လုံခဲ့သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မင်ထျန်းစံအိမ်ကြီးကို စိုက်ကြည့်နေမိသည်။ ထိုအချိန်တွင် စံအိမ်ကြီးတစ်ခုလုံးမှာ စူးရှတောက်ပသော အလင်းတန်းများ ဖုံးလွှမ်းနေသဖြင့် အပြင်လူများမှာ အတွင်းပိုင်းကို လုံးဝ မမြင်နိုင်ကြချေ။
"နတ်ဆိုးမျိုးနွယ်စုက လုံခဲ့ပါ။ လုမိသားစုကုန်သည်အသင်းက သခင်ကြီး လုရီဖျင်ကို ထွက်လာပြီး ဆွေးနွေးပေးဖို့ ဖိတ်ကြားပါတယ်" ဟု လုံခဲ့သည် လေးစားသမှုရှိသော အသံ၊ ယဉ်ကျေးသော အမူအရာဖြင့် ပြောဆိုလိုက်သည်။
လုံခဲ့၏ စကားအဆုံးတွင် အပြာရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် စံအိမ်အတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ လုံခဲ့သည် ထိုသူ၏ မျက်နှာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး "ရှင်... ရှင်ပဲ" ဟု ရေရွတ်လိုက်မိသည်။
လွန်ခဲ့သော နှစ်များစွာက ဟုန့်မုန်ချီ ၂ ထရီလီယံဖြင့် မီးလျှံတိမ်တိုက်ကျောက်အား ဝယ်ယူခဲ့သည့် လုရီဖျင်၏ ပုံရိပ်မှာ သူမ၏ မှတ်ဉာဏ်ထဲတွင် အမြစ်တွယ်နေခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ပေါ်လာလဲ့ပြန်သည်။ ထိုသူမှာ လျိုချွမ်း ဖြစ်သည်။ သူသည် နျိုဝါမယ်တော်ကြီး၏ လက်အောက်မှ အစွမ်းအထက်ဆုံး စစ်သူကြီးများထဲမှ တစ်ဦးဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စု၏ ထိပ်သီးအင်အားကြီးပုဂ္ဂိုလ် ၁၀ ဦးစာရင်းဝင် အမြင့်မြတ်ဆုံး တာအိုဘိုးဘေး တစ်ဦးလည်း ဖြစ်သည်။
ရောက်ရှိနေသော နတ်ဆိုးပညာရှင်များအားလုံး လျိုချွမ်းကို မြင်လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားကြသည်။
"သခင်ကြီး လျိုချွမ်းကို ဂါရဝပြုပါတယ်" ဟု ဆိုကာ နတ်ဆိုးများမှာ မြေပြင်ပေါ်တွင် ဝပ်တွား ခစားကြတော့သည်။
နတ်ဆိုးသူရဲကောင်းမလေး လုံခဲ့ပင်လျှင် လျိုချွမ်ေးရာက်လာကြောင်း သိသည်နှင့် ရှေ့သို့တက်ကာ "လုံခဲ့က သခင်ကြီး လျိုချွမ်းကို ဂါရဝပြုပါတယ်" ဟု ဆိုကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လျိုချွမ်းသည် လုံခဲ့ကို ခေါင်းအနည်းငယ် ငြိမ့်ပြပြီးနောက် လုရီဖျင်အပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။ သူ၏ မျက်နှာမှာ အေးစက်ခက်ထန်နေပြီး "ကမ္ဘာဦးအစကနေ အခုထိ၊ ငါတို့ နတ်ဆိုးမြို့တော်မှာ ဘယ်သူမှ ဒီလောက်အထိ ရဲတင်းတာမျိုး မရှိခဲ့ဖူးဘူး"
"လုကော်လင်းနဲ့ နတ်ဆိုးမျိုးနွယ်စုဝင်အားလုံးကို အခုချက်ချင်း လွှတ်ပေးလိုက်စမ်း၊ ပြီးတော့... ဒူးထောက်ပြီး အပြစ်ဝန်ခံ၊ မင်းရဲ့ အပြစ်ဒဏ်ကိုတော့ နျိုဝါမယ်ေတာကြီးက ဆုံးဖြတ်လိမ့်မယ်"
လျိုချွမ်း၏ အေးစက်လှသော စကားသံများသည် နတ်ဆိုးမြို့တော်တစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့သည်။ မြို့တော်အတွင်းရှိ လူတိုင်းသည်လည်း ထိုစကားကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ လျိုချွမ်း၏ စကားကို ကြားရသောအခါ စိုးရိမ်တကြီး ဖြစ်သွားကြသည်။ သူတို့သားအတွက် ခုခံချေပခွင့်ပင် မပေးဘဲ ဒူးထောက် အပြစ်ဝန်ခံခိုင်းနေသည်။
