"အခုထိတော့ ဝူဘိုးဘေးက အရှုံးဘက်မှာ ရှိနေတုန်းပါပဲ" နျိုဝါ၏ လက်အောက်ခံ စစ်သူကြီးတစ်ဦးက ပြန်လည်ဖြေကြားလိုက်သည်။
"ဘာ... အခုထိ အရှုံးဘက်မှာ ဟုတ်လား" နျိုဝါ နှင့် စုန်လင်းတို့ တုန်လှုပ်သွားကြသည်။
"မင်းသေချာရဲ့လား... ဝူဘိုးဘေးက ဝူဘိုးဘေးမြို့တော်၊ ပြီးတော့ ဝူမျိုးနွယ်စုရဲ့ သောင်းနဲ့ချီတဲ့ တာအိုဘိုးဘေးတွေရဲ့ အင်အားတွေအားလုံးကို ပေါင်းစပ်ထားတာတောင် အရှုံးဘက်မှာ ရှိနေတုန်းပဲလား" နျိုဝါး မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ်၊ နောက်ဆုံးမှာ ဝူဘိုးဘေးက မြို့တော်နဲ့ တာအိုဘိုးဘေး သောင်းချီရဲ့ အင်အားကို ပေါင်းစည်းခဲ့ပေမယ့် နောက်ကျကျန်နေတုန်းပါပဲ" စစ်သူကြီးသည် ဖြေကြားရင်း သူ၏အသံများမှာ မထိန်းချုပ်နိုင်အောင် တုန်ယင်နေခဲ့သည်။
ဝူဘိုးဘေးသည် ဝူဘိုးဘေးမြို့တော်နှင့် ဝူမျိုးနွယ်စု၏ တာအိုဘိုးဘေး သောင်းချီကို ပေါင်းစပ်လိုက်ခြင်းသည် ဝူမျိုးနွယ်စုတစ်ခုလုံး၏ အင်အားဟုပင် ဆိုနိုင်သည်။
“လုရီဖျင်ရဲ့ အင်အားက ဝူမျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားထက်တောင် သာလွန်နေပြီလား”
နျိုဝါနှင့် စုန်လင်းတို့သည် အတည်ပြုချက်ကို ရရှိပြီးနောက် ခဏတာမျှ ဆိတ်ဆိတ်နေကြသည်။
"ဟုန့်မုန်းလောကရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ” အတော်ကြာသည့်အချိန်မှ နျိုဝါမယ်တော်ကြီး လေးလေးပင်ပင် ရေရွတ်လိုက်ေလသည်။
ယခင်က နျိုဝါမယ်ေတာ်ကြီး နှင့် ဝူဘေးဘိုးတို့သည် အင်အားချင်းတူညီကြပြီး ဟုန့်မုန်လောက၏ အသန်မာဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါတွင်မူ ၎င်းတို့ကို ကျော်ဖြတ်နိုင်သူ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
"ပြီးတော့..." စစ်သူကြီးက တုန်တုန်ယင်ယင်ဖြင့် ဆက်ပြောခဲ့သည် "လုရိီဖျင်မှာ အခု တာအိုဘိုးဘေး ၁၈ ဘီလီယံ အင်အားပဲ ရှိပါသေးတယ်"
"၁၈ ဘီလီယံပဲ ရှိသေးတာလား” နျိုဝါနှင့် စုန်လင်းတို့ တစ်ဖန် မှင်တက်သွားကြေလသည်။
တာအိုဘိုးဘေး ၁၈ ဘီလီယံ အင်အားသာရှိသူကို ဝူဘိုးဘေးသည် မြို့တော်တစ်ခုလုံးနှင့် မျိုးနွယ်စုဝင်များ ပေါင်းစပ်တိုက်ခိုက်နေရလေသည်။ အမှန်တကယ်ပင် လုရိီဖျင်သည် တာအိုဘိုးဘေး ၁၉ ဘီလီယံအင်အားအထိ တက်လှမ်းသွားနိုင်ပါက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းမည်နည်းဟု တွေးလိုက်မိသည်။
နျိုဝါသည် စုန့်လင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည် " လူသားမျိုးနွယ်ထဲမှာ အမြင့်မြတ်ဆုံးလူတစ်ယောက် ပေါ်ထွန်းလာပြီပဲ"
