လုကျီ၏ နောက်ကွယ်မှ အင်အားကြီးသူများသည် ထိုစကားကို ကြားသည်နှင့် လုရီဖျင် ထံသို့ ချက်ချင်း ပြေးဝင်သွားကြတော့သည်။
ယခုတစ်ကြိမ်တွင် လုကျီ ခေါ်ဆောင်လာသော လူ ၄၀၀ ကျော်ထဲ၌ တာအိုဘိုးဘေး ၄ ဦး ပါဝင်ပြီး၊ ထိုအထဲမှ တစ်ဦးမှာ တိုက်ပွဲစွမ်းရည်သန်း ၄၀၀ ရှိသော တာအိုဘိုးဘေး တစ်ဦးဖြစ်သည်။
သန်း ၄၀၀ ပိုင်ဆိုင်သူများသည် တာအိုဘိုးဘေးများထဲတွင် အလယ်အလတ်အဆင့်ရှိသော စွမ်းအားရှင်အဆင့်ဖြစ်သည်။ ထိုသူမှာ စစ်သူကြီး လုကော်လင်း၏ လက်အောက်ငယ်သားဖြစ်ပြီး လုကျီက လက်ရုံးတပည့်များဖြစ်သည်။
တာအိုဘိုးဘေး ၄ ဦးစလုံးသည် လုရီဖျင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ထိုသို့ တိုက်ခိုက်မှုသည် အလွန် ပြင်းထန်သော စွမ်းအားများကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း လုရီဖျင်သည် ထိုသူတို့ကို လှည့်ပင်မကြည့်ဘဲ လက်တစ်ဖက်ကို မြှောက်၍ ရိုက်ထုတ်လိုက်ရာ ၄ ဦးစလုံး နောက်သို့ လွင့်ထွက်သွားကြတော့သည်။
"ဘာ... ဘာဖြစ်တာလဲ" လုကျီသာမက လုဖုန်း နှင့် ထျန်းသီကုန်သည်ကြီးများအသင်းမှ လူအားလုံး မှင်တက်သွားကြသည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့ကို တိုက်ခိုက်ရန် ပြင်နေသော အခြားသိုင်းဆရာများမှာလည်း ထိတ်လန့်သွားကာ ရုတ်တရက် ရပ်တန့်သွားကြသည်။
လုရီဖျင်သည် လက်တစ်ဖက်ဖြင့် ထပ်မံ ရိုက်ထုတ်လိုက်ရာ ကျန်ရှိနေသော သိုင်းဆရာ ၄၀၀ ကျော်မှာ လုရီဖျင်၏ လက်ဖဝါးအောက်တွင် သဲပွင့်များကဲ့သို့ သေးငယ်သွားပြီး သူ၏ လက်ဖဝါးထဲသို့ ကျရောက်သွားကြေလသည်။
လုကျီနှင့် လုဖုန်းတို့မှာလည်း အလွန်အမင်း ကြောက်လန့်သွားကြသည်။ "ဒါ ဘယ်လို စွမ်းအားမျိုးလဲ"
လုရီဖျင်သည် ထိုလူ ၄၀၀ ကျော်စလုံးကို ကျန့်မုသစ်ပင်ထဲသို့ ပစ်ထည့်လိုက်ပြီး ကျန့်မုသစ်ပင်အတွက် မြေဩဇာနှင့် အာဟာရအဖြစ် အသုံးပြုလိုက်သည်။
ထို့နောက် လုရီဖျင်သည် လုကျီ၊ လုဖုန်းနှင့် ထျန်းသီကုန်သည်ကြီးများအသင်းမှ ကျန်ရှိနေသော ပညာရှင်များကို ကြည့်လိုက်သည်။
လုကျီ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုရီဖျင်သည် လက်ချောင်းတစ်ချောင်းဖြင့် တောက်ထုတ်လိုက်ရာ လုကျီ၊ လုဖုန်း နှင့် ကျန်ရှိနေသော ပညာရှင်များ အဝေးသို့ လွင့်ထွက်သွားကြေလသည်။ ဆက်လက်၍ လူုရီဖျင်မှ လက်တစ်ဖက်ဖြင့် ထပ်မံဖမ်းဆီးလိုက်ရာ လုကျီနှင့် လုဖုန်းတို့မှလွဲ၍ ထျန်းသီကုန်သည်အသင်းမှ သိုင်းဆရာအားလုံးကို လက်ဖဝါးထဲသို့ ထည့်ကာ ကျန့်မု့သစ်ပင်ထဲသို့ ထပ်မံ ပစ်ထည့်လိုက်ေလသည်။
