လေ့ကျင့်ရေးခန်းမထဲတွင် ဆုချင်းလီက ရှုကျင်းမင်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။ အံဝင်ခွင်ကျဖြစ်နေသော တိုက်ပွဲဝင်ဝတ်စုံအောက်ရှိ သူမ၏ ရင်အစုံမှာ စိတ်လှုပ်ရှားမှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ဖြစ်သော နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကို မိုးကြိုးသိုင်းသင်တန်းကျောင်း တည်ထောင်သူ လော့ဟန်က ရှေးဟောင်းအပျက်အစီးများမှ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကျင့်ကြံရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။ ဆုချင်းလီကိုယ်တိုင်ပင်လျှင် ပဉ္စမအဆင့်သို့ ရောက်ရှိပြီး စိတ်ဝိညာဉ်စွမ်းအား ၆,၀၀၀ ကျော်ချိန်မှသာ သူမ၏ဖခင်ထံမှ ဤဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏ဖခင်ကိုယ်တိုင် လမ်းညွှန်ပေးသည့်တိုင်အောင် သင်ယူရန် ခြောက်လနီးပါး အချိန်ယူခဲ့ရသည်။
“ဒါကို ရှုကျင်းမင်ကတော့... မနေ့က ကျမ်းစာအုပ် ပေးလိုက်ပြီး ၂၆ နာရီအတွင်းမှာပဲ တတ်သွားပြီလို့ ပြောနေတာလား”
ဒါကို ဘယ်သူက စိတ်ကူးယဉ်နိုင်မှာလဲ သူမသည် ရှုကျင်းမင် လိမ်ညာနေသည်ဟု မသံသယဖြစ်မိပေ။ အကြောင်းမှာ ဤကဲ့သို့ လိမ်ညာနေခြင်းက အဓိပ္ပာယ်မရှိသောကြောင့်ပင်။
"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ငါ့ကို ပြစမ်း" ဆုချင်းလီက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် လေးလေးပင်ပင် ပြောလိုက်သည်။ ရှုကျင်းမင် လိမ်မပြောလောက်သည်ကို သူမ သိသော်လည်း ကိုယ်တိုင် အတည်ပြုရန် လိုအပ်သေးသည်။
"ကောင်းပါပြီ"
ရှုကျင်းမင် ခေါင်းညိတ်လိုက်သည်နှင့် သူ၏ကိုယ်မှ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားများ ဝုန်းခနဲ ပေါက်ကွဲထွက်လာကာ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ မနေ့ကထက် ပိုမိုအားကောင်းလာသော စိတ်ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကို ကျင့်ကြံထားသူများတွင်သာ ရှိတတ်သော မြင့်မြတ်သည့် အရှိန်အဝါကို ခံစားလိုက်ရချိန်တွင်မှ ဆုချင်းလီ တစ်ယောက် ရှုကျင်းမင်က ဤကျမ်းကို အမှန်တကယ် တတ်မြောက်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်တော့သည်။
"ကောင်းတယ်... တကယ်ကို ကောင်းတယ် ရှုကျင်းမင် မင်းရဲ့ ပါရမီက ငါထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားတာပဲ"
