"ဘာကြားခဲ့လို့လဲ…" လုရီဝမ်သည် လန်ရှင်းမင်၏ ထူးဆန်းသည့် ပုံစံကြောင့် အံ့ဩသွားရသည်။ လန်ရှင်းမင်သည် ပြောရန် ဝန်လေးနေသော်လည်း နောက်ဆုံးတွင်မူ "ကျွန်တော် ကြားတာကတော့... လုကျီက ပြောထားတယ်တဲ့၊ တကယ်လို့ လုမိသားစုကုန်သည်အသင်းက လူတွေသာ နတ်ဆိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့မြို့တော်မှာ ပေါ်လာခဲ့ရင် သူတို့ကို ဒီမြို့ထဲကနေ လူသေအဖြစ်ပဲ ထွက်သွားခိုင်းမယ်လို့ ပြောထားတယ်"ဟု ပြောပြလိုက်ရသည်။
လုရီဝမ်၏ မျက်နှာလည်း ဖြူလျော့သွားရသည်။
"ဒီလောက်ဆိုရင် ညီအစ်ကိုလုလည်း သဘောပေါက်လောက်ပါပြီ၊ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ" လန်ရှင်းမင်သည် လက်သီးယှက်၍ နှုတ်ဆက်ကာ လန်ဖုန်းကုန်သည်အသင်းသားများနှင့်အတူ ထွက်ခွာသွားတော့သည်။
လန်ရှင်းမင် ထွက်သွားပြီးနောက် ကော့ချိုးယွဲ့က စိုးရိမ်တကြီးဖြင့် "အကိုဝမ်... ကျွန်မတို့ ဒီကနေ ထွက်သွားကြရင် မကောင်းဘူးလား" ဟု မေးလိုက်သည်။
လုရီဝမ်က ညှိုးငယ်သော မျက်နှာထားဖြင့် ခေါင်းခါယမ်းကာ "ငါ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲအတွက် စာရင်းပေးပြီးသွားပြီ။ အခုမှ ထွက်သွားမယ်ဆိုရင် ပြိုင်ပွဲကနေ ထွက်ပြေးတယ်လို့ အမှတ်ခံရလိမ့်မယ်။ ဒါက နျိုဝါမယ်တော်ကြီးကို မလေးစားရာရောက်သလို ငါတို့အသင်းလည်း အပြစ်ပေးခံရလိမ့်မယ်" ဟု ပြောလိုက်သည်။
အမှန်တကယ်ပင် လူအများအပြား စာရင်းပေးထားသည့် ပြိုင်ပွဲမှ လုရီဝမ်တစ်ယောက်တည်း ထွက်ပြေးသွားသည့်သတင်းသည် အလွန်ဆိုးရွားသည့် ကိစ္စဖြစ်သည်။
ကော့ချိုးယွဲ့သည်လည်း လုရီဖျင်ကို လှည့်ကြည့်ကာ "ဖျင်အာ... မင်းကော ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။
လုရီဖျင်၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် တည်ငြိမ်နေပြီး "သူက နတ်ဆိုးမျိုးနွယ်စုက စစ်သူကြီးရဲ့ သား တစ်ယောက်ပဲလေ။ နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို သူ အမိန့်ပေးပိုင်ခွင့်ရှိတာမှ မဟုတ်တာ" ဟု ပြောလိုက်သည်။
လုရီဝမ်ကလည်း "ဖျင်အာ ပြောတာမှန်တယ်၊ ဒီနတ်ဆိုးမျိုးနွယ်စုမှာ လုကျီက အရာရာကို ဆုံးဖြတ်လို့မရဘူး" ဟု ထောက်ခံလိုက်သည်။
ကော့ချိုးယွဲ့မှာမူ မည်သို့ဆက်ပြေရမည် မသိတော့ေပ။
ထိုအချိန်တွင် နတ်ဆိုးမျိုးနွယ်စု မြင့်မြတ်သောမြို့တော်ရှိ ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခုအတွင်း၌ လုကျီနှင့် လုဖုန်းတို့သည် ဝိုင်ခွက်ချင်းတိုက်ကာ ပျော်ပါးနေကြသည်။