အရာအားလုံးမှာ တစ်ခဏချင်းအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ လုရီဝမ်တို့ သတိဝင်လာချိန်တွင် လုကျီနှင့် လုဖုန်းတို့မှာ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
"သားတို့ ဆက်သွားကြရအောင်" ဟု လုရီဖျင်က ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် စုချောင်းနှင့်ဘသူ့မိဘများကို ပြောလိုက်သည်။
စုချောင်းသည်လည်း သတိပြန်ဝင်လာပြီးနောက် လုရီဖျင်တို့ကို ဘီလီယံ ၇၀၀ တန် စံအိမ်ကြီးဆီသို့ ဆက်လက်ဦးဆောင်ခေါ်သွားခဲ့သည်။ လမ်းတွင် စုချောင်းသည် တစ်ခုခုပြောရန် တွေဝေနေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောနိုင်ခဲ့ပေ။
ထိုစံအိမ်ကြီးသည် နတ်ဆိုးမြို့တော်၏ အစည်ကားဆုံး ဗဟိုချက်ေနရာတွင် တည်ရှိသည်။ စုချောင်းပြောခဲ့သည့်အတိုင်း အသုံးပြုထားသော ပစ္စည်းများမှာ အကောင်းဆုံး ချောင်းကျောက်တုံး များဖြစ်ပြီး ဧရိယာအားဖြင့် ဧကပေါင်းများစွာ ကျယ်ဝန်းကာ ခန့်ညားထည်ဝါမှုမှာလည်း အံ့မခန်းပင် ဖြစ်သည်။
လုရီဖျင်သည် စုချောင်းကို ဟုန့်မုန်ချီ ၇ သိန်း ပေးကာ စံအိမ်ကို ချက်ချင်း ဝယ်ယူလိုက်သည်။
လုရီဖျင် စံအိမ်ဝယ်ယူနေချိန်မှာပင်...
နတ်ဆိုးမျိုးနွယ်စု စစ်သူကြီး လုကော်လင်း သည် သူ၏သား လုကျီ၏ သတင်းကို ကြားသိသွားပြီး နတ်ဆိုးမျိုးနွယ်စုမှ အင်အားကြီးသူ အမြောက်အမြားကို ဦးဆောင်ကာ လုရီဖျင်ရှိရာသို့ ရောက်လာခဲ့လေသည်။
စံအိမ်အတွင်း၌ စုချောင်း ပြန်သွားပြီဖြစ်ရာ လုရီဖျင်၊ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သာ ကျန်ရစ်ခဲ့ေတာ့သည်။
"ဖျင်အာ... လုကျီနဲ့ တခြားလူတွေကို ဖမ်းလိုက်တော့ နတ်ဆိုးမျိုးနွယ်စုက လူတွေ အဖေတို့ကို အငြိုးထားတော့မှာပေါ့" လုရီဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။
လုရီဖျင်သည် မိဘနှစ်ပါးကို ကြည့်ကာ "အဖေနဲ့ အမေ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်" ဟု ဆိုလိုက်သည်။
လုရီဝမ်သည် သားဖြစ်သူ၏ တည်ငြိမ်လွန်းသော မျက်နှာကို ကြည့်ပြီး အံ့အားသင့်နေမိသည်။
"လာနေကြပြီပဲ..." လုရီဖျင်သည် ဝေးလံသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်လေသည်။
လုရီဝမ် လှမ်းကြည့်လိုက်ရာ ဝေးလံသော မိုးကုတ်စက်ဝိုင်းတွင် အင်အားတောင့်တင်းလှသည့် နတ်ဆိုးစစ်တပ်ကြီး ချီတက်လာနေသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရွှေရောင်ဝတ်စုံကို ဆင်မြန်းထားသည့် နတ်ဆိုးမျိုးနွယ်စု စစ်သူကြီး လုကျော်လင်းပင် ဖြစ်သည်။
