ကျန်းမင်တွင် ပျော်ရွှင်မှု၊ ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောထွေးနေသော်လည်း မည်သည့်စကားမှ ထုတ်မပြောခဲ့ချေ။ လင်းလုံကို လက်ဖြင့် ပွေ့ဖက်ထားလျက် ဥယျာဉ်ထဲ လမ်းလျှောက်နေကြသည်။
တကယ့်ကို လျှို့ဝှက်ဆန်းကြယ်မှု၊ လှပမှုနှင့် အံ့ဖွယ်ရာများပင်။
ကျန်းမင်က မဏ္ဍပ်ဆီသို့ မပြန်မီ အသစ်စိုက်ပျိုးထားသော ဝိညာဉ်မျိုးစေ့များ ကြီးထွားမှုကို အရှိန်မြှင့်ရန် စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်စဉ်ကို ထုတ်ဖော်လိုက်၏။
တိမ်ပင်လယ်များနှင့် တောင်တန်းပေါင်း ထောင်ချီကို လှမ်းကြည့်လိုက်တိုင်း အခိုက်အတန့်တိုင်းက မတူညီသော ခံစားချက်ကို ပေးစွမ်းနေပြီး လုံးဝ သာမန် မဟုတ်ပေ။ တစ်ခါတရံ ဂိုဏ်းတူညီမလေး မရှိချိန်တွင် သူက သူ့ကျောက်ပြားကို ထုတ်ယူကာ ဗီဒီယိုအတို အနည်းငယ်ကို ကြည့်ရှုလေ့ရှိပြီး သူ့ဆန္ဒများ ပွက်ပွက်ဆူလာကာ နှလုံးသားများ တုန်လှုပ်လာသည်ကို ခံစားရသည်။ တကယ်ကို လုံးဝ ကွဲပြားသော ခံစားချက်ပင်။
ယနေ့ လั่วမြို့ရှိ အစည်ကားဆုံး ကျွီရှောင် အဆောက်အအုံ၏ ကိုးထပ်မြောက်တွင် လူဆယ်ယောက်ကျော် ရောက်ရှိလာကြသည်။ အစားအသောက်များ တည်ခင်းထားခြင်း မရှိသလို သူတို့နှင့်အတူ အစောင့်အရှောက်များလည်း ပါမလာခဲ့ချေ။
ရောက်ရှိသည်နှင့် ပတ်ဝန်းကျင်၌ မသိမသာ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ မည်သူမျှ ချောင်းကြည့်ခြင်း မပြုနိုင်ရန်နှင့် အသံများ ထွက်မသွားစေရန် အထဲရော အပြင်မှပါ ပိတ်ဆို့ထားခြင်း ဖြစ်သည်။
"ကိုယ်တော် ရွှမ်ခူ... ကိုယ်တော် ဒီနေ့ ကျွန်တော်တို့ကို စုဝေးခိုင်းတာ ကိစ္စမရှိပေမဲ့ ဘာလို့ သာမန် လူတွေရဲ့ စားသောက်ဆိုင်ကို ရွေးရတာလဲ... တကယ်လို့ ကျွန်တော်တို့ ဒီမှာရှိနေတုန်း စွမ်းအင် အငွေ့အသက် နည်းနည်းလောက် ယိုစိမ့်သွားရင်ကော... အဲ့ဒါက ဒီအဆောက်အအုံ တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ပြီး လူဘယ်နှယောက်များ ဒဏ်ရာရ သေဆုံးသွားမလဲ ဘယ်သူသိမှာလဲ... ဒါက အပြစ်တစ်ခု ဖြစ်မသွားဘူးလား"
"ကျွန်တော်လည်း သဘောတူတယ်... ကျွန်တော်တို့ စုဝေးမယ်ဆိုရင် စီးဆင်းနေတဲ့ မြစ်တွေရှိတဲ့ တောင်တန်းကြီးတွေဆီ သွားသင့်တာပေါ့"
"ဒီမှာ ပြဿနာ လုပ်တာက ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ထိခိုက်စေလိမ့်မယ်"
