ချူဖုန်းက ဂိုးကန်သွင်းရန် နေရာလွတ်ရအောင် ဘောလုံးကို ဆွဲထွက်လိုက်သည်။
လီဆန်ဒရို မာတီနက်ဇ်၏ ခံစစ်အတွဲအဖက် ရှလက်ခ်က လျှောထိုး မပိတ်ဆို့နိုင်မီမှာပင် ပြင်းထန်သော ဘယ်ခြေ ကန်ချက် တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ဘောလုံးက ဘယ်ဘက် အောက်ခြေထောင့်မှ တစ်ဆင့် ဂိုးပေါက်အတွင်းသို့ ဝင်ရောက်သွားသည်။
၀ : ၃
“ချူ... ဒီပွဲစဉ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူသွားပါပြီ”
“နှစ်သင်းစလုံး ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ကြပေမယ့် မန်ချက်စတာယူနိုက်တက်က အေဂျက်စ်ထက် ငါးဆလောက် ပိုသုံးခဲ့ရတာပါ။ ဆိုရိုးစကား ရှိတယ်မလား... ဈေးကြီးတဲ့ ပစ္စည်းတွေက ဈေးနှုန်းကလွဲရင် အရာအားလုံး ကောင်းတယ်တဲ့လေ...”
“အခုတော့ အဲဒီအတိုင်း တကယ် ဖြစ်နေပုံရတယ်...”
“မန်ချက်စတာယူနိုက်တက်က ပွဲရဲ့ အရှိန်အဟုန်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ပြီးခဲ့တဲ့ရာသီက မြင်းနက် အေဂျက်စ်အသင်းကတော့ ဒီပွဲမှာ အလွန် ဆိုးရွားစွာ စွမ်းဆောင်သွားခဲ့ပါတယ်...”
ထိုအချိန်၌ ယိုဟန် ခရိုက်ဖ် အားကစားကွင်းရှိ အေဂျက်စ် ပရိသတ်များ ရှိနေသော ပွဲကြည့်စင်ပေါ်မှ လူအချို့၏ လှုံ့ဆော်မှုကြောင့် အော်ဟစ်သံများ စတင်လာကြသည်။
“တန်ဟက်ဂ် ... ထွက်သွား”
ပြီးခဲ့သော ရာသီက သူတို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က လွန်ခဲ့သော နှစ်ရာသီက မန်ချက်စတာ ယူနိုက်တက်ကို ကပ်၍ ရှုံးနိမ့်ခဲ့သည်။
ဖော်မြူလာအရ တွက်ကြည့်မည်ဆိုလျှင်... အေဂျက်စ်က မန်ချက်စတာယူနိုက်တက်ကို အနိုင်ရသင့်သည်။
တန်ဟက်ဂ် တစ်ယောက်ကမူ လုံးဝ ဇဝေဇဝါဖြစ်ကာ ခေါင်းကို ကုတ်နေမိသည်။
သုံးဂိုးအသာဖြင့် ဦးဆောင်နေပြီဖြစ်ရာ မော်ရင်ညိုက လူစားလဲမှုများ စတင်ပြုလုပ်လာပြီး ခံစစ်ကစားသမားများကို တစ်ဦးပြီး တစ်ဦး ထည့်သွင်းလာသည်။
ဂရီးလစ်ရှ်လည်း လူစားဝင် ကစားသမားများထဲ ပါလေသည်။ ထို့အပြင် သူက ခံစစ်ကစားသမားများထက်ပင် ပို၍ ထိရောက်မှု ရှိသေးသည်။
တန်ဟက်ဂ်က မော်ရင်ညိုကို မကျေမနပ်ဖြင့် ကြည့်ကာ ထိပ်သီးကလပ်ရဲ့ နည်းပြချုပ်က တကယ် အရှက်မရှိတာပဲ ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
ငါကိုယ်တိုင်လည်း ပိုလေ့လာရဦးမယ်။ ခဏနေ သတင်းစာရှင်းလင်းပွဲကျရင် အဲဒါကို သုံးမယ်။ အေဂျက်စ်က ရှုံးခဲ့တယ်... ဒါပေမယ့် ငါက မရှုံးခဲ့ဘူးလို့။
နောက်ဆုံးတွင်...
အေဂျက်စ် ၀-၃ မန်ချက်စတာ ယူနိုက်တက်ဖြင့်သာ ပွဲပြီးဆုံးသွားသည်။
နှစ်ဂိုး သွင်းယူခဲ့သော ချူဖုန်းက ပွဲစဉ်၏ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံရသည်။ သတင်းထောက်တစ်ဦးက သူ့အား ခရိုက်ဖ်နှင့် ပတ်သက်၍ ဘယ်လိုမြင်လဲဟု မေးမြန်းသောအခါ...
“သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ...”
“ဘက်ကင်ဘောင်ဝါနဲ့ သူနဲ့ ဘယ်သူက ပိုကောင်းလဲ ဟုတ်လား။ ဆောရီးပဲ... ကျွန်တော် သူတို့နဲ့ တစ်ခါမှ မကစားဖူးတော့ အဖြေကို မသိပါဘူး...”
