ဘုန်း…*
လုရီဖျင် လက်ဝါးစွမ်းအားနှင့် ဝူဘိုးဘေး၏ လက်ဝါးစွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဝူဘိုးဘေး ခန်းမဆောင်ကြီးမှာ ခဏမျှ ငြိမ်ကျသွားပြီးနောက် ဖန်ခွက်တစ်ခုကဲ့သို့ အပိုင်းအစပေါင်း သန်းချီကွဲအက်ကာ ပေါက်ကွဲထွက်သွားတော့သည်။
ဝူဘိုးဘေးကိုယ်တိုင်သည်လည်း အရှိန်ပြင်းစွာဖြင့် နောက်သို့ လွင့်ထွက်သွားရပြီး သူ၏ ပလ္လင်ကို တိုက်မိကာ မိုင်ပေါင်းများစွာအထိ လျောတိုက်ပြီးေနာက်မှ ရပ်တန့်သွားေလသည်။
"ဘယ်လိုဖြစ်တာလဲ …"
ခန်းမအပြင်သို့ ရောက်ရှိနေသော ဝူပါ့ထျန်း၊ ဝူရှန်းနှင့် အခြားသူများမှာ မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မှင်သက်သွားကြပြီး မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ ဝူဘိုးဘေးသည် ဝူမျိုးနွယ်စု၏ ထိပ်သီး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဟုန့်မုန်လောက၏ အသန်မာဆုံးလူလည်း ဖြစ်သည်။ မည်သူမျှ ဝူဘိုးဘေးအား ခြေတစ်လှမ်း ဆုတ်သွားအောင်ပင် မလုပ်နိုင်ခဲ့ဖူးချေ။ ယခုမူ မိုင်ပေါင်းများစွာထိ လွင့်ထွက်သွားရသည်။
ဝူဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ထုံကျဉ်သွားသော လက်မောင်နှစ်ဖက်ကို ကြည့်ကာ သူကိုယ်တိုင်ပင် အံ့ဩနေမိသည်။ ယခုကဲ့သို့ နာကျင်မှုခံစားရသည်မှာ ကောင်းကင်ဘုံ စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ယခုချိန်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
ဝူဘိုးဘေးသည် လုရီဖျင်ကို ကြည့်ကာ ဒေါသထွက်မည့်အစား အကျယ်ကြီးပင် ရယ်မောလိုက်သည်။ "ဟုန့်မုန်လောကမှာ ငါ့ကို လွင့်ထွက်သွားအောင် လုပ်နိုင်တဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ လက်မောင်းတွေ ထုံသွားတဲ့ ဒီခံစားချက်က တကယ့်ကို အမိုက်စားပဲ"
သူသည် ရယ်မောရင်း ကောင်းကင်သို့ ပျံတက်သွားေလသည်။ သူ၏ ဦးခေါင်းထက်တွင် ၁၉ ဧက ကျယ်ဝန်းသော ချင်းယွမ်တိမ်တိုက်ပေါ်လာပြီး ခရမ်းရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။ ထို့နောက် သူ၏ လက်သီးနှစ်ဖက်ဖြင့် လုရီဖျင်ကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ေလသည်။
လုရီဖျင်သည်လည်း နောက်မဆုတ်ဘဲ ရှေ့သို့ ဆက်တိုးလာခံ့သည်။ သူ၏ မသေဆုံးနိုင်သော ကောင်းကင်သစ်သားကျင့်စဉ် ၄၉ ထပ်မြောက် အထွတ်အထိပ်စွမ်းအားကို အသုံးချကာ လက်သီးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ကောင်းကင်တစ်ခွင် တုန်ဟီးသွားသော အသံကြီးဖြင့်အတူ ဝူဘိုးဘေးမှာ လုရီဖျင်၏ လက်သီးချက်ကြောင့် နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မိုင်ပေါင်း ဆယ်ဂဏန်းအထိ လွင့်ထွက်သွားခြင်းဖြစ်သည်။
အစောပိုင်း လက်မောင်းများ ထုံရုံသာ ရှိသေးသော်လည်း ယခုမူ ဝူဘိုးဘေးသည် လက်မောင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် သူသည် နောက်မဆုတ်ဘဲ လုရီဖျင်ထံသို့ ထပ်မံ ပြေးဝင်သွားခဲ့ေလသည်။ ယခုတစ်ကြိမ်တွင် သူ၏ တစ်ကိုယ်လုံး၌ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၌ မင်ရည်ကဲ့သို့ အနက်ရောင် ပင်လယ်ကြီးတစ်ခု ပေါ်လာခဲ့သည်။
"ဟေးယွမ် ရေလှိုင်း…."