"အားလုံးပဲ... ခင်ဗျားတို့ ဒီလို စည်ကားပြီး တိုးတက်နေတဲ့ နေရာကို ကြည့်လိုက်ရင် တစ်နေရာလုံးကို ထိန်းချုပ်ချင်စိတ် မပေါက်လာဘူးလား... အရှေ့ပိုင်း စစ်ပွဲကြီး ပြီးတာ မကြာသေးသလို နေရာတိုင်းမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်နေတဲ့ အချိန်မို့ ကျွန်တော်တို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး အထွတ်အထိပ်ကို တက်လှမ်းသင့်တယ်... အခုချိန်မှာ ကျွန်တော်တို့ ဒီအခွင့်အရေးကို မဆုပ်ကိုင်ဘူးဆိုရင် ဒီနေရာက နောက်ဆုံး တခြားလူတွေ လက်ထဲ ရောက်သွားမှာပဲ" ကိုယ်တော် ရွှမ်ခူက ပြန်ဖြေလိုက်၏။
"ကိုယ်တော် ရွှမ်ခူ... အနောက်ဘက်ဒေသကနေ ဒီအထိ ကိုယ်တော် ဘာလို့ လာခဲ့ရလဲဆိုတာ ကျွန်တော်တို့ အပြည့်အဝ နားလည်ပါတယ်... ကိစ္စကိုသာ တိုက်ရိုက် ပြောလိုက်ပါတော့" ချင်ဟယ်မြို့မှ ကျန်းအနွယ်ဝင် မဟာအရှင်သခင်က ပွင့်လင်းစွာ ပြောလာသည်။ "ကျွန်တော်တို့ လာခဲ့ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသား ဖြစ်မှာ သေချာတာပေါ့"
ထိုစကား ကြားလျှင် ကိုယ်တော် ရွှမ်ခူက ခေါင်းညိတ်၍ ရှင်းပြလေသည်။
"အရှေ့ပိုင်း စစ်ပွဲကြီးကြောင့် ချင်းယွင် တော်ဝင်မြေရဲ့ အင်အားက တစ်ဝက်လောက် လျော့ကျသွားပြီ... သူတို့ရဲ့ တော်ဝင်မြေဆိုတဲ့ ဂုဏ်ပုဒ် ကျန်ရှိနေသေးပေမဲ့ အတိတ်ကနဲ့ ယှဉ်ရင် ဂုဏ်သိက္ခာနဲ့ အရှိန်အဝါ မရှိတော့ဘူး... အရှေ့ဘက် ဒေသက ပြည်နယ်ကိုးခုကို ကြည့်လိုက်ရင် မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေ ဖျက်ဆီးခံရပြီး အနွယ်တွေ ပျက်သုဉ်းသွားကာ သန်မာတဲ့သူ အနည်းငယ်ပဲ ကျန်ရစ်တာကို တွေ့ရလိမ့်မယ်... အခုအချိန်က ဘဝမှာ တစ်ကြိမ်သာ ရနိုင်တဲ့ အခွင့်အရေးပဲ... ဒီအခွင့်အရေးကို လက်လွတ်သွားရင် ပြန်လည် ထကြွလာဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်"
"ဟားဟား..." မဟာအရှင်သခင်က တုံ့ပြန်သည့်အနေဖြင့် ပြုံးရုံသာ ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်သည်။ ကျန်သူများမှာမူ အမူအရာ ကင်းမဲ့နေဆဲပင်။
"ခင်ဗျားတို့ရဲ့ အင်အားစုတွေ အားလုံးက ချင်ပြည်နယ်ထဲမှာ ရှိနေပေမဲ့ ဒီနေရာကို ကျိုယန်ဂိုဏ်း တစ်ခုတည်းကသာ ကြီးစိုးထားတာ... ခင်ဗျားတို့ အားလုံး ပေါင်းပြီး သူတို့ကို တိုက်ထုတ်ဖို့ ကြိုးစားရင်တောင် အလှမ်းဝေးနေဆဲပဲ... ကျိုယန်ဂိုဏ်းက သူ့ရဲ့ ထိန်းချုပ်မှုကို လျင်မြန်စွာ ချဲ့ထွင်နေမှန်း ခင်ဗျားတို့ အားလုံး သိထားမယ်လို့ ကျုပ် ယုံကြည်ပါတယ်... သူတို့သာ လွှမ်းမိုးမှု အပြည့်အဝ ချထားလိုက်ရင် တစ်ပြည်နယ်လုံးက သူတို့ရဲ့ အကြွင်းမဲ့ ကြီးစိုးမှုအောက် ရောက်သွားလိမ့်မယ်... အဲ့ဒီအခါကျရင် ခင်ဗျားတို့ထဲက ဘယ်သူမှ ကိုယ့်အခြေအနေ ပြန်လှန်ဖို့ မဖြစ်နိုင်တော့ဘူး... ရွေးချယ်စရာ နှစ်ခုပဲ ကျန်တော့မယ်... ဒီနေရာကနေ ထွက်သွားမလား ဒါမှမဟုတ် သူတို့ရဲ့ အာဏာအောက်မှာ အညံ့ခံမလားပဲ"