နတ်ဆိုးမျိုးနွယ်စုဝင် လက်အောက်ငယ်သားတစ်ဦး ဝင်လာပြီး လုကျီ၏ နားအနီးသို့ကပ်၍ စကားအချို့ ကပ်ပြောလိုက်သည်။
"အိုး... လုမိသားစုကုန်သည်အသင်းကလူတွေ စီဖန်းစားသောက်ဆိုင်ထဲမှာ ရှိနေတာလား" လုကျီက ဝိုင်ခွက်ကို ချလိုက်သည်။
"ဟုတ်ပါတယ် သခင်ကြီး လုကျီ" ဟု လက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။
"လုမိသားစုက ဘယ်နှစ်ယောက်တောင် လာတာလဲ" လုဖုန်းက မေးလိုက်သည်။
"၅ ယောက်ပဲ ရောက်လာတာပါ၊ လုရီဝမ်နဲ့ သူ့ဇနီး၊ သားဖြစ်သူအပြင် အစေခံမိန်းကလေး ၂ ယောက်ပဲ ပါပါတယ်" ဟု ဆိုသည်။
လုဖုန်းသည် လုကျီကို ကြည့်ကာ "ညီအစ်ကိုလု... မင်း ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။
လုကျီက ပြုံးလျက် "စိတ်မပူပါနဲ့၊ သူတို့ ထွက်မပြေးနိုင်ပါဘူး။ အရင်ဆံုး ဒီအရသာရှိတဲ့ဝိုင်ကို ေအးေဆးဆက်သောက်ကြတာပေါ့၊ ပြီးမှ သွားလည်း အချိန်မှီပါတယ်" ဟု အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ခဏအကြာတွင် လုရီဖျင်သည် မိဘနှစ်ပါးနှင့်အတူ စီဖန်းစားသောက်ဆိုင်မှ ထွက်ခွွါလာခဲ့သည်။ စီဖန်းစားသောက်ဆိုင်တွင် တည်းခိုရန် နေရာမရှိသဖြင့် ၎င်းတို့သည် နေထိုင်စရာ နေရာတစ်ခု ရှာဖွေရတော့သည်။
သို့သော် စားသောက်ဆိုင် အတော်များများသို့ သွားရောက်စုံစမ်းသော်လည်း လူပြည့်နေသဖြင့် အခန်းလွတ်မရှိကြောင်းသာ အဖြေပြန်ရခဲ့သည်။
စားသောက်ဆိုင်တစ်ခုမှ ထွက်လာသောအခါ လုရီဝမ်က မျက်မှောင်ကြုတ်ကာ "တခြားဆိုင်တွေလည်း အကုန်ပြည့်နေပုံပဲ" ဟု ဆိုလိုက်သည်။အချိန်မှာလည်း လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကျင်းပရန် ၁၀ ရက်ခန့် လိုသေးေပသည်။
လုရီဖျင် ခဏစဉ်းစားပြီးနောက် "ကျွန်တော် ဝမ်ပေါင်ကုန်သည်ကြီးများအသင်းက လူတွေကို သိတယ်။ ဝမ်ပေါင်အသင်းဆီ သွားကြည့်ပြီး စံအိမ်တစ်လုံးလောက် တိုက်ရိုက်ဝယ်လိုက်ကြရအောင်" ဟု အကြံပြုေလသည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် လုရီဖျင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"စံအိမ်ဝယ်မယ် ဟုတ်လား" လုရီဝမ်က "ဒီနတ်ဆိုးမြို့တော်ရဲ့ စံအိမ်တွေက ချင်းချန်မြို့တော်က စံအိမ်တွေလို မဟုတ်ဘူး။ ချင်းချန်မြို့မှာ ယွမ်သန်းတစ်ရာနဲ့ စံအိမ်တစ်လုံး ဝယ်နိုင်ပေမဲ့၊ ဒီမြင့်မြတ်တဲ့မြေမှာတော့ ဈေးနှုန်းက အဆပေါင်း ရာနဲ့ချီ ပိုများတယ်" ဟု ဆိုလိုက်သည်။
"အဲ့ဒါ့အပြင် ဒီမြို့မှာ စံအိမ်တွေက အရမ်းရှားပါးနေတာ၊ ဝယ်ချင်ရင်ေတာင် ဝယ်လို့ရချင်မှ ရမှာ"
