သူ့ကိုယ်ပွား ပုံရိပ်မှာ လုံးဝ ပျောက်ကွယ် မသွားမီ မှေးမှိန် ဖြူလျော့သွား၏။
ထိုသည်ကို ကြည့်ရုံဖြင့် ဟေးကူ သေဆုံးသွားလေပြီ ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
အထွတ်အထိပ် စကားပြောခန်းထဲသို့ ဝင်ရောက်နိုင်သူတိုင်းမှာ မွေးရာပါ ပါရမီ ထူးကဲသူများ ဖြစ်ကြောင်း သက်သေပြနေပေသည်။ သူတို့က ကိုယ်ပိုင် ကမ္ဘာအသီးသီး၌ အကောင်းဆုံး ဖြစ်ကြပြီး မရေမတွက်နိုင်သော ကမ္ဘာများပေါင်း များစွာ၌ပင် ဤကဲ့သို့သော ပါရမီရှင်မျိုး ထွက်ပေါ်လာရန် မလွယ်ကူလှချေ။
သို့တိုင် ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသော ပါရမီရှင် တစ်ယောက်မှာ လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် အသတ်ခံလိုက်ရ၏။
ဟေးကူ တစ်ယောက် သက်ရှိလောကမှ ထွက်ခွာသွားရသည့်အပေါ် ကြီးမားသော ဝမ်းနည်းကြေကွဲမှုများကို ခံစားနေကြရပေသည်။
[ကျန်းမင် - အားလုံးပဲ... ကိုယ့်ကမ္ဘာ ကျူးကျော်ခံနေရပြီဆိုတာ သိတာနဲ့ ချက်ချင်း ထွက်ပြေးဖို့ လမ်းကြောင်းတစ်ခု အရင်ရှာထားကြပါ]
[ကျန်းကော - ကိုယ့်အတွက် ထွက်ပေါက်တစ်ခု အမြဲတမ်း ပြင်ဆင်ထားကြ]
[အောင်းကျိုး - အဲ့ဒါက တကယ်ကို ခက်ခဲလွန်းတယ်... ငါ့ကမ္ဘာကိုပဲ ဥပမာ ထားကြည့်... တကယ်လို့ အစွမ်းထက်တဲ့ သူတွေကြားမှာ စစ်ပွဲကြီးသာ ဖြစ်ပွားခဲ့ရင် ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်လောက်နဲ့ဆို ထွက်ပြေးဖို့ အစီအစဉ် ဘယ်လောက်ပဲ ဆွဲထားဆွဲထား အလကားပဲ ဖြစ်သွားမှာ]
[ကျန်းကော- မင်းကမ္ဘာရဲ့ အဆင့်က အရမ်း မြင့်လွန်းနေတာကိုး... အဆင့် (၁၀) ဆိုတာ ပင်လယ်ကြီးထဲက ပုစွန်ဆိတ်လေး တစ်ကောင်လောက်ပဲ ရှိတာ]
[အောက်ကျို - အဲ့ဒါကိုတော့ ငါ မငြင်းပါဘူး... ဟေးကူရဲ့ သေဆုံးမှုက ငါ့အတွက်တော့ တကယ့် သတိပေး ခေါင်းလောင်းသံပဲ... ငါ ဆုံးဖြတ်လိုက်ပြီ... ကျင့်ကြံခြင်းမှာ ပိုပြီး ကြိုးစားမယ်၊ ငါ့ခွန်အားတွေကို ထပ်ပြီး စုဆောင်းမယ်၊ ပြီးတော့ အဆင့်တက်ဖို့ အခွင့်အရေး ရှာမယ်... ဒါပေမဲ့ စွမ်းအင် စုဆောင်းရတာက အရမ်းကို ခက်ခဲလွန်းတယ်... ဒီနေ့အထိတောင် အဆင့်တက်သွားခဲ့ရင် ဒီ အထွတ်အထိပ်စေတီထဲ ဆက်နေနိုင်ပါ့မလားဆိုတာ ယုံကြည်ချက် မရှိသေးဘူး... ပိုအစွမ်းထက်တဲ့ စကားပြောခန်းထဲ ဝင်ဖို့ဆိုတာ ဝေလာဝေးပဲ... နဂါးတစ်ကောင်ရဲ့ ဘဝက တကယ်ကို ခက်ခဲကြမ်းတမ်းလွန်းပါတယ်ကွာ... ဟူး... ငါ့ရဲ့ တခြားနန်းတော် တစ်ခုဆီသွားပြီး ရှောင်ချွီတို့အဖွဲ့နဲ့ ဘဝအကြောင်း၊ စံပြအိပ်မက်တွေအကြောင်း သွားပြောပြမှပါလေ]
[ကျန်းကော - ဘုရားရေ... မင်းမှာ တခြား မိန်းမဆောင်တွေ ရှိသေးတာလား]
[အောက်ကျို - တည်ငြိမ်စမ်းပါ တည်ငြိမ်စမ်းပါ... ငါ့မှာ မောင်းမဆောင် အဲ့လောက် အများကြီး မရှိပါဘူး... ရှစ်ဆယ့်တစ်ဆောင်လောက်ပဲ ရှိတာပါ]
[ကျန်းကော - မနာလိုဖြစ်ပြီး ဒေါသထွက်လွန်းလို့ ငါ အခု သွားတွေတောင် ကြိတ်နေမိပြီ]