"တကယ်လို့ အဲ့လိုဖြစ်လာရင်ကော ဘာဖြစ်လဲ" ကျန်းအနွယ်ဝင် မဟာအရှင်သခင်က ဂရုမစိုက်ဟန်ဖြင့် မေးလိုက်၏။
လက်ရှိ အခြေအနေကို ဘယ်သူကများ မသိဘဲ နေမည်နည်း။
သိနေလျှင်တောင် သူတို့အတွက် အခြေအနေ ပြန်လှန်ဖို့ အခွင့်အရေး မရှိပုံပေါ်သည်။ ကျိုယန်ဂိုဏ်းကို ထိပ်တိုက် ရင်ဆိုင်ဖို့ဆိုသည်မှာ ဝေလာဝေး... ဤသည်မှာ အဓိပ္ပာယ် မရှိလှပေ။
မူလဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျိုယန်ဂိုဏ်းချုပ်ကို ဘေးဖယ်ထားလျှင်ပင် ကမ္ဘာတစ်ဝှမ်းရှိ ပါရမီရှင် များစွာကို အနိုင်ယူခဲ့သော ကျီလင်းလုံက သူတို့ ကျောရိုးထဲအထိ စိမ့်တုန်သွားစေခဲ့ပြီ ဖြစ်သည်။
စိတ်က လိုလားသော်လည်း ခန္ဓာက မလိုက်နိုင်။ သူတို့မှာ ရေစုန်မျောလိုက်ရုံမှတစ်ပါး အခြား မရှိတော့။
ဤ ကိုယ်တော် ရွှမ်ခူ၏ ရိုးသားသော ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ကျိုယန်ဂိုဏ်းကို ပုန်ကန်ဖို့လား။ ကျန်းအနွယ်ဝင် မဟာအရှင်သခင်မှာ ရယ်မောရုံသာ တတ်နိုင်တော့၏။
"အားလုံးပဲ... ကျိုယန်ဂိုဏ်းကို ဖြိုခွဲဖို့ နည်းလမ်းတစ်ခု ရှိတယ်လို့ ကျုပ်ပြောရင်ကော" ကိုယ်တော် ရွှမ်ခူက နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
ရုတ်တရက် အားလုံး၏ အမူအရာမှာ လေးနက်သွားပြီး ကျန်းအနွယ်ဝင် မဟာအရှင်သခင်က ချက်ချင်း မေးလာသည်။
"ဘယ်လို နည်းလမ်းလဲ"
"အင်း... ကျိုယန်ဂိုဏ်းရဲ့ ကျီယန်တောင်ထွတ် ပထမနေရာက ယင်မိစ္ဆာဂိုဏ်းက လူတစ်ယောက်ပဲ"
ကိုယ်တော် ရွှမ်ခူက သူ ဖော်ထုတ်ထားသော လျှို့ဝှက်ချက်ကို ပွင့်လင်းစွာ မျှဝေလိုက်ပြီး သူတို့ထံမှ ဆက်လက် ဖုံးကွယ်မထားတော့ပေ။
"ယင်မိစ္ဆာဂိုဏ်းက အရှေ့ပိုင်းဒေသရဲ့ ဘုံရန်သူပဲ... အခုဆို လူတိုင်းက သူတို့ကို သတ်ဖို့ ကြိုးစားနေကြတာ... ဒါပေမဲ့ အခု ကျိုယန်ဂိုဏ်း တောင်ထွတ်တစ်ခုရဲ့ ပထမနေရာက ဒီလို နောက်ခံမျိုး ရှိနေမှန်း ကျွန်တော်တို့ သိရပြီ... ကဲ... ဒီသတင်း ပြန့်သွားရင် ဘာဖြစ်လာနိုင်မလဲလို့ ခင်ဗျားတို့ ထင်လဲ"
