ထိုညတွင် လမင်းကို မမြင်တွေ့ရဘဲ တောင်တန်းများကြားတွင် လေပြင်းများက အူဝဲတိုက်ခတ်နေ၏။ မရေမတွက်နိုင်သော ကြယ်များက ညကောင်းကင်ယံ တစ်ခွင်၌ ကြယ်မှုန်များကို ဖြန့်ကြဲထားပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ခြေရာများကို ပြန်လည် အသက်သွင်းနေသကဲ့သို့ ထင်မှတ်ရပေသည်။
"ကောင်မလေး... ငါ လုပ်ရပ်က သိပ်ပြီး ရက်စက်လွန်းသွားပြီလား" ကျန်းမင်က တီးတိုး ရေရွတ်လိုက်သည်။
"မဟုတ်ပါဘူး" လင်းလုံက ခေါင်းခါယမ်း၍ ရှင်းပြလာ၏။ "ကျင့်ကြံသူတွေ အတွက်တော့ ဆန့်ကျင်ဘက် အုပ်စုတွေ ဖြစ်သွားပြီဆိုတာနဲ့ သတ်ရင်သတ်၊ မသတ်ရင် အသတ်ခံရမှာပဲ... အစ်ကိုကြီး... မိစ္ဆာတွေကို ဘာလို့ မိစ္ဆာလို့ ခေါ်ကြလဲ သိလား... ဘာလို့လဲဆိုတော့ သူတို့က ဘာစည်းမျဉ်းစည်းကမ်းမှ မထားဘဲ သာမန် ပြည်သူတွေကိုပါ သတ်ဖြတ်လို့ပဲ... တစ်ဖက်မှာကျတော့ ငါတို့ ကျင့်ကြံသူတွေက တခြား ကျင့်ကြံသူတွေကိုပဲ သတ်တာလေ... ကျင့်ကြံသူတွေက အသက်ရှည်ရှည် နေနိုင်ဖို့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းမှုတွေဆီကနေ လုယူခိုးဝှက်ကြတယ်... ကောင်းကင်နဲ့ မြေကြီးက ကျင့်ကြံသူတွေကို ဓားပြတွေလို့ မြင်ပြီး သာမန် ပြည်သူတွေကကျတော့ ငါတို့ကို ကမောက်ကမ ဖြစ်မှုတွေရဲ့ အရင်းအမြစ်လို့ မြင်ကြတယ်... ကျင့်ကြံသူတွေ အချင်းချင်း သတ်ဖြတ်သွေးမြေကျတဲ့ အပေါ်မှာ အမှားအမှန် ဆိုတာ မရှိသလို ကိုယ်ကျင့်တရား အကြောင်း ပြောစရာလည်း မလိုဘူး... တရားမျှတမှု ဒါမှမဟုတ် ယုတ်မာမှု ဆိုပြီး ဆုံးဖြတ်စရာလည်း မလိုဘူး... သတ်ရင်သတ်၊ မသတ်ရင် အသတ်ခံရမှာပဲမို့ ဒီအတွက် အပြစ်ရှိသလို ခံစားနေစရာ မလိုပါဘူး... ကိုယ်က တစ်ယောက်ယောက်ကို သတ်လိုက်တာ ဖြစ်ဖြစ်၊ ကိုယ့်အသက် အယူခံလိုက်ရတာ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး... ဒါက အစ်ကိုကြီးနဲ့ ကျွန်မ နှစ်ယောက်လုံးအတွက် အကျုံးဝင်တယ်... ဒါပေမဲ့ တစ်ယောက်ယောက်ကများ အစ်ကိုကြီးကို ဆန့်ကျင်လာရင်တော့ ကျွန်မက မျိုးနွယ်စု သုံးသောင်း ခြောက်ထောင်လုံးကို မျိုးဖြုတ်ပစ်မယ်" လင်းလုံက နောက်ဆုံး စကားကို အလွန် ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် ပြောလာသည်။
ကျန်းမင်မှာ မနေနိုင်တော့ဘဲ ရယ်မောကာ…
"မျိုးနွယ်စု သုံးသောင်း ခြောက်ထောင် ဟုတ်လား... ကောင်မလေးရယ်... အဲ့လိုသာ ရေတွက်မယ်ဆိုရင် တစ်ကမ္ဘာလုံးကို မျိုးဖြုတ်ပစ်တာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့"
"ဖြစ်တော့ကော ဘာအရေးလဲ... အစ်ကိုကြီးကိုသာ တစ်ခုခု ဖြစ်သွားရင် ကောင်းကင်နဲ့ မြေကြီးကိုပါ အစ်ကိုကြီးရဲ့ အုတ်ဂူအတွက် ယဇ်ပူဇော်ပစ်မယ်" လင်းလုံက ကျန်းမင်၏ ပခုံးပေါ် ခေါင်းမှီရင်း တီးတိုး ပြော၏။
"အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့... ညီမလေးလည်း အဆင်ပြေသလို အစ်ကိုလည်း အဆင်ပြေတယ်" ကျန်းမင်က သူမအား ပိုမို တင်းကျပ်စွာ ဖက်ထားရင်း တီးတိုး ပြောလိုက်သည်။ "ကိုယ်ပွားတွေ ဖန်တီးထားပြီးပြီဆိုတော့ ညီမလေးရဲ့ မူလကိုယ်က တောင်တန်းတွေထဲမှာ လုံလုံခြုံခြုံ ရှိနေအောင် အတတ်နိုင်ဆုံး ကြိုးစားပါ"
"ဟုတ်ကဲ့ပါ... အစ်ကိုကြီး စကားကို နားထောင်ပါ့မယ်" လင်းလုံက သဘောတူေကြာင်းပြောလာ၏။
သူတို့နှစ်ယောက်သား အေးချမ်းသော ည၏ တိတ်ဆိတ်မှုကို နားဆင်ရင်း အတူတကွ ငြိမ်သက်စွာ ထိုင်နေကြပေသည်။
မကြာမီမှာပင် တိုက်ခိုက်ရေး ရုပ်သေးရုပ်က ကျန်းမင်ထံ ပြန်ရောက်လာခဲ့၏။
မတူညီသော မျိုးနွယ်စုများမှ မဟာဧကရာဇ် များစွာဖြင့် ဖွဲ့စည်းထားသော ပထမဆုံး မဟာမိတ်အဖွဲ့က ကျိုယန်ဂိုဏ်းထံမှ တရားမျှတမှု တောင်းခံရန် လာရောက်ခဲ့သော်လည်း လုံးဝ မျိုးဖြုတ် သတ်ဖြတ်ခြင်း ခံလိုက်ရလေပြီ။ ကိုယ်တော်ကြီး ဟွေ့ရှင်းနှင့် ကျန်လူများ အားလုံး အသတ်ခံခဲ့ရပြီး သုခဘုံ ကျွမ်းကျင်သူ ဖြစ်သည့် မင်ယွမ်ပင်လျှင် ချွင်းချက် မဟုတ်ခဲ့ချေ။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှ မရှိခဲ့ပေ။
ထိုဖြစ်ရပ်ကြောင့် အခြားသော မဟာမိတ်အဖွဲ့များ အားလုံးထံသို့ ကြီးမားသော ကြောက်ရွံ့မှုများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး မဟာမိတ်အဖွဲ့များ အားလုံး လုံးဝ ပြိုကွဲသွားတော့သည်။
ချင်းယွင်ဂိုဏ်း။
"ဆရာ..." သူတော်စင်သားတော် မင်ယွိကျီက ချင်ဖုန်းကျီအား အရိုအသေပေး၍ ဆက်ပြောလိုက်သည်။ "ချင်ပြည်နယ်ကနေ သတင်းတစ်ခု အခုလေးတင် ရောက်လာပါတယ်... ဖိုဂိုဏ်းက ကျွမ်းကျင်သူ မင်ယွမ် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားပြီတဲ့"
"ဟင်... မြန်လှချည်လား... ဘာတွေများ ဖြစ်ခဲ့လို့လဲ... မင်ယွမ် အသတ်ခံလိုက်ရတာလား" ချင်ဖုန်းဇီမှာ အံ့အားသင့်သွား၏။
"ဟုတ်ပါတယ်... မဟာဧကရာဇ် တော်တော်များများက အဲ့ဒီနေရာမှာ မရှိကြဘူး ဆိုပေမဲ့ မဟာမိတ်အဖွဲ့ထဲက လူတွေ အများကြီး ရှိနေခဲ့ပါသေးတယ်... ဒါပေမဲ့ မကြာခင်မှာပဲ အကုန်လုံး အသတ်ခံလိုက်ရပြီး မင်ယွမ်တောင် ဘာပြဿနာမှ မရှာနိုင်လိုက်ပါဘူး... ကျွန်တော်တို့ ခန့်မှန်းကြည့်ရသလောက်ဆိုရင် ကျိုယန်ဂိုဏ်းကို အန္တိမအဆင့် အနည်းဆုံး တစ်ယောက်လောက် အကာအကွယ် ပေးထားပုံရတယ်"
"အန္တိမအဆင့် ဟုတ်လား" ချင်ဖုန်းဇီက အတွေးပေါင်းများစွာ ခေါင်းထဲ လျင်မြန်စွာ ဖြတ်ပြေးသွားရင်း သူ့ဘာသာ စဉ်းစားနေမိ၏။ "အရင်တုန်းက ကျိုယန်ဂိုဏ်းက အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး ငါတို့ ဂိုဏ်းအပေါ်မှာလည်း ရိုသေမှု ရှိခဲ့တယ်... ဒါပေမဲ့..."
