှုပ်ရှားနေခဲ့သည်။
ဝူမျိုးနွယ်စုနယ်မြေအတွင်းသို့ ရောက်ရှိပြီးနောက် နှစ်လအကြာတွင် လုရီဖျင်၏ တာအိုစွမ်းအားမှာ ၁.၃ ဘီလီယံ သို့ ရောက်ရှိလာခဲ့သည်။
သူသည် အခြားပစ်မှတ်များကို ဆက်လက်သတ်မှတ်ခဲ့သည်။
လေးလအကြာတွင် သူ၏ တာအိုစွမ်းအားမှာ ၁.၅ ဘီလီယံ သို့ ချိုးဖျက်ရောက်ရှိသွားေလသည်။
သို့သော် နောက်ပိုင်းတွင် တိုးတက်မှုမှာ ပို၍ပို၍ နှေးကွေးလာခဲ့သည်။ ဝူမျိုးနွယ်စုနယ်မြေသို့ ရောက်ရှိပြီး ခြောက်လအကြာသည့်အချိန်တွင်ပင် သူသည် ၁.၆ ဘီလီယံ စွမ်းအားကိုသာ ရရှိခဲ့သည်။ လုယီဖင်၏ ၁.၆ ဘီလီယံ စွမ်းအားသည် အခြားသော တာအိုဘိုးဘေးများ၏ ၁.၈ ဘီလီယံနှင့် ညီမျှနေပြီဖြစ်သည်။
ဝူမျိုးနွယ်စုတွင် တာအိုဘိုးဘေး အများအပြား ရှိသော်လည်း ၁.၈ ဘီလီယံထက် ကျော်လွန်သော ပညာရှင်မှာ လက်ချိုးရေတွက်၍ရလောက်အောင်ပင် နည်းပါးလှသည်။ ယခုအခါ လုရီဖျင်၏ အင်အားသည် ဝူမျိုးနွယ်စု၏ ထိပ်သီးပညာရှင် ၁၀ ဦးစာရင်းထဲသို့ အပြည့်အဝ ဝင်ရောက်သွားနိုင်ပြီဖြစ်သည်။ သို့သော် လုရီဖျင်၏ပန်းတိုင် မဟုတ်သေးပေ။ လုရီဖျင် အလိုရှိသည်မှာ တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်ဖြစ်ပြီး ဟုန့်မုန်လောက၏ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန်ဖြစ်သည်။
လုရီဖျင်သည် အခြားပစ်မှတ်တစ်ခုကို ရှာဖွေနေစဉ်မှာပင် ဝူမျိုးနွယ်စု၏ ပင်မခန်းမကြီးအတွင်း၌ ဝူဘိုးဘေးသည် ခန်းမအောက်ရှိ တာအိုဘိုးဘေးများကို ဝေ့ကြည့်လိုက်ပြီး သူ၏သားဖြစ်သူ ဝူပါ့ထျန်းထံတွင် အကြည့်ရပ်တန့်သွားကာ မေးမြန်းလိုက်သည်။
"ဝူကန်း တို့ဆီက အခုထိ သတင်းမရသေးဘူးလား"
ဝူကန်းဆိုသည်မှာ လွန်ခဲ့သော ခြောက်လက ဝမ်ပေါင်မြို့တွင် လုရီဖျင်ကို စောင့်ကြိုတိုက်ခိုက်ရန် စေလွှတ်ခဲ့သည့် သန်း ၈၀၀ တာအိုဘိုးဘေး ဖြစ်သည်။
"မရသေးပါဘူး..." ဝူပါ့ထျန်းသည် ခေါင်းငုံ့ထားပြီး ဝူဘိုးဘေးကို မကြည့်ရဲပေ။
ဝမ်ပေါင်မြို့တိုက်ပွဲတွင် ဝူမျိုးနွယ်စုဝင် ၁၄ ဦး ပါဝင်ခဲ့ရာ ခြောက်ဦးမှာ တာအိုဘိုးဘေးများ ဖြစ်ကြသည်။ ထိုတာအိုဘေး ခြောက်ဦးကို ဆုံးရှုံးလိုက်ရခြင်းမှာ ဝူမျိုးနွယ်စုအတွက်ပင်လျှင် အလွန်ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။
"အဲဒီလူရဲ့ အထောက်အထားကိုရော စုံစမ်းလို့ရပြီလား" ဝူဘိုးဘေးက ထပ်မံမေးမြန်းလိုက်သည်။