သူသည် လက်သီးနှစ်ဖက်ဖြင့် ထိုးနှက်လိုက်ရာ ထိုအနက်ရောင် ပင်လယ်ကြီးမှာ လုရီဖျင်ထံသို့ အရှိန်ပြင်းစွာ စီးဝင်သွားတော့သည်။
လုရီဖျင်၏ ခန္ဓာကိုယ်မှလည်း စိမ်းလမ်းသော အလင်းတန်းများ တောက်ပလာပြီး တာအိုသင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် နဂါးကြီးများမှ သူ့ကို ဝန်းရံထားခဲ့သည်။ သူသည် တာအိုခန္ဓာ၊ မသေဆံုးနိုင်သော ကောင်းကင်သစ်သားကျင့်စဉ်နှင့် ထဝရရှင်သန်ခြင်းကျင့်စဉ် တို့ကို တစ်ပြိုင်နက်တည်း အသုံးချကာ ပြန်လည် ထိုးနှက်လိုက်သည်။
အလွန်ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ဝူဘိုးဘေးသည် မိုင်ပေါင်း ရာချီ၍ လွင့်ထွက်သွားကာ ဝူဘိုးဘေးမြို့ရှိ အဆောက်အအုံပေါင်းများစွာကို တိုက်မိကာ ပျက်စီးသွားတော့သည်။ ဝူဘိုးဘေးမြို့မှာ တာအိုလက်နက်တစ်ခု ဖြစ်သော်လည်း ထိုစွမ်းအားနှစ်ခုအောက်တွင် အရာအားလုံးမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရသည်။
လုရီဖျင်သည် ဝူဘိုးဘေး၏ အနီးသို့ ရုတ်ခြည်း ရောက်ရှိသွားပြီး လက်သီးများဖြင့် ဆက်တိုက် ထိုးနှက်လိုက်ေလသည်။ ဝူဘိုးဘေးမှာ ခုခံသော်လည်း အကြိမ်ကြိမ် လွင့်ထွက်သွားရသည်။ ထိုသို့ဖြင့် လုရီဖျင်သည် ဝူဘိုးဘေးအား မြို့လယ်မှ မြို့ရိုးသို့ ရောက်သွားသည့်ထိ လက်သီးများဖြင့် ဆက်တိုက် ထိုးနှက်ခဲ့သည်။
ဝူဘိုးဘေးမှာ မြို့ရိုးနှင့် ရိုက်မိသွားပြီး မြို့ရိုးကြီးမှာပင် တုန်ခါသွားရသည်။ ဝူပါ့ထျန်းနှင့် အခြားသူများမှာမူ စကားပင် မပြောနိုင်တော့လောက်အောင် ထိတ်လန့်နေကြပြီ ဖြစ်သည်။ ဝူဘိုးဘေးမှာ လုရီဖျင်၏ လက်သီးချက်များကြောင့် တစ်ကိုယ်လုံး သွေးကြောများ ပွင့်ထွက်ကာ လက်များပင် တုန်ရင်နေရသည်။
"မင်း ကျင့်ကြံနေတာ ဘာကျင့်စဉ်လဲ…" ဝူဘိုးဘေးသည် မျက်လုံးများ နီမြန်းလျက် လုရီဖျင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မသေဆံုးနိုင်သော ကောင်းကင်သစ်သားကျင့်စဉ်ပဲ" ဟု လုရီဖျင်က ဖြေကြားလိုက်သည်။
ဝူဘိုးဘေးမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုကျင့်စဉ်အမည်ကို သူ တစ်ခါမျှ မကြားဖူးချေ။ ထို့နောက် သူ၏ တစ်ကိုယ်လုံးတွင် အနက်ရောင် အလင်းတန်းများ ပြန်လည် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အနက်ရှိုင်းဆုံးသော အင်အားများ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအရာမှာ ဝူမျိုးနွယ်စု၏ မူလစွမ်းအား ဖြစ်သည့်အပြင် သူ၏ သွေးသားအတွင်းရှိ အားအကောင်းဆုံး စွမ်းအားလည်း ဖြစ်သည်။ သူသည် ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံတက်သွားပြီး ဝူဘိုးဘေးမြို့ေတာ်ကြီးမှာလည်း အလင်းတန်းများဖြင့် တောက်ပလာတော့သည်။
ဝူဘိုးဘေးသည် ဝူဘိုးဘေးမြို့ေတာ်၏ ဗဟိုချက်မဆီသို့ ရောက်ရှိသွားေလသည်။ မြို့၏ ဗဟိုမျက်လုံးတော်မှ ကြီးမားသော အလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အံ့မခန်းဖွယ် စွမ်းအားများမှာ ဝူဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။
ထို့နောက် တိုက်ကြီး ရာပေါင်းများစွာခန့် ကျယ်ဝန်းသော ဝူဘိုးဘေးမြို့ေတာ်ကြီးသည် တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့ပြီး နောက်ဆုံးတွင် လူတစ်ကိုယ်စာ အရွယ်အစားခန့်သာ ကျန်ရှိတော့ကာ ဝူဘိုးဘေး ဝတ်ဆင်ရမည့် ချပ်ဝတ်တန်ဆာ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူဘိုးဘေးနှင့် တစ်သားတည်း ပေါင်းစည်းသွားလေသည်။
