*
ဝူမျိုးနွယ်တမန် နှစ်ဦးစလုံး၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။ "သခင်ကြီးလု... တိုင်းပြည်နှစ်ခု ညှိနှိုင်းနေကြတဲ့အချိန်မှာ တမန်ေတွကို သတ်မယ်လို့ မခြိမ်းေခြာက်သင့်ပါဘူး" ဟု တမန်တစ်ဦးက အလျင်အမြန် ပြောလိုက်သည်။
သို့သော် သူ၏စကားပင် မဆုံးသေးမီမှာပင် လုရီဖျင်က လက်ကိုမြှောက်ကာ ၎င်းတို့နှစ်ဦးအား မြေကြီးထဲသို့ တိုက်ရိုက် ရိုက်သွင်းလိုက်ေလသည်။ ၎င်းတို့၏ မျက်စိရှေ့တွင် ပေါ်လာသော လက်ဝါးချက်ကြောင့် မြေကြီးထဲသို့နစ်ဝင်ကာ သတိလစ်သွားကြတော့သည်။
လုရီဖျင်သည် ထိုသူနှစ်ဦး၏ စွမ်းအားများကို ချိပ်ပိတ်လိုက်ပြီးနောက် သူ၏ ကျန့်မုသစ်ပင်အတွင်းသို့ ပစ်ထည့်လိုက်ေလသည်။
လုရီဝမ်နှင့် ကော့ချိူးယွဲ့တို့မှာ မျက်စိရှေ့တွင် ရုတ်ခြည်းပြောင်းလဲသွားသော အခြေအနေများကြောင့် တစ်ခဏမျှ မှင်သက်သွားကြသည်။
"ရီဖျင်... ဝူမျိုးနွယ်က အရမ်းအင်အားကြီးတယ်။ အဲ့ဒါကြောင့်... သူတို့ကို ပြန်လွှတ်ပေးလိုက်တာက ပိုကောင်းမယ်ထင်တယ် " လုရီဝမ်မှ တုံ့ဆိုင်းစွာဖြင့် ဖျောင်းဖျလိုက်သည်။
လုရီဖျင်သည် ခေါင်းခါယမ်းကာ "စိတ်မပူပါနဲ့ အဖေ။ ဒီမိစ္ဆာမြို့တော်ထဲမှာ ဝူမျိုးနွယ်တွေက အဖေတို့ကို ဘာမှမလုပ်နိုင်ပါဘူး။ ပြီးတော့ လုမျိုးနွယ် ကုန်သွယ်ရေးအဖွဲ့က ချောင်ဖုန်းနဲ့ တခြားလူတွေကို ဆက်သွယ်ပြီး သူတို့ကို မိစ္ဆာမြို့တော်ကို လာခဲ့ဖို့ ပြောလိုက်ပါ"ဟု ပြောလိုက်သည်။
"နောင်ဆိုရင် လုမျိုးနွယ် ကုန်သွယ်ရေးအဖွဲ့ကို ဒီမိစ္ဆာမြို့တော်မှာပဲ အခြေစိုက်တည်ထောင်လိုက်ပါ"
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ အံ့ဩတုန်လှုပ်သွားကြသည်။ "ကောင်းပြီ…" လုရီဝမ်က ခေါင်းညိတ်လိုက်သည်။
"အဖေ... ဝူမျိုးနွယ်အတွက် စိတ်မပူပါနဲ့။ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်ကိုယ်တိုင် ဝူဘိုးဘေးမြို့ေတာ်ကို သွားလိုက်ပါ့မယ်" ဟု လုရီဖျင်က ဆိုလိုက်သည်။
"ရီဖျင်... သားက ဝူဘိုးဘေးမြို့ေတာ်ကို တစ်ယောက်တည်း သွားမလို့လား" လုရီဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။
လုရီဖျင်ကလည်း ခေါင်းညိတ်ပြကာ "စိတ်မပူပါနဲ့ အဖေ။ ကျွန်တော့်ရဲ့ အခုရှိနေတဲ့ အင်အားနဲ့ဆိုရင် ဝူဘိုးဘေးတောင် ကျွန်တော့်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး" ဟု ပြောပြီးနောက် တရားထိုင်ကျင့်ကြံရန်အတွက် သီးသန့်အခန်းထဲသို့ ဝင်သွားခဲ့သည်။
