မိစ္ဆာမျိုးနွယ်စု၏ မြင့်မြတ်သောမြို့တော်အတွင်းရှိ လူတိုင်းမှာ မှင်သက်အံ့ဩသွားကြေလသည်။
နျိုဝါမယ်တော်ကြီးသည် မည်သို့သောလူမျိုးဖြစ်သည်ကို လူတိုင်းသိထားပေသည်။
သူမသည် မိစ္ဆာမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။ ဟုန့်မုန် လောက၏ အသန်မာဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်း ဖြစ်သည်။ သူမ၏ ကျင့်စဉ်အဆင့်မှာ တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး ခေါင်းဆောင်ကြီး ပန့်ကူး၏ ကောင်းကင်ဘုံဖွင့် စကြဝဠာအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းဝက်သာ လိုတော့သည့် တည်ရှိမှုမျိုးဖြစ်သည်။
နျိုဝါသည် အမျိုးသားတစ်ဦးအား ဆွေးနွေးရန်ဖိတ်ကြားလေ့ရှိသူမဟုတ်ပေ။ ယခုမူ နျိုဝါသည် လူမျိုးနွယ်မှ လုရီဖျင်ကို ဝါနန်းတော်သို့ တာအိုတရားလမ်းစဉ်များ ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
ယနေ့အထိ မည်သည့်အမျိုးသားမျှ နျိုဝါ၏ ဝါနန်းတော်အတွင်းသို့ ခြေတစ်လှမ်းပင် ခြေမချဖူးသေးပေ။ ထိပ်သီးမိစ္ဆာစွမ်းအားရှင် လျိုချွမ်း ပင်လျှင် ပုံမှန်အားဖြင့် နန်းတော်တံခါးဝတွင် ရပ်စောင့်ကာ အမိန့်ကို နာခံရခြင်းဖြစ်သည်။
လုရီဖျင် ကိုယ်တိုင်သည်လည်း အံ့အားသင့်သွားမိသည်။ နျိုဝါသည် သူ့အား တာအိုတရားလမ်းစဉ်များ ဆွေးနွေးရန် ဖိတ်ကြားလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သို့သော် နျိုဝါမှ သူ့အား ဖိတ်ကြားခြင်းမှာ စိတ်ဝင်စားမှုကြောင့် မဟုတ်ဘဲ သူသည် နှစ်ပေါင်းသုံးထောင်ကြာ တရားထိုင်ကာ ကံကောင်းခြင်း တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ထားသောကြောင့်သာ တာအိုလမ်းစဉ်ချင်း ဖလှယ်လိုခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
"နျိုဝါမယ်တော်ကြီးက ဖိတ်ခေါ်မှတော့ ကျွန်တော် ရီဖင်အနေနဲ့ ငြင်းဆန်မဝံ့ပါ့ဘူး" လုရီဖျင်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူ၏ မိဘများဖြစ်သော လုရိီဝမ် နှင့် ကော့ချိုးယွဲ့ တို့ကို "အဖေနဲ့ အမေ စံအိမ်မှာပဲေစာင့်ေနပါ၊ ကျွန်တော် ဝါနန်းတော်ကို သွားလိုက်ဦးမယ်" ဟု နှုတ်ဆက်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
လျိုချွမ်းသည် ဝါနန်းတော်သို့ ဦးတည်သွားနေသော လုရီဖျင်အား မနာလိုခြင်း၊ အားကျခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောပြွမ်းနေသည့် မျက်နှာဖြင့် ကြည့်ကာကျန်ရစ်ေနခဲ့သည်။
