လုရီဖျင် လူ့လောက၏ မြင့်မြတ်သောမြို့တော်သို့ မရောက်လာစဉ်းတည်းက နျိုဝါ နှင့် စုန်လင်း တို့သည် လုရီဖျင်အား ပြောပြခဲ့ဖူးသည်။ ဇွေ့ဖုန်း တောင်တန်းကြီးထဲတွင် နက်နဲဆန်းကြယ်ပြီး အလွန်အမင်း အစွမ်းထက်သည့် စွမ်းအားတစ်ခု ရှိနေကြောင်းနှင့် ထိုစွမ်းအားသည် ကျင့်ကြံခြင်းအဆင့်၏ အထွတ်အထိပ်ဖြစ်သော တာအိုဘိုးဘေးများ၏ စွမ်းအားကိုပင် ဖိနှိပ်ထားနိုင်ေပသည်။
သို့သော်လည်း ထိုနက်နဲသော စွမ်းအား၏ အင်အားမှာ လုရီဖျင် ခန့်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့သည်။
လုရီဖျင်သည် သူ၏ ဝိညာဉ်အာရုံစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။
ထြိဇွေ့ဖုန်းတောင်တန်းသည် အလွန်တရာ ကျယ်ပြောလှပြီး ဟုန့်မုန်းေလာကတွင် အကြီးဆုံး တောင်တန်းကြီးလည်း ဖြစ်သည်။ လုရီဖျင်သည် တောင်တန်း၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ပျံသန်းဝင်ရောက်လေ ထိုနက်နဲသော စွမ်းအား၏ ဖိနှိပ်မှုမှာ ပိုမိုပြင်းထန်လာလေ ဖြစ်သည်။
နောက်ဆုံးတွင် ဟင်းလင်းပြင်ရှိ ဆွဲငင်အားမှာ တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး လုရီဖျင်၏ အစွမ်းနှင့် ပျံသန်းမှုအရှိန်မှာ ထိခိုက်လာခဲ့ရသည်။
သို့သော်လည်း ဇွေ့ဖုန်းတောင်တန်း၏ နက်နဲသော စွမ်းအားမှာ ပိုမိုအားကောင်းလေ လုရီဖျင်သည် ဟုန့်မုန်းပုလဲမှာ ထိုတောင်တန်းထဲတွင် ရှိနေကြောင်းကို ပို၍ သေချာလာလေဖြစ်သည်။ အကြောင်းရင်းမှာ လောကတွင် ဟုန့်မုန်ပုလဲကဲ့သို့သော ရတနာမျိုးသာလျှင် ဤမျှကြီးမားသော တားဆီးဖိနှိပ်မှု စွမ်းအားကို ပိုင်ဆိုင်ထားနိုင်သောကြောင့် ဖြစ်သည်။
ထိုနက်နဲသော စွမ်းအားကြောင့် လုရီဖျင်၏ အရှိန်မှာ အလွန်ပင် နှေးကွေးသွားခဲ့သော်လည်း နာရီဝက်ခန့် ကြာပြီးနောက်တွင်
လုရီဖျင်သည် ဇွေ့ဖုန်းတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာခဲ့သည်။
ဇွေ့ဖုန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် လေစီးကြောင်းများမှာ လုံးဝ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သူတော်စင်ဧကရာဇ်ဘုရင် အဆင့်ရှိသူတစ်ဦးပင် ယခုနေရာသို့ ရောက်ရှိလာပါက ခြေလှမ်းတစ်လှမ်းမျှ ရွေ့နိုင်တော့မည်မဟုတ်ပေ။ ယခုနေရာရှိ ဆွဲငင်အားသည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်၏ အစွမ်းထက်ပုဂ္ဂိုလ်များပင် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။
တာအိုနယ်ပယ်သို့ ရောက်ရှိသူများသာလျှင် ယခုနေရာတွင် သွားလာလှုပ်ရှားနိုင်ပေလိမ့်မည်။