"စုံစမ်းနေပါတယ်၊ ဒါပေမဲ့ အခုထိ ဘာမှမတွေ့ရသေးပါဘူး" ဝူပါ့ထျန်းသည် အသံတုန်တုန်ယင်ယင်ဖြင့် ဖြေကြားလိုက်သည်။
ဝူဘိုးဘေး နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ ခန်းမတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ဝူပါ့ထျန်းမှာလည်း ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရသည်။ သူသည် ပြင်ပတွင် မည်မျှပင် ဗိုလ်ကျစိုးမိုးသူဖြစ်ေစ သူ၏ဖခင်ဖြစ်သူ ဝူဘိုးဘေးရှေ့တွင်မူ အသက်ပင် ဝဝမရှူရဲခဲ့ေပ။ ခန်းမအတွင်းရှိ ကျန်ရှိသော တာအိုဘိုးဘေးများမှာလည်း အသံတစ်ချက်ပင် မထွက်ရဲကြချေ။
"ကောင်းကင်ဖွင့် နတ်ဘုရားပုဆိန်ကော ဘယ်မှာလဲ" ဝူဘိုးဘေးက ထပ်မံမေးမြန်းလိုက်သည်။
ဝူပါတျန်းက တိုးညှင်းစွာဖြင့် "ကျွန်တော့်လူတွေကို အသေးစိတ် စုံစမ်းခိုင်းထားပါတယ်။ မိစ္ဆာမျိုးနွယ်စု ကလည်း အဲဒီပုဆိန်ရဲ့ သတင်းကို လိုက်ရှာနေကြတယ်လို့ ကြားထားပါတယ်" ဟု ဆိုလိုက်သည်။
"ဒါဆိုရင် အခုထိ ဘာသတင်းမှ မရသေးဘူးလို့ ပြောတာလား" ဝူဘိုးဘေး၏ အသံမှာ ပို၍လေးနက်လာခဲ့သည်။
"ဟုတ်ပါတယ်..." ဝူပါ့ထျန်း၏ အသံမှာ ပို၍ပင် အားနည်းသွားတော့သည်။
ထိုစဉ်မှာပင် ခန်းမအပြင်ဘက်မှ ဝူမျိုးနွယ်စု အစောင့်တစ်ဦးသည် အထဲသို့ လျှင်မြန်စွာ ဝင်ရောက်လာပြီး ဝူဘိုးဘေးကို အရိုအသေပြုကာ တင်ပြလိုက်သည်။ "ဝူဘိုးဘေးကို သတင်းပို့ပါတယ်၊ အပြင်မှာ သခင်ဝူရှန်းက အရေးကြီးတဲ့ကိစ္စတစ်ခု တင်ပြစရာရှိလို့ တွေ့ခွင့်တောင်းနေပါတယ်"
ဝူမျိုးနွယ်စုတွင် ခန်းမကြီး ၁၂ ခုရှိပြီး ခန်းမတစ်ခုစီသည် မျိုးနွယ်စု၏ လုပ်ငန်းဆောင်တာများကို တာဝန်ယူထားကြသည်။ ဝူရှန်းသည် ၁၂ ခုမြောက် သာသနာပြုခန်းမ၏ အကြီးအကဲဖြစ်သည်။
"သူ့ကို အထဲဝင်ခိုင်းလိုက်" ဟု ဝူဘိုးဘေးက အမိန့်ပေးလိုက်သည်။
တံခါးပြင်ပမှ ဝူရှန်းသည် အထဲသို့ လှမ်းဝင်လာပြီး ဂါရဝပြုကာ ဂရုတစိုက် ပြောကြားလိုက်သည်။ "အရှင်ဝူဘိုးဘေး၊ ဝူရှန်း သတင်းပို့စရာ တစ်ခုရှိပါတယ်။ ဝူထုံရဲ့ အဆိုအရ သူ့ရဲ့ဆရာဖြစ်သူ ဝူမင်ပါ ပျောက်ဆုံးနေပါတယ်"