မကြာမီ လုရီဖျင်သည် ဝါနန်းတော်သို့ ရောက်ရှိလာခဲ့ေလသည်။ မြင့်မြတ်သော မြို့တော်အပြင်ဘက် တောင်ပေါ်တွင် တည်ရှိသော ဝါနန်းတော်သည် ခန့်ညားထည်ဝါပြီး အုတ်တစ်ချပ်၊ အရာဝတ္ထုတစ်ခုစီတိုင်း၌ မြင့်မြတ်သော တာအိုတရားလမ်းစဉ်များ ကိန်းအောင်းနေသည်ကို ခံစားမိေစသည်။ နန်းတော်သို့ ရောက်ရှိချိန်တွင် နျိုဝါ၏ အစေခံမလေးတစ်ဦးမှ ရပ်စောင့်ကာ ကြိုဆိုနေပြီး အတွင်းဆောင်သို့ လမ်းပြခေါ်ဆောင်သွားေလသည်။
အတွင်းဆောင်သို့ ရောက်သောအခါ ကျက်သရေရှိပြီး မြင့်မြတ်သော အမျိုးသမီးနှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ဦးမှာ ဖီးနစ်ဝတ်စုံကို ဆင်မြန်းထားပြီး ကျန်တစ်ဦးမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားေလသည်။ တစ်ဦးမှာ ကမ္ဘာလောကကို အုပ်စိုးသည့် မိခင်တစ်ဦးကဲ့သို့ ခန့်ညားပြီး ကျန်တစ်ဦးမှာ ရင်သပ်ရှုမောဖွယ် အလှမျိုးဖြင့် တင့်တယ်ပေသည်။
ဖီးနစ်ဝတ်စုံနှင့် အမျိုးသမီးမှာ နျိုဝါဖြစ်ကြောင်း လုရီဖျင် သေချာပေါက် သိလိုက်ရသည်။ သို့သော် အခြားတစ်ဦးမှာ မည်သူဖြစ်သည်ကို မသိရေပ။ သူမတို့ နှစ်ဦးမှာ ညီအစ်မရင်းချာများကဲ့သို့ ရင်းနှီးစွာ ရပ်နေကြေလသည်။
နျိုဝါသည် လုရီဖျင်ကို မြင်သောအခါ ခေါင်းညိတ်ပြလိုက်ပြီး "မိတ်ဆွေ လု၊ မိတ်ဆက်ပေးပါရစေ၊ ဒါကတော့ ကျွန်မရဲ့ ညီမတော် လော့စုန်လင်းပါ"
စုန်လင်းလူသားမျိုးနွယ်စု၏ ထိပ်သီး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်နှင့် နံပါတ်တစ် လက်နက်ပန်းပဲဆရဖြစ်သည်။ စုန်လင်းသည်လည်း ယခုနေရာတွင် ရှိနေလိမ့်မည်ဟု လုရီဖျင် မထင်မှတ်ထားပေ။
ထို့နောက် ၎င်းတို့ သုံးဦးသည် တာအိုတရားလမ်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အချိန်တော်တော်များများတွင် နျိုဝါ နှင့် လုရီဖျင်တို့သာ စကားပြောကြားပြီး စုန်လင်းသည် ဘေးမှ နားထောင်ကာ တစ်ခါတစ်ရံမှ ဝင်ရောက်မှတ်ချက်ပေးခဲ့သည်။ စုန်လင်းသည် လူသားတို့တွင် အသန်မာဆုံး အမျိုးသမီး ဖြစ်သော်လည်း တာအိုဘိုးဘေး၏ အထွတ်အထိပ်အဆင့်သို့မူ မရောက်သေးပေ။
သူတို့ ဆွေးနွေးနေစဉ်အတွင်း မိစ္ဆာမြို့တော်တစ်ခုလုံးမှာ လုရီဖျင်အကြောင်းဖြင့် ဆူညံနေတော့သည်။ အင်အားစုများစွာသည် လုမျိုးနွယ် ကုန်သွယ်ရေးအဖွဲ့ကို စုံစမ်းစစ်ဆေးလာကြသည်။ မကြာမီတွင် ဝူမျိုးနွယ်စု၏ မြင့်မြတ်သောနယ်မြေမှ ဝူပါ့ထျန်း နှင့် အခြားသူများလည်း လုရီဖျင်၏ သတင်းကို ရရှိသွားကြသည်။
"ဘာ... မိစ္ဆာမျိုးနွယ်က လျိုချွမ်းတောင် ဒီလုရိီဖျင်ကို မယှဉ်နိုင်ဘူး ဟုတ်လား" ဝူပါ့ထျန်း၏ မျက်နှာမှာ သတင်းကြားရသည်နှင့် ပျက်ယွင်းသွားတော့သည်။