[တုန်ဖန်းချန်းရှီ - ကျွန်မ အခုလေးတင် အဆင့် (၁၄) အစစ်အမှန် နဂါးတစ်ကောင်ကို အမဲလိုက်ဖမ်းလာတယ်... နဂါးအသည်း၊ နဂါးရိုးတွင်းခြင်ဆီ၊ နဂါးနှလုံးသားနဲ့ နဂါးသွေးတွေကို သုံးပြီး ဆေးဖက်ဝင် အစားအစာ တစ်ခွက် ချက်စားနေတာ]
[ကျန်းကော - ဟားဟား... တကယ်ကို အရသာ ရှိမှာပဲ]
[မင်ဖေး - အရသာရှိလိုက်တာ]
[ယဲ့ချင်ရှန်း - အရသာရှိလိုက်တာ]
[အောက်ကျို - ဘုရားရေ... အဆင့် (၁၄) ဟုတ်လား... ငါ့နေရာမှာဆို အဆင့် (၁၄) က မဟာဧကရာဇ် အဆင့်လောက် ရှိနေပြီ... အန်တီရေ... ကျွန်တော် ခင်ဗျားကို ကြောက်သွားပြီလို့ ဝန်ခံပါတယ်ဗျာ... ရပြီလား]
ကျန်းမင်လည်း အနေရခက်စွာဖြင့် ရယ်မောလိုက်မိသည်။
ထိုစဉ် ရင်ပြင်ပေါ်တွင် ပုံရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ သတိထားမိလိုက်၏။ ထိုသူ နှစ်ယောက်လုံးမှာ တစ်ချိန်တည်းနီးပါး ရောက်ရှိလာခြင်းပင်။
"အစ်ကိုကျန်းမင်... မတွေ့ရတာ ကြာပြီနော်" တုန်ဖန်းချန်းရှီက ပျော်ရွှင်စွာ ပြေးလာသည်။
"အစ်ကိုကျန်း" ယဲ့ချင်ရှန်းက လက်သီးဆုပ်ကာ အရိုအသေပေးရင်း အပြုံးဖြင့် နှုတ်ဆက်လာ၏။
"ငါတို့တွေ ထပ်ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ကျန်းမင်ကလည်း ဝမ်းသာအားရ ပြုံးပြလိုက်သည်။ ကမ္ဘာပေါင်းစုံမှ မိတ်ဆွေများနှင့် ယခုကဲ့သို့ ထပ်မံဆုံတွေ့ရခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်သလို သာမန် ကံတရားတစ်ခုကြောင့်လည်း မဟုတ်ပေ။
ကျန်းမင်က သူတို့ ထိုင်ရန်အတွက် ဆိုဖာတစ်လုံးကို ထုတ်ယူလိုက်ပြီး လော့ဟန်ထံမှ ရရှိထားသော တန်ဖိုးကြီး ဝိုင်အရက်များကိုပါ အတူတကွ သောက်သုံးရန် ခင်းကျင်းပေးလိုက်သည်။ သူတို့က ဝိုင်ခွက်များ တိုက်ရင်း ကိုယ်ပိုင် အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ကြတော့သည်။
ယဲ့ချင်ရှန်းမှာ သူမ၏ ကမ္ဘာတွင် အလွန်တရာ အောင်မြင်နေခဲ့ပြီး အတောက်ပဆုံးသော ပါရမီရှင် တစ်ယောက် ဖြစ်လာခဲ့လေပြီ။ သူမက မျိုးဆက်ဟောင်းမှ ကျွမ်းကျင်သူများနှင့်ပင် ရင်ပေါင်တန်း တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်၏။
အတိတ်က ကျန်းမင်နှင့် အဆင့်တူညီခဲ့ပြီး ယခုအခါ ဤနေရာသို့ ထပ်မံရောက်ရှိလာသည်ကို ကြည့်လျှင် သူမတွင် မည်မျှ ကြီးမားသော ပါရမီနှင့် အလားအလာများ ရှိနေကြောင်း သက်သေပြနေပြီး ဤသည်မှာ အမှန်တကယ်ပင် ရှားပါးသော မြင်ကွင်းတစ်ခု မဟုတ်ပါလား။
အခြားတစ်ဖက်တွင်မူ လော့ဟန်မှာ အနည်းငယ် နောက်ကောက်ကျနေခဲ့ချေပြီ။
တုန်ဖန်းချန်းရှီ အတွက်တော့ အလွန် ပျင်းစရာကောင်းနေခဲ့သည်။ သူမက ကျင့်ကြံလိုက်၊ စကားပြောခန်းထဲ စကားပြောလိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေပြီး ပျင်းရိငြီးငွေ့နေခဲ့ခြင်းပင်။
"ဟူး... ရှင်တို့နှစ်ယောက်လို လွတ်လွတ်လပ်လပ် လောကကြီးထဲ လျှောက်သွားရမယ့် အလှည့် ကျွန်မအတွက် ဘယ်တော့များမှ ရောက်လာမှာလဲ" တုန်ဖန်းချန်းရှီက ညည်းညူသံ အပြည့်ဖြင့် ဆိုဖာပေါ်သို့ နောက်ပြန်လှဲချပစ်သည်။