ထိုနေ့နံနက်တွင် လုရီဝမ် နှင့် ကော့ချိုးယွဲ့တို့ ဈေးဝယ်ရန် ထွက်လာစဉ် လမ်းမများပေါ်၌ ဖြတ်သန်းသွားလာသူတိုင်းသည် ၎င်းတို့ကို မြင်သည်နှင့် ရိုသေလေးစွာ ဦးညွှတ်အလေးပြုနှုတ်ဆက်ခဲ့ကြသည်။
ထိုအခြေအနေကြောင့် လုရိီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ အံ့အားသင့်သွားကြသည်။
"ဝူဘိုးဘေးက မြို့တော်နဲ့ တာအိုဘိုးဘေး သောင်းချီရဲ့ အင်အားကို ပေါင်းစပ်တိုက်ခိုက်ခဲ့ပေမယ့် သခင်လေးလုကို မယှဉ်နိုင်ခဲ့ဘူး၊ သခင်လေးလုရဲ့ အစွမ်းက တကယ့်ကို အင်အားကြီးလွန်းတယ်"
"သခင်လေးလုက အခု ငါတို့ ဟုန့်မုန်လောကရဲ့ နံပါတ်တစ် အားအကောင်းဆုံး ပုဂ္ဂိုလ်ပဲ"
"ငါတို့ လူသားမျိုးနွယ်တွေက ဟုန့်မုန်လောကမှာ အားနည်းတယ်ဆိုပြီး သတ်မှတ်ခဲ့ကြတာ၊ ဒါပေမယ့် အခု သခင်လေးလု ရှိနေပြီဆိုတော့ ဝူမျိုးနွယ်စုကို ကြောက်ေနစရာမလိုတော့ဘူး"
လမ်းဘေးတွင် ပြောဆိုနေကြသည်များကို နားထောင်ရင်းမှ လုရိီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် လုရိီဖျင်နှင့် ဝူဘိုးဘေးတို့၏ တိုက်ပွဲအကြောင်း သိရှိသွားကြပြီး လူအများမှ ၎င်းတို့အား အဘယ်ကြောင့် ယခုကဲ့သို့ ဖော်ရွေစွာ နှုတ်ဆက်နေကြသည်ကို နားလည်သွားကြသည်။
လုရိီဝမ်၏ ရင်ထဲတွင် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေခဲ့သည်။ သူ၏သားဖြစ်သူသည် ယခုအဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
လုရိီဖျင်နှင့် ဝူဘိုးဘေးတို့၏ တိုက်ပွဲမှာ ရက်အတော်ကြာ ဆင်နွှဲခဲ့သည်။ ဝူဘိုးဘေးသည် အရှုံးဘက်တွင် ရှိနေသော်လည်း လုရိီဖျင်သည်ပင် မြို့တော်နှင့် အင်အားများကို ပေါင်းစပ်ထားသည့် ဝူဘိုးဘေးအား အပြင်းအထန် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ဝူဘိုးဘေးသည် အရှုံးကို ဝန်ခံကာ တောင်းပန်ခဲ့သဖြင့် တိုက်ပွဲ ရပ်တန့်သွားခဲ့သည်။ လုရိီဖျင်သည်လည်း ဝူဘိုးဘေးကို အပြီးတိုင် ဖျက်ဆီး၍ မရနိုင်မှန်း သိထားသဖြင့် ထိုသို့လုပ်ရန်လည်း ရည်ရွယ်ချက်မရှိခဲ့ပေ။
ထိုတိုက်ပွဲမှတစ်ဆင့် လုရိီဖျင်သည် ဝူဘိုးဘေးနှင့် ဝူမျိုးနွယ်စုကို သတိပေးချက်တစ်ခု ပေးချင်ရုံသာဖြစ်သည်။ တစ်ချိန်တည်းမှာပင် လုမိသားစု ကုန်သွယ်ရေးအဖွဲ့ကို ရန်စလိုသော ဟုန့်မုန်လောကရှိ မည်သူမဆိုအတွက်လည်း ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။
စစ်ပွဲပြီးဆုံးပြီးနောက် လုရိီဖျင်သည် မိစ္ဆာမျိုးနွယ်စု၏ မြင့်မြတ်သောမြို့တော်သို့ ပြန်လာခဲ့လေသည်။