သူသည် ယခင်က လုကော်လင်းနှင့် လုကျီတို့ကို လွှတ်ပေးခဲ့သော်လည်း ထျန်းသီကုန်သွယ်ရေးအဖွဲ့မှ လုဖုန်း နှင့် အခြားသူများကိုမူ လွှတ်မပေးခဲ့ပေ။
သူ၏လက်ထဲတွင် ဖမ်းဆီးထားသော ထိုကုန်သွယ်ရေးအဖွဲ့မှ ကျွမ်းကျင်သူများထဲ၌ မြင့်မြတ်သောဘုရင် အဆင့် ၃၀ ကျော် ပါဝင်နေခဲ့ေလသည်။ သူသည် ထိုအခွင့်အရေးကို အသုံးချကာ မဟာတာအို အသီးအပွင့်များကို ထုတ်ယူသုံးစွဲပြီးနောက်မှ ဝူဘိုးဘေးမြို့သို့ သွားရန် ရည်ရွယ်ထားခဲ့ေလသည်။
"ဘာ... လုနာမည်နဲ့ ကောင်က ငါတို့လူတွေကို လွှတ်မပေးတဲ့အပြင် ညှိနှုင်းဖို့လွှတ်လိုက်တဲ့ သံတမန် နှစ်ယောက်ကိုပါ ဖမ်းထားလိုက်တယ် ဟုတ်လား…" ဝူပါ့ထျန်းသည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့သည်။
"ဒီကောင်က ငါတို့ ဝူမျိုးနွယ်မှာ သူနဲ့ယှဉ်နိုင်တဲ့သူ မရှိဘူးလို့ တကယ်ပဲ ထင်နေတာလား…"
ခန်းမဆောင်အတွင်းရှိ ဝူမျိုးနွယ် ဘိုးဘေးများအားလုံး၏ မျက်နှာများမှာ အလွန်ညိုမှောင်သွားခဲ့သည်။ ကောင်းကင်ဘုံ စတင်ပွင့်စဉ်အချိန်းတည်းက ဝူမျိုးနွယ်သည် ဟုန့်မုန်လောကတွင် ရပ်တည်လာခဲ့ရာ ယနေ့အထိ မည်သူမျှ ဝူမျိုးနွယ်ကို ယခုသို့ မဆက်ဆံရဲခဲ့ပေ။
ဝူဘိုးဘေး ကိုယ်တိုင်သည်လည်း မျက်နှာပျက်ယွင်းနေသည်။ ထိုအချိန်တွင် လူတိုင်းသည် ဝူဘိုးဘေး၏ အမိန့်တော်ကို စောင့်မျှော်နေခဲ့ကြသည်။
ထိုစဉ် ဝူရှန်းသည် ရုတ်တရက်ပင် စကားစလာခဲ့သည်။ "ကျွန်တော် အခုပဲ သတင်းတစ်ခု ထပ်ရထားပါတယ်။ လုရီဖျင်က တစ်လအတွင်း သူကိုယ်တိုင် ဝူဘိုးဘေးမြို့ကို လာခဲ့မယ်လို့ ပြောလိုက်ပါတယ်"
ထိုစကားကြောင့် လူတိုင်း မှင်သက်သွားကြသည်။
"လုရီဖျင်က ဘာလုပ်ချင်နေတာလဲ၊ သူကိုယ်တိုင် ဝူဘိုးဘေးမြို့ကို လာပြီး ဖမ်းထားတဲ့လူေတွကို လာအပ်မလို့လား" ဟု ဝူမျိုးနွယ် ဘိုးဘေးတစ်ဦးက ခန့်မှန်းလိုက်သည်။
ဝူဘိုးဘေး၏ မျက်နှာမှာ မှောင်မဲသွားပြီး ခဏမျှ စဉ်းစားကာ ဆိုလိုက်သည်။ "ဒါဆိုရင် နောက်တစ်လ ထပ်စောင့်ကြည့်ကြတာပေါ့။ အဲဒီ လုဆိုတဲ့ကောင် ဝူဘိုးဘေးမြို့ကို ဘယ်လိုလာမလဲဆိုတာ ကြည့်ရသေးတာပေါ့"
"ပြီးတော့ မြင့်မြတ်တဲ့မြို့တော်ကိုလည်း လူလွှတ်ပြီး လုရီဖျင်ရဲ့ မိဘတွေကို စောင့်ကြည့်ထားခိုင်းလိုက်၊ တကယ်လို့ လုရီဖျင်ဘက်က တစ်ခုခု ကောက်ကျစ်ဖို့ ကြိုးစားလာရင် သူ့မိဘတွေနဲ့ လုမျိုးနွယ် ကုန်သွယ်ရေးအဖွဲ့က ကျန်တဲ့လူတွေအားလုံးကို အကုန်အပြတ်ရှင်းပစ်လိုက်"
"ဝူဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်"
နောက်တစ်နေ့တွင်…