"ဟုတ်ပါတယ်၊ လျိုချွမ်းက လုရီဖျင်ရဲ့ တိုက်ကွက် တစ်ကွက်ကိုတောင် မခံနိုင်ခဲ့ပါဘူး" ဟု ဝူမျိုးနွယ်စု၏ ၁၂ ခုမြောက် ခန်းမဆောင်သခင် ဝူရှန်းက တင်ပြလိုက်ရာ ခန်းမအတွင်းရှိ ဝူမျိုးနွယ် ဘိုးဘေးများအားလုံး တုန်လှုပ်ချောက်ချားသွားကြလေတော့သည်။
တာအိုဘိုးဘေးတို့၏ ကျင့်စဉ်စွမ်းအား ၁၈ ဘီလီယံ ခန့်ရှိသော လျိုချွမ်းသည်ပင် လုရီဖျင်၏ တိုက်ခိုက်မှုကို မယှဉ်နိုင်ခဲ့ပေ။ ထိုသို့ဆိုလျှင် လုရိီဖျင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ၎င်းတို့၏ ဝူဘိုးဘေး ၊ နျိုဝါဘိုးဘေးတို့ဖြင့် တန်းတူဟုပင် ဆိုရနိုင်သည်။
ဝူဘိုးဘေးသည် ထိုသတင်းကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး အသံနက်ဖြင့် မေးမြန်းလိုက်သည်။ "အခုကော ဘယ်လိုဖြစ်သွားပြီလဲ"
"အခုတော့ နျိုဝါမယ်တော်ကြီးက မိစ္ဆာမျိုးနွယ်နဲ့ လုရီဖျင်တို့ကြားက ပဋိပက္ခေတွ ရပ်တန့်သွားအောင် ဆွေးနွေးနေပါတယ် ပြီးတော့ နျိုဝါမယ်တော်ကြီးက လုရီဖျင်ကို တာအိုတရား ဆွေးနွေးဖို့ ဝါနန်းတော်ထဲကိုပါ ဖိတ်ခေါ်သွားခဲ့ပါတယ်" ဟု ဝူရှန်းက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
ဝူမျိုးနွယ်နှင့် လူမျိုးနွယ်တို့သည် ကြီးမားသော ပဋိပက္ခများရှိနေပြီး အမြဲတမ်း စစ်မက်ဖြစ်ပွားနေကြသော်လည်း ဝူဘိုးဘေးသည် နျိုဝါမယ်ေတာ်ကြီးအား သဘောကျနေသည်ကို လူတိုင်းသိကြေပသည်။ သူသည် ဟုန့်မုန်လောကအား တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်ဆောင်ပြီးပါက နျိုဝါမယ်ေတာ်ကြီးကို လက်ထပ်ယူမည်ဟုပင် ကတိပြုထားခဲ့သူ ဖြစ်သည်။
သို့သော်လည်း နျိုဝါမယ်ေတာ်ကြီးသည် ဝူဘိုးဘေးအပေါ် အမြဲတေစ အေးစက်စက်သာ ဆက်ဆံခဲ့သည်။ ယခုမူ သူမသည် လုရီဖျင်ကို ဝါနန်းတော်သို့ ဖိတ်ခေါ်ကာ တာအိုတရားလမ်းစဉ်များ ဆွေးနွေးနေခဲ့သည်။
ဝူရှန်း၏ စကားအဆုံးတွင် ဝူဘိုးဘေး၏ မျက်လုံးများမှာ အေးစက်ကာ အရောင်များ တောက်လာတော့သည်။
ဝူပါ့ထျန်းက သတိကြီးစွာဖြင့် "အဖေ... ဝူကန်း တခြားသူတွေက အဲဒီ လု ဆိုတဲ့ လူရဲ့ လက်ထဲမှာ ရှိနေတာပါ။ အခု သူတို့အားလုံးကို ပြန်လွှတ်ပေးဖို့ လူလွှတ်ပြီး ညှိနှိုင်းခိုင်းလိုက်ရမလား"ဟု မေးလိုက်သည်။
အစောပိုင်းကမူ ဝူပါ့ထျန်းတို့၏ အကြံအစည်မှာ လုရီဖျင်ကို ရှာတွေ့သည်နှင့် သတ်ပစ်ရန် ဖြစ်သော်လည်း ယခုမူ ထိုစကားကို မပြောဝံ့ကြတော့ပေ။ ဝူဘိုးဘေး ကိုယ်တိုင်ပင်လျှင် ထိုလူအား သတ်နိုင်ပါ့မလားဟု သံသယဝင်စရာ ဖြစ်နေခဲ့သည်။