"လူငယ်တွေက ဝမ်းနည်းပူဆွေးမှု အရသာကို မခံစားဖူးတော့ အပေါ်ကို တက်လှမ်းချင်ကြတယ်... အပေါ်ရောက်သွားတော့ ဝမ်းနည်းမှုကို မခံစားရတော့ပေမဲ့လည်း ဟန်ဆောင်ပြီး ဝမ်းနည်းပြရပြန်တယ်... အခု ငါက ဝမ်းနည်းမှုနဲ့ နာကျင်မှု အရသာကို ခံစားဖူးသွားပြီမို့ ရင်ဖွင့်ချင်ပေမဲ့ အဲ့လိုလုပ်တာ မှားနေသလို ခံစားရတယ်... ဝမ်းနည်းမှုတွေကို ရင်ဖွင့်ချင်ပေမဲ့ ထွက်လာတဲ့ စကားတွေက ဆောင်းဦးလေပြေကို ချီးမွမ်းတဲ့ စကားတွေချည်းပဲ ဖြစ်နေခဲ့တယ်"
ကျန်းမင်က အပြုံးဖြင့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး ဆက်ပြောလာသည်။ "တကယ်တော့ ငါတို့ စကားပြောခန်းထဲက လူတော်တော်များများက နင့်ကို အားကျနေသင့်တာ... ငါ့ကိုပဲ ဥပမာ ထားကြည့်... ငါ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က လွတ်လွတ်လပ်လပ်နဲ့ ပူပင်သောက ကင်းကင်း နေထိုင်သွားဖို့ပဲ... နေရောင်ခြည်အောက်မှာ ဇိမ်ခံရင်း လေပြေညှင်းလေးက ငါ့မျက်နှာကို ပွတ်သပ်သွားတာမျိုး တွေးကြည့်ရတာကို သဘောကျတယ်... အဲ့ဒါက ဘယ်လောက်တောင် ငြိမ်းချမ်းလိုက်မလဲ"
"အစ်ကိုကျန်း... အစ်ကို့ အိပ်မက်က ရိုးရှင်းပေမဲ့ တစ်ချိန်တည်းမှာပဲ အရမ်း ခက်ခဲလွန်းနေတယ်"
ယဲ့ချင်ရှန်းက ညင်သာစွာ ပြောလိုက်သည်။ "ငါတို့ ပတ်ဝန်းကျင်က ကမ္ဘာတွေကိုပဲ ကြည့်ကြည့်... သူတို့ထဲက ဘယ်နှစ်ယောက်ကများ ပူပင်သောက ကင်းကင်းနဲ့ တကယ် နေထိုင်နိုင်ကြလို့လဲ... လူတစ်ယောက်ရဲ့ ကံတရားက ရာသီဥတုလိုပဲ အမြဲတမ်း ပြောင်းလဲနေတတ်တာ... ကိုယ်က ဘာပြဿနာမှ မရှာရင်တောင် ပတ်ဝန်းကျင်က လူတွေက ရှာလာနိုင်ပြီး နောက်ဆုံးကျရင် ကိုယ့်ဆီပါ ရိုက်ခတ်လာမှာပဲ... ကိုယ်တစ်ယောက်တည်း တောင်နက်ကြီးထဲ သွားပြီး တိတ်တိတ်ဆိတ်ဆိတ် နေရင်တောင် မိစ္ဆာတွေရဲ့ ရှာတွေ့တာ ခံရနိုင်တယ်... ဒါမှမဟုတ် တခြားပြည်နယ်က စစ်ပွဲကြီးတွေက ကိုယ့်ဆီ ကူးစက်လာနိုင်တာပဲ... ဟေးကူကိုပဲ ကြည့်လေ... သူက သူနေထိုင်တဲ့ ကမ္ဘာကို အောင်နိုင်ပြီးသားဆိုပေမဲ့ နောက်ဆုံး ဘယ်လို အဆုံးသတ်သွားလဲ... အားလုံး ပြီးသွားချိန်မှာ ကျူးကျော်သူတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်လေ... ဘယ်သူကများ တကယ်ကို ပူပင်သောက ကင်းကင်း နေနိုင်မှာလဲ... အစ်ကိုကျန်... ဒါက တကယ်ကို ခက်ခဲလွန်းပါတယ်"
"နင်ပြောတာ မှန်တယ်... တကယ်ကို ခက်ခဲလွန်းတယ်" ကျန်းမင်က သက်ပြင်းချရင်း လက်ဝှေ့ယမ်းပြကာ…"ထားလိုက်ပါတော့... ညီမယဲ့... နင်က ဘယ်လို တာအိုကို ကျင့်ကြံနေတာလဲ"
"ပျံသန်းခြင်း ငှက်မွှေး အင်မော်တယ် တာအိုပါ"
"ပျံသန်းခြင်း ငှက်မွှေး အင်မော်တယ် တာအို ဟုတ်လား"
"ဟုတ်တယ်... ကျွန်မရဲ့ တာအိုက ကိုယ့်ကိုယ်ကိုယ် ကျော်လွန်ပြီး အကန့်အသတ်တွေကို ချိုးဖျက်ဖို့ပဲ"
ယဲ့ချင်ရှန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အလင်းလှိုင်းများက တစ်ခုပြီးတစ်ခု တိုးဝှေ့ထွက်ပေါ်လာသည်။ ထောင်သောင်းချီသော ငှက်မွှေးများ အစီအရီ ထပ်နေသကဲ့သို့ ခံစားရသော်လည်း ကောင်းကင်မှ ပန်းပွင့်ဖတ်များ ကြွေကျလာသကဲ့သို့လည်း ထင်မှတ်ရပေသည်။