ဤအချိန်တွင် ဆုချင်းလီ၏ ဖြူစင်သော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေတော့သည်။ ၂၆ နာရီအတွင်းမှာ ဘာလမ်းညွှန်မှုမှ မပါဘဲ SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို သင်ယူနိုင်ခဲ့ခြင်းမှာ ဒါကို ပါရမီရှင်လို့တောင် ခေါ်လို့မရတော့ပေ။ ဒါက လုံးဝကို မကြုံစဖူး၊ မကြားစဖူးတဲ့ ထိပ်တန်း ပါရမီရှင်ကြီး ဖြစ်နေသည်။
ဤအချိန်တွင် ဆုချင်းလီက နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲသို့ သူမကိုယ်တိုင် သွားရောက်ခဲ့မိခြင်းအတွက် အလွန်တရာ ဝမ်းသာမိသွားသည်။ မဟုတ်လျှင် ဤကဲ့သို့သော ပါရမီရှင်ကို လက်လွှတ်လိုက်ရခြင်းမှာ သူမကို သတ်လိုက်တာထက်ပင် ပို၍ ဆိုးရွားပေလိမ့်မည်။
"ဖြစ်နိုင်တာကတော့ ဒီဝိညာဉ်သန့်စင်ရေး ကျင့်စဉ်က ကျွန်တော်နဲ့ ပိုကိုက်ညီနေလို့ ဖြစ်မှာပါ... ကျွန်တော်လည်း စမ်းပြီး လေ့ကျင့်ကြည့်တာပဲ" ရှုကျင်းမင်က ခပ်ပြုံးပြုံးဖြင့် ပြောသည်။ "ဒါပေမဲ့ မထင်မှတ်ဘဲ တစ်ထိုင်တည်းနဲ့ တတ်သွားတာပဲ"
၂၆ နာရီအတွင်းမှာ SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို တတ်မြောက်သွားခြင်းမှာ တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နေသလိုပင်။ သူ၏ ထိပ်တန်းပါရမီကို ဆုချင်းလီအား ထုတ်ပြခြင်းက သူ၏ အနာဂတ်အတွက်လည်း အကျိုးရှိပေလိမ့်မည်။ အကယ်၍ အခြားစွမ်းရည်ပိုင်ရှင်များသာ ဤစကားကို ကြားလိုက်ရပါက အမှန်ပင် မှင်တက်သွားကြမည် ဖြစ်သည်။” SSအဆင့် နည်းစနစ်ကို စမ်းရုံလေးနဲ့ တတ်သွားတယ် ဟုတ်လား ဒါဆို ငါတို့လို သာမန်လူတွေက ဘယ်လို အသက်ရှင်ရမလဲ”
နဝမအဆင့် မှော်သူတော်စင် ဆုချင်းလီပင်လျှင် မနေနိုင်ဘဲ ပြောလိုက်မိသည်။ "မင်း အခုပြောလိုက်တဲ့ စကားက ဘယ်လောက်တောင် လက်သီးနဲ့ အထိုးခံချင်စရာ ကောင်းလဲဆိုတာ မင်းသိလား"
သူမကိုယ်တိုင် နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကို စတင်လေ့လာစဉ်က သင်ယူမှုပြီးမြောက်ရန် ၁၇၄ ရက် တိတိ အချိန်ပေးခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။ ထိုစဉ်က သူမ ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရသလဲ။ ရှုကျင်းမင်ကတော့ သူမ အချိန်ပေးခဲ့ရတဲ့ ၁၇၄ ပုံ တစ်ပုံလောက်နဲ့တင် တတ်သွားခဲ့သည်။ ဤကဲ့သို့ ကြီးမားလှသော ကွာခြားချက်က အဆင့်မြင့် နတ်ဘုရားမတစ်ပါးဖြစ်သော ဆုချင်းလီကိုပင် စိတ်ရှုပ်ထွေးသွားစေသည်။