လုရိီဝမ်နှင့် ကော်ချိုးယွဲ့တို့သည် သားဖြစ်သူ ပြန်လာသည်ကို မြင်သောအခါ ပြောစရာစကားလုံးများ အလွန်များပြားနေသော်လည်း မည်သို့စတင်ရမည်ကို မသိဘဲ ဖြစ်နေကြသည်။
လုရီဖျင်မှ မိစ္ဆာမျိုးနွယ်စု၏ မြင့်မြတ်သောမြို့တော်သို့ ပြန်ရောက်ပြီးေနာက် မကြာမီမှာပင် နျိုဝါးသည် ဝါနန်းတော်မှ ကိုယ်တိုင်ကိုယ်ကျ ထွက်ခွာလာပြီး လုရိီဖျင်ရှိရာ မင်ရီစံအိမ်သို့ လာရောက်လည်ပတ်ခဲ့သည်။ စုန်လင်းသည်လည်း သူမနှင့်အတူ ပါလာခဲ့သည်။
နျိုဝါနှင့် စုန်လင်းတို့ မင်ရီစံအိမ်သို့ အတူတကွ ဝင်ရောက်သွားခြင်းသည် လူအများကြား ပြောမကုန်နိုင်သော သတင်းစကားများ ဖြစ်လာခဲ့သည်။
နျိုဝါသည် လုရိီဖျင်ကို တစ်ဖန်ပြန်တွေ့သောအခါ "ဝူဘိုးဘေးနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲသတင်းကို ကြားထားပါတယ်၊ နျိုဝါ့အနေနဲ့ တကယ်ပဲ အထင်ကြီးလေးစားမိပါတယ် အစ်ကိုလု" ဟု ဆိုလိုက်သည်။
စုန်လင်းကလည်း "အစ်ကိုလုက ကျွန်မတို့ လူသားမျိုးနွယ်ရဲ့ ဂုဏ်ဆောင်ဖြစ်သလို၊ လူသားမျိုးနွယ်ရဲ့ ကံကောင်းခြင်းဆိုလည်း မမှားပါဘူး" ဟု ပြောကြားခဲ့သည်။
ယခင်က သူတို့နှစ်ဦးသည် လုရီဖျင်ကို သခင်လေးလု ဟု ခေါ်ဝေါ်ခဲ့သော်လည်း ယခုအခါတွင်မူ အစ်ကိုလုဟု ပြောင်းလဲခေါ်ဝေါ်နေကြပြီဖြစ်သည်။
နျိုဝါနှင့် စုန်လင်းတို့သည် စံအိမ်တွင် ရက်အနည်းငယ်ကြာအောင် လုရီဖျင်နှင့် တာအိုတရားများကို ဆွေးနွေးခဲ့ကြပြီးနောက် ဝါနန်းတော်သို့ ပြန်သွားခဲ့ကြသည်။ နျိုဝါနှင့် စုန်လင်းတို့ ထွက်ခွာသွားပြီးနောက် လုရိီဖျင်သည် မိစ္ဆာငရဲသို့ သွားရောက်ခဲ့သည်။
မိစ္ဆာငရဲသည် ဟုန့်မုန်လောကတွင် အန္တရာယ်အရှိဆုံးနေရာဖြစ်ပြီး မိစ္ဆာသတ္တဝါများစွာ မှီတင်းနေထိုင်ရာ နေရာဖြစ်သည်။ ထိုမိစ္ဆာများသည် လူသားမျိုးနွယ်ကို ဝါးမြိုရန် မကြာခဏ ထွက်လာလေ့ရှိကြသည်။ လုရီဖျင် ယခုနေရာသို့ လာရခြင်းမှာ မိစ္ဆာငရဲကို ဖျက်ဆီးရန်ဖြစ်ပြီး၊ မိမိ၏ အင်အားကို မြှင့်တင်ရန်ဖြစ်သည်။
မိစ္ဆာငရဲတွင် သူတော်စင်ဘုရင်အဆင့် မိစ္ဆာများစွာ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ လအနည်းငယ်အကြာတွင် လုရီဖျင်သည် မိစ္ဆာငရဲမှ ပြန်လည်ထွက်ခွာလာချိန်၌ သူ၏ တာအိုဘိုးဘေးအင်အားမှာ ၁၉ ဘီလီယံအထိ ပေါက်ကွဲကာ ရောက်ရှိသွားခဲ့သည်။