အလင်းရောင်များက ကျန်းမင်၏ ခန္ဓာကိုယ်ပေါ် ဖြာကျလာချိန်တွင် သူက သူမထံ အလိုအလျောက် အရှုံးပေးချင်စိတ်များ ပေါ်ပေါက်လာပြီး သူ့ ရုပ်ပိုင်းဆိုင်ရာနှင့် ချီစွမ်းအင်များပင် အနည်းငယ် ပြောင်းလဲစ ပြုလာတော့သည်။
ထိုအခိုက် ယဲ့ချင်ရှန်းက သူမ၏ အငွေ့အသက်များကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ပြီး ရှင်းပြလာ၏။
"ငှက်မွှေးတွေ အဖြစ် ပြောင်းလဲပြီး ကျွန်မဆီ ပြန်လာတယ်... အစွမ်းအထက်ဆုံး ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ် သွန်းလုပ်ပြီး ကောင်းကင်ယံဆီ ပျံတက်နိုင်ဖို့ ကူညီပေးတယ်... ဒါက ကျွန်မ ကျင့်ကြံထားတဲ့ တာအိုပဲ... အရာအားလုံးကို တာအိုအဖြစ် ပြောင်းလဲနိုင်ပြီး ကျွန်မ ခန္ဓာကိုယ်ထဲ ပေါင်းစပ်ကာ ခွန်အားတွေ တိုးပွားလာစေနိုင်တဲ့ တာအိုမျိုးပေါ့"
"အစ်မယဲ့က အရမ်း အံ့ဩဖို့ကောင်းတာပဲ" တုန်ဖန်းချန်းရှီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ချန်းရှီ၏ ချီးကျူးစကားကို ကြားလျှင် ယဲ့ချင်ရှန်းက ခေါင်းခါယမ်း၍...
"ကျွန်မနဲ့ ရှင်တို့နှစ်ယောက် ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိနေပါသေးတယ်... အခုလေးတင် သရုပ်ပြလိုက်တာ ဆိုပေမဲ့ အဲ့ဒီကနေတဆင့် ရှင်တို့ နှစ်ယောက်လုံးရဲ့ အတွင်းထဲကနေ ခိုင်မာပြတ်သားတဲ့ စွမ်းအားတွေ ထွက်ပေါ်နေတာကို ကျွန်မ ခံစားလိုက်ရတယ်"
ယဲ့ချင်ရှန်းမှာ အမှန်တကယ်ပင် အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။ တုန်ဖန်းချန်းရှီ အကြောင်းကတော့ အံ့ဩစရာ မရှိပေ။ သူမက မဟာစကြဝဠာကြီးမှ လာသော ခိုင်မာသည့် နောက်ခံရှိရုံသာမက ဧကရီ တစ်ပါးပင် ဖြစ်နေသေးသည် မဟုတ်လော။
သူမ၏ နောက်ခံ အကြောင်းကို ကြားရုံနှင့်ပင် လူတိုင်းကို မေးရိုးပြုတ်ကျလုမတတ် ဖြစ်သွားစေနိုင်သည်။ သူမ ပိုင်ဆိုင်ထားသော မည်သည့်အရာမဆို ကမ္ဘာများ၏ အဆင့်ကန့်သတ်ချက်များကို လွယ်ကူစွာ ကျော်လွန်သွားနိုင်စွမ်း ရှိ၏။
သို့သော် ကျန်းမင်ကကော မည်သို့နည်း။ သူကလည်း သာမန်ကမ္ဘာမှ လာသူ ဖြစ်သော်လည်း သူမ၏ တာအိုကို သရုပ်ပြနေသည့် အခိုက်အတန့်တွင် ကျန်းမင်၏ ခန္ဓာကိုယ်တွင်းမှ နက်ရှိုင်းပြီး တုန်လှုပ်ဖွယ် ကောင်းသော ချီနှင့် သွေးစွမ်းအင်များကို ခံစားလိုက်ရသည်။ ထို့အပြင် ကမ္ဘာတစ်ခုနှင့် နှိုင်းယှဉ်နိုင်လောက်သည့် ကြောက်မက်ဖွယ် ကောင်းသော ချီစွမ်းအင်များ ရှိနေကြောင်းကိုပါ သိလိုက်ရ၏။
ဤသည်မှာ သူမ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေခဲ့လေပြီ။
"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာပဲ... နင်က တာအို ထောင်သောင်းချီကို ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်နိုင်ခဲ့တာပဲ... မဆုတ်မနစ်တဲ့ ရဲစွမ်းသတ္တိ မရှိဘဲနဲ့ ဒီလို တာအိုမျိုးကို နားလည်သဘောပေါက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး" ကျန်းမင်က အံ့အားသင့်စွာ ချီးကျူးလိုက်သည်။