လုရီဖျင်သည် လျိုချွမ်းကို ပုံမှန်အတိုင်းပင် တည်ငြိမ်စွာ ကြည့်လိုက်ပြီး "ဒီလောကမှာ ဘယ်သူမှ ငါ့ကို အပြစ်မပေးနိုင်ဘူး။ မင်းလည်း မလုပ်နိုင်သလို၊ နျိုဝါမယ်ေတာ်လည်း မလုပ်နိုင်ဘူး" ဟု အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
လုရီဖျင်၏ အသံသည်လည်း နတ်ဆိုးမြို့တော်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ လုရီဖျင်သည် နျိုဝါမယ်ေတာ်၏ အမည်အား တိုက်ရိုက်ခေါ်ဝေါ်လိုက်သည်ကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
သူမသည် နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့်အပြင် ဟုန့်မုန်လောက၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲတွင် တစ်ဦးဖြစ်သည်။ ကမ္ဘာ့ထိပ်သီးနေရာတွင် ရပ်တည်နေသူ ဖြစ်ပြီး သူမ၏ အမည်နာမကို တိုက်ရိုက် ခေါ်ဝေါ်ရဲသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။
လုံခဲ့ပင်လျှင် မျက်နှာပျက်သွားရသည်။ လျိုချွမ်း၏ မျက်နှာမှာလည်း ဒေါသကြောင့် အရောင်ပြောင်းသွားပြီး မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာကာ "နျိုဝါမယ်ေတာ်ကြီးကို မလေးမစား လုပ်ရဲတယ်ပေါ့... မင်းအခုပဲ သေပေတော့" ဟု အော်ဟစ်ကာ လက်သီးနှစ်ဖက်ဖြင့် ပစ်သွင်းလိုက်တော့သည်။
ထိုလက်သီးချက်မှာ လျိုချွမ်း၏ ဒေါသနှင့် အစွမ်းကုန် ထုတ်ဖော်လိုက်သော တိုက်ကွက်ဖြစ်သည်။ တာအိုဘိုးဘေးစွမ်းအား ၁၈ ဘီလီယံ အရှိန်အဝါမှာ ကောင်းကင်ယံကို တုန်ခါစေပြီး မြို့တော်ဟင်းလင်းပြင်ကိုပင် ပေါက်ကွဲမတတ် ဖြစ်စေခဲ့သည်။
လျိုချွမ်း၏ ဒေါသတကြီး ထိုးနှက်ချက်ကို မြင်သော်လည်း လုရီဖျင်မှာ ပုံမှန်အတိုင်းပင် ရှိနေပြီး လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်သည်။
ဝုန်း…*
လက်သီးချင်း ထိမိသွားသောအခါ ကောင်းကင်ကြီး ပေါက်ကွဲတော့မည့်အတိုင်း ဖြစ်သွားရသည်။ ချောင်း မိုးကြိုးပေါင်း သန်းချီသည် တစ်ပြိုင်နက် ပေါက်ကွဲလိုက်သကဲ့သို့ပင် ပြင်ထန်းလှသည်။
စွမ်းအားနှစ်ခု၏ ပွတ်တိုက်မှုမှာ ကမ္ဘာကြီးကို လွှမ်းခြုံသွားပြီး အလင်းရောင်များပင် ခေတ္တ ပျောက်ကွယ်သွားရသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကြားတွင် တာအိုဘိုးဘေးစွမ်းအား ၁၈ ဘီလီယံ ရှိသော ထိပ်သီးနတ်ဆိုးစစ်သူကြီး လျိုချွမ်းမှာ အပြင်းအထန် ရိုက်ခတ်မှုကို ခံလိုက်ရပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားရတော့သည်။
နောက်ဆုံးတွင် ဆယ်မိုင်ကျော် ဝေးကွာသောနေရာသို့ ရောက်မှသာ လျိုချွမ်းသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။