ထိုစကားကြောင့် ခန်းမအတွင်းရှိ တာအိုဘိုးဘေးအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဝူမင်သည် ဝူမျိုးနွယ်စု၏ အလွန်ပါရမီထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး သူေတာ်စင်ဧကရာဇ်ဘုရင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ်အတွင်း တာအိုဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်မည်ဟု မျှော်လင့်ရသူဖြစ်ေသာေကြာင့် အားလုံး အံ့အားသင့်သွားကြသည်။
"ပျောက်နေတယ် ဟုတ်လား" ဝူဘိုးဘေးပင် အံ့ဩသွားပြီး "ဘယ်တုန်းက ပျောက်သွားတာလဲ" ဟု မေးလိုက်သည်။
"ဝူထုံပြောတာတော့ ဝူမင်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပျောက်ဆုံးသွားတာပါ။ သူ့ဆရာက ဂူအတွင်းမှာ တရားထိုင်ကျင့်ကြံနေပြီး အပြင်ကို လုံးဝထွက်မသွားခဲ့ဘူးလို့ေပြာပါတယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခု သွားရောက်တင်ပြဖို့ လုပ်တဲ့အခါကျမှ ဝူမင် ပျောက်ဆုံးနေတာကို သိလိုက်ရတာပါ" ဟု ဝူရှန်းက ရှင်းပြခဲ့သည်။
"ဝူထုံက သူ့ဆရာကို ဆက်သွယ်ခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ မရရှိခဲ့ဘူး"
“အပြင်ကို ထွက်မသွားဘဲ ပျောက်သွားတာလား”
ဝူမျိုးနွယ်စု၏ တာအိုဘိုးဘေးများမှာ အလွန်အံ့ဩသွားကြသည်။ "ပြင်ပရန်သူ ကျူးကျော်လာတာလား" ဝူပါ့ထျန်းက မယုံနိုင်သလို မေးလိုက်သည်။ အားကောင်းသော မိစ္ဆာမျိုးနွယ်စုများပင်လျှင် ဝူမျိုးနွယ်စုနယ်မြေထဲ ခိုးဝင်ပြီး လူသတ်ရဲမည် မဟုတ်ပေ။
"စုံစမ်းကြစမ်း…" ဝူဘိုးဘေး၏ မျက်နှာမှာ မည်းေမှာင်သွားခဲ့သည်။
"ဟုတ်ကဲ့ပါ…" ဝူရှန်းသည်လည်း ပြန်ဖြေလိုက်သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဝူရှန်းသည် မကြာသေးမီရက်ပိုင်းအတွင်း ဝူမျိုးနွယ်စုမှ သူေတာ်စင်ဧကရာဇ်ဘုရင် ဆယ်ဂဏန်းခန့် ပျောက်ဆုံးနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသူအားလုံးသည် ကျင့်ကြံနေစဉ်အတွင်း ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ဝူရှန်းသည် အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း သဘောပေါက်သွားပြီး စုံစမ်းရရှိသည့် ရလဒ်များကို ဝူဘိုးဘေးထံ အမြန်ဆုံး တင်ပြလိုက်သည်။
"ဘာ… သူေတာ်စင်ဧကရာဇ်ဘုရင် ၇၄ ယောက်တောင် ပျောက်ဆုံးနေတာလား" ဝူပါ့ထျန်န်းနှင့် အခြားသော ဝူမျိုးနွယ်စုဝင်များမှာ ထိုသတင်းကြောင့် တုန်လှုပ်သွားကြသည်။