လုရီဖျင်သည် မင်ရီစံအိမ်သို့ ပြန်လာခဲ့ပြီး မိဘများကို အချိန်ပေးကာ တစ်ခါတစ်ရံ အပြင်ထွက် လမ်းလျှောက်ခြင်း၊ တစ်ခါတစ်ရံ ကောင်းကင်ကျင့်စဉ်အဆင့်ကို နားလည်သဘောပေါက်ရန် တရားထိုင်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မဟာတာအိုအသီးအပွင့်များသည် ကောင်းကင်ကျင့်စဉ်အဆင့်သို့ တက်လှမ်းရန်အတွက် အကျိုးသက်ရောက်မှု မရှိပေ။ ထို့ကြောင့် လုရိီဖျင်သည် အောင်မြင်မှုအချို့ ရရှိထားသော်လည်း ကောင်းကင်ကျင့်စဉ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်စုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လုမိသားစု ကုန်သွယ်ရေးအဖွဲ့သည် မိစ္ဆာမျိုးနွယ်စု၏ မြင့်မြတ်သောမြို့တော်သို့ လုံးဝပြောင်းရွှေ့ကာ အခြေစိုက်ခဲ့သည်။ လုရီဖျင် ကိုယ်တိုင်ပင် ကုန်သွယ်ရေးအဖွဲ့တွင် ရှိနေခြင်းကြောင့် လုပ်ငန်းများမှာ သိသိသာသာ တိုးတက်စည်ကားလာခဲ့သည်။ သို့သော်လည်း လုရိီဖျင်ရှိနေသရွှေ့ လုရိီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ငွေကြေးပြတ်လပ်မှု မရှိသောကြောင့် အခြားမြို့များတွင် ဆိုင်ခွဲများ ထပ်မံမဖွင့်လှစ်တော့ပေ။
ယခုနှစ်များအတွင်း နျိုဝါ နှင့် စုန်လင်းတို့သည် မင်ရီစံအိမ်သို့ မကြာခဏလာရောက်ကာ လုရီဖျင် နှင့် ဆွေးနွေးလေ့ရှိကြသည်။ တစ်ခါတစ်ရံတွင်လည်း လုရီဖျင်သည် ဝါနန်းတော်သို့ သွားရောက်ကာ အမျိုးသမီးနှစ်ဦးထံ လည်ပတ်ကာ တရားလမ်းစဉ်များ ဆွေးနွေးခဲ့သည်။ အချိန်ကြာလာသောအခါ လုရိီဖျင်နှင့် ထိုအမျိုးသမီးနှစ်ဦးမှာ အလွန်ရင်းနှီးသွားကြသည်။
အတိတ်မှ ဝူမျိုးနွယ်စုသည် လူသားမျိုးနွယ်ကို မကြာခဏ နှိပ်စက်လေ့ရှိသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များတွင်း လုရိီဖျင်နှင့် ဝူဘိုးဘေးတို့၏ တိုက်ပွဲကြောင့် ဝူမျိုးနွယ်စုသည် ယခုအခါတွင်မူ လူသားမျိုးနွယ်အပေါ် ကောင်းမွန်စွာ ဆက်ဆံလာကြလေတော့သည်။
ထိုနေ့တွင် နျိုဝါနှင့် စုန်လင်းတို့သည် မင်ရီစံအိမ်တွင် ရှိနေကြပြီး လုရိီဖျင်နှင့်အတူ တာအိုတရားလမ်းစဉ်များကို ဆွေးနွေးနေကြသည်။ လုရီဖျင်သည် ကောင်းကင်ဖွင့်လှစ်ခြင်း အဆင့်အကြောင်း ပြောပြသောအခါ နျိုဝါက သက်ပြင်းချကာ ဆိုခဲ့သည်။ "ကောင်းကင်ကျင့်စဉ်အဆင့်က တကယ့်ကို ခက်ခဲလွန်းတာပဲ"
သူမသည် ထိုအဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ယခုထိ ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။ သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ ဝူဘိုးဘေးသည်လည်း တာအိုဘိုးဘေး အဆင့်၏ အထွတ်အထိပ်တွင် ရေတွက်မရနိုင်အောင် နှစ်ပေါင်းများစွာ ကြာသည်ထိ ရပ်တန့်နေခဲ့ ဖြစ်သည်။
"သခင်ကြီး ပန့်ကူး ကောင်းကင်ကို ဖွင့်ပြီးတဲ့နောက်ပိုင်း ကောင်းကင်ကျင့်စဉ်အဆင့်ဆိုတာ မရှိတော့သလောက်ပဲ" ဟု စုန်လင်းက ဆိုလိုက်သည်။ "တကယ်လို့ ကောင်းကငင်ကျင့်စဉ်အဆင့်ကို ချိုးဖျက်ချင်တယ်ဆိုရင် ကောင်းကင်ဖွင့် နတ်ပုဆိန် ကို ရရှိဖို့ လိုလိမ့်မယ်"