လုကော်လင်းသည် နတ်ဆိုးစစ်တပ်ကို ဦးဆောင်ကာ ထွက်ခွာလာခြင်းဖြစ်ရာ နတ်ဆိုးမြို့တော်တစ်ခွင်ရှိ ရေတွက်မရနိုင်သော အင်အားကြီးပုဂ္ဂိုလ်များကိုပင် ထိတ်လန့်သွားစေခဲ့သည်။
"ဒါ... သခင်ကြီး လုကော်လင်းပဲ"
"ဘာတွေဖြစ်နေတာလဲ၊ သခင်ကြီး လုကော်လင်းက ဒီလောက်စစ်တပ်အင်အားအလုံးအရင်းနဲ့ ဘာသွားလုပ်မလို့လဲ"
အရပ်ရပ်မှ ခန့်မှန်းပြောဆိုနေကြစဉ်မှာပင် လုကော်လင်းသည် လုရီဖျင်၏ စံအိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
လုကော်လင်း စံအိမ်ရှေ့သို့ ရောက်နေချိန်မှာပင် နတ်ဆိုးမျိုးနွယ်စု၏ သန့်စင်သောသူရဲကောင်း လုံခဲ့သည် လုကော်လင်းမှ စစ်တပ်ေခါ်ေဆာင်သည့် သတင်းကို ရရှိသွားခဲ့သည်။
"ဘာ... သခင်ကြီး လုကော်လင်းက စစ်တပ်ကိုဆင့်ခေါ်လိုက်ပြီ ဟုတ်လား…ဘာကြောင့်လဲဆိုတာရော သိရပြီလား…" လုံခဲ့က အံ့အားသင့်စွာဖြင့် သူမ၏ လက်အောက်ငယ်သားကို မေးမြန်းလိုက်သည်။
"လုကျီမှာ တစ်ခုခုဖြစ်သွားလို့ပါ၊ လုကျီ ဖမ်းဆီးခံလိုက်ရပါတယ်" ဟု လက်အောက်ငယ်သားက ပြန်ဖြေခဲ့သည်။
လုံခဲ့မှာ မှင်တက်သွားပြီး မယုံနိုင်ဖြစ်သွားရသည် "မင်း ဘာပြောလိုက်တာ၊ လုကျီ ဖမ်းဆီးခေါ်ဆောင်ခံရတယ် ဟုတ်လား၊ ငါတို့ရဲ့ မြင့်မြတ်တဲ့မြို့တော်ထဲမှာရှိနေတာကို ဖမ်းဆီခံလိုက်ရတာလား"
"ဟုတ်ပါတယ်" ဟု သူမက ဆိုလိုက်သည်။
"တစ်ဖက်လူက ဘယ်သူလဲ၊ အခု သူဘယ်မှာလဲ" မိမိတို့ နတ်ဆိုးမြို့တော်ထဲမှာပင် နတ်ဆိုးစစ်သူကြီး၏သားအား ဖမ်းရဲသူရှိသည်ကို လုံခဲ့ ယခုချိန်ထိ မယုံနိုင်သေးပေ။
"တစ်ဖက်လူက လုမိသားစုကုန်သည်အသင်းကပါ" လက်အောက်ငယ်သားက ဆက်လက်တင်ပြခဲ့သည် "သူက လုမိသားစုကုန်သည်အသင်းဥက္ကဋ္ဌရဲ့သား လုရီဖျင်လို့ေပြာပါတယ်။ ထူးဆန်းတာက လုကျီကို ဖမ်းပြီးတဲ့နောက်မှာ လုရီဖျင်က ထွက်မပြေးဘဲ ဝမ်ပေါင်ကုန်သည်အသင်း ဥက္ကဋ္ဌ စုချောင်နဲ့အတူ ဘီလီယံ ၇၀၀ တန် မင်ထျန်း စံအိမ်ကြီးကို ဝယ်လိုက်တာပါပဲ"
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံခဲ့၏ မျက်နှာရိပ် ပြောင်းလဲသွားသည်။
“လူရီဖျင်… ဒီနာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ”
"သခင်ကြီး လုကော်လင်းကို အမြန်ဆက်သွယ်လိုက်၊ စိတ်မလောဖို့နဲ့ အေးဆေးဆွေးနွေးဖို့ ပြောလိုက်ပါ" လုံခဲ့က ရုတ်တရက် အမိန့်ပေးလိုက်သည် "မင်းလည်း အခု ငါ့နောက်ကိုလိုက်ခဲ့၊ ငါ အဲဒီ လူရီဖျင် ဆိုတဲ့လူကို သွားတွေ့ချင်တယ်"