"မင်း နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကို တတ်သွားပြီဆိုတော့ အမှတ် ၄ နတ်ဆိုးဂူကို သွားဖို့က ပြဿနာမရှိတော့ပါဘူး" ခဏမျှ တုံ့ဆိုင်းပြီးနောက် ဆုချင်းလီက ဆက်ပြောသည်။ "ဒါဆို မင်း ဘယ်တော့ ထွက်သွားပြီး ဘယ်တော့ ပြန်လာဖို့ စဉ်းစားထားလဲ"
ပါရမီရှင်လေ့ကျင့်ရေးစခန်းက ကျောင်းသားများကို သားရဲများအား အမဲလိုက်ရန်နှင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန် အမြဲတမ်း တိုက်တွန်းလေ့ရှိသည်။ ကျောင်းအုပ်ကြီး ဆုချင်းလီသည်လည်း ခြွင်းချက်မဟုတ်ပေ။ အမှန်စင်စစ် သူမက ရှုကျင်းမင်၏ ကြိုးစားအားထုတ်မှုကို အလွန်တရာ ချီးကျူးမိနေခြင်း ဖြစ်သည်။
"ကျွန်တော် မနက်ဖြန် ထွက်သွားမယ်... နတ်ဆိုးဂူထဲမှာ တစ်လ၊ နှစ်လလောက် ကြာနိုင်ပါတယ်" ရှုကျင်းမင်က ပြန်ဖြေလိုက်သည်။
သူ့အတွက် ပါရမီရှင် လေ့ကျင့်ရေးစခန်းတွင် အရေးကြီးဆုံးအရာမှာ ဤSSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ပင် ဖြစ်သည်။ ယခု သူ ကျမ်းကို ရရှိသွားပြီဖြစ်သဖြင့် သူ၏ သတ်ဖြတ်ပွဲများကို ဆက်လက် လုပ်ဆောင်ရန် အချိန်တန်ပြီ ဖြစ်သည်။ ထို့အပြင် သားရဲများနှင့် တိုက်ခိုက်ခြင်းကလည်း စွမ်းအင်ပညာရှင်) တစ်ဦး၏ တိုက်ခိုက်ရေးပုံစံကို လျင်မြန်စွာ ကျွမ်းကျင်လာစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
"မင်း တစ်ယောက်တည်း သွားမှာကို ဒီလောက်တောင် ကြာမှာလား" ဆုချင်းလီက အနည်းငယ် အံ့ဩစွာ မေးလိုက်သည်။ ဘေးအန္တရာယ်များလှသော နတ်ဆိုးဂူထဲသို့ အဖော်မပါဘဲ တစ်ယောက်တည်း ဝင်ရောက်ခြင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။ ညတိုင်း အာရုံစူးစိုက်နေရမည်ဖြစ်ရာ တစ်ပတ်၊ နှစ်ပတ်ဆိုလျှင် ပြဿနာမရှိသော်လည်း ပဉ္စမအဆင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်ပင်လျှင် တစ်လ၊ နှစ်လ ဆက်တိုက် ဤကဲ့သို့သော အခြေအနေမျိုးကို ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။
"ရပါတယ်... ကျွန်တော် ကျင့်သားရနေပါပြီ" ရှုကျင်းမင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
သူမ ဖတ်ခဲ့ဖူးသော အချက်အလက်များကို ပြန်တွေးကြည့်ရင်း ဆုချင်းလီက ခေါင်းညိတ်လိုက်သည်။ မဂျစ်စီးတီး တက္ကသိုလ်တွင် ရှိစဉ်ကတည်းက ရှုကျင်းမင်က အမြဲတမ်း တစ်ကိုယ်တော် ကြိုးစားခဲ့သူ ဖြစ်သည်။ အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးသို့ သွားစဉ်ကလည်း သူက တစ်ဦးတည်းသာ ဖြစ်သည်။
"ဒါနဲ့... မင်းဆီမှာ ဆရာမလင်းရဲ့ ဟင်းလင်းပြင် လက်ဖွဲ့ ရှိသေးလား"
"ရှိပါတယ်... ဆရာမလင်း ပေးခဲ့တာကို ကျွန်တော် မသုံးရသေးပါဘူး"