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် လုရီဖျင်တွင် ကြီးမားသော အောင်မြင်မှုများရှိကြောင်း သိထားကြသော်လည်း သူ၏ စွမ်းဆောင်ရည်အစစ်အမှန်နှင့် လုရီဖျင်တွင် အဆုံးမဲ့ပွင့်လန်းနေသော ဟုန့်မုန်စွမ်းအင် ရှိနေသည်ကိုမူ မသိရှိကြပေ။
လုရီဖျင်က ပြုံးလျက် "အရင်သွားကြည့်ရအောင်၊ အဆင်မပြေရင် တခြားနည်းလမ်း စဉ်းစားတာပေါ့" ဟု ပြောလိုက်သည်။
သို့ဖြစ်၍ ၎င်းတို့လူစုသည် နတ်ဆိုးမြို့တော်ရှိ ဝမ်ပေါင်ကုန်သည်ကြီးများအသင်း ဌာနခွဲသို့ သွားရောက်ခဲ့ကြသည်။
ဝမ်ပေါင်ကုန်သည်အသင်းသို့ ရောက်သောအခါ လုရီဖျင်သည် ဝမ်ရှီမင်းမှသူ့ကို အစောပိုင်း ပေးထားခဲ့သော အဆင့်မြင့် တံဆိပ်တံုးကို ထုတ်ပြပြီး စံအိမ်ဝယ်ယူလိုကြောင်း ပြောကြားလိုက်သည်။
လုရီဖျင်တွင် အဆင့်မြင့် တံဆိပ်တုံးရှိနေသည်ကို မြင်ပြီး စံအိမ်ဝယ်ရန် ပြောဆိုလာသောအခါ ဝမ်ပေါင်ကုန်သည်အသင်းမှ တပည့်များမှာလည်း မပေါ့ဆရဲကြပေ။ သူတို့သည် လုရီဖျင်တို့မိသားစုကို အတွင်းခန်းမသို့ ဖိတ်ခေါ်ကာ လက်ဖက်ရည်ဖြင့် ဧည့်ခံပြီးနောက် ဝမ်ပေါင်ကုန်သည်အသင်း၏ မြို့တော်ဘဏ်ခွဲဥက္ကဋ္ဌကို သွားရောက်အကြောင်းကြားခဲ့ကြသည်။
မကြာမီမှာပင် ဝမ်ပေါင်ကုန်သည်အသင်း၏ ဥက္ကဋ္ဌ စုချောင်းရောက်ရှိလာပြီး လုရီဖျင်တို့မိသားစုကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ နှုတ်ဆက်စကားအချို့ ပြောကြားပြီးနောက် သူက "မင်းတို့ မြို့တော်မှာ စံအိမ်တစ်လုံး ဝယ်ချင်တယ်လို့ ကျွန်တော့လူတွေဆီက ကြားထားတယ်" ဟု မေးမြန်းလိုက်သည်။
လုရီဖျင်ကလည်း ခေါင်းငြိမ့်ပြကာ "ဟုတ်တယ်၊ အခုချိန် မြို့တော်မှာ ရောင်းဖို့ အခန်းလွတ်စံအိမ်တွေ ရှိသေးလား" ဟု မေးလိုက်သည်။
စုချောင်းက "အခုလောလောဆယ် ရောင်းဖို့ စံအိမ် သုံးလုံး ရှိပါတယ်။ အဲဒီသုံးလုံးစလုံးက အတော်လေး ကျယ်ဝန်းပြီး မြို့လယ်ခေါင်မှာရှိတဲ့ နေရာကောင်းတွေပါ။ ဒါပေမဲ့... အဲဒီစံအိမ်တွေက ဈေးနှုန်း နည်းနည်းေတာ့မြင့်တိုင်ပါတယ်" ဟု ပြောလိုက်သည်။
လုရီဖျင်က "ဈေးနှုန်းကို ပြောပါ…" ဟု ဆိုလိုက်သည်။
"ယွမ် ဘီလီယံ ၃၀၀ ထိဈေးရှိပါတယ်" စုချောင်းက "အဲဒါက သုံးလုံးထဲမှာ အချိုဆုံးဈေးပါပဲ" ဟု ပြောလိုက်သည်။
"ဘာ... ဘီလီယံ ၃၀၀ တောင်လား" လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ လန့်သွားကြသည်။
စုချောင်းအနေဖြင့်လည်း ထိုသို့တုံ့ပြန်မှုကို အသစ်ဆန်းမဖြစ်ခဲ့ပေ။ အကြောင်းမှာ စံအိမ်တစ်လုံးကို ဘီလီယံ ၃၀၀ ပေးဝယ်ရခြင်းသည် တစ်ဘဝလုံးစာရှာဖွေးထားသည့် ငွေကြေးများထက် ဈေးပိုကြီးနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ထိုစံအိမ်သုံးလုံးမှာ နှစ်ပေါင်း သိန်းချီ ကြာမြင့်နေသော်လည်း ယနေ့ထက်တိုင် မရောင်းရသေးခြင်းပင်ဖြစ်သည်။