လျိုချွမ်းသည် သူ၏ သွေးများ ဆူပွက်နေပြီး လည်ချောင်းထဲတွင် ပူလောင်မှုကို ခံစားလိုက်ရကာ ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာခဲ့သည်။
လုံခဲ့မှာမူ မှင်တက်ကာ ရပ်ကြည့်နေမိတော့သည်။
နတ်ဆိုးမျိုးနွယ်စုမှ အင်အားကြီးသူများသည် ဆွံ့အလျက် ကျန်ရစ်ခဲ့ရသည်။
နတ်ဆိုးမြို့တော်အတွင်းရှိ သန်းပေါင်းများစွာသော သတ္တဝါတို့မှာလည်း အချိန်များရပ်တန်သွားသကဲ့သို့ ထိုနေရာတွင် မလှုပ်မယှက်ရှိနေခဲ့သည်။
လုရီဝမ်ပင်လျှင် မှင်တက်သွားရသည်။ လုကော်လင်း၏ ကျော်ကြားမှုမှာ ဟုန့်မုန့်လောကတစ်ခွင် ပျံ့နှံ့နေပြီးဖြစ်ရာ နတ်ဆိုးမျိုးနွယ်စု၏ ထိပ်သီးအင်အားကြီး ၁၀ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော လျိုချွမ်း၏ အမည်နာမကို လုရီဝမ် ကောင်းမွန်စွာသိရှိပေသည်။ လုရီဝမ်၏ စိတ်ထဲတွင် လျိုချွမ်းသည် မည်သူမျှ မထိပါးဝံ့သည့် အလွန်မြင့်မြတ်လှသော တည်ရှိမှုတစ်ခု ဖြစ်သည်။
သို့သော် ယခုအခါ သူ၏ စိတ်ထဲတွင် အလွန်ကြီးကျယ်မြင့်မြတ်လှသည့် သူမှာ သူ၏ သားဖြစ်သူကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
လျိုချွမ်းကိုယ်တိုင်ပင် လုရီဖျင်အားကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ သူသည် နတ်ဆိုးမျိုးနွယ်စု၏ ထိပ်သီး ၁၀ ဦးထဲမှ တစ်ဦးဖြစ်ပြီး ဟုန်မုန့်လောကတစ်ခုလုံးတွင် သူ့အား အနိုင်ယူနိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရသည်။ ထိုသူများကိုလည်း သိရှိပြီးဖြစ်ရာ ယခု ရှေ့တွင်ရှိနေသော လူငယ်မှာ ထိုသူများထဲတွင် လုံးဝ မပါဝင်ေပ။
"မင်း... မင်းက ဘယ်သူလဲ" လျိုချွမ်းမှ ထိတ်လန့်တကြား မေးမြန်းလိုက်ရသည်။
"လုရီဖျင်ပဲ " လုရီဖျင်၏ အေးစက်တည်ငြိမ်သော အသံမှာ ဝေးလံသောနေရာအထိ ပျံ့နှံ့သွားေလသည်။
လျိုချွမ်း၏ မျက်လုံးများမှာ အေးစက်သွားပြီး သူ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာေလသည်။ သူ၏ လက်နှစ်ဖက်မှာ မင်ရောင်ကဲ့သို့ မည်းနက်သွားပြီး ထိုလက်များမှ မင်ရောင်အလင်းတန်းများ စူးရှစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများ ပိုမိုတောက်ပလာသည်နှင့်အမျှ လောကတစ်ခွင်သည်လည်း ပြန်လည်ကာ မှောင်အတိ ကျသွားတော့သည်။
လျိုချွမ်း၏ ပတ်ဝန်းကျင်မှစ၍ ဘေးပတ်ပတ်လည်ရှိ လမ်းမများနှင့် မြို့တော်တစ်ခုလုံး မှောင်မည်းသွားခဲ့သည်။ လျိုချွမ်း၏ တစ်ကိုယ်လုံးမှာလည်း ထိုမင်ရောင်အလင်းများအောက်တွင် အနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လျိုချွမ်း၏ အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် သူသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်အား ရှေ့သို့ တွန်းထုတ်လိုက်သည်။ လျိုချွမ်း တွန်းထုတ်လိုက်သည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော မင်ရောင်အလင်းတန်းကြီးသည် မြစ်ကြီးတစ်စင်းကဲ့သို့ လုရီဖျင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ထိုအလင်းတန်းများ ထွက်ပေါ်သွားချိန်တွင် လျိုချွမ်း၏ လက်များသည်လည်း မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