"ကျိုယန်ဂိုဏ်းကို လူတိုင်းက ဝိုင်းတိုက်ကြတော့မှာပေါ့" ကျန်းအနွယ်ဝင် မဟာအရှင်သခင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး စကားလုံး တစ်လုံးချင်းစီ ရေရွတ်ရင်း အသံမှာ ပိုပို၍ ကျယ်လောင်လာသည်။ သူက တောက်လောင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်၍ မေးလိုက်၏။ "ဒါ တကယ်ပဲလား"
"ချင်ယွင်ဂိုဏ်းရဲ့ သန့်စင်သောသားတော် လင်ဟန်လည်း ဒီအကြောင်း သိထားတယ်လေ" ကိုယ်တော် ရွှမ်ခူ ပြန်ဖြေသည်။
"ဟားဟား... အံ့သြစရာပဲ... တကယ်ကို အံ့ဩစရာပဲ... နောက်ဆုံးတော့ ကျွန်တော်တို့ အခွင့်အရေး ရောက်လာပြီ... ဒီအချိန်အထိ ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ ကျိုယန်ဂိုဏ်းရဲ့ အုပ်ချုပ်မှုက နောက်ဆုံးတော့ အဆုံးသတ်သွားပြီ... ကိုယ်တော် ရွှမ်ခူ... ခင်ဗျားက ငြင်းစရာမလိုအောင် ထင်ရှားတဲ့ ကိုယ်တော်ကြီး တစ်ပါးဖြစ်ပြီး ကျွန်တော်တို့ကို ကြီးမားတဲ့ လက်ဆောင်ကြီး ယူဆောင်လာပေးတာပဲ... ကျိုယန်ဂိုဏ်း ပြိုကျသွားရင် ကျွန်တော်တို့ ကျိုယန်ဂိုဏ်းကို အညီအမျှ ခွဲဝေယူကြဖို့ ဘယ်လိုထင်လဲ" ကျန်းအနွယ်ဝင် မဟာအရှင်သခင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကျေနပ်စရာပဲ"
"ကျေနပ်စရာဆိုတာထက်ကို ပိုတယ်"
အားလုံးက တောက်ပသော အပြုံးကိုယ်စီဖြင့် အားပေး ထောက်ခံလိုက်ကြသည်။
…
ချူယန် တောင်ထွတ်တွင်…
ဂူဟိုင်က မှုန်ကုပ်နေသော မျက်နှာဖြင့် ချူယန် တောင်ထွတ်သို့ ပြန်ရောက်လာခဲ့သည်။
"ဘာဖြစ်လာတာလဲ အဘိုးကြီး" ကျန်းမင်က လက်ဖက်ရည် တစ်ခွက် ငှဲ့၍ ဂူဟိုင်ထံ ကမ်းပေးသည်။
"မင်းက ပိုပိုပြီး ရိုင်းလာပါလား" ဂူဟိုင် ညည်းညူလိုက်၏။ လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်နှင့် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူ့ နှလုံးသား လှုပ်ခတ်သွားကာ တင်းမာမှုများ ဖြည်းဖြည်းချင်း လျော့ကျသွားလေပြီ။ ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့။ "မင်းရဲ့ လက်ဖက်ရည်က သောက်လို့ ကောင်းတုန်းပဲ... ငါ့ကို ပေါင် (၁၀၀၀) လောက် ပေးစမ်း"
ကျန်းမင် လန့်ဖြန့်သွားကာ…"ပေါင်တစ်ထောင် ဟုတ်လား... အရွက်တစ်ထောင် မဟုတ်ဘူးလား"
“တပည့်တစ်ယောက်က ဆရာသမားအပေါ် ကျေးဇူးဆပ်တာ တရားမျှတပါတယ်လေ... တကယ်လို့ ပေါင် (၁၀၀၀) က မလုံလောက်ဘူး ထင်ရင် ပေါင် (၁၀,၀၀၀)လောက် ပေးလိုက်... များလွန်းတယ်လို့ ငါ လုံးဝ အပြစ်တင်မှာ မဟုတ်ဘူး" ဂူဟိုင်က ပြန်လည် ချေပသည်။
ကျန်းမင်က တုံ့ပြန်သည့် အနေဖြင့် နောက်ပြောင်ဟန်ဖြင့် ရယ်မောလိုက်ရုံသာ။