သူက အနည်းငယ် ရပ်တန့်သွားပြီးနောက် ဆက်ပြောလာသည်။ "မုရွှေယွင်ရဲ့ သားက လက်ထပ်ခွင့် သွားတောင်းတဲ့ အချိန်ကစပြီး အပြောင်းအလဲ တချို့ ဖြစ်လာပုံရတယ်... အဲ့ဒီအချိန်လောက်မှာ မုရွှေယွင်ရဲ့ သား အသတ်ခံလိုက်ရပြီး စုံစမ်းကြည့်တော့ ယင်မိစ္ဆာဂိုဏ်းကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုက ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို တွေ့ခဲ့ရတယ်... အဲ့ဒီကနေ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တာပဲ... နောက်ပိုင်းကျတော့ မုရွှေယွင် အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပေမဲ့ ဘယ်နေရာမှာ သေသွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး... ပြီးတော့ ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ခဲ့တဲ့ ပိရွှေဂိုဏ်းလည်း မျိုးဖြုတ်ခံလိုက်ရပြီး အဲ့ဒီတိုက်ပွဲမှာ သုခဘုံအဆင့် တချို့တောင် သေဆုံးသွားခဲ့သေးတယ်"
"သိပ်မကြာခင်မှာပဲ ချင်းယွင်ဂိုဏ်း ရှိတဲ့ဘက်ကနေ ကြောက်မက်ဖွယ် ကောင်းတဲ့ အငွေ့အသက်တွေနဲ့အတူ ကြီးမားတဲ့ ပေါက်ကွဲမှုလှိုင်းကြီး တစ်ခု ထွက်ပေါ်လာခဲ့တယ်... ငါနဲ့ ချင်ရွှိကျီတို့ သွားစစ်ဆေးကြည့်တော့ ယင်မိစ္ဆာဂိုဏ်းက အစွန်းရောက်တာအို ကျွမ်းကျင်သူ နှစ်ယောက်နဲ့ သွားတိုးမိတာပဲ... အဲ့ဒီညက တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လေ"
"ဒီဖြစ်ရပ်တွေတိုင်းမှာ ကျိုယန်ဂိုဏ်းရဲ့ အရိပ်အယောင်တွေကို တွေ့နေရတယ်"
"အခု ပြန်စဉ်းစားကြည့်တော့ ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ်ယွမ်နဲ့ ငုပ်လျှိုးနဂါး အက်မော်တယ်မဟာမိတ်အဖွဲ့ လုံးဝ မျိုးဖြုတ်ခံရတာတွေက ကျိုယန်ဂိုဏ်းနဲ့ တစ်ခုခု ပတ်သက်နေမယ်လို့ ငါ သံသယ ဝင်လာပြီ"
ချင်ဖုန်းဇီက မဟာအရှေ့ပိုင်း စစ်ပွဲကြီး မတိုင်မီနှင့် စစ်ပွဲအပြီး ဖြစ်ရပ်များကို ဆက်လက် ခွဲခြမ်းစိတ်ဖြာနေခဲ့ပြီး သူရရှိထားသော အချက်အလက်များကို ဂရုတစိုက် ပြန်လည် စစ်ဆေးကာ မည်သည့် အသေးစိတ် အချက်အလက်မျှ မလွတ်ဟင်းစေရန် ကြိုးစားနေ၏။ သို့သော် ထိုဖြစ်ရပ်များ အားလုံးကို သူ ပိုတွေးမိလေလေ ကျိုယန်ဂိုဏ်းနှင့် အများကြီး ပတ်သက်နေကြောင်း ပိုခံစားရလေလေပင်။
ယနေ့ ဖြစ်ရပ်က သူ့ ခန့်မှန်းချက်များကို ပိုမို ခိုင်မာသွားစေခဲ့လေပြီ။
"မဖြစ်နိုင်တာ... ကျိုယန်ဂိုဏ်းက ဘာနောက်ခံမှ မရှိဘဲ သန့်ရှင်းစင်ကြယ်တဲ့ ပုံပေါက်နေတာပဲ... သူတို့က ဘာတွေများ ဖုံးကွယ်ထားနိုင်မှာလဲ... ဆရာ... ယင်မိုဂိုဏ်းနဲ့ ကျန်တဲ့သူတွေ ဖျက်ဆီးခံလိုက်ရတုန်းက ကျွမ်းကျင်သူ ဘယ်နှစ်ယောက်တောင် ရှိနေခဲ့လဲဆိုတာ မမေ့ပါနဲ့ဦး... အဲ့ဒီအထဲမှာ အကြိုအင်မော်တယ် တချို့နဲ့ အန္တိမအဆင့် တချို့တောင် ပါသေးတယ်နော်... ငါတို့ ချင်းယွင်ဂိုဏ်းက သူ့ရဲ့ အထွတ်အထိပ် အချိန်မှာ အပြည့်အဝ ပြင်ဆင်ထားရင်တောင် သူတို့ကို ညတွင်းချင်း နှိမ်နင်းနိုင်ဖို့ဆိုတာ မသေချာဘူး"