လုရီဖျင်သည် ကျန့်မုသစ်ပင် နှင့် ချောင်းခေါင်းလောင်းတို့ကို အသုံးမပြုဘဲ သူ၏ လက်နှစ်ဖက်ကိုသာ ရှေ့သို့ တွန်းထုတ်လိုက်ရာ ရွှေရောင်မြစ်ကြီးတစ်စင်း ထွက်ပေါ်လာခဲ့ေလသည်။
အနက်ရောင်နှင့် ရွှေရောင် မြစ်ကြီးနှစ်စင်းမှာ တစ်ဖန် ထပ်မံ ထိပ်တိုက်တွေ့ဆုံသွားကြပြန်သည်။
ထိုစဉ် ကျယ်လောင်သော မြည်ဟီးသံများမှာ ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားခဲ့တော့သည်။ လုံခဲ့နှင့် အခြားနတ်ဆိုးများမှာ ထိတ်လန့်တကြားဖြင့် အဝေးသို့ ဆုတ်ခွာပြေးသွားကြရသည်။
လျိုချွမ်းမှာ နောက်တစ်ကြိမ် ထပ်မံလွင့်ထွက်သွားပြီး အဆောက်အဦးများကို တစ်ခုပြီးတစ်ခု တိုက်မိကာ နောက်ဆုံးတွင် မိုင်ပေါင်းသောင်းချီဝေးသော ဇိမ်ခံအဆောက်အဦးကြီးတစ်ခုပေါ်သို့ ပြုတ်ကျသွားတော့သည်။
တစ်လမ်းလုံး ဖုန်မှုန့်များ လွင့်စင်သွားပြီး အဆောက်အဦးများ ပြိုကျပျက်စီးသံများမှာလည်း ဆက်တိုက်ထွက်ပေါ်နေေတာ့သည်။
လျိုချွမ်း ပါးစပ်ဟလိုက်ချိန်တွင် သွေးများမှာ ယခင်ကဲ့သို့ စီးကျရုံတင်မကဘဲ အမြောက်အမြား အန်ထွက်လာတော့သည်။
လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲသို့ လာရောက်ကြသည့် အင်အားကြီးပုဂ္ဂိုလ်များအားလုံးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြရသည်။
နတ်ဆိုးပညာရှင်များမှာလည်း မြေပြင်ပေါ်သို့ လဲကျနေသည့် လျိုချွမ်းကို ကြည့်ကာ အရာရာကို မှင်တက်နေကြရသည်။
ထိုစဉ် လုရီဖျင်သည် တည်ငြိမ်အေးစက်စွာ ရပ်နေခဲ့သည်။
"ပထမဆုံး တာအိုခန္ဓာကိုယ်ပဲ "
"ဖန်ဆင်းခြင်း တာအိုခန္ဓာကိုယ်ပေါ်လာတာလား…" လျိုချွမ်းသည် အားတင်းကာထရပ်လိုက်ပြီး လုရီဖျင်ကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။ ဟုန့်မုန်လောက ပေါ်ထွန်းလာသည့်အချိန်ကတည်းကပင် မည်သူမျှ ပထမဆုံး တာအိုခန္ဓာကိုယ်ကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ဖူးပေ။
လုရီဖျင်သည် ပထမဆုံး တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း လျိုချွမ်းပြောလိုက်သည်ကို ကြားသောအခါ လူတိုင်း ထပ်မံ၍ ထိတ်လန့်တကြား ဖြစ်သွားကြရေလသည်။
ဒဏ္ဍာရီများအရ သူတော်စင်ဧကရာဇ်ဘုရင်အဆင့်တွင် တာအိုလမ်းစဉ် သုံးထောင်လုံးကို အပြည့်အဝ နားလည်သဘောပေါက်သူသာလျှင် ပထမဆုံး တာအိုခန္ဓာကိုယ်ကို တည်ဆောက်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် လူရီဖျင်သည် တာအိုလမ်းစဉ် သုံးထောင်လုံးကို နားလည်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