ဝူဘိုးဘေး၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး "ဝူနယ်မြေရဲ့ ဟင်းလင်းပြင် အကာအကွယ်အားလုံးကို ပိတ်ဆို့လိုက်စမ်း၊ ပြီးတော့ အဲဒီလူတွေကို ရှာကြ၊ မဖိတ်ခေါ်ဘဲဝင်လာတဲ့လူကိုလည်း အရှင်လတ်လတ် မိအောင်ဖမ်းခေါ်လာခဲ့ကြ" ဟု အမိန့်ပေးလိုက်သည်။
ဝူဘိုးဘေး၏ အမိန့်မှာ ဝူနယ်မြေ၏ ကျွန်းစုများနှင့် မြို့များအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ချက်ချင်းပင် ဝူမျိုးနွယ်စု၏ စစ်တပ်ကြီးသည် ကောင်းကင်ယံတွင် သိပ်သည်းစွာ ပေါ်လာပြီး ကျွန်းတစ်ခုပြီးတစ်ခုကို ပိတ်ဆို့စစ်ဆေးလေတော့သည်။
တောင်ကုန်းတစ်ခုအတွင်း၌ လုရီဖျင်သည် အဝေးမှ ဝူမျိုးနွယ်စု စစ်တပ်ကြီး လှုပ်ရှားနေသည်ကို ကြည့်ေနကာ တည်ငြိမ်ဆဲပင်ဖြစ်သည်။ သူသည် ကိစ္စများကို စနစ်တကျ ကိုင်တွယ်ခဲ့သော်လည်း ခြောက်လအကြာတွင် ဝူမျိုးနွယ်စုမှ ရိပ်မိသွားခဲ့ပြီဖြစ်သည်။
လုရီဖျင်သည်လည်း ကိုယ်ရောင်ဖျောက်ကာ ပျောက်ကွယ်သွားပြီး နောက်ထပ်ပစ်မှတ်ကို စတင်ရှာဖွေခဲ့ပြန်သည်။ ၎င်းတို့ ရိပ်မိသွားပြီဖြစ်၍ သူသည် အချိန်ကို ပိုမိုအသုံးချကာ အမြန်ဆုံး သန့်စင်ရမည်ဖြစ်သည်။
ထိုသုိ့ဖြင့် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြန်သည်။ ဝူရှန်းသည် သူေတာ်စင်ဧကရာဇ်ဘုရင်များ ထပ်မံပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဝူဘိုးဘေးထံ သတင်းပို့ခဲ့ေလသည်။ ဝူဘိုးဘေးသည်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ဝူမျိုးနွယ်စု၏ အားကောင်းသော ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင်များအားလုံးကို ဇူဝူကျောင်းတော် သို့ စုရုံးရန် အမိန့်ထုတ်လိုက်သည်။
ဝူဘိုးဘေးသည် ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင် အားလုံးကို စုရုံးခိုင်းလိုက်ကြောင်း လုရီဖျင် သိရှိသွားသောအခါ သူသည် ကျောင်းတော်သို့ သွားရာလမ်းတစ်လျှောက်ရှိ ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင်များကို ကြားဖြတ်ဖမ်းဆီးကာ သူတို့၏ စွမ်းအားများကို ဆက်လက် ဝါးမြိုလေတော့သည်။
လုရီဖျင်သည် ၁.၇ ဘီလီယံအဆင့်သို့ ချိုးဖျက်ရောက်ရှိပြီးနောက်တွင်မူ သူ၏ စွမ်းအားတိုးတက်မှုမှာ ပို၍ပင် နှေးကွေးသွားခဲ့သည်။