ထိုအခြေနေမှာ သာမန် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ခြင်းမျိုး မဟုတ်ဘဲ ဝူဘိုးဘေး၏ သွေးသား၊ ခန္ဓာကိုယ်၊ ဝိညာဉ်တို့နှင့် မြို့တော်ကြီး တစ်ခုလုံး အမှန်တကယ် ပေါင်းစည်းသွားခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝူဘိုးဘေးသည် ဝူဘိုးဘေးမြို့တော်ပင် ဖြစ်သွားခဲ့ရသည်။
ထို့နောက် ဝူမျိုးနွယ်စုမှ သောင်းနှင့်ချီသော တာအိုဘိုးဘေးများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဝူဘိုးဘေးမြို့၏ ဗဟိုမျက်လုံးတော်အတွင်းသို့ ပျံသန်းဝင်ရောက်သွားကြသည်။ သူတို့အားလုံး၏ စွမ်းအားများသည် ဝူဘိုးဘေးမြို့မှတစ်ဆင့် ဝူဘိုးဘေးထံသို့ ပေါင်းစည်းစီးဝင်သွားကြသည်။
သောင်းနှင့်ချီသော ကျွမ်းကျင်သူများ၏ စွမ်းအားများကြောင့် ဝူဘိုးဘေး၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်လာေလသည်။ သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်းများ ကောင်းကင်သို့ ဖြာထွက်နေပြီး ကောင်းကင်ပြင်ကြီးမှာပင် အပေါက်များ ဖြစ်သွားသကဲ့သို့ပင် ပေါက်ကွဲပျက်စီးနေေလသည်။
လုရီဖျင်သည် ဝူဘိုးဘေး၏ တိုးတက်လာသော စွမ်းအားကို ခံစားလိုက်ရပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားေလသည်။
"လုရီဖျင် ... မင်း သေပေတော့" ဝူဘိုးဘေး၏ အသံမှာ အေးစက်နေလသည်။ သူသည် သူကိုယ်တိုင်၏ စွမ်းအား၊ သောင်းနှင့်ချီသော တာအိုဘိုးဘေးများ၏ စွမ်းအားဖြင့် ဝူဘိုးဘေးမြို့၏ စွမ်းအားတို့ကို ပေါင်းစပ်ထားသော လက်သီးချက်ဖြင့် လုရီဖျင်ကို ထိုးနှက်လိုက်ေလသည်။ ထိုလက်သီးချက်၏ ပြင်းအားကြောင့် ဟုန်မုန်းလောကအတွင်းရှိ ကျွမ်းကျင်သူ အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။
လုရီဖျင်သည်လည်း လက်သီးနှစ်ဖက်ဖြင့် ပြန်လည် ခုခံလိုက်သည်။
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ လုရီဖျင်မှာ အရှိန်ပြင်းစွာ နောက်သို့ လွင့်ထွက်သွားခဲ့ေလသည်။ ယခင်က သူသည် ဝူဘိုးဘေးကို လွင့်ထွက်အောင် လုပ်ခဲ့သော်လည်း ယခုမူ သူကိုယ်တိုင် မိုင်ပေါင်းများစွာ လွင့်ထွက်သွားရခြင်း ဖြစ်သည်။
ဝူဘိုးဘေးသည်လည်း လှောင်ပြုံးပြုံးကာ လုရီဖျင်၏ အနီးသို့ ရုတ်ခြည်း ရောက်ရှိလာပြီး အခြား လက်သီးချက်တစ်ချက် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ လုရီဖျင်မှာ အနည်းငယ် နောက်ဆုတ်သွားရသည်။ သို့သော် လုရီဖျင်၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။
ဝူဘိုးဘေး၏ စွမ်းအားမှာ အလွန်ပြင်းထန်သော်လည်း လုရီဖျင်အား နောက်ဆုတ်သွားရံုသာ လုပ်နိုင်ပြီး ဒဏ်ရာရအောင် မလုပ်နိုင်သေးပေ။
ဝူဘိုးဘေးသည် တတိယမြောက် လက်သီးချက်ကို ထိုးရန် ပြင်လိုက်စဉ်မှာပင် လုရီဖျင်၏ ဦးခေါင်းထက်၌ ရွှေရောင်အလင်းတန်းများ ဖြတ်ပြေးသွားပြီး ချောင်းခေါင်းလောင်းကြီး ပေါ်လာတော့သည်။
လုရီဖျင်သည် သူ၏ လက်သီးနှစ်ဖက်ကို ပြန်လည် ဆန့်ထုတ်လိုက်ရာ ကျန့်မုသစ်ပင်၏ စွမ်းအားများသည် သူ၏ လက်သီးထဲသို့ စုစည်းသွားပြီး ဝူဘိုးဘေးမြို့၏ ချပ်ဝတ်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
ယခုတစ်ကြိမ်တွင်မူ လုရီဖျင်နှင့် ဝူဘိုးဘေး နှစ်ဦးစလုံးမှာ ပြိုင်တူ နောက်သို့ လွင့်ထွက်သွားကြပြီး စွမ်းအားချင်းပင် တန်းတူ ဖြစ်သွားခဲ့သည်။
"ချောင်း ခေါင်းလောင်း…"
"ကျန့်မုသစ်ပင်…."