ဝူဘိုးဘေးသည် လေးနက်စွာဖြင့် "ဝူကန်းက သူ့လက်ထဲမှာဆိုတော့ သူ့ကိုယ်တိုင် ပြန်လွှတ်ပေးအောင်လုပ်ရမှာပေါ့ "ဟု ပြောလိုက်သည်။"အခုချက်ချင်း မိစ္ဆာမြို့တော်ကို လူလွှတ်ပြီး ညှိနှိုင်းခိုင်းလိုက်"
ဝူရှန်းလည်း စဉ်းစားဟန်ဖြင့် "တကယ်လို့ အဲဒီလူက သဘောမတူဘူးဆိုရင်ကော"ဟုမေးလိုက်သည်။
ဝူဘိုးဘေး၏ မျက်နှာမှာ ပြောင်းလဲသွားပြီး "တကယ်လို့ သူက ပြန်မပေးဘူးဆိုရင်လည်း... အေးဆေးဆွေးနွေးမယ့်ကိစ္စကိုဖျက်လိုက်တာပေါ့၊သူ့ကို ငါတို့ မသတ်နိုင်ရင်တောင် သူ့ရဲ့ မိဘတွေကိုတော့ သတ်နိုင်တာပဲ၊ သူ့ဘက်က အေးဆေးသဘောမတူရင် လုမျိုးနွယ် ကုန်သွယ်ရေးအဖွဲ့ကို ဖျက်ဆီးပစ်မယ်လို့ သတိပေးလိုက်"ဟု ပြောလိုက်လေသည်။
ဝူရှန်းလည်း ရိုသေစွာဖြင့် အမိန့်ကို နာခံလိုက်သည်။
လုရီဖျင်သည် နျိုဝါ၊ စုန့်လင်းတို့နှင့်အတူ ဝါနန်းတော်တွင် ဆယ်ရက်ကျော်ကြာ တာအိုတရားများ ဆွေးနွေးပြီးနောက်၊ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ မစတင်မီ သူ၏ နေအိမ်သို့ ပြန်လာခဲ့ေလသည်။
လုရီဝမ် နှင့် ကော့ချိုးယွဲ့ တို့မှာ သူတို့၏ သားဖြစ်သူ ဘေးကင်းစွာ ပြန်လာသည်ကို မြင်သောအခါမှသာ ရင်ထဲရှိ အပူများ ငြိမ်းအေးသွားကြတော့သည်။
"ရီဖျင်... နိုင်ဝါမယ်တော်ကြီးက သားကို ဘာတွေပြောလိုက်လဲ" လုရီဝမ်သည် ဝမ်းသာအားရဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
ကော့ချိုးယွဲ့သည်လည်း သူမ၏သားကို ငေးကြည့်နေမိသည်။
လုရီဖျင်ကလည်း ပြုံးလိုက်ပြီး "ထွေထွေထူးထူး မဟုတ်ပါဘူး၊ သာမန် တာအိုတရားေတွ ဆွေးနွေးရုံပါပဲ။ ဒါနဲ့ စုန်လင်းသခင်မလည်း ဝါနန်းတော်ထဲမှာ ရှိနေတယ်"ဟုပြောလိုက်သည်။
လုရီဝမ် နှင့် ကော့ချိုးယွဲ့တို့မှာ အံ့ဩသွားကြပြီး "သခင်မကြီး စုန်လင်းလား…"
စုန်လင်းသည် ဟုန့်မုန်းလောကရှိ လူသားမျိုးနွယ်စုတွင် ထိပ်သီး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကာ ထိပ်သီး လက်နက်ပန်းပဲဆရာသခင်လည်း ဖြစ်သည်။
ဟုန့်မုန်လောကရှိ လူသားများ၏ စိတ်နှလုံးထဲတွင် သူမ၏ အဆင့်အတန်းမှာ နျိုဝါမယ်ေတာ်ကြီး နှင့် မခြားနားပေ။
လုရိဖျင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် အစေခံမလေး ကော့ချိုးယွဲ့သည် အထဲသို့ အပြေးအလွှား ဝင်လာခဲ့ပြီး အပြင်တွင် ဝူမျိုးနွယ်စုမှ တမန်တော်များမှ လုရီဖျင်အား တွေ့ဆုံရန် တောင်းဆိုနေကြောင်း သတင်းပို့လာခဲ့သည်။
လုရီဖျင်သည် ဝူမျိုးနွယ်တမန်တော်များ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်ပြီး "သူတို့ကို အထဲဝင်ခိုင်းလိုက်" ဟု ပြောလိုက်သည်။