"ငါလည်း အဲ့ဒါကို ပြောနေတာပေါ့... ဒီဖြစ်ရပ်တွေ အားလုံးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းနေတယ်"
"ဆရာ... အခု ငါတို့ ဘာလုပ်သင့်လဲ... ကျိုယန်ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန် တစ်ယောက်ကို ဖုံးကွယ်ထားမှန်း ငါတို့ သိနေပြီဆိုတော့ ဒီကိစ္စကို ဆက်စုံစမ်းသင့်လား"
"အသေးစိတ် အချက်အလက်တွေကို သေချာ မသိရခင်မှာ ဘာလုပ်ရပ်ကိုမှ အလောတကြီး မလုပ်နဲ့... ဘာပဲဖြစ်ဖြစ် ငါတို့ နောက်ထပ် ရှုံးနိမ့်မှုမျိုးကို ထပ်မခံနိုင်တော့ဘူး... ငါတို့ရဲ့ လုံခြုံရေးအတွက်ရော၊ ကျိုယန်ဂိုဏ်းရဲ့ တကယ့် အခြေအနေကို ပိုသိရအောင်ရော အရှေ့ပိုင်းဒေသ တစ်ခုလုံးကို သတင်းတွေ ပြန့်သွားအောင် သေချာ လုပ်ဆောင်လိုက်... ပြီးရင်တော့ သူတို့အချင်းချင်း တိုက်ခိုက်နေတာကို ထိုင်ကြည့်နေရုံပဲ"
ကျန်းမင်ကမူ ချင်းယွင်ဂိုဏ်း၏ အခြေအနေကို မသိသလို ဂရုလည်း မစိုက်ခဲ့ပေ။
ကျိုယန်ဂိုဏ်းနှင့် မိုင်ရာချီ ကွာဝေးသော နေရာတစ်ခုတွင် လူငါးယောက် ထွက်ပေါ်လာ၏။
သူတို့ကို ဦးဆောင်လာသူမှာ နဖူးတွင် ကွေးကောက်သော ဦးချိုနှစ်ခု ပါရှိသည့် အင်္ကျီဗလာနှင့် လူတစ်ယောက်ပင်။ သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ အလွန် မှေးမှိန်နေသော်လည်း ပြင်းထန်သော ဖိနှိပ်မှုနှင့် ဆူပွက်နေသော ဒေါသများကိုတော့ ပေးစွမ်းနေဆဲ ဖြစ်သည်။
သူက တောင်ထိပ်ပေါ်တွင် ရပ်တန့်လိုက်ပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ပတ်ပတ်လည်ကို အကဲခတ်လိုက်၏。
"ဒါက လုံလောက်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ မှေးမှိန်တဲ့ တာအို လှိုင်းဂယက်တွေ ရှိနေတဲ့ ပြီးပြည့်စုံတဲ့ သာမန်ကမ္ဘာ တစ်ခုပဲ" ထိုလူက သက်ပြင်းချရင်း လှည့်ပြောလိုက်သည်။ "ကျိုယန်ဂိုဏ်းရဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းရမယ့် တာဝန်က အဆင့်တစ်ပဲ ရှိတဲ့ အောက်ခြေအဆင့် တာဝန်တစ်ခုလို့ သတ်မှတ်ထားပေမဲ့ ဒီတာဝန်အတွက် ပေးထားတဲ့ အချိန်က တစ်လလုံးလုံးတောင် ဖြစ်နေတယ်... ဒါက နည်းနည်း ပုံမှန် မဟုတ်ဘူး... လုံခြုံရေးအတွက် ငါတို့ အရင်တုန်းက လုပ်ခဲ့သလိုပဲ လုပ်ကြမယ်... ကျိုယန်ဂိုဏ်းရဲ့ တည်နေရာကို ရှာမယ်၊ သတင်းအချက်အလက်တွေ စုဆောင်းမယ်၊ ပြီးရင် ကျိုယန်ဂိုဏ်းရဲ့ တပည့်တွေကို ထိန်းချုပ်ပြီး သူတို့ရဲ့ အတွင်းပိုင်း အထိ ထိုးဖောက်ဝင်ရောက်မယ်... ဘယ်လိုလဲ... ဘယ်သူ ဘာဖြည့်စွက် ပြောချင်သေးလဲ"
