ချောင်ဖုန်းနှင့် အခြားသူများသည် ယင်းကျိုလွန်၏ ရုတ်တရက် တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသော်လည်း တစ်ခဏချင်းအတွင်းပင် ယင်းကျိုလွန်မှာ လေထဲ၌ ရပ်တန့်သွားပြီး သွေးများအန်ထွက်လာသည်ကို မြင်သောအခါ အားလုံး ကြောင်အသွားကြရသည်။
"သခင်ယင်း…" ထျန်းသီကုန်သွယ်ရေးအသင်းမှ ပညာရှင်တစ်ဦးသည် ရှေ့သို့ တိုးလာသော်လည်း ယင်းကျိုလွန်အနားသို့ မရောက်မီမှာပင် အံ့ဩဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားခဲ့ရသည်။ ထိုအခါ ကျန်ရှိသော ပညာရှင်များမှာလည်း ရှေ့သို့မတိုးရဲေတာ့ဘဲ ရပ်တန့်သွားကြတော့သည်။
ချောင်ဖုန်းနှင့် အခြားသူများမှာမူ ပို၍ပင် အံ့အားသင့်နေကြသည်။
"ဖျင်အာ... သူ့ကို ဒီလောက်ပဲ ဆုံးမပါတော့" ကော့ချိုးယွဲ့သည် သတိပြန်ဝင်လာပြီး တားမြစ်လိုက်သည်။ လုရီဖျင်အနေဖြင့် ထျန်းသီကုန်သွယ်ရေးအသင်း၏ အခြေအနေကို မသိမည်စိုး၍ သူမက ထပ်လောင်းပြောပြလိုက်သည်။
"ထျန်းသီကုန်သွယ်ရေးအသင်းက အရမ်းအင်အားကြီးတဲ့အဖွဲ့သည်းပဲ၊ သူတို့မှာ ဘဏ်ခွဲပေါင်း ၅၀ ကျော်ေတာင်ရှိတယ်၊ ပြီးတော့ တာအိုဘိုးေဘး သုံးယောက်တောင် ရှိတာ။ သူတို့ရဲ့ ဥက္ကဋ္ဌကြီး လုဖုန်း ဆိုရင် တာအိုဘိုးဘေးစွမ်းအား သန်း ၂၀၀ တောင် ရှိတဲ့သူပဲ”
လုရီဖျင်သည် လက်တစ်ချက် လှုပ်ရှားလိုက်ရာ သွေးအန်နေသော ယင်းကျိုလွန်မှာ သူ၏ရှေ့သို့ ရောက်ရှိလာေလသည်။ ထို့နောက် သူ၏စွမ်းအားများကို ချိပ်ပိတ်လိုက်ပြီး ကျန့်မုသစ်ပင်အတွင်းသို့ ပစ်ထည့်လိုက်ကာ ကျန့်မုသစ်ပင်ကို သူတော်စင်ဧကရာဇ် စွမ်းအားများ ဝါးမြိုစေလိုက်သည်။
"အမေ... စိတ်မပူပါနဲ့၊ သန်း ၂၀၀ ရှိတဲ့ တာအိုဘိုးဘေးဆိုတာ ကျွန်တော့်အတွက်တော့ ဘာမှမဟုတ်ပါဘူး" ဟု လုရီဖျင်သည် ကော့ချိုးယွဲ့ကို ပြောလိုက်သည်။
ကော့ချိုးယွဲ့နှင့် လုရီဝမ်တို့မှာ ထိတ်လန့်သွားကြသည်။ ချောင်ဖုန်းနှင့် အခြားသူများသည်လည်း လုရီဖင်ကို အံ့ဩတကြီး ကြည့်နေလိုက်ကြသည်။
လုမိသားစုကုန်သွယ်ရေးအသင်းမှ ရုတ်တရက် ပေါ်လာသော သခင်လေးသည် သန်း ၂၀၀ ရှိသော တာအိုဘိုးဘေးကို ရင်ဆိုင်နိုင်သည်ဟူသော စကားကိုကြားလိုက်ရသည်။ တာအိုဘိုးဘေးဆိုသည်မှာ သာမာန်သူတော်စင်များအတွက် နတ်ဘုရားကဲ့သို့ပင်ဖြစ်သည်။
ထျန်းသီကုန်သွယ်ရေးအသင်းမှ ပညာရှင်များသည် ယင်းကျိုလွန် အဖမ်းခံလိုက်ရသည်ကို မြင်ပြီး လုရီဖျင်၏ စကားကို ကြားလိုက်ရသောအခါ မျက်နှာများ ဖြူလျော့သွားကာ အလျင်မြန် ထွက်ပြေးကြတော့သည်။