"အစ်ကိုက ချဲ့ကားပြောလွန်းနေပြီ" ယဲ့ချင်ရှန်းက ပြန်ပြောရင်း အခြားတစ်ဖက်သို့ လှည့်ကာ မေးလိုက်သည်။ "ချန်းရှီကကော ဘယ်လိုလဲ"
"ကျွန်မလား... ကျွန်မရဲ့ တာအိုကတော့ အဖေ့ရဲ့ စီစဉ်ပေးမှုနဲ့ လောကတာအိုကို လျှောက်လှမ်းနေရတာပါပဲ" တုန်ဖန်းချန်းရှီက စိတ်မပါ့တပါ ဖြေလာသည်။
"လောကတာအို ဟုတ်လား" ယဲ့ချင်ရှန်း စိတ်ဝင်စားသွား၏။
"ဟုတ်တယ်... အဲ့ဒါက ကိုယ့်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ကမ္ဘာတစ်ခု ဖန်တီးပြီး နောက်ပိုင်း အနာဂတ်မှာ တကယ့် ကမ္ဘာအစစ် တစ်ခုကို မွေးဖွားပေးရတာမျိုးလေ... တကယ်ကို အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်" တုန်ဖန်းချန်းရှီက ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
သူမ ရှင်းပြနေစဉ် ခေါင်းအထက်တွင် အရိပ်သဏ္ဍာန် တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခု အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထိုအထဲတွင် တောင်တန်းများနှင့် မြစ်များမှအစ ရေကန်များနှင့် ပင်လယ်များအထိ အရာအားလုံး ရှိနေကြောင်း မြင်တွေ့နိုင်၏။ တစ်ခုတည်းသော ကွာဟချက်မှာ သက်ရှိများ မရှိခြင်းပင်။
"ပုံရိပ်ယောင်တွေကို အစစ်အမှန် အဖြစ် ပြောင်းလဲတာပဲ... ဒါက ပြည့်စုံလွန်းတဲ့ တာအိုတစ်ခုပဲ"
ယဲ့ချင်ရှန်းက အာမေဋိတ်သံဖြင့် ဆိုလိုက်သည်။ "ငါ အရင်က ဒါကို စဉ်းစားဖူးပေမဲ့ တကယ် လက်တွေ့ လုပ်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ... ခန့်မှန်းကြည့်ရသလောက်ဆိုရင် ငါသာ အဲ့ဒီတာအိုကို လျှောက်မယ်ဆိုရင် နှစ်သန်းတစ်ရာလောက် အချိန်ယူရမှာ… အောင်မြင်နိုင်ချေက ရာခိုင်နှုန်း နည်းနည်းလေးပဲ ရှိလိမ့်မယ်... ချန်းရှီ... နငမသာ အနာဂတ်မှာ တကယ့် ကမ္ဘာအစစ် တစ်ခုကို ဖန်တီးနိုင်ခဲ့ရင် နင် ဖန်ဆင်းရှင် ဖြစ်လာမှာပဲ"
"ဖန်ဆင်းရှင် ဟုတ်လား... အဲ့လိုသာဆိုရင် အရမ်းမိုက်မှာပဲ... ကျွန်မ လိုချင်တာ မှန်သမျှကို လေထဲကနေ ဖန်တီးယူလို့ ရပြီပေါ့... ဟီးဟီး... အဲ့ဒါဆိုရင် ကျွန်မ စားဖို့ သောက်ဖို့အတွက် အရသာရှိတဲ့ အစားအစာတွေ အဆုံးအစမရှိ ရလာမှာပဲ... ကစားစရာတွေတောင် ပါသေးတယ်... ကျွန်မသာ လော့ဟန်ရဲ့ ကမ္ဘာလို သိပ္ပံစိတ်ကူးယဉ် ကမ္ဘာမျိုး ဖန်တီးနိုင်ရင် သိပ်ကောင်းမှာပဲ" ချန်းရှီမှာ စိတ်ဝင်စားစ ပြုလာတော့သည်။
ချန်းရှီ၏ စကားကို ကြားလျှင် ယဲ့ချင်ရှန်းမှာ ဆွံ့အသွားပြီး တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် ကျန်းမင်ဘက်သို့ လှည့်ကြည့်၍ မေးလိုက်၏။ "အစ်ကိုကျန်... အစ်ကိုကကော"
"ငါ့ဟာကလည်း လောကတာအိုပဲ"
ကျန်းမင်ကလည်း တုန်ဖန်းချန်းရှီနှင့် ဆင်တူသော ကမ္ဘာတစ်ခု၏ ပုံရိပ်ကို ဖန်တီးပြလိုက်သည်။ သို့သော် သူ့ ကမ္ဘာမှာ ပိုမို ကျယ်ပြန့်ပြီး ကြီးမားနေခြင်းက လွဲ၍ပေါ့။
တကယ်တော့ သူကိုယ်တိုင်ပင် အလွန် အံ့အားသင့်နေမိသည်။