"မရှိပါဘူး... ခင်ဗျား ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" ကျန်လူများက ပြန်ဖြေလိုက်ကြသည်။
"ကောင်းပြီလေ... ဒါဆို ဒီကနေ လမ်းခွဲပြီး သတင်းအချက်အလက်တွေ ပိုစုဆောင်းကြမယ်... တစ်ရက်ကြာရင် ဒီမှာ ပြန်ဆုံကြတာပေါ့" အင်္ကျီဗလာနှင့် လူက အမိန့်ပေးလိုက်၏။
သူတို့ ငါးယောက်ထဲတွင် တချို့က ပျံသန်းသွားကြပြီး တချို့က မြေကြီးထဲ တိုးဝင်သွားကြသည်။ တချို့က ဒီတိုင်း ပျောက်ကွယ်သွားပြီး တချို့ကတော့ ပျံသန်းရေး ကိရိယာကို ထုတ်ယူကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။
ချူယန်တောင်ထွတ်တွင်။
"အခု ညနက်နေပြီ... သွားနားတော့" ကျန်းမင်က သူ့ကိုယ်ပေါ် လှဲနေသော လင်းလုံကို လှုပ်နှိုးလိုက်သည်။
"မသွားချင်ပါဘူး... ဒီလိုနေရတာ သက်တောင့်သက်သာ ရှိတယ်" လင်းလုံက ခေါင်းခါယမ်းပြ၏။
"အင်း... ညီမလေး မနားချင်ရင်တောင် အစ်ကို အိပ်ဖို့ လိုသေးတယ်လေ"
"အစ်ကိုကြီး ဒီတိုင်းပဲ အိပ်လိုက်လို့ ရတာပဲကို"
"ပြဿနာ မရှာနဲ့တော့"
"ပြီးရောလေ" လင်းလုံက နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး စိတ်မပါ့တပါဖြင့် ထွက်သွားတော့သည်။
ကျန်းမင် အခန်းထဲ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရိုးရှင်းသော အတွေးတစ်ချက်ဖြင့် အခန်းကို လုံးဝ ပိတ်ဆို့လိုက်ပြီး ပြင်ပလူများ ဝင်ရောက် ချောင်းကြည့်နိုင်ခြင်း မရှိအောင် ပြုလုပ်လိုက်၏။
"အထွတ်အထိပ် စေတီတော်ထဲ ဝင်ကြည့်ရမယ့် အချိန် ရောက်ပြီ ထင်တယ်" ကျန်းမင်က စိတ်ထဲမှ တွေးလိုက်ပြီး အထွတ်အထိပ် အမိန့်တော်ကို ထုတ်ယူကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အခြေခံ - အဆင့် ၈ (သုခဘုံအဆင့်)
စုဆောင်းရရှိထားသော အမှတ်များ - ၉၉၁ မှတ်
ဂုဏ်ပြုမှတ်တမ်းများ - [အဆင့် ၃ - စင်မြင့် ၆ ခု စံချိန်၊ လှေကားအဆင့် ၂၁ စံချိန်၊ အထူးစွမ်းရည် ၉၉၂ ယူနစ်]၊ [အဆင့် ၄ - စင်မြင့် ၆ ခု စံချိန်၊ လှေကားအဆင့် ၁၅ စံချိန်]၊ [အဆင့် ၅ - စင်မြင့် ၉ ခု စံချိန်၊ လှေကားအဆင့် ၂၁ စံချိန်၊ အထူးစွမ်းရည် ၆၈၆၇၂ ယူနစ်]
သူ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီ ဖြစ်သောကြောင့် သဘာဝကျကျပင် တတိယမြောက် စမ်းသပ်မှုကို ခံယူရန် အထွတ်အထိပ်စေတီသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး မည်သည့် အခက်အခဲမျှမရှိဘဲ စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေပြီ။
သူက ရင်ပြင် အလယ်တွင် ရပ်ကာ ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်သည်။ နေရာမှာ အလွန် ကျယ်ဝန်းသော်လည်း ဟာလာဟင်းလင်း ဖြစ်နေ၏။