"မင်း ရယ်နေတာ ကြားရုံနဲ့တင် ငါ့သွေးတွေ ဆူပွက်လာပြီ... သွား ဟင်း (၆၄) မျိုး သွားချက်စမ်း... အာ... ထားလိုက်တော့... ခဏနေဦး... မင်းကို အရေးကြီးတဲ့ ကိစ္စတချို့ အရင် ပြောပြရဦးမယ်" ကျန်းမင်၏ ရယ်သံကြောင့် ဂူဟိုင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွား၏။
"ဘာတွေများ အရမ်း ဒေါသထွက်စရာ ဖြစ်လာလို့ ကလေးထပ်ယူမယ့် ကိစ္စကိုတောင် ခဏရပ်ထားရတာလဲ" ကျန်းမင်က နောက်ပြောင်လိုက်ရာ ဂူဟိုင် တစ်ယောက် ရုတ်တရက် လက်ဖက်ရည်များ ပန်းထုတ်လိုက်မိတော့သည်။
"မင်း အရိုက်ခံချင်နေတာလား"
ဂူဟိုင်ဒေါသထွက်လာသည်ကို မြင်လျှင် ကျန်းမင် ပြုံးရုံသာ ပြုံးနေပြီး တစ်ခွန်းမှ ထပ်မပြောတော့ပေ။
"ဒီလူပျင်းလေး... ကျိုယန်ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်းက လူတစ်ယောက်ကို ခိုလှုံခွင့် ပေးထားတယ်ဆိုတဲ့ ကောလာဟလတွေ နေရာအနှံ့ ပြန့်နေပြီ... တချို့ဆို ငါတို့ဂိုဏ်းက တကယ့် မိစ္ဆာဂူလို့တောင် ပြောနေကြတာ... လူအများကြီးက မဟာမိတ်တွေ ဖွဲ့ပြီး ငါတို့ဆီက တရားမျှတမှု တောင်းဆိုချင်နေကြတယ်... အထူးသဖြင့် အရှေ့ပိုင်း စစ်ပွဲကြီးမှာ အထိနာခဲ့တဲ့သူတွေပေါ့... တခြား ပြည်နယ်တွေက ကျွမ်းကျင်သူ တချို့တောင် ဒီပြဿနာထဲ ပါဝင်လာကြပြီ" ဂူဟိုင်က လေးနက်စွာ ရှင်းပြသည်။
"ဒါပဲလား" ကျန်းမင်က မေးလိုက်၏။
"ဘုရားရေ... မင်းက ဒါကို သေးငယ်တဲ့ ကိစ္စလို့ ထင်နေတာလား" ဂူဟိုင် တုန်လှုပ်သွားသည်။
"ဆရာ... စိတ်အေးအေးထားပါဦး" ကျန်းမင် သူ့အား တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
"ဘယ်လိုလုပ် စိတ်အေးအေး ထားနိုင်မှာလဲ... ငါတို့ လူတိုင်းရဲ့ ဝိုင်းရံခံရတော့မှာကို မင်း သဘောပေါက်ရဲ့လား... အခု ငါတို့က အားလုံးရဲ့ ဘုံရန်သူ ဖြစ်နေပြီ... အဲ့ဒါကိုတောင် စိတ်အေးအေး ထားဖို့ ပြောနေသေးတယ်... ငါ့မှာ မင်းကို ကြိမ်လုံးနဲ့ အချက် ၃၀၀၀ လောက် ရိုက်ပစ်ချင်တဲ့ ဒေါသမျိုး ဘာလို့ ဖြစ်နေရတာလဲ"
"ဒါက တကယ်ကို အကြီးကြီး မဟုတ်ပါဘူး ဆရာရယ်... စိတ်အေးအေးသာ ထားပါ... ဒီ အဆင့်မရှိတဲ့ ကောင်တွေက အရေးတယူ လုပ်ဖို့တောင် မတန်ပါဘူး" ကျန်းမင် ရှင်းပြလိုက်၏။
"မင်း တကယ် ဖြေရှင်းနိုင်လို့လား" ဂူဟိုင် တွေဝေသွားသည်။
"ဒါပေါ့... လွယ်လွယ်လေးပါ" ကျန်းမင်က မှတ်ချက်ချလိုက်သည်။
"ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားလို့လဲ" ဂူဟိုင် နားမလည်နိုင် ဖြစ်နေဆဲပင်။