မကြာမီ အစေခံမလေးသည် ဝူမျိုးနွယ်တမန်တော် နှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ထိုတမန်တော် နှစ်ဦးမှာ အားနည်းသူများ မဟုတ်ဘဲ ယခင်က လုကော်လင်းနှင့် အဆင့်အတန်း တန်းတူ ရှိကြသူများဖြစ်သည်။
သူတို့သည် လုရီဖျင်၏ ရှေ့သို့ ရောက်သောအခါ မောက်မာရဲခြင်း မရှိဘဲ လက်အုပ်ချီကာ "သခင်ကြီးလု…" ဟု ခေါ်ဝေါ်ကာနှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့၏ လာရင်းရည်ရွယ်ချက်ကို ရှင်းပြကာ ဝူကန်းနှင့် အခြားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ဝူမျိုးနွယ်တမန်များ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိထားသော်လည်း ယခုအခါ လုရီဖျင်သည် ဝူမျိုးနွယ်စုမှ တာအိုဘိုးဘေး ၆ ဦးနှင့် မြင့်မြတ်သောဘုရင် ၈ ဦးကို ဖမ်းဆီးထားကြောင်း ကြားလိုက်ရသည့်အခါ အလွန်အံ့ဩသွားကြသည်။
"ဝူမျိုးနွယ်က လူတွေကို ပြန်လွှတ်ပေးဖို့က အဆင်ပြေပါတယ်" ဟု လုရီဖျင်က အေးဆေးစွာ ပြောလိုက်သည်။ "ဒါပေမဲ့ တစ်ခုခုနဲ့တော့ လဲလှယ်ရမယ်။ တာအိုဘိုးဘေး တစ်ယောက်ကို ဘီလီယံ ၁၀၀၊ မြင့်မြတ်တဲ့ဘုရင် တစ်ယောက်ကို ဘီလီယံ ၁၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲရမယ်"
ဝူမျိုးနွယ်တမန် နှစ်ဦးမှာ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားကြသည်။
"သခင်ကြီးလု နောက်နေတာများလား…" ဟု ဝူမျိုးနွယ်တမန်က အတင်းအကျပ် ပြုံးကာ ပြောလိုက်ရသည်။
လုရီဖျင်က "မင်းတို့ ဝူမျိုးနွယ်တွေက ငါ့ကို အရင် ဝိုင်းတိုက်ခိုက်လို့ ငါက သူတို့ကို ဖမ်းထားတာလေ။ အခု မင်းတို့က ဒီကိုလာပြီး စကားတစ်ခွန်းတည်းနဲ့ ပြန်လွှတ်ပေးဖို့ ပြောနေတာ... ဖြစ်နိုင်တယ်လို့ ထင်နေလား" ဟု ပြန်ပြောလိုက်သည်။
အခြားတမန်တစ်ဦးကလည်း လေးနက်သော အမူအရာဖြင့် "ကျွန်ေတာ်တို့ရဲ့ သခင်ကြီး ဝူဘိုးဘေးက မှာလိုက်ပါတယ်။ တကယ်လို့ သခင်ကြီးလုက ကျွန်တော်တို့ လူတွေကိုပြန်မလွှတ်ပေးဘူးဆိုရင်... လုမျိုးနွယ်တည်ထောင်ထားတဲ့ လုကုန်သွယ်ရေးအသင်းကို ဖျက်ဆီးပစ်ရပါလိမ့်မယ်၊ ပြီးတော့ လုသခင်ကြီးရဲ့ မိဘနှစ်ပါးလုံခြုံရေးကိုလည်း အာမမခံနိုင်ဘူးလို့ ပြောလိုက်ပါတယ်"ဟု သတိပေးဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့၏ မျက်နှာများမှာ ဖြူလျော်သွားတော့သည်။
လုရီဖျင်၏ မျက်လုံးများမှာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး "အဲဒီလိုဆိုရင်တော့... မင်းတို့လည်း ပြန်သွားစရာ မလိုတော့ဘူး ထင်တယ်"ဟု ပြန်လည်သတိပေးလိုက်သည်။
***