တစ်စုံတစ်ယောက်က ဤနေရာတွင် ဆိုဖာကဲ့သို့သော ပစ္စည်းတစ်ခုခု ချန်ထားခဲ့လျှင်ပင် လူမရှိတော့သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က အလိုအလျောက် ပြန်လည် သိမ်းဆည်းခံရမည် သို့မဟုတ် ဖျက်ဆီးခံရမည်ကို သူ ကောင်းကောင်း သိထားသည်။
"အထွတ်အထိပ်စေတီရဲ့ ရွေးချယ်မှုရတဲ့ လူတွေက တကယ်ကို နည်းပါးလွန်းတာပဲ" ကျန်းမင်က သူ့ဘာသာ တီးတိုး ရေရွတ်မိ၏။
ထို့နောက် သူက အထွတ်အထိပ် စကားပြောခန်းကို ဖွင့်လိုက်ပြီး စကားစတင် ပြောဆိုတော့သည်။
[ကျန်းမင် - ငါ အခု ကျင့်ကြံခြင်း အဆင့် (၈) ကို ရောက်နေပြီ... ပြီးတော့ အမြင့်ဆုံး စေတီတော်ကြီးရဲ့ အဆင့် (၆) မှာ ရောက်နေတာ... လူစုပြီး တွေ့ကြမလား]
[ကျန်းကော - အံ့ဩစရာပါလား စီမံခန့်ခွဲသူကြီးရယ်... ကံမကောင်းစွာနဲ့ပဲ ငါက အခု အဆင့် (၉) ကို ရောက်နေပြီ...ဂရုအက်ဒမင်ကြီးရဲ့စီမံခန့်ခွဲသူကြီးရဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်ကို မြင်တွေ့ခွင့် ရမှာ]
[ကျန်းမင် - ငါက ဖြောင့်တဲ့ ယောကျ်ားစစ်စစ်ပါ... ပြိုင်ဘက်ကင်း ရုပ်ရည်တော့ မရှိဘူး... ပြီးတော့ ငါက အရမ်း ယောကျ်ားပီသတယ်နော်]
[တုန်ဖန်းချန်းရှီ - ဟီးဟီး... ဒါကိုတော့ ကျွန်မ အာမခံနိုင်တယ်... သူ့ရဲ့ ယောကျ်ားပီသမှုထဲမှာ ပြိုင်ဘက်ကင်းတဲ့ အရိပ်အယောင်တချို့ ပါနေတယ်]
[အောက်ကျို - အဲ့ဒါက သူက ပေးတဲ့ဘက်ရော ယူတဲ့ဘက်ရော နှစ်မျိုးလုံး ရတယ်ဆိုတဲ့ သဘော မဟုတ်လား... အို... အစွမ်းထက်တဲ့ စီမံခန့်ခွဲသူ... ကျွန်တော်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးလေးများ တည်ဆောက်ချင်လားဗျာ]
[မင်ဖေး - နှာဘူးကောင်]
[ကျန်းမင် - စီမံခန့်ခွဲသူကြီးက လူတွေကို အသံပိတ်ပစ်လို့ ရတယ်ဆိုတာ မင်းသိတယ် မဟုတ်လား]
[အောက်ကျို - အင်း... ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့... အခုလေးတင် အိပ်မက်ယောင်နေလို့ပါ]
[ဟေးကူ - အားလုံးပဲ... ငါ ဒုက္ခရောက်နေပြီ]
[အောက်ကျို - ဘာဖြစ်လို့လဲ... သူတို့ရဲ့ တိုက်ခိုက်မှုတွေကို မတွန်းလှန်နိုင်သေးဘူးလား]
[ဟေးကူ - မတွန်းလှန်နိုင်ဘူး... ရန်သူက အရမ်း အစွမ်းထက်လွန်းနေတယ်... ကမ္ဘာ့ဥပဒေသက သူ့ကို ဖိနှိပ်ထားတာတောင် မတားဆီးနိုင်ဘူး... ငါ့ဘက်က အခြေအနေ မဟန်တော့ဘူး... ငါ သေရတော့မယ် ထင်တယ်]
[ကျန်းမင် - ဟေးဂူ... ဒါ ဘာအကြောင်းလဲ]
[အောက်ကျို - ကျွန်တော့်ကိုပဲ ရှင်းပြခွင့် ပြုပါ... နေဦး နေဦး... ဇာတ်လမ်း မစခင် ကိုယ့်ကိုယ်ကိုယ် အရင် ပြင်ဆင်လိုက်ဦးမယ်]
[ကျန်းေကာ၊ ကျန်းမင်၊ ထျန်းဖိုးကျီ - ...]