"ဈေးအကြီးဆုံးတစ်ခုကကော ဘယ်လောက်လဲ" လုရီဖျင်၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်းမရှိပေ။
ဘီလီယံ ၃၀၀ ဆိုသည်မှာ ဟုန့်မုန်ချီ ၃ သိန်းခန့်သာ ရှိပေသည်။
စုချောင်းက "ဈေးအကြီးဆုံးက ဘီလီယံ ၇၀၀ ပါ၊ နောက်တစ်ခုကတော့ ဘီလီယံ ၄၀၀ ပါ" ဟု ဖြေလိုက်သည်။
စံအိမ်တစ်လုံးကို ယွမ် ဘီလီယံ ၇၀၀ ဟု စုချောင်း ပြောလိုက်သောအခါ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ အလွန်အမင်း ထိတ်လန့်သွားရသည်။
"ဘီလီယံ ၇၀၀ တန် စံအိမ်အကြောင်း ပြောပြနိုင်မလား" ဟု လုရီဖျင်က ဆိုလုိက်သည်။
စုချောင်း အံ့အားသင့်သွားပြီးနောက် ပြုံးပြကာ ဘီလီယံ ၇၀၀ တန် စံအိမ်အကြောင်း အသေးစိတ် ရှင်းပြလေသည်။ သူ၏ အဆိုအရ ထိုစံအိမ်ကို တည်ဆောက်ထားသော ပစ္စည်းများမှာ အဆင့်မြင့်ဆုံး ချောင်းကျောက်တုံးနှင့် ပစ္စည်းများ ဖြစ်ကြသည်။ ၎င်း၏ ခမ်းနားထည်ဝါမှုမှာ နျိုဝါမယ်ေတာ်ကြီး၏ ဝါနန်းတော်နီးပါးပင်ဖြစ်သည်။
"ကျွန်တော်တို့ကို ကြည့်ဖို့ ခေါ်သွားပေးပါ" ဟု လုရီဖျင်က ပြောလိုက်သည်။
စုချောင်းကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။
လုရီဖျင်သည် ထိုစံအိမ်အား တကယ်ဝယ်ယူရန် ကြံစည်နေသည်ကို ကြားသောအခါ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ မှင်တက်နေကြမိသည်။
"ဖျင်အာ... မင်းမှာ ဘီလီယံ ၇၀၀ ရှိလို့လား" လုရီဝမ်က မမေးဘဲ မနေနိုင်တော့ပေ။
လုရီဖျင်က ပြုံးလျက် "လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ကျွန်တော် ဝမ်ပေါင်ကုန်သည်အသင်း ဌာနချုပ် လေလံပွဲမှာ မီးလျှံတိမ်တိုက်ကျောက်တံုးတစ်ခုကို ဟုန့်မုန်ချီ ၂ သန်းနဲ့ ဝယ်ခဲ့ဖူးတယ်" ဟု ပြောလိုက်သည်။
"ဟုန့်မုန်ချီ ၂ သန်းလား" လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ဆွံ့အသွားကြသည်။
ဥက္ကဋ္ဌ စုချောင်ပင်လျှင် ထိုစကားကို ကြားသောအခါ ခဏတာ တုန်လှုပ်သွားရလေသည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ထိုစဉ်က လေလံပွဲအကြောင်း မသိကြသော်လည်း ဝမ်ပေါကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ စုချောင်းအနေဖြင့်မူ သိထားပြီးဖြစ်သည်။ ထိုစဉ်က နတ်ဆိုးမျိုးနွယ်စု၏ သန့်စင်သောသူရဲကောင်း လုံခဲ့နှင့် မှော်ဝင်မျိုးနွယ်စု မင်းသား ဝူပါ့ထျန်းတို့သည် ထိုမီးလျှံတိမ်တိုက်ကျောက်တုံး အတွက် အပြိုင်အဆိုင် လေလံဆွဲခဲ့ကြသော်လည်း၊ နောက်ဆုံးတွင် ထိုကျောက်တုံးကို လူငယ်တစ်ဦးကသာ ဝယ်ယူသွားနိုင်ခဲ့သည်။