"ဒါဆိုရင်တော့ ကောင်းပြီ" ဆုချင်းလီက အသာအယာ ခေါင်းညိတ်ကာ ဆက်ပြောသည်။ "နောက်တစ်လအကြာ ဇူလိုင် ၂၈ ရက်နေ့မှာ ပါရမီရှင် လေ့ကျင့်ရေးစခန်းရဲ့ အကဲဖြတ်ပွဲ ပြိုင်ပွဲ ရှိမယ်... စခန်းက အဖွဲ့ဝင်အားလုံး ပါဝင်ယှဉ်ပြိုင်ရမယ်... မင်းက အခုလောလောဆယ် ပထမနှစ် ကျောင်းသားအဖြစ် နာမည်စာရင်း သွင်းထားတာ... ဒီပြိုင်ပွဲမှာ ပါဝင်ပြီးရင် မင်းက ဒုတိယနှစ်ကို အလိုအလျောက် ရောက်သွားလိမ့်မယ်... မင်း ပါဝင်ချင်လား၊ မပါဝင်ချင်ဘူးလား ဆိုတာပေါ်မှာ မူတည်တာပေါ့... မပါဝင်ချင်ဘူးဆိုရင်တော့ ငါ မင်းရဲ့ နာမည်ကို စာရင်းထဲကနေ ဖယ်ထားပေးမယ်... အဲဒီလိုဆိုရင် မင်း နတ်ဆိုးဂူထဲမှာ လေ့ကျင့်နေတာကို အနှောင့်အယှက် ဖြစ်မှာမဟုတ်သလို လေ့ကျင့်ရေးစခန်းမှာလည်း နောက်ထပ် တစ်နှစ် ပိုနေလို့ရမယ်"
ပြိုင်ပွဲပြီးဆုံးသွားပါက လက်ရှိ ပဉ္စမနှစ် ကျောင်းသားများက ကျောင်းဆင်းကြရမည်ဖြစ်ပြီး မိုးကြိုးသိုင်းသင်တန်းကျောင်း၏ နေရာအသီးသီးသို့ တာဝန်ပေးအပ်ခြင်း ခံရမည်ဖြစ်သည်။ ကျန်ရှိသော ကျောင်းသားများမှာမူ နောက်တစ်ဆင့်သို့ တက်လှမ်းကြရမည်။
"ရပါတယ်... စာရင်းထဲကနေ ဖယ်စရာ မလိုပါဘူး... အကဲဖြတ်ပွဲကျရင် ကျွန်တော် ပြန်လာခဲ့ပါ့မယ်.. နတ်ဆိုးဂူကလည်း ဌာနချုပ်နဲ့ သိပ်မဝေးဘူးလေ" ရှုကျင်းမင်က ခေါင်းခါလိုက်သည်။
သူတစ်ပါးဆီက အစားအသောက်စားဖူးလျှင် အားနာရသလို သူတစ်ပါးဆီက ပိုက်ဆံယူဖူးလျှင်လည်း အားနာရစမြဲ ဖြစ်သည်။ ဆုချင်းလီက သူ့ကို ပါရမီရှင် လေ့ကျင့်ရေးစခန်းသို့ ခေါ်ဆောင်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စခန်းအတွင်းရှိ သူမ၏ ဩဇာအာဏာကို ချဲ့ထွင်ရန်နှင့် ဒုတိယညွှန်ကြားရေးမှူးကို ဖိနှိပ်ရန် ဖြစ်သည်။ အကယ်၍ သူက အကဲဖြတ်ပွဲနှင့် ပြိုင်ပွဲများတွင်ပင် မပါဝင်ဘဲ လေ့ကျင့်ရုံသာ လေ့ကျင့်နေမည်ဆိုလျှင် သူမ၏ ဩဇာအာဏာကို ဘယ်လိုလုပ် ချဲ့ထွင်နိုင်ပါမည်နည်း ထို့ကြောင့် သူက ပြိုင်ပွဲတွင် ပါဝင်ရန် လိုအပ်ပေသည်။ လေ့ကျင့်ရေးစခန်းတွင် တစ်နှစ် ပိုနေရခြင်းကလည်း သူ့အတွက် ဘာမှ ထူးခြားမည်မဟုတ်ပေ။ သူက ဤထိပ်တန်း လေ့ကျင့်ရေးစခန်းတွင် ငါးနှစ်လုံး နေထိုင်သွားမည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးပေ။
"ဒါဆိုရင်တော့ မင်း နတ်ဆိုးဂူကနေ တစ်ရက်၊ နှစ်ရက်လောက် ကြိုပြီး ပြန်လာပေါ့"
ဆုချင်းလီက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ဟင်းလင်းပြင် လက်စွပ်လေး လက်ခနဲ ဖြစ်သွားကာ ဖြူစင်လှသော သူမ၏ လက်ဖဝါးပေါ်တွင် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာအုပ်တစ်အုပ် ပေါ်လာသည်။