သုံးယောက်လုံး ဆွံ့အသွားကြ၏。
[အောက်ကျို - (ချောင်းဟန့်လျက်) ကောင်းပြီ... အခု ဟေးကူ ရောက်နေတဲ့ သာမန်ကမ္ဘာက တခြား ကမ္ဘာငယ်လေး တစ်ခုရဲ့ ကျူးကျော်တာကို ခံနေရတာ... ကမ္ဘာ့စွမ်းအားရဲ့ ဖိနှိပ်မှု အောက်မှာတောင် သူတို့ကမ္ဘာထဲ ဆင်းသက်လာပြီး သွေးချောင်းစီးအောင် သတ်ဖြတ်နေတဲ့ အဆင့် (၉) နဲ့ အဆင့် (၁၀) ကျွမ်းကျင်သူ တော်တော်များများ ရှိနေသေးတယ်... ဟေးဂူ ပြောပြတာတော့ သူတို့က ကမ္ဘာတစ်ခုလုံးကို လုံးဝ မျိုးဖြုတ်ပစ်ဖို့ ကြိုးစားနေတာတဲ့... ငါတို့ သူ့ကို ကူညီဖို့ အင်မော်တယ် လက်နက်တချို့ ပေးထားပေမဲ့ သူတို့ကို မတားဆီးနိုင်သေးဘူး]
[ကျန်းမင် - လုံးဝ မျိုးဖြုတ်ပစ်တာ ဟုတ်လား... အဲ့ဒါက သူတို့အတွက် ဘာအကျိုးရှိလို့လဲ... ပြိုင်ဘက်ကင်းတဲ့ ပြင်ပလူ တစ်ယောက်က တခြား ကမ္ဘာတစ်ခုဆီ ဆင်းသက်လာရင် ကန့်သတ်ချက်တွေ အများကြီး ရှိနေမှာ မဟုတ်ဘူးလား]
[အောက်ကျို - ဒါပေါ့... အဲ့ဒီကနေ အကျိုးအမြတ်တွေ အများကြီး ရနိုင်တာပေါ့... သူတို့သာ လုံးဝ သိမ်းပိုက်နိုင်သွားရင် လတ်ဆတ်တဲ့ သွေးနဲ့ အသား ဝိညာဉ်စွမ်းအင်တွေ၊ ပြီးတော့ ဝိညာဉ်တွေကိုပါ အများကြီး ရရှိနိုင်မှာလေ... အဲ့ဒီနောက် ကမ္ဘာ့အရင်းအမြစ် စွမ်းအားတွေကို ထုတ်ယူနိုင်ပြီး ကမ္ဘာကြီးကို အထူး လက်နက်တစ်ခု အဖြစ်တောင် သွန်းလုပ်နိုင်သေးတယ်]
[အောင်းကျိုး - သာမန်ကမ္ဘာ တစ်ခုက ကျူးကျော်ခံရပြီဆိုရင် တွန်းလှန်ဖို့ အရမ်း ခက်ခဲလေ့ ရှိတယ်... ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး]
[အောက်ကျို - ကမ္ဘာတိုင်းက ကမ္ဘာ့ဥပဒေသတွေရဲ့ အကာအကွယ်ကို ရထားတာ... ပြင်ပ သက်ရှိတစ်ကောင် ဆင်းသက်လာတဲ့အခါ သဘာဝကျကျပဲ ငြင်းပယ်ခံရပြီး ဖိနှိပ်ခံရမှာပဲ... ဒါ့အပြင် သူတို့အတွက်လည်း ပြင်ပကမ္ဘာ တစ်ခုဆီ ဆင်းသက်ဖို့ ကြီးမားတဲ့ အားထုတ်မှု လိုအပ်တယ်... သတိထားရမယ့် နောက်တစ်ချက်က တခြား ကမ္ဘာတစ်ခုဆီ ဆင်းသက်တဲ့အခါ အဲ့ဒီလူရဲ့ ကျင့်ကြံခြင်း အဆင့်က ကမ္ဘာကြီး ခံနိုင်ရည်ရှိတဲ့ အဆင့်ထက် မြင့်နေရင် ကောင်းကင် ကျိန်စာရဲ့ ဖျက်ဆီးတာကို ချက်ချင်း ခံရလိမ့်မယ်... ဒါကို ပုန်းကွယ်နိုင်တဲ့ နည်းလမ်းတချို့ ရှိပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကတော့ အများကြီး ပိုကြီးမားတယ်]
[အောက်ကျို - သာမန်ကမ္ဘာ တစ်ခုက များသောအားဖြင့် အဆုံးအစမရှိတဲ့ အချိန်နဲ့ ဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ တည်ရှိနေပြီး အဲ့ဒါကို ရှာဖွေဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်... သာမန်ကမ္ဘာ တစ်ခုကို ရှာတွေ့သွားပြီး လူတစ်ယောက်က ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်ချင်တယ်ဆိုရင် သူတို့ ဆင်းသက်နိုင်ဖို့ ကမ္ဘာအချင်းချင်း ချိတ်ဆက်ထားတဲ့ တံခါးပေါက်တစ်ခု ဖွင့်ပေးဖို့ မဟာနတ်ဘုရား တစ်ပါးအတွက် အဲ့ဒီနေရာရဲ့ တည်နေရာကို မှတ်သားထားရတယ်... သာမန်ကမ္ဘာ တစ်ခုကို ရှာတွေ့ပေမဲ့ သူ့ရဲ့ တည်နေရာကို မတွေ့ဘူးဆိုရင် ကမ္ဘာရဲ့ တကယ့် တည်နေရာ အစစ်အမှန်ကို ဖော်ထုတ်ဖို့ဆိုတာ အရမ်း ခက်ခဲနေတုန်းပဲ... ဘာလို့လဲဆိုတော့ အချိန်နဲ့ ဟင်းလင်းပြင် နယ်ပယ်က ပဟေဠိ တစ်ခုလို ဖြစ်နေလို့ပဲ... ဒါက သာမန်ကမ္ဘာတွေ အတွက်တော့ အကာအကွယ် တစ်ခုလို ဖြစ်နေတာပေါ့]