မိစ္ဆာမျိုးနွယ်စု၏ မြင့်မြတ်သောမြို့တော်၌ လက်နက်သွန်းလုပ်ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ လုရီဝမ်သည် ထိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း လုရီဖျင်မှာ ကျင့်စဉ်ကျင့်ကြံနေဆဲ ဖြစ်သောကြောင့် မိဘများနှင့်အတူ မလိုက်ပါနိုင်ခဲ့ပေ။
လုရီဖျင် ကိုယ်တိုင် ပေါ်မလာသော်လည်း မိစ္ဆာမျိုးနွယ်စုဝင်များမှာ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့ကို အထူးဧည့်သည်တော်များကဲ့သို့ ဆက်ဆံကာ ကြိုဆိုခဲ့ကြသည်။ မိစ္ဆာမျိုးနွယ်၏ ထိပ်သီး တာအိုဘိုးဘေးများပင်လျှင် ၎င်းတို့ဇနီးမောင်နှံအပေါ် အလွန်အမင်း ယဉ်ကျေးပျူငှာကြသဖြင့် လုရီဝမ်မှာ အလွန်ပင်အားနာ နေမိသည်။
ရက်အနည်းငယ် ကြာပြီးနောက်…
လုရီဖျင်သည် ထျန်းသီ ကုန်သွယ်ရေးအဖွဲ့ မှ မြင့်မြတ်သောဘုရင်များ၏ မဟာတာအို အသီးအပွင့်များကို သန့်စက်ခြင်းပြီးဆုံးခဲ့သည်။ ထို့ကြောင့် လုရီဖျင်၏ တာအိုစွမ်းအားမှာ ၁၇ ဘီလီယံမှ ၁၈ ဘီလီယံ သို့ တိုးတက်သွားခဲ့သည်။
ကိန်းဂဏန်းအရ ၁၀၀ မီလီယံသာ တိုးလာခြင်းဖြစ်သော်လည်း လုရီဖျင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်ကထက် ၁၀ ရာခိုင်နှုန်းမက ပိုမိုအားကောင်းလာခဲ့သည်။
ယခင်က လုရီဖျင်၏ စွမ်းအားမှာ နျိုဝါမယ်တော်ကြီး၊ ဝူဘိုးဘေးတို့နှင့် တန်းတူခန့်သာ ရှိခဲ့သော်လည်း ယခုမူ သူသည် ၎င်းတို့ထက် ပိုမိုသန်မာသွားပြီဖြစ်သည်။
တစ်နည်းအားဖြင့် လုရိီဖျင်သည် ဟုန့်မုန်လောက၏ ထိပ်သီး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
စွမ်းအား တိုးတက်လာပြီးနောက် လုရီဖျင်သည် ဝူဘိုးဘေးမြို့ေတာ်သို့ ချက်ချင်း မသွားခဲ့သေးဘဲ မိဘများနှင့်အတူ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကို လိုက်ပါကြည့်ရှုခဲ့သည်။ ထိုစဉ်အတွင်း မြို့တော်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာသော အစွမ်းထက် ဝူမျိုးနွယ်စုဝင် အချို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကိုလည်း ဖမ်းဆီးကာ ကျန့်မုသစ်ပင်အတွင်းသို့ ထည့်သွင်းလိုက်သည်။
လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ တစ်လခန့် ကြာမြင့်ခဲ့သည်။ တစ်လပြည့်သောအခါမှ လုရီဖျင်သည် ဝူဘိုးဘေးမြို့သို့ ထွက်ခွာခဲ့သည်။ လုရီဖျင်၏ လက်ရှိအရှိန်ဖြင့် မြင့်မြတ်သောမြို့တော်မှ ဝူဘိုးဘေးမြို့ေတာ်သို့ သွားရန် အချိန်နာရီဝက်ခန့် သာ ကြာမြင့်သည်။