ပြီးပြည့်စုံသော သုခကမ္ဘာ တစ်ခုကို ဖွင့်လှစ်ရန် မည်မျှ ခက်ခဲကြောင်း သူ ကောင်းကောင်း သိထားသဖြင့် နှစ်သောင်းချီ ကြာသည့်တိုင် ဤတာအို လျှောက်လှမ်းသူ တစ်ယောက်မျှ ရှိလာမည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ သို့တိုင် ယနေ့တွင် ဤမျှ လွယ်ကူစွာ တွေ့ဆုံလိုက်ရသည် မဟုတ်ပါလား။
သို့သော် သူမ၏ နောက်ခံအကြောင်းနှင့် လူသားလမ်းစဉ် မှတ်တမ်းထဲရှိ သူမ၏ 'အဆင့်အတန်း' တွင် ဖော်ပြထားသော သူမဖခင်က ကမ္ဘာတစ်ခုကို ကျင့်ကြံပြီး တုန်ဖန်းချန်းရှီ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သည်ဟူသော အချက်ကို တွေးမိချိန်တွင်တော့ အရာအားလုံးက အဓိပ္ပာယ် ရှိသွားလေပြီ။
အကယ်၍ သူ့တွင်သာ ဤကဲ့သို့သော အခြေအနေမျိုး ရှိခဲ့လျှင် မည်သည့် အခက်အခဲကိုမဆို လွယ်ကူစွာ ကျော်ဖြတ်နိုင်ပေလိမ့်မည်။
"နောက်ထပ် သာမန်ကမ္ဘာ တစ်ခုပဲ" ယဲ့ချင်ရှန်းမှာ လန့်ဖြန့်သွားပြီး ရုတ်တရက် ဆွံ့အသွားတော့သည်။
"ဟယ်... အစ်ကိုကျန်းမင်... ကျွန်မတို့ နှစ်ယောက်လုံး တူတူပဲ... ဒါက တကယ့် ကံကြမ္မာပဲ... ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းက အမျိုးအစားတူ ဖြစ်နေတယ်... ကျွန်မတို့ စကြဝဠာ တစ်ခုတည်းမှာ ရှိနေတာများလား... အဲ့လိုသာဆိုရင် အနာဂတ်မှာ တကယ့် လက်တွေ့ဘဝမှာ ကျွန်မတို့ အချင်းချင်း တွေ့ရနိုင်တယ် ဆိုတဲ့ သဘော မဟုတ်ဘူးလား"
"အဲ့ဒါက တကယ်ကို ဖြစ်နိုင်ချေ ရှိတယ်... ရှင်တို့ နှစ်ယောက်ကြားက ဒီရေစက်က တကယ်ကို ထူးခြားလွန်းပါတယ်" ယဲ့ချင်ရှန်းမှာ ပြောစရာ စကားပင် ရှာမရတော့ပေ။
ဤပါရမီရှင် နှစ်ယောက်သာ အတူတကွ ပေါင်းစည်းသွားပါက သူတို့၏ စွမ်းအားများ မည်မျှ ပြင်းထန်လာမည်ကို တွေးမိချိန်တွင် သူမက အနည်းငယ်ပင် မနာလို ဖြစ်သွားမိ၏။
"တကယ်လို့ အဲ့လိုသာဆိုရင်တော့ အခုကစပြီး ညီမချန်းရှီ မျက်နှာသာပေးတာ ခံရဖို့ ကြိုးစားရတော့မှာပေါ့" ကျန်းမင်က မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ပြောလိုက်သည်။
တုန်ဖန်းချန်းရှီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး... "အခုကစပြီး ရှင်တို့ကို ကျွန်မ စောင့်ရှောက်ပေးမယ်"
သူတို့၏ တာအိုများကို အပြန်အလှန် သရုပ်ပြပြီးချိန်မှစ၍ သူတို့၏ ဆက်ဆံရေးမှာ ရှင်းပြ၍ မရနိုင်လောက်အောင် ပိုမို ရင်းနှီးလာခဲ့လေပြီ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ သူတို့ သုံးယောက်လုံး အတူတကွ ရယ်မောစကားပြောကြရင်း သူတို့ ကမ္ဘာများ၏ လျှို့ဝှက်ချက်များကို ဆွေးနွေး ဖလှယ်နေကြသည်။
နောက်ဆုံးတွင် ကျန်းမင်က မနေနိုင်တော့ဘဲ တုန်ဖန်းချန်းရှီအား မေးလိုက်၏။
"အထွတ်အထိပ်စေတီနဲ့ ဆင်တူတဲ့ အဖွဲ့အစည်း တစ်ခုခုကို သိထားတာ ရှိလား... ကမ္ဘာအနှံ့က ပါရမီရှင်တွေကို စုဆောင်းပြီး တခြား ကမ္ဘာတစ်ခုခုမှာ နေရာချထားပေးတဲ့ အဖွဲ့အစည်းမျိုးပေါ့"
ယဲ့ချင်ရှန်း၏ ခန္ဓာကိုယ်မှာလည်း စူးစမ်းလိုစိတ်ကြောင့် အနည်းငယ် မတ်မတ် ဖြစ်သွားသည်။