လုရီဖျင်၏ ခန့်မှန်းချက်အရ ဇွေ့ဖုန်းတောင်တန်း၏ နက်နဲသော စွမ်းအားမှာ ဟုန့်မုန်ပုလဲနှင့် ဆက်နွယ်နေသဖြင့် ထိုစွမ်းအား၏ မြစ်ဖျားခံရာကို ရှာဖွေတွေ့ရှိနိုင်မည်ဆိုပါက ဟုန့်မုန်ပုလဲ၏ တည်နေရာကိုလည်း ရှာတွေ့နိုင်မည် ဖြစ်သည်။
သို့သော်လည်း ဇွေ့ဖုန်းတောင်တန်း၏ နေရာအနှံ့သို့ လှည့်လည်ရှာဖွေပြီးသည့်တိုင် ထိုနက်နဲသော စွမ်းအား၏ မြစ်ဖျားခံရာ နေရာကို ရှာမတွေ့ခဲ့ပေ။
လုရီဖျင်သည် အလျှော့မပေးဘဲ နောက်ထပ်တစ်ပတ် ထပ်မံရှာဖွေခဲ့သော်လည်း မည်သို့ပင် ရှာဖွေစေ စွမ်းအား၏ ဇာစ်မြစ်ေနရာကို ရှာမတွေ့နိုင်ခဲ့ပေ။
သုံးကြိမ်တိုင် ရှာဖွေပြီးနောက် လုရီဖျင်လည်း ရပ်တန့်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်လျက် ဇွေ့ဖုန်းတောင်တန်း၏ အနက်ရှိုင်းဆုံး ဟင်းလင်းပြင်နေရာသို့ လှမ်းကြည့်လိုက်သည်။
“ဒီနက်နဲတဲ့ စွမ်းအားရဲ့ ဇာစ်မြစ်က ဇွေ့ဖုန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးဆီကနေ လာတာမလား... ဒါပေမဲ့ ငါ ဘာလို့ ရှာမတွေ့ရတာလဲ”
လုရီဖျင်သည် ကောင်းကင်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ ဇွေ့ဖုန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် နေရောင်ခြည် လုံးဝ မရှိပေ။ ဤနေရာ၌ အမှောင်ထုနှင့် တိတ်ဆိတ်ငြိမ်သက်မှုတို့သာ ရှိနေခဲ့သည်။
လုရီဖျင်သည် အလွယ်တကူ လက်မလျှော့ပဲ စတုတ္ထအကြိမ်မြောက် ထပမမံရှာဖွေခဲ့သည်တိုင်ဘာမှ ရှာမတွေ့ခဲ့ပေ။
လုရီဖျင်သည် ရိုးရိုးရှင်းရှင်းပင် ရပ်တန့်လိုက်ပြီး၊
တောင်တန်းတစ်ခု၏ အလယ်သို့ ရောက်ရှိသောအခါ သူသည် နေမင်းဟိဘစ်စကပ်သစ်ပင်ကို ခေါ်ယူလိုက်ပြီး ထိုအပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ အရက်သောက်နေလိုက်တော့သည်။
နေမင်းဟိဘစ်စကပ်ပင်၏ စစ်မှန်သော နေမီးလျှံများမှ ဖြာထွက်လာသည့် ရောင်ခြည်တန်းများအောက်တွင် မူလက မည်းေမှာင်နေသော ပတ်ဝန်းကျင် တောင်တန်းများသည်လည်း တောက်ပစွာ လင်းထိန်သွားခဲ့သည်။
သို့သော်လည်း ထိုနက်နဲသော စွမ်းအင်၏ ဖိနှိပ်မှုကြောင့် နေမင်းမီးလျှံ၏ အလင်းဖြာထွက်နိုင်စွမ်းမှာ အဆပေါင်းများစွာ လျော့နည်းသွားခဲ့ရသည်။
လုရိီဖျင်မှ နေမင်းဟိဘစ်စကပ်သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ အေးအေးလူလူ အရက်သောက်နေစဉ် ခပ်လှမ်းလှမ်းမှ သိုင်းပညာရှင်တစ်စုသည် ဇွေ့ဖုန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ပျံသန်းလာခဲ့ကြသည်။