"အင်း... ပထမဆုံး ရောက်လာတဲ့ အဖွဲ့ကို သတ်ပစ်လိုက်ရုံနဲ့ အစပြုလိုက်မယ်... သူတို့ ဒီကို လာရဲသေးရင် အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲ... ကျင့်ကြံသူတွေကြား သွေးထွက်သံယို ဖြစ်တဲ့အခါ မှန်တယ် မှားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး... ဒါကြောင့် ကျွန်တော်တို့ အပြစ်ရှိတယ်လို့ ခံစားနေစရာ မလိုပါဘူး" ကျန်းမင် ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်၏။
"တစ်ဖွဲ့ကို သတ်လိုက်ရုံနဲ့ ဟုတ်လား... ကျွမ်းကျင်သူ ဘယ်လောက်များလဲ မင်း သဘောပေါက်ရဲ့လား... သူတို့ထဲမှာ မူလဝိညာဉ်အဆင့် ၁၀ ယောက်ထက် မကဘူးလို့ ငါ စိုးရိမ်တယ်... ပြီးတော့ သုခဘုံအဆင့်တွေတောင် ပါသေးတယ်... မင်းလို ကောင်လေးက သူတို့ကို သတ်နိုင်မယ်ပေါ့" ဂူဟိုင် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
"ဆရာ... ဒီကောင်လေးက တောင်တွေကိုတောင် ပြောင်းပြန်လှန်နိုင်တယ်ဗျ"
သူ့စွမ်းရည်အပေါ် ဂူဟိုင် သံသယ ဝင်နေသဖြင့် ကျန်းမင် ခေါင်းကိုက်စ ပြုလာသည်။ သူ တစ်ခုခု ထုတ်ပြမှ ရတော့မည်ကို သဘောပေါက်လိုက်၏။ မဟုတ်လျှင် သူ့ဆရာမှာ အဆက်မပြတ် စိုးရိမ်ပူပန်ပြီး ထိတ်လန့်နေပေလိမ့်မည်။
ကျန်းမင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တိုက်ခိုက်ရေး ရုပ်သေးရုပ် တစ်ခု သူ့ထံ ပျံသန်းလာတော့သည်။
ရုပ်သေးရုပ်ကို မြင်သည်နှင့် ဂူဟိုင် ချက်ချင်း အံ့အားသင့်သွားသည်။
"အန္တိမအဆင့်လေ... ဘယ်လိုလဲ" ကျန်းမင်က ပွင့်လင်းစွာ ပြောလိုက်၏။
"အန္တိမအဆင့်..." ဂူဟိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး တကယ် ဘာဖြစ်နေမှန်း သတိမထားမိခင် အရိုအသေ ပေးရန် ဦးညွှတ်လုနီးပါး ဖြစ်သွားပြီးမှ မေးလိုက်သည်။ "ဘာလို့ သူက မင်းစကား နားထောင်နေရတာလဲ"
"ဒါ လျှို့ဝှက်ချက်ပဲ" ကျန်းမင်က နောက်ပြောင်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။ လက်တစ်ချက် လှန်လိုက်ပြီး အစီအရင် ကျောက်ပြား တစ်ခု ထုတ်ယူကာ ဂူဟိုင်ထံ ကမ်းပေးရင်း ရှင်းပြလိုက်သည်။ "ဒီ အစီအရင် ကျောက်ပြားက အဆင့်မြင့် တာအိုလက်နက်ပဲ... ဂိုဏ်းချုပ်ကို သွားပေးလိုက်... သူသာ ဒီတာအိုလက်နက်ကို အပြည့်အဝ သန့်စင်ပြီးသွားရင် ကျိုယန်ဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းဖို့က လေမှုတ်သလို လွယ်ကူသွားမှာ သေချာတယ်... သူသာ အသုံးပြုလိုက်ရင် သုခဘုံ အဆင့် တစ်ယောက်ကိုတောင် ထောင်ချောက်ဆင်ပြီး သတ်ပစ်နိုင်လိမ့်မယ်"