[အောက်ကျို - အခု ဟေးကူ ရောက်နေတဲ့ ကမ္ဘာက ရှာတွေ့ခံလိုက်ရပြီး သူ့ရဲ့ တည်နေရာကိုလည်း မှတ်သားခံလိုက်ရပြီ... တံခါးပေါက် ပွင့်သွားတာနဲ့ မရေမတွက်နိုင်တဲ့ ကျူးကျော်သူတွေက ကမ္ဘာထဲကို ဆင်းသက်လာကြလိမ့်မယ်... ကျူးကျော်သူတွေက များသောအားဖြင့် ကမ္ဘာကို လွှမ်းမိုးဖို့ ရည်ရွယ်ချက်နဲ့ ကျူးကျော်လေ့ ရှိပြီး ပါရမီရှင်တွေကို ပျိုးထောင်ဖို့အတွက် ယာယီ အခြေစိုက်စခန်း တစ်ခုအဖြစ် အသုံးပြုကြတယ်... သက်ရှိတွေကို ရမ်းကား သတ်ဖြတ်ဖို့ သက်သက်အတွက် ရောက်လာတဲ့ ကျူးကျော်သူတွေက အရမ်း နည်းပါးတယ်... ဟေးဂူဆီ ရောက်လာတဲ့ ကျူးကျော်သူတွေက ယုတ်မာတဲ့ အဖွဲ့အစည်းတွေဆီက လာတာ ဖြစ်ရမယ်... သူ ကံဆိုးသွားတာပဲ]
အောက်ကျို အသေးစိတ် ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းမင်၏ နှလုံးသားမှာ ကျုံ့ဝင်သွားတော့သည်။
သံသရာ ခန်းမဆောင်မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် လူသုံးယောက်ကို သူ သတ်ဖြတ်ခဲ့သည်ကို ပြန်လည် အမှတ်ရသွား၏။ သူတို့တွင်လည်း ကျူးကျော်လိုသည့် သဘောသဘာဝများ ရှိနေနိုင်သလော။
"ငါ ပိုသိလာလေလေ ပိုပြီး လုံခြုံမှု မရှိဘူးလို့ ခံစားရလေလေပဲ" ကျန်းမင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
[ကျန်းမင် - ဒီလိုကိစ္စမျိုးတွေကို ကိုင်တွယ်ဖို့ အဆင့်မြင့် ကမ္ဘာက ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေ မရှိကြဘူးလား]
[အောက်ကျို - အင်း... ကျွန်တော့် ကျင့်ကြံခြင်းက နိမ့်နေသေးသလို ကျွန်တော် ရောက်နေတဲ့ အဆင့်ကလည်း သိပ်မမြင့်သေးဘူးလေ... အဲ့ဒါကိုတော့ သေချာ မသိဘူး]
[ဟေးကူ - ငါတော့ ပြီးပြီ... သူတို့ ငါ့ဆီကို သတ်ဖြတ်ပြီး ရောက်လာကြပြီ]
[ဟေးကူ - ငါ လေဟာပြင်ကို ဆွဲဖြဲပြီး ကမ္ဘာထဲကနေ ထွက်ပြေးဖို့ ကြိုးစားတော့မလို့]
[ဟေးကူ- ကျစ်... သူတို့က အဆင့် (၁၀) ထက် ကျော်လွန်တဲ့ မိစ္ဆာစစ်သည်တွေကို သုံးပြီး ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်ပြီ... အဲ့ဒါတွေ စုစုပေါင်း (၃၂) ကောင်တောင် ရှိတယ်]
[ဟေးကူ - ငါတော့ သေရတော့မှာပဲ]
[ဟေးကူ - ဘယ်သူမဆို ငါ့ကို ကယ်နိုင်မလား]
[ဟေးကူ- ငါ့ဆီမှာ စုဆောင်းထားတဲ့ အမှတ်တွေ မကျန်တော့ဘူး... ဘယ်သူမဆို ငါ့ကို ကာကွယ်ဖို့ တစ်ခုခု ပေးနိုင်မလား... ငါ ကျေးဇူးကို နှစ်ဆ ပြန်ဆပ်ပါ့မယ်]
[ဟေးကူ- ငါ...]
[တုန်ဖန်းချန်းရှီ - ကျွန်မဆီမှာ တချို့ ရှိတယ်... ခဏလေး စောင့်... အခု ချက်ချင်း ပို့ပေးလိုက်မယ်... နည်းနည်းလေး ထပ်စောင့်ပါဦး]
ချက်ချင်း ဆိုသလိုပင် ဟေးကူ၏ ပုံရိပ်မှာ မှေးမှိန်သွားတော့သည်။
စကားပြောခန်း တစ်ခုလုံး၌ ရုတ်တရက် ထုံကျဉ်နေသော တိတ်ဆိတ်မှု တစ်ခုက ဖုံးလွှမ်းသွားလေပြီ။
End
***