လုရိဖိန်က "ကောင်းကင်ဖွင့် နတ်ပုဆိန်လား..." ဟု ရေရွတ်လိုက်သည်။
ဦးလေးကြီးယဲ့သည်လည်း ကောင်းကင်ဖွင့်နတ်ပုဆိန်အား လိုက်လံရှာဖွေနေခဲ့သည်ကို သူသိရှိထားရာ ယခုအချိန် မည်သို့ဖြစ်နေမည်ကို သူ မသိရှိပေ။
"တကယ်တော့ ကောင်းကင်ဖွင့်နတ်ပုဆိန် ရှိမှ ဖြစ်မယ်လို့တော့ မဟုတ်ပါဘူး" ဟု နျိုဝါက ရုတ်တရက် ပြောလိုက်သည်။ "တကယ်လို့ ဟုန့်မုန်ပုလဲကို ရနိုင်မယ်ဆိုရင် ကောင်းကင်ကျင့်စဉ်အဆင့်ကို သေချာပေါက် ချိုးဖျက်နိုင်မှာပါ"
"ဟုန့်မုန်ပုလဲထဲမှာ စကြဝဠာက မွေးဖွားဖြစ်တည်နေတာ။ အဲဒီစကြဝဠာရဲ့ နိယာမတရားတွေက ကောင်းကင်ကျင့်စဉ်အဆင့်ကို ချိုးဖျက်ပေးနိုင်လိမ့်မယ်"
"ဟုန့်မုန်ပုလဲလား…" လုရီဖျင် အံ့အားသင့်သွားသည်။
နျိုဝါကခေါင်းညိတ်ပြကာ "ဟုတ်တယ်၊ ဟုန့်မုန်ပုလဲပဲ။ တကယ်တော့ ဟုန့်မုန်ပုလဲက ဟုန့်မုန်းလောကထဲမှာ တစ်ခါ ပေါ်လာဖူးတယ်"ဟုပြောလိုက်သည်။
ဟုန့်မုန်ပုလဲသည် ဟုန့်မုန်လောကတွင် ပေါ်လာဖူးသည်ဟူသော စကားကြောင့် လုရီဖျင် စိတ်ဝင်စားသွားမိသည်။
"အဲဒီချိန် ဟုန့်မုန်ပုလဲ ပေါ်လာတုန်းက ဟုန်မုန်းလောကရဲ့ မရေမတွက်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ေသးတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အစွမ်းထက်တဲ့သူတွေ ဖြစ်ဖြစ် ဟုန့်မုန်ပုလဲကို ရှာမတွေ့ခဲ့ကြဘူး" ဟု စုန်လင်းက ခေါင်းခါရင်း ပြောလိုက်သည်။ "ဟုန့်မုန်ပုလဲလို အရာမျိုးက ကံမပါရင် ရှာမတွေ့နိုင်ဘူး။ ကိုယ့် မျက်စိရှေ့တင် ရှိနေရင်တောင် တွေ့ဖို့ မဖြစ်နိုင်ဘူး"
လုရိီဖျင်၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာကာ "ဒါဆိုရင် ဟုန့်မုန်ပုလဲက ဟုန့်မုန်လောကထဲမှာပဲ ရှိနေနိုင်သေးတာပေါ့" ဟု မေးလိုက်သည်။
နျိုဝါက ခေါင်းခါလိုက်ပြီး "အဲ့တာတော့ ပြောရခက်တယ်...၊ဟုန့်မုန်းလောကထဲမှာ လူအများကြီးက နှစ်ပေါင်းများစွာကြာအောင် ရှာဖွေေနကြပေမယ့် ဘယ်သူမှ မတွေ့ခဲ့ကြဘူး"ဟုပြောလိုက်သည်။
"အဲဒီတုန်းက ဟုန့်မုန်ပုလဲ ဘယ်နေရာမှာ ပေါ်ခဲ့တာလဲ" ဟု လုရီဖျင်က ထပ်မေးလိုက်သည်။
နျိုဝါကလည်း ဖုံးကွယ်မထားဘဲ “ရေလွှမ်းမိုးတဲ့ကာလ တုန်းက ဇွေ့ဖုန်းတောင်တန်းမှာပေါ်လာခဲ့တာ အဲဒီနောက်ပိုင်းမှာတော့ ဘာအရိပ်အယောင်မှ မတွေ့ရတော့ဘူး"ဟုပြောလိုက်သည်။ ထို့နောက် သူမက ဆက်ပြောခဲ့သည်မှာ "တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲဒီ ဇွေ့ဖုန်းတောင်တန်းက လူသားမျိုးနွယ်ရဲ့ မြင့်မြတ်သောမြို့တော် နားမှာပဲ ရှိတာ။"
***