ထိုသူများသည် ကျိုးပုယီညအစောပိုင်းမှ ပြောပြခဲ့သည့် ရက္ခသဒါအိုဂိုဏ်းမှ ပညာရှင်များပင် ဖြစ်သည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ စုံစမ်းစစ်ဆေးလာတာ နှစ်အတော်ကြာပါပြီ။ အာကာသဟင်းလင်းပြင်ရဲ့ ဝင်ပေါက်က ဇွေ့ဖုန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတာပါ၊ ရက်အနည်းငယ်ကြာတိုင်းလည်း တစ်ကြိမ် ပေါ်လာတတ်ပါတယ်။ အခုရက်ပိုင်းက အဲဒီဝင်ပေါက် ပေါ်လာမယ့်ရက်ပါပဲ" ဟု ပညာရှင်တစ်ဦးမှ ရက္ခသဒါအို ဂိုဏ်းချုပ် ချန်ထောင်းယွီကို တင်ပြလိုက်သည်။
ချန်ထောင်းယွီကလည်း ခေါင်းညိတ်ပြလိုက်သည်။
ရက္ခသဒါအိုဂိုဏ်း၏ စုံစမ်းချက်အရ ထိုနက်နဲသော ဟင်းလင်းပြင်ဝင်ပေါက်သည် ဒဏ္ဍာရီလာ ဟုန့်မုန်ပုလဲနှင့် ဆက်စပ်နေမည်ဖြစ်သည်။ ဟုန့်မုန်ပုလဲသည် ထိုဟင်းလင်းပြင်ထဲတွင် ရှိနေမည့် အခွင့်အလမ်းမှာ အလွန်များေပသည်။
ရက္ခသဒါအိုအဖွဲ့သားများ ရှေ့သို့ ပျံသန်းနေစဉ် အမှောင်ထုကြားထဲမှ အံ့ဩဖွယ်ရာ ရွှေရောင်နေမီးလျှံများကို ရုတ်တရက် မြင်လိုက်ရသဖြင့် အားလုံး မှင်တက်သွားကြသည်။
"ဒီမှာ တစ်ခြားလူရှိနေတာလား" ရက္ခသဒါအို ဂိုဏ်းသားတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။ "ဒီလူကလည်း ဟုန့်မုန်ပုလဲအတွက် ရောက်နေတာများလား"
ပုံမှန်အားဖြင့် ဇွေ့ဖုန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်လာသူတိုင်းသည် ဟုန့်မုန်ပုလဲကိုသာ ရှာဖွေရန်အတွက် ရောက်လာကြသူများဖြစ်သည်။
ချန်ထောင်းယွီက ဇဝေဇဝါဖြစ်သွားခဲ့ပြီး "သွားကြည့်ကြစို့" ဟု အမိန့်ပေးလိုက်သည်။
ထိုသို့ဖြင့် ချန်ထောင်းယွီ ဦးဆောင်သော ရက္ခသဒါအို အဖွဲ့သားများသည် လုရီဖျင် ရှိရာနေရာသို့ ပျံသန်းသွားကြသည်။ ခေတ္တအကြာတွင် သူတို့အားလုံး နေမင်းဟိဘစ်စကပ်ပင်ကြီးအား အဝေးမှပင် မြင်ေတွ့လိုက်ရသည်။
"ဒါ... ဒါက မူလဝိညာဉ်သစ်ပင်ဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ နေမင်းဟိဘစ်စကပ်သစ်ပင် မလား" ရက္ခသဒါအို အဖွဲ့သားများသည် ထိုအပင်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကြသည်။
ချက်ချင်းပင် သူတို့အားလုံး၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပလာကြသည်။ ချန်ထောင်းယွီ ကိုယ်တိုင်ပင် နေမင်းဟိဘစ်စကပ်သစ်ပင်ကို မျက်စိမခတ်တမ်း စိုက်ကြည့်နေမိသည်။
မူလဝိညာဉ်သစ်ပင်ဆယ်မျိုးဆိုသည်မှာ လောကတွင် ရှာဖွေရန် အလွန်ခက်ခဲပြီး တန်ဖိုးဖြတ်မရနိုင်သော ရတနာပင်ဖြစ်သည်။
နေမင်းဟိဘစ်စကပ်သစ်ပင်ဆီမှ အကြည့်လွှဲလိုက်ပြီးနောက် ချန်ထောင်းယွီ၏ အကြည့်သည် အပင်အောက်တွင် အေးအေးလူလူ အရက်သောက်နေသည့် အပြာရောင်ဝတ်စုံနှင့် လူငယ်လေးပေါ်သို့ ကျရောက်သွားခဲ့သည်။