လုရီဖျင်သည် နတ်ဆိုးပညာရှင်များကို တစ်ချက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။ "တိုက်ခိုက်ချင်တဲ့သူ ရှိသေးလား…"
လုရီဖျင်၏ အမေးကြောင့် နတ်ဆိုးပညာရှင်အားလုံး ဆွံ့အသွားကြသည်။ အားလုံး၏ အကြည့်များသည် လျိုချွမ်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားကြေလသည်။
လျိုချွမ်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အသံတစ်ခု လောကတစ်ခွင် ဟိန်းထွက်လာခဲ့သည်။
"နတ်ဆိုးမျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုက အမြဲတမ်း မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာပါ၊ တာအိုမိတ်ဆွေ လုရီဖျင်ကိုလည်း နတ်ဆိုးမျိုးနွယ်ရဲ့ မိတ်ဆွေလို့ သတ်မှတ်လို့ရပါတယ်"
ထိုအသံမှာ အမျိုးသမီးတစ်ဦး၏ အသံဖြစ်ပြီး အလွန်သာယာနာပျော်ဖွယ်ရှိလှသည်။ နားထောင်ရသူအား နွေဦးလေပြေကဲ့သို့ ခံစားရစေသော်လည်း မြင့်မြတ်သောအရှိန်အဝါနှင့် အမိန့်အာဏာပင် ရောယှက် ပါဝင်နေခဲ့သည်။
"ဒါ... နျိုဝါမယ်တော်ရဲ့ အသံပဲ"
"နျိုဝါမယ်တော်ကြီး အသက်ရှည်ကျန်းမာပါစေ…"
မြို့တော်အတွင်းရှိ သန်းပေါင်းများစွာသော အင်အားကြီးပုဂ္ဂိုလ်များသည် တစ်ဦးပြီးတစ်ဦး ဒူးထောက် ခစားကြတော့သည်။ တာအိုဘိုးဘေးကြီးများသည်ပင် ကြည်ညိုလေးစားမှု ထိတ်လန့်ရိုသေမှုများဖြင့် ဦးညွှတ်နှုတ်ဆတ်ကြေလသည်။
နတ်ဆိုးမျိုးနွယ်စု၏ ထိပ်သီး ၁၀ ဦးထဲမှ တစ်ဦးဖြစ်သော လျိုချွမ်းပင်လျှင် ဝါနန်းတော်ရှိရာ အရပ်သို့ ဦးညွှတ်လိုက်သည်။
"တာအိုမိတ်ဆွေ လုရီဖျင်... ကျွန်မရဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေက အသိဉာဏ် နည်းပါးကြလို့ မင်းကို စော်ကားမိတာတွေရှိရင် ခွင့်လွှတ်ပေးပါ" ဟု နျိုဝါက ထပ်မံပြောကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ လုရီဖျင်သည် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး "နျိုဝါမယ်တော်ကြီးက ယဉ်ကျေးလွန်းနေပါပြီ" ဟု ဆိုကာ လက်ဝေ့ယမ်းလိုက်ရာ အစောပိုင်းတွင် သူဖမ်းဆီးထားသည့် လုကော်လင်း၊ လုကျီနှင့် အခြားသူများမှာ အပြင်သို့ လွင့်ထွက်လာကြသည်။
နျိုဝါက "ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေလု... စိတ်မပူပါနဲ့၊ လုကော်လင်းနဲ့ လုကျီတို့ကို နတ်ဆိုးမျိုးနွယ်စုရဲ့ ဥပဒေအတိုင်း အပြစ်ပေး အရေးယူလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
လုကော်လင်းနှင့် လုကျီတို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် မျက်နှာများ ဖြူလျော့နေပြီး ဘာမျှပင်မပြောရဲကြတော့ချေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နျိုဝါမှ ထပ်မံမေးမြန်းလိုက်သည် "မိတ်ဆွေလု... ခဏလောက် အချိန်ရနိုင်မလား၊ ကျွန်မရဲ့ ဝါနန်းတော်ကို လာရောက်ပြီး တာအိုတရားတွေအကြောင်း ဆွေးနွေးရင်း ပညာချင်းဖလှယ်ဖို့အတွက် ဖိတ်ကြားချင်လို့ပါ”
***