ထိုသို့ပြောပြီးသည်နှင့် လုံခဲ့သည် သူ၏ လက်အောက်မှ အင်အားကြီးသူများကို ဦးဆောင်ကာ မင်ထျန်းစံအိမ်ကြီးဆီသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် လုကော်လင်းသည် စံအိမ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကာ ကောင်းကင်ယံတွင် ရပ်တန့်လျက် အောက်ရှိစံအိမ်ကို အေးစက်သော မျက်လုံးများဖြင့် ငုံ့ကြည့်နေေလသည်။
"တိုက်ခိုက်ကြစမ်း…” လုကော်လင်းသည် နောက်မှ နတ်ဆိုးပညာရှင်များအား အမိန့်ပေးလိုက်သည်။
"စစ်သူကြီးလု... သခင်မေလး လုံခဲဲ့ဆီက ခုလေးတင် သတင်းစကား ရောက်လာပါတယ်၊ အခုလောလောဆယ် ဘာမှမလုပ်ပါနဲ့ဦးတဲ့၊ သခင်မေလး လုံခဲ့လည်း အခုလာနေပါပြီ" နတ်ဆိုးပညာရှင်တစ်ဦးက အလျင်အမြန် သတိပေးလိုက်သည်။
"ဘာကိုစောင့်နေမှာလဲ တိုက်ခိုက်စမ်း…" လုကော်လင်းက အေးစက်စွာ ထပ်မံပြောလိုက်ရာ သူ၏လေသံမှာ ငြင်းဆန်ရန်ပင် မဖြစ်နိုင်ပေ။
နတ်ဆိုးမျိုးနွယ်စုမှ တာအိုဘိုးဘေးအဆင့်ရှိ ပညာရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ရှေ့သို့တက်ကာ မိမိတို့၏ တာအိုလက်နက်များကို ထုတ်ယူလျက် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။
တာအိုဘိုးဘေး ၃၄ ဦး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကြောင့် အံ့မခန်းလှသော ဓားလှိုင်းများနှင့် အလင်းတန်းများ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် မြို့တော်အတွင်းရှိ အင်အားကြီးပညာရှင်မားအားလုံးလည်း ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
အပြေးအလွှား လာနေသော လုံခဲ့သည် ထိုလူ ၃၄ ဦး၏ စွမ်းအားကို အဝေးမှပင် ခံစားမိလိုက်ရာ မျက်နှာပင် ပျက်သွားရပြီး စိတ်လည်း တိုသွားရသည် "လုကော်လင်း... သူ ငါ့အမိန့်ကို လျစ်လျူရှုရဲတယ်ပေါ့"
ထို့နောက် သူမသည် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြေးလာခဲ့သည်။
စံအိမ်အတွင်း၌ရှိသော လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာမူ ကောင်းကင်ယံမှ နတ်ဆိုးတာအိုဘိုးဘေး ၃၄ ဦး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ထိတ်လန့်တကြား ကြည့်နေခဲ့ရလေသည်။
နတ်ဆိုးမျိုးနွယ်စုမှ တာအိုဘိုးဘေး ၃၄ ဦး၏ ပြင်းထန်လှသော စွမ်းအားများ ရုတ်တရက် ကျဆင်းလာချိန်မှာပင်၊ စံအိမ်အတွင်းမှ အလင်းတန်းများ စူးရှစွာ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ကြီးမားသော နေဝန်းကြီး တစ်ခု ပျံတက်သွားခဲ့သည်။
ထိုနေဝန်းကြီးသည် ဖြူဖွေးသော အလင်းတန်းများဖြင့် စုစည်းထားခြင်း ဖြစ်သည်။