တုန်ဖန်းချန်းရှီက ခဏတာ တွေးတောပြီးနောက် မျှဝေလာသည်။
"မကြာသေးခင်က အဖေ့ဆီက ကြားဖူးတာတော့... မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်လေးတွေကို လင်းထိန်စေပြီး ပျိုးထောင်ဖို့အတွက် ပါရမီရှင် တချို့ကို ရွေးချယ်နိုင်တဲ့ ကိရိယာ တစ်မျိုး ဖန်တီးခဲ့တဲ့ သူ့သူငယ်ချင်း တစ်ယောက် အကြောင်းပဲ... အဲ့ဒီ ရွေးချယ်ခံရတဲ့ ပါရမီရှင်တွေကို ကိုယ်တိုင် သင်ကြားပေးမယ့်အစား တာဝန်တွေ ထမ်းဆောင်ဖို့နဲ့ လုပ်ငန်းစဉ်တွေကနေတဆင့် သူတို့ဘာသာ လေ့ကျင့်နိုင်ဖို့ တခြား ကမ္ဘာအသီးသီးဆီ ပို့ဆောင်ခံရတာမျိုးလေ... သေဆုံးနိုင်ချေလည်း တော်တော်လေး မြင့်တယ်... အို... ကျွန်မ အခု မှတ်မိပြီ... အဲ့ဒီအရာကို နတ်ဘုရားသခင်လို့ ခေါ်တာ... နတ်ဘုရားသခင် တစ်ပါး အသတ်ခံရပြီးနောက် သူ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်နဲ့ သွန်းလုပ်ထားတဲ့ အရာတစ်ခုပေါ့"
"တကယ်ကြီး အဲ့လိုအရာ ရှိနေတာလား... မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်လေးတွေကို လင်းထိန်စေနိုင်တယ် ဟုတ်လား... အဲ့ဒါက တကယ်ကို အံ့ဩစရာပဲ" ကျန်းမင်မှာ တုန်လှုပ်သွားပြီး သူ့နှလုံးသားပင် လှုပ်ခတ်သွားရ၏။
ယခုအခါ နတ်ဘုရားသခင်ပင် ရှိနေလေပြီ။ ချူရွှမ်ဟူသော လူတစ်ယောက်ပင် ရှိနေဖို့ ဖြစ်နိုင်လောက်သလော။
"သိပ်လည်း အံ့ဩစရာ မကောင်းပါဘူး... အဖေကတော့ အဲ့လို အတုအပ လုပ်ထားတာမျိုးက သိပ်ပြီး အထင်ကြီးစရာ မကောင်းဘူး ဆိုပြီး အထင်သေးထားတာ" တုန်ဖန်းချန်းရှီက သဘောမတူဟန်ဖြင့် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ကျန်းမင်မှာ ဆွံ့အသွားတော့သည်။ ယခုအခါ တုန်ဖန်းချန်းရှီ၏ ဖခင်မှာ အနည်းဆုံး မဟာအင်မော်တယ် အဆင့်တွင် ရှိနေရမည် ဖြစ်ကြောင်း သူ လုံးဝ သေချာသွားလေပြီ။ ထိုသို့မဟုတ်လျှင် နတ်ဘုရားသခင် တစ်ပါးကိုပင် သွန်းလုပ်နိုင်လောက်အောင် ပြိုင်ဘက်ကင်းသည့် လူတစ်ယောက်ကို သူမဖခင်က မည်သို့လုပ်၍ အထင်သေးရဲမည်နည်း။
ကြည့်ရသည်မှာ သူမက တကယ့် မင်းသမီးစစ်စစ် တစ်ပါး ဖြစ်ပုံရသည်။
သူမ၏ အားကိုးရသည့် နောက်ခံက တကယ်ကို ကြီးမားခိုင်မာလှသည်။ အဓိက အချက်မှာ သူတို့က ဖြူစင်နူးညံ့ရုံသာမက နှလုံးသားပါ ဖြူစင်နေခြင်းပင်။
ငါ သူမကို သေချာပေါက် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားမှ ဖြစ်မယ်။
ဖက်တွယ်ရုံတင်လား... တခြား အတွေးတွေကော မရှိဘူးလား။
ဝန်ခံရလျှင် ကျန်းမင်က ထိုသို့ တွေးပင် မတွေးရဲပေ။
နောက်ဆုံးတွင် သူတို့၏ စကားဝိုင်းမှာ ရပ်တန့်သွားခဲ့လေပြီ။
ယဲ့ချင်ရှန်းက တာအိုသန်းချီ ပုံရိပ်ဇယားကွက်ဆီသို့ လျှောက်သွားပြီး အထူးစွမ်းရည်များကို စတင် နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။ ဤသည်မှာလည်း အခြားသော ကျင့်ကြံခြင်း ပုံစံတစ်မျိုးဟု သတ်မှတ်နိုင်၏။
"ငါက အခု ကောင်းကင်ကျောက်တိုင် ဥပဒေသတွေကို ကျင့်ကြံဖို့ ပြင်ဆင်နေတာ... မင်းကော ချန်ရှီး... အစီအစဉ် တစ်ခုခု ရှိလား" ကျန်းမင်က မေးလိုက်သည်။