ဝူမျိုးနွယ်စု၏ ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင် အားလုံးနီးပါးသည် ဇူဝူ ကျောင်းတော်သို့ စုရုံးရောက်ရှိသွားသည်ကို မြင်သောအခါ လုရီဖျင် ဝူနယ်မြေမှ ထွက်ခွာလာခဲ့လေသည်။
လမ်းခရီးတွင် ဝူမျိုးနွယ်စုဝင် ထိပ်တန်း သူေတာ်စင်ဧကရာဇ်ဘုရင် အယောက် ၂၀ ကျော် ကြားဖြတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဝူဘိုးဘေး သိရှိသွားသောအခါ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲလာခဲ့လေသည်။ သို့သော် ဝူမျိုးနွယ်စုမှ မည်မျှပင် စုံစမ်းစစ်ဆေးစေကာမူ လူသတ်သမားကိုမူ လုံးဝ ရှာမတွေ့ခဲ့ကြပေ။
လုရီဖျင်သည် ဝူနယ်မြေမှ ထွက်ခွာပြီးသည်နှင့် ဝမ်ပေါင်ကုန်သွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဝမ်ရှီမင် ထံမှ စာတစ်စောင် ရရှိခဲ့သည်။ ထိုစာထဲတွင် လုရီဖျင်၏ မိဘများကို ရှာဖွေတွေ့ရှိပြီ ဟု ဖော်ပြထားေလသည်။
စာကို ဖတ်ပြီးနောက် လုရီဖျင်မှာ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူ၏ မိဘများသည် အမှန်တကယ်ပင် ဟုန့်မုန်လောကသို့ ရောက်ရှိနေကြပြီဖြစ်သည်။
"ချင်းချန်လား..." လုရီဖျင် ရေရွတ်လိုက်သည်။
သူ၏ မိဘများသည် ယခုအခါ လူသားမျိုးနွယ်စု နယ်မြေရှိ ချင်းချန်ဟု ခေါ်သော မြို့လေးတွင် လုမိသားစု ကုန်သွယ်ရေးအသင်း အမည်ရှိ အသင်းငယ်လေးတစ်ခုကို ဖွင့်လှစ်ထားကြောင်း စာထဲတွင် ပါရှိေပသည်။
ထိုသို့ဖြင့်လုရီဖျင်သည် လူသားနယ်မြေရှိ ချင်းချန်မြို့သို့ ချက်ချင်း ဦးတည်လာခဲ့သည်။
သူ ချင်းချန်မြို့သို့ ရောက်ရှိချိန်မှာပင် လုမိသားစု ကုန်သွယ်ရေးအသင်းအတွင်း၌ လုရီဝမ်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သူေတာ်စင်ဧကရာဇ်ဘုရင်စွမ်းအားများကို အသုံးပြုကာ ကော့ချိုးယွဲ့ ကို ကုသပေးရန် ကြိုးစားနေခဲ့ေလသည်။
ဟင်းလင်းပြင်ဖောက်ခွဲမှုအတွင်း ၎င်းတို့သည် ကစဉ့်ကလျားဖြစ်နေသော စွမ်းအင်စီးကြောင်းများ၏ ရိုက်ခတ်မှုကို အချိန်အတော်ကြာ ခံခဲ့ရသည်။ ကော့ချိုးယွဲ့မှာ သူမ၏ သူတော်စင်သွေးကြောများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မမြင်နိုင်သော အဆိပ်တစ်မျိုး ကူးစက်ခံထားရေလသည်။ လွန်ခဲ့သော နှစ်များအတွင်း လုရီဝမ်သည် သူမကို အမြဲမပြတ် ကုသပေးခဲ့သော်လည်း ကော့ချိုးယွဲ့မှာ သက်သာမလာသည့်အပြင် ဒဏ်ရာမှာ ပိုမိုဆိုးရွားလာခဲ့လေသည်။
***