ဝူဘိုးဘေးမှာ အံ့အားသင့်ကာ ရေရွတ်လိုက်မိလေတော့သည်။
လုရီဖျင်၏ ခန္ဓာကိုယ်သည် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားပြီး ဝူဘိုးဘေး၏ ရှေ့သို့ ရောက်ရှိလာေလသည်။ သူ၏ ဦးခေါင်းထက်တွင် အလင်းတန်းများ တစ်ဖန် ပြန်လည် တောက်ပလာပြီးနောက် ကြီးမားသော ကျောက်စိမ်းပြားကြီး တစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။
ထိုကျောက်စိမ်းပြားမှာ အစိတ်အပိုင်း ၂၄ ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထို ကံကောင်းခြင်း ကျောက်စိမ်းပြား၏ စွမ်းအားများသည် လုရီဖျင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ပေါင်းစည်းသွားခဲ့သည်။
လုရီဖျင်သည် သူ၏ လက်သီးနှစ်ဖက်ကို အားကုန်လွှဲ၍ ထိုးနှက်လိုက်ရာ ဝူဘိုးဘေးမှာ မီတာ ရာပေါင်းများစွာ နောက်သို့ လွင့်ထွက်သွားေလတော့သည်။
"ကံကောင်းခြင်း ကျောက်စိမ်းပြား…."
ဝူဘိုးဘေးသည် လုရီဖျင်၏ ဦးခေါင်းထက်ရှိ ကျောက်စိမ်းပြားကို ကြည့်ကာ အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။ သူ့ရှေ့မှ လုရီဖျင်သည် ကံကောင်းခြင်း ကျောက်စိမ်းပြားကို ရရှိထားရုံသာမက ၎င်းကို အပိုင်ကျင့်ကြံ ထိန်းချုပ်ထားနိုင်လေသည်။
လုရီဖျင်နှင့် ဝူဘိုးဘေးတို့၏ တိုက်ပွဲသတင်းမှာ ဟုန့်မုန်းလောကတစ်ခုလုံးကို တုန်ဟိန်းသွားစေခဲ့သည်။ မကြာမီတွင် ဝါနန်းတော်မှ နျိုဝါ နှင့် လော့စုန်လင်းတို့သည်လည်း ထိုသတင်းကို သိရှိသွားကြသည်။
ဝူဘိုးဘေးသည် လုရီဖျင်၏ လက်သီးချက်များအောက်တွင် အထိနာခဲ့ရပြီး နောက်ဆုံးတွင် ဝူဘိုးဘေးမြို့၊ ဝူမျိုးနွယ်စုဝင် သောင်းနှင့်ချီသော တာအိုဘိုးဘေးများနှင့် ပေါင်းစည်းခဲ့ရသည်ဟူသော သတင်းကို ကြားလိုက်ရသည့်အခါ နျိုဝါ နှင့် စုန်လင်းတို့မှာ မှင်သက်သွားကြေလသည်။
"အခုကော ဘာတွေဖြစ်နေပြီလဲ…" နျိုဝါက ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ဝူဘိုးဘေးမြို့နှင့် သောင်းနှင့်ချီသော တာအိုဘိုးဘေးများ၏ စွမ်းအားကို ပေါင်းစပ်ထားသော ဝူဘိုးဘေးမှာ မည်မျှအထိ အစွမ်းထက်မည်ကို သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
***