ဝူဘိုးဘေးမြို့သို့ ရောက်ရှိချိန်တွင် နေမင်း အတောက်ပဆုံးဖြစ်သည့် မွန်းတည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုရီဖျင်သည် ကောင်းကင်ယံမှ နေမင်းကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ "တကယ်လို့ ရှောင်ကျောင်းသာ ဟုန့်မုန်လောကကို လိုက်လာရင် ဒီနေရာကို သေချာပေါက် သဘောကျမှာဘဲ " လုရီဖျင်သည် နွားသိုးလုံကျောင်း၏ ရွှေရောင်အမွှေးအမျှင်များကို သတိရကာ တွေးတောနေမိသည်။
လုရီဖျင်သည် ဝူဘိုးဘေးမြို့ေတာ်အတွင်းသို့ အေးဆေးစွာ လမ်းလျှောက်ဝင်လာခဲ့သည်။
"အခု မွန်းတည့်ချိန်တောင် ကျော်နေပြီ။ လုနာမည်နဲ့ကောင် အခုထိ ရောက်မလာသေးပါလား။ ကြည့်ရတာ ငါတို့ကို သတင်းမှားတွေနဲပ ကစားနေတာပဲ " ဝူပါ့ထျန်းက ဒေါသတကြီး ပြောလိုက်သည်။
ဝူဘိုးဘေးသည်လည်း မိစ္ဆာမြို့တော်သို့ လွှတ်လိုက်သော သူ၏ ကျွမ်းကျင်သူများအားလုံးကို လုရီဖျင် ရှင်းလင်းပစ်လိုက်ကြောင်း သတိရကာ မျက်လုံးများ အေးစက်နေခဲ့သည်။
"ဝူဘိုးဘေးကြီးခ... လုရီဖျင် ရောက်လာပါပြီ" ထိုစဉ် ဝူမျိုးနွယ် ဘိုးဘေးတစ်ဦးသည် အပြင်မှ အပြေးအလွှား ဝင်လာကာ သတင်းပို့လိုက်သည်။
လုရီဖျင် ရောက်ရှိလာသည့် သတင်းကြောင့် ခန်းမအတွင်းရှိ ဝူမျိုးနွယ်စုဝင်များအားလုံး စိတ်လှုပ်ရှားသွားကြေလသည်။
"သူ့ကို ဝူဘိုးဘေး ခန်းမဆောင်ထဲကို ဖိတ်ခေါ်လိုက်" ဟု ဝူဘိုးဘေးက အမိန့်ပေးလိုက်လေသည်။
"မလိုတော့ဘူး…" ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာပြီး ဝူဘိုးဘေးခန်းမဆောင်အတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးကာ လူတိုင်း၏ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
ဝူမျိုးနွယ်စုဝင်များမှာ ရုတ်တရက် ပေါ်လာသော လုရီဖျင်ကို ကြည့်ကာ အားလုံးပင် တုန်လှုပ်ချောက်ချားသွားကြပြီး သူ၏ လှုပ်ရှားမှုတိုင်းကို အသေအချာ စောင့်ကြည့်နေကြရေလသည်။
ဝူဘိုးဘေးသည် လုရီဖျင်ကို စိုက်ကြည့်ကာ "လုရီဖျင်" ဟု ခေါ်လိုက်ေလသည်။
လုရီဖိင်ကလည်း ဝူဘိုးဘေးကို ကြည့်ပြီး "ကုန်းကုန်း…” ဟု ပြန်ပြောလိုက်သည်။
ဝူဘိုးဘေး၏ မျိုးရိုးအမည်မှာ မဟုတ်ပေ။ ကုန်းကုန်း ဆိုသည်မှာ သူ၏ အမည်ရင်း ဖြစ်သည်။ လုရီဖျင်သည် သူ၏အမည်ရင်းကို ခေါ်လိုက်သဖြင့် ဝူဘိုးဘေးမှာ ခဏမျှ မှင်သက်သွားရသည်။ သူ၏ အမည်ရင်းကို တစ်စုံတစ်ဦးက ခေါ်ဆိုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလား။
"လုရီဖျင်... မင်း ရောက်လာပြီဆိုမှတော့ ငါ့ဝူမျိုးနွယ်စုဝင်တွေကို လွှတ်ပေးလိုက်သင့်ပြီထင်တယ် " ဝူဘိုးဘေးက လုရီဖျင်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