"ဒါကတော့ ငါကိုယ်တိုင် ဖန်တီးထားတဲ့ SSအဆင့် အာရုံခံ တိုက်ခိုက်ရေးနည်းစနစ် စိတ်ဝိညာဉ် ကွန်ရက်ပဲ... ဒါကို မင်းကို နောက်မှ ပေးဖို့ စဉ်းစားထားတာ... ဒါပေမဲ့ မင်းက နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကို အောင်အောင်မြင်မြင် သင်ယူနိုင်သွားပြီဆိုတော့ အခုပဲ ပေးလိုက်တော့မယ်"
"SSအဆင့် အာရုံခံ တိုက်ခိုက်ရေးနည်းစနစ် ဟုတ်လား" ရှုကျင်းမင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည်။ အာရုံခံ တိုက်ခိုက်ရေးနည်းစနစ်ဆိုသည်မှာ ပြိုင်ဘက်၏ အရှိန်အဝါကို တိကျစွာ ခံစားသိရှိနိုင်ရုံသာမက X-rayကဲ့သို့ ဖောက်ထွင်းမြင်နိုင်သော စွမ်းရည်မျိုးလည်း ပါဝင်သည်။ သာမန် တိုက်ခိုက်ရေးနည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် အာရုံခံ တိုက်ခိုက်ရေးနည်းစနစ်များမှာ အလွန်တရာ ရှားပါးလှသည်။ မထင်မှတ်ဘဲ ဆုချင်းလီက သူမကိုယ်တိုင် နည်းစနစ်တစ်ခုကို ဖန်တီးထားရုံသာမက ၎င်းမှာ SSအဆင့်အထိ ရှိနေသည် မဟုတ်ပါလား။
"စိတ်ဝိညာဉ် ကွန်ရက် ဆိုတာက တကယ်တော့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုတဲ့ အထူးနည်းလမ်းတစ်ခုပဲ... ၎င်းက သိုင်းပညာလမ်းစဉ်ကို လိုက်စားတဲ့ စွမ်းရည်ပိုင်ရှင်တွေနဲ့ တိုက်ခိုက်တဲ့အခါ ငါတို့ရဲ့ တုံ့ပြန်မှုနှုန်းကို ပိုပြီး မြန်ဆန်စေတယ်... နတ်ဆိုးဂူထဲမှာ မင်း အချိန်ရရင် ဒါကို ထုတ်ပြီး လေ့လာကြည့်လိုက်ဦး... နားမလည်တာရှိရင်လည်း မှတ်ထား ပြန်လာမှ ငါတို့ ဆွေးနွေးကြတာပေါ့..."
ဆုချင်းလီသည် သူ ပြန်လာမှ အဖြေပေးမည်ဟု ပြောရန် ရည်ရွယ်ထားသော်လည်း ရှုကျင်းမင်၏ ပုံမှန်မဟုတ်သော နားလည်သဘောပေါက်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားကာ စကားကို ချက်ချင်း ပြောင်းလိုက်သည်။
"တကယ်လို့ မင်း နတ်ဆိုးဂူထဲမှာတင် ကိုယ်တိုင် သင်ယူနိုင်သွားရင်လည်း ကောင်းတာပေါ့"
"ကျေးဇူးတင်ပါတယ် ဆရာမ" ရှုကျင်းမင်က ပြုံးလျက် ကျမ်းစာအုပ်ကို လက်ခံလိုက်သည်။ သူတို့နှစ်ဦး ခဏမျှ ထပ်မံစကားပြောပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ သို့သော် သူက ဗီလာသို့ မပြန်ဘဲ လေ့ကျင့်ရေး အဆောက်အအုံဆီသို့သာ ဦးတည်လိုက်သည်။ မထွက်ခွာမီ ဆွဲငင်အားထိန်းညှိခန်းက ဘယ်လိုမျိုးလဲဆိုတာကို ကိုယ်တိုင် အတွေ့အကြုံ ယူချင်သောကြောင့် ဖြစ်လေတော့သည်။
***