"ဒါ... ရှောင်မင်... မင်း ဘယ်လို ကောင်းကင်ဘုံ အခွင့်အရေးမျိုးနဲ့ ကြုံခဲ့တာလဲ"ဂူဟိုင် အော်ဟစ် ပြောလာသည်။
"အင်း... မယုံနိုင်စရာ ကောင်းကင်ဘုံ အခွင့်အရေးမျိုးပေါ့" ကျန်းမင် ပြန်ဖြေလိုက်၏။
"ကောင်းပြီ... ငါ ထပ်မမေးတော့ဘူး... ပိုသိလေ ငါ့နှလုံးသားက ပိုတုန်လှုပ်လေပဲ... သွား ငါ့စိတ်တွေ ငြိမ်သွားအောင် ဟင်း (၆၄ )မျိုး သွားချက်စမ်း"
"ခင်ဗျား ပြန်လာရင် သတင်းကောင်း ပါလာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိသားပဲ... ဟေ့ အဘိုးကြီး... အခုကစပြီး တောင်ထွတ်တွေအတွက် စိတ်ပူနေစရာ မလိုတော့ဘူး... ပထမနေရာ ယင်ယွဲ့နဲ့ ကလေးရဖို့သာ အာရုံစိုက်ပြီး ညီမလေး တစ်ယောက်လောက် မွေးပေးစမ်းပါ... ကျွန်တော် ကလေးတောင် ကူထိန်းပေးဦးမယ်" ကျန်းမင်က နောက်ပြောင်ရင်း ပြန်ချေပပြောသည်။
"မင်းနဲ့ မင်းရဲ့ နောက်ပြောင်မှုတွေကြားမှာ ငါ ဘယ်လိုလုပ် သမီးလေး မွေးရဲမှာလဲ... ထွက်သွားစမ်း ဒီကောင်စုတ်လေး" ဂူဟိုင်က ဂျန်မင်အား မောင်းထုတ်တော့သည်။
"ဟုတ်ပါပြီ... ကျွန်တော် သွားတော့မယ်" ကျန်းမင်ည်း ရွေးချယ်စရာ မရှိတော့ဘဲ ဟင်းချက်ရန် ထွက်လာခဲ့ရ၏။
ကြိမ်ကုလားထိုင်ပေါ် လဲလျောင်းရင်း တောင်စွန်းဆီသို့ ဖြည်းညှင်းစွာ ထွက်ခွာသွားသော တိုက်ခိုက်ရေး ရုပ်သေးရုပ်ကို ကြည့်ကာ ဂူဟိုင် အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် သူ့လက်ထဲရှိ အစီအရင် ကျောက်ပြားကို ကြည့်ရင်း ပြုံးမနေဘဲ မနေနိုင်တော့ချေ။
သူ့တပည့် တစ်စထက်တစ်စ ပိုမို လျှို့ဝှက်ဆန်းကြယ်လာကြောင်း သူ သိထားသော်လည်း ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
အန္တိမအဆင့် တစ်ယောက်ကိုတောင် အမိန့်ပေးခိုင်းစေနိုင်သည် ဟူသောအချက်ပင်။ ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုတစ်ခုဟု ဆိုနိုင်သည့် အန္တိမအဆင့် တစ်ယောက်က ယခုအခါ သူ့ကိုယ်ပိုင် တပည့်၏ အမိန့်ပေးခြင်းကို ခံနေရသည် မဟုတ်ပါလား။ ဤသည်မှာ အိပ်မက်မက်ချင်လျှင်ပင် မက်နိုင်မည့် အရာမျိုး မဟုတ်ချေ။
"ရှောင်မင်က အန္တိမအဆင့်ကို အမိန့်ပေးတယ်... ငါက ရှောင်မင်ကို အမိန့်ပေးတယ်... ဟားဟား... ငါက အတော်ဆုံးပဲ"
ဂူဟိုင် အလွန် စိတ်လှုပ်ရှားသွားပြီး ဝိုင်ဘူးကို ထုတ်ယူကာ ခေါင်းမော့၍ အရသာရှိသော ဝိုင်များကို တဝကြီး မော့သောက်လိုက်တော့သည်။