ချန်ထောင်းယွီ၏ မျက်ဝန်းများတွင် သံသယများ ပြည့်နှက်နေခဲ့ေလသည်။ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးေနာက် သူနှင့် ရက္ခသဒါအိုအဖွဲ့သားများသည် လုရီဖျင်ဆီသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ နေမင်းဟိဘစ်စကပ်သစ်ပင်အနီးသို့ ရောက်သောအခါ ချန်ထောင်းယွီနှင့် အဖွဲ့သားများသည် နေမင်းမီးလျှံများ၏ အရှိန်အဝါကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးပင် နွေးထေွးသွားကြသည်။
"ဒီကမိတ်ဆွေက ဘယ်ဂိုဏ်းကလာလဲဆိုတာ သိပါရစေ" ချန်ထောင်းယွီသည် လက်သီးဆုပ် အလေးပြုရင်း လုရီဖျင်ကို ပြောလိုက်သည်။ "ကျွန်တော်ကတော့ ရက္ခသဒါအိုဂိုဏ်းက ချန်ထောင်းယွီ ပါ"
လုရိီဖျင်သည် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး “မင်းက ရက္ခသဒါအိုရဲ့ ဂိုဏ်းချုပ် ချန်ထောင်းယွီလား” ဟု မေးလိုက်သည်။
ချန်ထောင်ယွီက ပြုံး၍ “ဟုတ်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။
“မင်းတို့ ရက္ခသဒါအိုဂိုဏ်းက ဒီနှစ်တွေထဲမှာ ဘိုးေဘးဝူကို တိတ်တဆိတ် ကူညီပေးနေတယ်လို့ ကျိုးပုယီ ပြောတာ ငါကြားထားတယ်” ဟု လုရီဖျင်က ရုတ်တရက် ပြောလိုက်သည်။
ချန်ထောင်းယွီမှာ လန့်သွားပြီး မျက်ဝန်းများတွင် အေးစက်သွားကာ “ကျိုးပုယီလား...” ဟု ရေရွတ်ပြီးနောက် ပြန်လည်းပြုံးလိုက်ကာ “အဲဒီအရက်သမားက မိတ်ဆွေကို အတော်များများ ပြောပြထားပုံပဲ” ဟု ဆိုလိုက်သည်။
ထိုသို့ပြောရင်းနှင့်ပင် သူသည် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အမည်းရောင် အရိပ်များမှာ လုရီဖျင်ထံ မြားစင်းများကဲ့သို့ ပြေးဝင်သွားတောသည်။
သို့သော်လည်း ထိုအမည်းရောင်အရိပ်များမှာ လုရီဖျင်၏ ရှေ့မှောက်သို့ ရောက်သောအခါ မမြင်ရသော စွမ်းအင်တစ်ခုကြောင့် ဟင်းလင်းပြင်ထဲတွင် ရပ်တန့်သွားကြေလသည်။
ထိုအမည်းရောင်အရိပ်များမှာ အလွန်သေးငယ်ပြီး အဆိပ်ပြင်းလှသည့် အမည်းရောင် အင်းဆက်ပိုးကောင်များ ဖြစ်ေလသည်။
“အနက်ရောင် နဂါးပိုးလောက်ကောင်တွေပဲ” လုရီဖျင်သည် ထိုအဆိပ်ရှိ ပိုးကောင်ရာပေါင်းများစွာကို ကြည့်ကာ အေးအေးဆေးဆေးသာ ပြောလိုက်သည်။
အနက်ရောင် နဂါးပိုးလောက်ကောင် ဆိုသည်မှာ ကမ္ဘာဦးအစမှ တည်ရှိခဲ့သော အလွန်ရှားပါးသည့် အဆိပ်တစ်မျိုးဖြစ်သည်။ ကမ္ဘာဦးစတင်ဖွင့်လှစ်သည့် အချိန်ကတည်းကပင် ပျောက်ကွယ်သွားခဲ့ပြီဟု ယူဆထားကြပြီး အလွန်အမင်း အဆိပ်ပြင်းထန်လှေပသည်။