ထိုချိန် စုချောင်း၏ နှလုံးခုန်သံမှာလည်း မထိန်းနိုင်အောင် မြန်ဆန်လာခဲ့ေလသည်။
လုရီဖျင်သည် ထိုစဉ်က မီးလျှံတိမ်တိုက်ကျောက်ကို ဝယ်ယူခဲ့သည့် လူငယ်မှန်း သိလိုက်ရသောအခါ စုချောင်း၏ အကြည့်များမှာ ပိုမိုရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ စုချောင်းကိုယ်တိုင်ပင် ရှေ့မှ ဦးဆောင်ကာ လုရီဖျင်တို့မိသားစုအား ဘီလီယံ ၇၀၀ တန် စံအိမ်ကြီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာမူ နောက်မှ ငြိမ်သက်စွာ လိုက်ပါလာကြေလသည်။
စုချောင်းသည် လုရီဖျင်တို့ကို ဘီလီယံ ၇၀၀ တန် စံအိမ်ရှေ့သို့ ခေါ်လာချိန်မှာပင် နတ်ဆိုးမျိုးနွယ်စုမှ လုကျီသည် လုဖုန်း နှင့်အတူ အင်အားရာဂဏန်းရှိသော လူအုပ်ကြီးကို ခေါ်ဆောင်ကာ ရောက်ရှိလာပြီး လုရီဖျင်တို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။
"ဥက္ကဋ္ဌ စု..." လုကျီက ယဉ်ကျေးပျူငှာဟန်ဖြင့် လှမ်းခေါ်လိုက်သည်။
"လုကျီ... မင်း ဘာလုပ်ချင်တာလဲ" စုချောင်းသည် လေသံမာမာဖြင့် မေးလိုက်သည်။
လုကျီက ပြုံးလျက် - "ဥက္ကဋ္ဌ စု... အထင်မလွဲပါနဲ့၊ ကျွန်တော် ဝမ်ပေါင်ကုန်သည်အသင်းကို ပြဿနာရှာဖို့ လာတာမဟုတ်ပါဘူး"ဟုပြောလိုက်သည်။ ထိုသို့ပြောရင်း သူ၏အကြည့်များသည် လုရီဖျင်နှင့် လုရီဝမ်တို့အပေါ်သို့ ကျရောက်သွားသည်။"ကျွန်တော် ဒီကိုလာတာက... ဒီလူတွေကို ခေါ်သွားဖို့ပဲ…"
စုချောင်းမှာ အံ့အားသင့်သွားပြီး လုရီဖျင်တို့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လုကျီကို စိုက်ကြည့်ကာ "လုကျီ... ဒီလူတွေဟာ ငါတို့ ဝမ်ပေါင်ကုန်သည်အသင်းရဲ့ အထူးဧည့်သည်တော် တွေပဲ။ မင်း သူတို့ကို ခေါ်သွားခွင့်မရှိဘူး" ဟု ပြတ်သားစွာ ပြောလိုက်သည်။
လုကျီလည်း အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း အပြုံးမပျက်ခဲ့ပေ။"ဥက္ကဋ္ဌ စု... ခင်ဗျား တကယ်ပဲ ဒီကိစ္စထဲမှာ ဝင်ပါချင်တာလား" ဟု မေးလိုက်သည်။
စုချောင်းက တည်ငြိမ်စွာဖြင့် "ဟုတ်တယ်၊ သခင်လေးလုနဲ့ သူတို့မိသားစုက ငါတို့ ဝမ်ပေါင်ကုန်သည်အသင်းရဲ့ အထူးဧည့်သည်တော်တွေပဲ" ဟု ဆိုလိုက်သည်။
လုကျီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားေလသည်။
သူသည် နောက်ကွယ်မှ သိုင်းဆရာများကို လက်ဝေ့ယမ်းပြကာ အမိန့်ပေးလိုက်သည်"အခုချက်ချင်း လုမိသားစုကလူတွကို ဖမ်းခေါ်သွားစမ်း၊ ငါတို့ကိစ္စကို တားတဲ့လူရှိရင်လည်း တစ်ခါတည်း ရှင်းပစ်လိုက်ကြ”
***