လုရီဖျင်သည် ထွက်ပြေးသွားသူများကို မတားဆီးတော့ဘဲ မိဘနှစ်ပါးကို ပြောလိုက်သည်။ "အဖေနဲ့ အမေ... ကျွန်တော် သွားစရာရှိလို့၊ ပြန်လာခဲ့ပါ့မယ်" ဟု ဆိုကာ ထျန်းသီကုန်သွယ်ရေးအသင်း၏ ချင်းချန်ဘဏ်ခွဲဆီသို့ လိုက်သွားေလတော့သည်။
လုရီဖျင် ထျန်းသီအသင်းဆီသို့ ရောက်သွားချိန်တွင် ချင်းချန်ဘဏ်ခွဲ ဥက္ကဋ္ဌ ဒုကျင်း သည် သူ၏တပည့်များ တင်ပြချက်ကို အံ့ဩတကြီး နားထောင်နေခဲ့သည်။ "မင်းဘာေပြာလိုက်တယ်၊ ဒုဥက္ကဋ္ဌကို လုမိသားစုအသင်းက ဖမ်းသွားတယ် ဟုတ်လား"
"ဟုတ်ပါတယ်... လုရီဝမ်ရဲ့ သားပါ" ဟု အသက်လု ထွက်ပြေးလာသော တပည့်ဖြစ်သူက မျက်နှာဖျော့ဖျော့ဖြင့် ဖြေလိုက်သည်။
"လုရီဝမ်ရဲ့ သားလား…" ဒုကျင်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
တပည့်ဖြစ်သူသည် တုန်ရီနေသော အသံဖြင့် "လုရီဝမ်ရဲ့သားက သူဟာ သန်း ၂၀၀ ရှိတဲ့ တာအိုဘိုးဘေးကိုတောင် ရင်ဆိုင်နိုင်တယ်လို့ ပြောလိုက်ပါတယ်"ဟု တင်ပြခဲ့သည်။
ဒုကျင်းမှာ ဆွံ့အသွားရပြီး "ဘာတွေဖြစ်ကုန်တာလဲ" ဟု ထပ်မံမေးမြန်လိုက်ကသည်။ တပည့်ဖြစ်သူသည်လည်း အဖြစ်အပျက်အားလုံးကို မဖုံးမကွယ် တင်ပြလိုက်သည်။
ယင်းကျိုလွန်သည် လုရီဖျင်ကို ရိုက်နှက်လိုက်သော်လည်း လက်ဝါးမှာ လေထဲရပ်သွားပြီး သွေးများအန်လာသည်ဟု ကြားသောအခါ ဒုကျင်း အလွန်အံ့ဩသွားရသည်။
ထိုစဉ်မှာပင် ရုတ်တရက် ထျန်းသီကုန်သွယ်ရေးအသင်း အဆောက်အအုံအတွင်းမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ အံ့ဩဖွယ် အလင်းတန်းကြီး တစ်ခု ကျဆင်းလာေတာ့သည်။ ထိုအလင်းတန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသဖြင့် ဒုကျင်းမှာ ထိတ်လန့်တကြား ထွက်ပြေးရန်လိုက်ရသည်။
သူ ပျံတက်လိုက်သည်နှင့် ထိုအလင်းတန်းမှာ ထျန်းသီကုန်သွယ်ရေးအသင်း အဆောက်အအုံကို အလယ်တည့်တည့်မှ နှစ်ခြမ်းခွဲပစ်လိုက်သည်ကို မြင်လိုက်ရသည်။ အဆောက်အအုံကြီးမှာ ဓားဖြင့် အလှီးခံလိုက်ရသော သစ်သီးတစ်လုံးကဲ့သို့ နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်သို့ ပြိုကျသွားတော့သည်။
ဖုန်မှုန့်များ တလိပ်လိပ် တက်လာခဲ့ပြီး အချိန်အတော်ကြာသည်အထိ မငြိမ်သက်ေသးပေ။ ဒုကျင်းမှာ ထိတ်လန့်မှုနှင့် ဒေါသများရောယှက်နေခဲ့လသည်။ ရုတ်တရက် သူ၏ မျက်မှောင်များ ကြုတ်သွားပြီး ဖုန်မှုန့်များကြားမှ အပြာရောင်ဝတ်စုံနှင့် လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