သူ၏ အနက်ရောင် နဂါးပိုးလောက်ကောင်များ လေထဲတွင် ရပ်တန့်သွားသည်ကို မြင်သောအခါ ချန်ထောင်းယွီ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားခဲ့သည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ထိုပိုးကောင်များအားလုံး ရုတ်တရက် မီးတောက်လောင်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ပြာကျသွားခဲ့သည်။
လုရီဖျင်သည် လက်လှမ်းလိုက်ရုံဖြင့် ချန်ထောင်းယွီကို သူ၏ရှေ့မှောက်သို့ ဆွဲခေါ်လိုက်သည်။
တာအိုစွမ်းအား ၁၈ ဘီလီယံ ပိုင်ဆိုင်ထားသော ချန်ထောင်းယွီသည် လုရီဖျင်၏ ရှေ့တွင် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ထိုနေရာသို့ ရောက်ရှိနေသည့် ရက္ခသဒါအိုမှ တာအိုဘိုးဘေး အဆင့် ပညာရှင် တစ်ရာနီးပါးမှာလည်း ထိုမြင်ကွင်းကို မြင်ပြီး ထိတ်လန့်သွားကြသည်။
ချန်ထောင်းယွီမှာမူ ပို၍ပင် ကြောက်လန့်သွားခဲ့သည်။ သူသည် လုရီဖျင်ကို ကြည့်ကာ တစ်စုံတစ်ယောက်ကို သတိရသွားပြီး တုန်ရီသောအသံဖြင့် “မင်း... မင်းက သခင်ကြီး လုရီဖျင်လား” ဟု မေးလိုက်သည်။
ထိုအမည်ကို ကြားလိုက်ရသောအခါ ရက္ခသဒါအိုမှ တာအိုဘိုးဘေး အဆင့် ပညာရှင်များအားလုံး မျက်နှာပျက်သွားကြသည်။
“ဟုတ်တယ်၊ ငါက လုရီဖျင်ပဲ” လုရီဖျင်သည် စကားအရှည်ကြီး ပြောမနေတော့ဘဲ တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုလက်သီးမှာ လုရီဖျင်အတွက် သာမန် လက်သီးတစ်ချက်မျှသာ ဖြစ်သည်။
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ချန်ထောင်းယွီသည် လုရီဖျင်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားပြီး သွေးမိုးများအဖြစ် ကြေမွသွားတော့သည်။
လုရီဖျင်၏ စွမ်းအားမှာ ၁၉ ဘီလီယံ ကျော်လွန်သွားပြီးနောက် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ဝူဘိုးေဘး၊ နျိုဝါတို့ထက်ပင် များစွာ သာလွန်သွားခဲ့ပြီဖြစ်သည်။
ချန်ထောင်းယွီ၏ ခန္ဓာကိုယ်သည် လုရီဖျင်၏ လက်သီးတစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
သို့သော်လည်း လုရီဖျင်၏ စွမ်းအားမှာ ၁၉ ဘီလီယံ ကျော်လွန်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ချန်ထောင်းယွီကို ချက်ချင်း သေဆုံးစေရန်ထိ မစွမ်းသာသေးပေ။ ထိုသွေးစက်များမှာ တစ်ခဏတွင်း တဖြည်းဖြည်း ပြန်လည် စုစည်းလာနေသည်ကို တွေ့လိုက်ရသည်။
လုရီ ဖျင်သည် ထိုသွေးအိုင်ကို လက်လှမ်း၍ သိမ်းယူလိုက်ကာ စွမ်းအင်ကိုချိပ်ပိတ်လိုက်ပြီး သူ၏ ကမ္ဘာဟင်းလင်းပြင်ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ရက္ခသဒါအိုဂိုဏ်းမှ ကျန်ရှိနေသော သူများကို လှမ်းကြည့်လိုက်သည်။
***