အချိန်သိပ်မကြာလိုက်ခင်မှာပင် စားပွဲကြီး တစ်ခုလုံး ဟင်းလျာ မျိုးစုံဖြင့် ပြည့်နှက်သွားသည်။ ကျန်းမင်က ဤအတွက် တကယ့်ကို ကြီးမားလှသော စားပွဲကြီး တစ်ခုကို တမင်တကာ ပြင်ဆင်ထားခဲ့ခြင်းပင်။ ဓာတ်ကြီးငါးပါး လင်းလုံပင် စားပွဲဆီ ရောက်လာခဲ့လေပြီ။
"ငါ့တပည့်က အမြဲတမ်း ကျေးဇူးသိတတ်တာပဲ" ဂူဟိုင် အော်ဟစ်လိုက်ပြီး တူကို ကောက်ကိုင်ကာ ဟင်းလျာများကို စတင် စားသုံးတော့သည်။
"အစ်ကိုကြီးရဲ့ ဟင်းတွေက အမြဲတမ်း အရသာရှိတာပဲ" ဇီလင်းလုံက ဟင်းများကို မြည်းစမ်းကြည့်ရင်း ချီးကျူးစကားဆို၏။ သူမက စားသောက်နေချိန်၌ပင် အလွန် လှပနေဆဲပင်။
ကျန်းမင်လည်း သူတို့နှင့်အတူ ဝင်စားရင်း ပုံမှန် စကားများ ပြောဆိုနေလိုက်သည်။ စားသောက်ပြီးနောက် ဂူဟိုင် လေထဲ ပျံတက်သွားပြီး ဂိုဏ်းချုပ်ကို သွားရှာတော့သည်။
"အခု အစီအရင် ကျောက်ပြားကို ထုတ်ပြလိုက်ပြီဆိုတော့ ဂိုဏ်းချုပ်တောင် အစ်ကို သာမန် မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လောက်ပြီ ထင်တယ်... ဂိုဏ်းတူအစ်ကို... ဒါက အစ်ကို့ကို မထိခိုက်စေဘူးလား" ဇီလင်းလုံက ပြောသည်။
"ငါ့ကို ထိခိုက်စေနိုင်တဲ့အရာ သိပ်မရှိတော့ပါဘူး" ကျန်းမင် ရေရွတ်လိုက်ရင်း စနစ်ထံမှ ရရှိသော လောဘတာအို မျိုးစေ့ တစ်ခုကို သူ့ သုခကမ္ဘာ နေရာလပ်ထဲ ပေါင်းစပ်လိုက်၏။
ရိုးရှင်းသော စားသောက်မှု တစ်ခုအပြီးတွင် တာအို မျိုးစေ့တစ်ခု ဆုချခံရမည်ဟု ထင်မထားခဲ့ပေ။ ထိုသည်က သာယာသော အံ့ဩမှု တစ်ခုပင်။ သူ့စွမ်းရည် အနည်းငယ် ထုတ်ဖော်ပြသခြင်းနှင့် ပတ်သက်၍မူ သူ သိပ်ဂရုမစိုက်တော့ချေ။
"ဒါဆိုလည်း ကောင်းတာပေါ့... ဂိုဏ်းချုပ်က ယွဲ့ချန် အသက်ကို မမျှော်လင့်ဘဲ ချမ်းသာပေးလိုက်ပြီး သူ့ကျင့်ကြံမှုကိုပဲ ပိတ်ဆို့လိုက်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးမိဘူး" ဇီလင်းလုံ အံ့သြသွားသလို တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရသွားသည်။
"သူ့ကို သတ်တာက အရေးမပါတော့ပါဘူး"
တကယ်ကို အရေးမပါတော့ပေ။ ကျန်းမင် ဤကိစ္စကို စိတ်မဝင်စားတော့သလို ဂူဟိုင်လည်း ဘေးဖယ်ထားလိုက်လေပြီ။
ညသန်းခေါင်ယံ အချိန်။
ကျန်းမင်က လသာဆောင် လက်ရန်းကို ကိုင်၍ အဝေးသို့ လှမ်းကြည့်နေမိသည်။
"စပြီပေါ့လေ"
"ကောင်းပြီ... ဒါဆို ပထမဆုံး ရောက်လာမယ့် အဖွဲ့ကို အရင်သတ်ကြစို့"
ကျန်းမင်က ဂိုဏ်းတူညီမလေးကို ရင်ခွင်ထဲ ထည့်ထားလျက် သူ့ဘာသာ တွေးလိုက်သည်။ ရိုးရှင်းသော အမိန့်တစ်ခုနှင့်အတူ တိုက်ခိုက်ရေး ရုပ်သေးရုပ်လည်း ရန်သူများနှင့် ရင်ဆိုင်ရန် ပျံသန်းထွက်ခွာသွားတော့သည်။
End
***