"မင်းက လုရီဝမ်ရဲ့ သားလား" ဒုကျင်းက အံ့ဩတကြီး မေးလိုက်သည်။
သူ့တပည့်များ တင်ပြချက်ကို သူမှတ်မိနေခဲ့သည်။ အမှန်တကယ်ပင် လုရီဝမ်၏ သားမှာ သန်း ၂၀၀ ရှိသော တာအိုဘိုးဘေးကိုပင် ကျော်လွန်နိုင်လောက်အောင် သန်မာသည်ဆိုပါက လုရီဝမ်သည် ဤမျှနှစ်များစွာ အဘယ်ကြောင့် သည်းခံနေပါမည်ကိုလည်း တွေးမိခဲ့သည်။
ထို့အပြင် လုရီဝမ်၏ ဇနီးသည် ကမ္ဘာဦးအဆိပ် မိနေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ သားဖြစ်သူသည် တာအိုဘိုးဘေးထက် သာလွန်ပါက မည်သည့်အတွက် နှစ်ပေါင်းများစွာအတွင်း မကုသကေးခဲ့သည်ကို တွေးတောနေမိသည်။
လုရီဖျင်မှာဖြင့် သူ့ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
သန်း ၂၀၀ ရှိသော သူတော်စင်ဧကရာဇ်ဘုရင်တို့၏ ကျင့်စဉ်အသီးများသည် လုရီဖျင်အတွက် အကျိုးသက်ရောက်မှု မရှိတော့သော်လည်း သူ၏ ဖခင်နှင့် မိခင်တို့အတွက်မူ ဝါးမြိုသန့်စင်ရန် အလွန်ပင် အဖိုးတန်လှသည်။ သူ၏မိခင်မှာ သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်တွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ တာအိုဘိုးေဘးနယ်ပယ်သို့ ချိုးဖျက်ရောက်ရှိရန် အခွင့်အရေးတစ်ခုသာ လိုအပ်နေခြင်းဖြစ်သည်။
လုရီဖျင်သည် ထျန်းသီကုန်သွယ်ရေးအသင်း၏ ချင်းချန်ဘဏ်ခွဲဥက္ကဋ္ဌ ဒုကျင်းအား သူရှေ့သို့ ဆွဲခေါ်လိုက်သည်။ ဒုကျင်းသည် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မခုခံနိုင်လောက်သော အစွမ်းထက်စွမ်းအားတစ်ခုမှ သူ့အား လွှမ်းခြုံကာ လုရီဖျင်ထံသို့ ခေါ်ဆောင်သွားသည်ကို ခံစားလိုက်ရသည်။
"မင်း... မင်းက ဘယ်သူလဲ" ဒုကျင်းက ထိတ်လန့်တကြား မေးလိုက်သည်။ "ငါတို့ ထျန်းသီကုန်သွယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌကြီက ဝူမျိုးနွယ်စုဘိုးဘေး အရှင်ဝူကန်းရဲ့ လက်အောက်ကတပည့်ပဲ"
လုရီဖျင်သည် ထိုနာမည်ကိုကြားသောအခါ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ "ဝူကန်းလား…တိုက်ဆိုင်လိုက်တာ"
လုရီဖျင်သည် ဒုကျင်း၏ စွမ်းအားကို ချိပ်ပိတ်လိုက်ပြီး ကျန့်မုသစ်ပင်အတွင်းသို့ ပစ်ထည့်လိုက်သည်။ ထိုနေရာတွင် ဖမ်းဆီးခံထားရသည့် ဝူကန်း၊ တာအိုဘိုးဘေး ခြောက်ဦးနှင့အတူ အစောပိုင်း ဖမ်းဆီးခံလိုက်ရသော ယင်းကျိုလွန်တို့ ရှိနေကြသည်။ ဒုကျင်းသည် ကျန့်မုသစ်ပင်ထဲသို့ ရောက်သွားပြီး ဖမ်းဆီးခံထားရသော ဝူကန်းကို မြင်လိုက်ရသောအခါ "အရှင်ဝူကန်း…" ဟု အလန့်တကြား အော်ေခါ်လိုက်ရတော့သည်။