လုရီဖျင် မျက်နှာမှာ ပုံမှန်အတိုင်းပင် ဖြစ်နေပြီး "ဝူဘိုးဘေးက တိုက်ခိုက်ရေးမှာ အနှိုင်းမဲ့သလို ဟုန့်မုန် လောကမှာလည်း အသန်မာဆုံးပဲလို့ ကျွန်တော် ကြားခဲ့တာ ကြာပြီ။ အဲဒါကြောင့် ကျွန်တော်ကလည်း နည်းနည်းလောက် ပညာသင်ယူချင်လို့ပါ" ဟု ပြောလိုက်သည်။
ဝူမျိုးနွယ်စုဝင်များအားလုံး အံ့ဩသွားကြသည်။
ဝူဘိုးဘေးသည် လုရီဖျင်ကို ကြည့်ကာ ရယ်မောလိုက်သော်လည်း သူ၏ ရယ်သံထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသဖြင့် နားထောင်ရသူကိုပင် တုန်လှုပ်ခြောက်ခြားစေေလသည်။ ဝူဘိုးဘေးသည် လုရီဖျင်ကို စိုက်ကြည့်ရင်း "မင်း ဝူဘိုးဘေးမြို့ကို လာတာက ငါ့လူေတွကို လွှတ်ပေးပြီး စစ်ပြေငြိမ်းဖို့ မဟုတ်ဘူးပေါ့…"
ထိုအချိန်တွင် လုရီဖျင်သည် လူလွှတ်ပေးရန် လာခြင်းမဟုတ်ဘဲ သူ့ကို စိန်ခေါ်ရန် လာခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ဝူဘိုးဘေးသည် သူ၏ ပလ္လင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်သည်။ သူ၏ အရပ်မှာ နှစ်မီတာကျော် မြင့်မားပြီး မဟာတောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားထည်ဝါလှသည်။
ဝူရှန်း၊ ဝူပါ့ထျန်းနှင့် အခြားသူများမှာလည်း ဝူဘိုးဘေး ခန်းမဆောင်အတွင်းမှ အလျင်အမြန် ပျံသန်းထွက်ခွာသွားကြသည်။
"ဝူမျိုးနွယ် မဟာစစ်ခင်းကျင်းမှုကို ဖွင့်လိုက်ကြ"
ရုတ်တရက် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပြင်းထန်လှသော စစ်ခင်းကျင်းမှု စွမ်းအားများမှာ အဆုံးမရှိသော ရေတံခွန်ကြီးတစ်ခုကဲ့သို့ လုရီဖျင်၏ ပတ်ဝန်းကျင်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
ထိုအရာမှာ ဟုန့်မုန်လောက၏ အားအကောင်းဆုံးဖြစ်သော ဝူမျိုးနွယ် မဟာစစ်ခင်းကျင်းမှုပင် ဖြစ်သည်။ သာမန် တာအိုဘိုးဘေးတစ်ဦးသည် ထိုစစ်ခင်းကျင်းမှုအတွင်း ရောက်ရှိနေပါက ပြင်းထန်လှသော စွမ်းအားများကြောင့် အသားစများပင် မကျန်သည်ထိ ကြိတ်ခြေခံရမည် ဖြစ်သည်။ ယခုမူ ထိုစွမ်းအားများအားလုံး လုရီဖျင်ပေါ်သို့ ဖိနှိပ်ကျဆင်းနေပြီ ဖြစ်သည်။
သို့သော် လုရီဖျင်မှာမူ မလှုပ်မယှက် ရပ်နေဆဲပင်ဖြစ်သည်။
ထိုအခြေနမြင်သောအခါ ဝူဘိုးဘေးမှ "သေစမ်း …" ဟု ဟစ်အော်ကာ လုရီဖျင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ေလသည်။ သူ၏ လက်ဝါးရိုက်ချက်မှာ ကမ္ဘာပေါ်ရှိ လေစီးကြောင်းအားလုံးကိုပင် တုန်ခါသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝူဘိုးဘေးမြို့အတွင်းရှိ လူတိုင်းမှာ အသက်ရှူကျပ်ကာ သေလုမတတ် အခြေနေမျိုးဖြင့် ကြံုတွေ့လိုက်ရသည်။
***