ထိုနေဝန်းကြီး ပျံတက်သွားသည်နှင့် တပြိုင်နက် နတ်ဆိုးတာအိုဘိုးဘေး ၃၄ ဦး၏ စွမ်းအားများသည် ခဏချင်းအတွင်း ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။
နတ်ဆိုးတာအိုဘိုးဘေး ၃၄ ဦးမှာလည်း အချိန်မီ မရှောင်တိမ်းနိုင်ကြဘဲ ကောင်းကင်မှ ပစ်လွှတ်လိုက်သော နေဝန်း၏ဒဏ်ကြောင့် နောက်သို့ လွင့်ထွက်သွားကြရတော့သည်။
ထို လူ ၃၄ ဦးစလုံးသည်လည်း နတ်ဆိုးစစ်တပ်ကြီးထဲသို့ အရှိန်ဖြင့်ပြန်လည် ပြုတ်ကျသွားခဲ့သည်။
နတ်ဆိုးစစ်တပ်ကြီးမှာမူ အထိနာသွားပြီး ကျိုင်းကောင်များ မြေပြင်ပေါ်သို့ ပျံကျလာသကဲ့သို့ ဆက်တိုက် ပြုတ်ကျလာကြသည်။
ထို့နောက်တွင်မူ စံအိမ်အတွင်းမှ ဧရာမ ရွှေရောင်လက်ဝါးကြီး တစ်ခု ထွက်ပေါ်လာပြီး စစ်သူကြီး လုကော်လင်းကို ဖမ်းဆီးရန် ကြိုးပမ်းတော့သည်။
လုကော်လင်းသည် ထိတ်လန့်တကြားဖြစ်ကာ ဒေါသထွက်သွားပြီး အကျယ်အဝန်း ၁၄ ဧကရှိသော သူ၏ တာအိုချင်းယွမ်တိမ်တိုက်ကို ဖွင့်လှစ်လိုက်သည်။ ထို့နောက် လက်ထဲမှ တူကြီးဖြင့် ရွှေရောင်လက်ဝါးကြီးကို အားကုန်လွှဲ၍ ရိုက်ချလိုက်လေသည်။
တူကြီးသည် ရွှေရောင်လက်ဝါးကြီးပေါ်သို့ ကျရောက်သွားသော်လည်း လက်ဝါးကြီးမှာ တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက်ကျဆင်းလာခဲ့သည်။ လုကော်လင်း၏ မျက်လုံးထဲတွင် နောက်ဆုံး၌ ထိတ်လန့်မှုရိပ်များ ယှက်သန်းသွားပြီး တာအိုစွမ်းအားများကို အင်အားအပြည့် ထုတ်ဖော်ကာ လက်ဝါးကြီးကို ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်ေလသည်။ သို့သော်လည်း ထိုရွှေရောင်လက်ဝါးကြီးမှာ ခဏချင်းအတွင်း သူ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာခဲ့သည်။
လုကော်လင်းသည် သူ၏မျက်စိရှေ့တွင် မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တင်းကျပ်သွားကာ ဧရာမလက်ဝါးကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူသည် စံအိမ်အတွင်းသို့ ပြန်လည်ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။
စစ်သူကြီး လုကော်လင်း ဖမ်းဆီးခံလိုက်ရသည်ကို မြင်သောအခါ နတ်ဆိုးစစ်တပ်ကြီးမှာလည်း ထိတ်လန့်တုန်လှုပ်သွားရသည်။
ထိုနေရာသို့ ရောက်ရှိလာသော လုံခဲ့ နှင့် အခြားနတ်ဆိုးစစ်သူကြီးများသည် လုကော်လင်းအာ ရွှေရောင်လက်ဝါးကြီးမှ ခဏချင်းအတွင်း ဖမ်းခေါ်သွားသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားကြေလသည်။
လုံခဲ့သည်လည်း စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်ကာ နတ်ဆိုးပညာရှင်များနှင့်အတူ စံအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
***