ယခင်က ကြီးကျယ်သော ကုန်သွယ်ရေးပွဲတော်တစ်ခုတွင် ဥက္ကဋ္ဌနောက်လိုက်ရင်း ဝူကန်းကို တစ်ကြိမ်ဖူးတွေ့ခွင့် ရခဲ့ဖူးသည်။ သို့သော် သူ၏ရှေ့တွင် သွေးသံရဲရဲဖြင့် စုတ်ပြတ်သတ်နေသော လူမှာ သူမြင်ဖူးခဲ့ေသာ ဝင့်ကြွားလှသည့် အရှင်ဝူကန်း ဖြစ်ေနလိမ့်မည်ဟု ယုံကြည်ရန်ပင် ခက်ခဲနေခဲ့သည်။
ထိုအချိန်တွင် လုရီဝမ်၊ ကော့ချိုးယွဲ့နှင့် ချောင်ဖုန်းတို့လည်း နောက်မှ လိုက်လာကြရာ နှစ်ခြမ်းကွဲနေသော ထျန်းသီကုန်သွယ်ရေးအသင်း အဆောက်အအုံကို မြင်ပြီး ကြောင်အသွားကြေလသည်။ အတန်ကြာပြီးနောက် လုရီဖျင်သည် သူ၏မိဘများနှင့်အတူ လုမိသားစုကုန်သွယ်ရေးအသင်းသို့ ပြန်လာခဲ့ကြသည်။
ပြန်လမ်းတစ်လျှောက်တွင် လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့၏ ရင်ထဲ၌ စကားလုံးဖြင့် ဖော်ပြမရသော ခံစားချက်များ ပြည့်နှက်နေခဲ့သည်။ လုရီဝမ်သည် တစ်ခုခုပြောရန် ကြိုးစားသော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်နေေလတော့သည်။
ကုန်သွယ်ရေးအသင်းသို့ ပြန်ရောက်သောအခါ လုရီဖျင်သည် မိဘနှစ်ပါးကို အတွင်းခန်းမသို့ ခေါ်ဆောင်သွားေလသည်။ "ဖျင်အာ... ဒုကျင်းနဲ့ ယင်းကျိုလွန်တို့ကို ပြန်လွှတ်ပေးလိုက်တာ ကောင်းမယ်" ဟု လုရီဝမ်က စဉ်းစားဆင်ခြင်ကာ ပြောလိုက်သည်။
ထိုစဉ် လုရီဖျင်၏ လက်ထဲတွင် အလင်းတစ်ချက် လက်သွားပြီး မဟာတာအိုအသီးနှစ်လုံး ပေါ်လာခဲ့ေလသည်။ ထိုအသီးများကို မြင်သောအခါ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ခဏမျှ မှင်တက်သွားကြရသည်။
"ဒါ... ဒါက မဟာတာအိုအသီးတွေလား" လုရီဝမ်မှ မဝံ့မရဲ မေးလိုက်သည်။
လုရီဖျင်မှ "ဟုတ်တယ်၊ ဒါတွေက ကျန့်မုသစ်ပင်ရဲ့ အသီးအနှံတွေ၊ တကယ်တော့ ဒီကျန့်မုသစ်ပင်ကြောင့်ပဲ ကျွန်တော့ရဲ့ အစွမ်းတွေက အမြန်ဆန်တိုးတက်လာခဲ့တာ၊ အဲ့တာကြောင့် အခုလို နှစ်အနည်းငယ်တွင်းမှာ တာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့တာပဲ" ဟု ပြောပြလိုက်သည်။
"ကျန့်မုသစ်ပင်…" လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ပြိုင်တူပင် အာမေဍိတ်သံ ထွက်သွားကြသည်။
လုရီဖျင်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏မိဘများကို ထိုအသီးများ ဝါးမြိုစေကာ သူ၏ တာအိုဘိုးဘေးစွမ်းအားဖြင့် သန့်စင်ကုသပေးလေသည်။ လုရီဖျင်သည် မိဘများကို ကူညီပေးနေစဉ်မှာပင် ထျန်းသီကုန်သွယ်ရေးအသင်း ချင်းချန်ဘဏ်ခွဲ ပျက်စီးသွားသည့် သတင်းမှာ ပျံ့နှံ့သွားတော့သည်။