ကောင်းကင်ကျောက်တိုင်ကို ကျင့်ကြံခြင်းမှာ အစကတည်းက ကျန်းမင်၏ အစီအစဉ်ထဲတွင် ပါဝင်ပြီးသား ဖြစ်သည်။
" ခဏလောက် ပြန်သွားလိုက်ဦးမယ်... အစ်ကိုကျန်းမင်... အရင် ထွက်မသွားနဲ့ဦးနော်... ကျွန်မ ပြန်လာမယ့်အချိန်ကို စောင့်နေဦး" တုန်ဖန်းချန်းရှီက လက်ပြနှုတ်ဆက်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
"စောင့်နေရမယ် ဟုတ်လား" ကျန်းမင်က ခေါင်းခါယမ်း၍ ရယ်မောလိုက်သည်။
သူက အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်ဘဲ သစ်သား ကောင်းကင်ကျောက်တိုင်ဆီသို့ လျှောက်သွားကာ ၎င်း၏ အရှေ့တွင် ထိုင်ချလိုက်၏။
…
အဆုံးအစမရှိသော ရေစီးကြောင်းများကြားတွင် ဧရာမ နန်းတော်ကြီး တစ်ခုက ပေါ်ချည် မြုပ်ချည် ဖြစ်နေပြီး မရေမတွက်နိုင်သော ကမ္ဘာပေါင်း သန်းနှင့်ချီအား လင်းထိန်စေနိုင်သည့်အလား မျက်စိကျိန်းမတတ် အလင်းတန်းများက ထိုနန်းတော်တွင်းမှ အဆက်မပြတ် ဖြာထွက်နေသည်။
တုန်ဖန်းချန်းရှီ ရုတ်တရက် နန်းတော်၏ အတွင်းပိုင်း၌ ထွက်ပေါ်လာပြီး အပြင်သို့ လျှောက်ထွက်လာခဲ့သည်။ သူမက ခေါင်းမော့၍ အော်ခေါ်လိုက်၏။ "အဖေ..."
သူမ ဘေးရှိ အစေခံ မိန်းကလေးများမှာမူ ခေါင်းငုံ့၍သာ ပြုံးနေကြသည်။
"ရှီးရှီးလေး... သမီးက အရင်စပြီး အဖေ့ကို ခေါ်လိမ့်မယ်လို့ ထင်မထားဘူး... အဖေ့ကို လွမ်းလို့လား" ကျက်သရေရှိသော လူလတ်ပိုင်း တစ်ယောက်က မျက်စိကျိန်းမတတ် အလင်းရောင်များထဲမှ လျှောက်ထွက်လာပြီး သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ အပြည့်ဖြင့်။
"လုံးဝ မလွမ်းပါဘူးနော်" ချန်းရှီက သူမဖခင်၏ လက်မောင်းကို ဆုပ်ကိုင်၍ မေးလိုက်သည်။ "အဖေ... အဖေ့ဆီမှာ ကမ္ဘာ့နှလုံးသား ရှိသေးလား... သမီးကို တစ်ခုလောက် ပေးပါလား"
"သမီးရဲ့ အတွင်းကမ္ဘာက အဲ့ဒါတစ်ခုနဲ့ ပေါင်းစပ်ပြီးသားလေ... တကယ်လို့ သမီးက အဲ့ဒါကို အပြည့်အဝ မချေဖျက်ရသေးဘူးဆိုရင် နောက်ထပ် ထပ်ထည့်လိုက်လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး" ဖခင်ဖြစ်သူက ရှင်းပြပေးသည်။
"သမီးက သူငယ်ချင်း တစ်ယောက်အတွက် တောင်းပေးတာပါ" သူမက ပြန်လည် ချေပလိုက်၏။
"သူငယ်ချင်း ဟုတ်လား" ဖခင်ဖြစ်သူမှာ ဇဝေဇဝါ ဖြစ်သွားသည်။
"ဟုတ်တယ်... အင်း... သူက သမီးနဲ့ တူတူပဲ... ကျွန်တော်တို့ နှစ်ယောက်လုံး လောကတာအိုကို လျှောက်နေကြတာ... သူ့ရဲ့ အတွင်းကမ္ဘာက သမီးထက်တောင် ပိုပြီး ပြည့်စုံနေပုံရတယ်" ချန်ရှီးက မျက်နှာပြောင်တိုက်၍ ရှင်းပြလိုက်သည်။
"လောကတာအို ဟုတ်လား... သမီးရဲ့ သူငယ်ချင်းက ဘယ်အဆင့်ရှိတဲ့ ကမ္ဘာက လာတာလဲ" ဖခင်ဖြစ်သူက အတင်းအကြပ် မေးမြန်းလာသည်။
"သာမန်ကမ္ဘာကပါ" ချန်ရှီးက ပွင့်ပွင့်လင်းလင်းပင် ဖြေပေးသည်။
"ဘာ... သာမန်ကမ္ဘာ ဟုတ်လား"
လူလတ်ပိုင်းမှာ အသက်ရှူမှားသွားပြီး သူ့မျက်နှာ တစ်ခုလုံး တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
End
***