ထျန်းသီကုန်သွယ်ရေးအသင်း ဌာနချုပ်ရှိ ဥက္ကဋ္ဌ လုဖုန်းသည် ထိုသတင်းကို ကြားသောအခါ ဆွံ့အသွားရေလသည်။ "အရှင်လုဖုန်း... ကျွန်တော် ချင်းချန်ကို သွားလိုက်ရမလား" ဟု သူ၏လက်အောက်ခံ တာအိုဘိုးဘေးတစ်ဦးက ခွင့်တောင်းလိုက်သည်။
လုဖုန်းသည် စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ အသေချာ စဉ်းစားနေခဲ့လေသည်။ " ဒုကျင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းပို့လာတာတော့ လုရီဝမ်က နျိုဝါမယ်တော်ကြီး ကျင်းပမယ့် လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စာရင်းပေးထားတယ်။ အဲ့ဒါကြောင့် ငါတို့တွေ ချင်းချန်ကို သွားစရာမလိုဘူး၊ သူတို့ကိုယ်တိုင် ရောက်လာလိမ့်မယ်" ဟု ပြောလိုက်သည်။
လအနည်းငယ် ကုန်လွန်သွားပြီးနောက်...
အာကာသယာဉ်တစ်စင်းသည် ချင်းချန်မြို့မှ ထွက်ခွာလာပြီး မိစ္ဆာမျိုးနွယ်စုများ၏ မြင့်မြတ်သောနယ်မြေဆီသို့ ဦးတည်ပျံသန်းလာခဲ့သည်။
ထိုယာဉ်ပေါ်တွင် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် လုရီဝမ် ပါရှိေပသည်။ သူနှင့်အတူ လုရီဖျင်၊ ကော့ချိုးယွဲ့ နှင့် ကော့ချိုးယွဲ့၏ အစေခံမလေးနှစ်ဦးတို့လည်း လိုက်ပါလာကြသည်။
နျိုဝါမယ်တော်ကြီး ကျင်းပသည့် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ၏ ဆုလာဘ်များမှာ လူတိုင်းကို အလွန်ပင် ဆွဲဆောင်ေနခဲ့သည်။ အစပိုင်းတွင် လုရီဝမ်သည် ထိုဆုကြေးငွေကို ရရှိရန်အတွက်သာ ရည်ရွယ်၍ စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်သည်။
လအနည်းငယ် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ လုရီဖျင်၏ တာအိုဘိုးဘေးစွမ်းအားနှင့် အောင်မြင်မှုများ၏ အကူအညီကြောင့် ကော့ချိုးယွဲ့မှာ သူတော်စင်ဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ ချိုးဖျက်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လုရီဝမ်၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
"ဖျင်အာ... ထျန်းသီ ကုန်သွယ်ရေးအသင်းက လူတွေလည်း ဒီလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကို လာကြလိမ့်မယ်။ သူတို့နဲ့ ဆုံတဲ့အခါ အတတ်နိုင်ဆုံး သည်းခံလိုက်ပါ၊ မိစ္ဆာနယ်မြေထဲမှာတော့ တိုက်ခိုက်တာမျိုး မလုပ်ရင်အကောင်းဆုံးပဲ" လုရီဝမ်သည် အာကာသယာဉ်ပေါ်တွင် လုရီင်ကို အသေအချာ မှာကြားနေခဲ့သည်။
***