“ဆေးလိပ်သောက်တာလား... ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်...”
“.......”
နောက်ထပ် လိဂ်ပွဲစဉ်အတွက် ရက်အနည်းငယ် လိုသေးသဖြင့် မော်ရင်ညိုက အားလုံးကို တစ်ရက် အနားပေးလိုက်သည်။
ဘယ်သွားကြမလဲ...
ဥရောပမှာ နာမည်ကြီးတဲ့ အမ်စတာဒမ် ဆိုတဲ့ နေရာက ဘာနဲ့ နာမည်ကြီးတာလဲ။
အနီရောင်မီးလင်း လမ်းမများပင် ဖြစ်သည်။ ဤနေရာတွင် လိင်လုပ်သားအဖြစ် လုပ်ကိုင်ခြင်းက တရားဝင် ဖြစ်သည်။
ဂရီးလစ်ရှ်က သူ တစ်ခါမှ မမြင်ဖူးဘူးဟု ဆိုကာ သွားကြည့်ချင်ကြောင်း ပူဆာနေသည်။
ချူဖုန်းကလည်း မတတ်သာသည့်အဆုံး သဘောတူလိုက်ရသည်။ သူကိုယ်တိုင် စပ်စုချင်လို့တော့ လုံးဝ မဟုတ်ပါဘူးနော်။
မကြာမီမှာပင်... အဖွဲ့သားများ ဒီဗာလန်သို့ ရောက်ရှိလာကြသည်။ အမ်စတာဒမ်၏ အကျော်ကြားဆုံး အနီရောင်မီးလင်း လမ်းမသည် အဓိက ခရီးသွားဆွဲဆောင်ရာ နေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။
အင်း... သူတို့က ခရီးသွားဖို့ လာကြတာပါ။ အနီရောင်မီးလင်း လမ်းမကို လာလည်တာ မဟုတ်ပါဘူး။
ဤနေရာတွင် ထူးခြားချက် တစ်ခုရှိသည်။
အဲ့ဒါကတော့ လမ်းမတစ်လျှောက်မှာ မှန်ပြတင်းပေါက်တွေ အစီအရီ ရှိနေပြီး မှိန်ပျပျ မာကျူရီ အလင်းရောင်အောက်မှာ ကိုယ်ပိုင် စတိုင်လ် အသီးသီးနဲ့ မိန်းကလေးတွေ ရှိနေတာပါပဲ။
အချို့က တံခါးပေါက်တွင် ဈေးညှိကြပြီး အချို့က စကားပြောစက်ဖြင့် ဈေးညှိကြသည်။ စတိုင်လ် မျိုးစုံ ရှိလေသည်။
“မင်း အဲဒီလို လျှောက်ကြည့်နေတာလေး ရပ်လို့ မရဘူးလားကွာ... ” မာရက်ဇ်က မက်ဂွိုင်းယား၏ နောက်စေ့ကို ရိုက်လိုက်သည်။
“မှန်ပြတင်းပေါက်ထဲမှာ တစ်ယောက်ယောက် ရပ်နေပြီဆိုရင် တခြားလူတွေ ကြည့်ဖို့ မဟုတ်ဘူးလား...”
မက်ဂွိုင်းယားက ယုံကြည်မှု အပြည့်ဖြင့် ပြန်ပြောသည်။ “ဘောလုံးကစားတာနဲ့ တူတူပဲလေ။ ဒါ တရားဝင် အလုပ်အကိုင် တစ်ခုပဲ။ ကျေးဇူးပြုပြီး သူတို့ကို ခွဲခြားမဆက်ဆံပါနဲ့...”
ချူဖုန်း : “.......”
မက်ဂွိုင်းယားဆီက ဒီလိုစကားမျိုး ထွက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
အနီးနားရှိ မိန်းမများမှာ ထိုစကားကို ကြားသောအခါ နေရာတွင်ပင် ရပ်တန့်သွားကြပြီး အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း မက်ဂွိုင်းယားကို ခံစားချက် အပြည့်ဖြင့် ကြည့်နေကြသည်။ လိင်လုပ်သားများအ နေဖြင့် သူတို့သည် မကြာခဏ ခွဲခြားဆက်ဆံခံရပြီး မျိုးစုံသော စော်ကားမှုများကိုပင် ခံစားခဲ့ရသည်။
သို့သော် ပိုက်ဆံရှာခြင်းက ရှက်စရာ မဟုတ်ပေ။
ယခုတော့ သူတို့ကို အကောင်းမြင်ပေးနိုင်သည့် သူတစ်ယောက်နှင့် နောက်ဆုံးတော့ တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်နှင့် ရုပ်ရည်ကလည်း ဆွဲမက်ဖွယ် ကောင်းပေသည်။
သူမက မက်ဂွိုင်းယားကို အခမဲ့ ဝန်ဆောင်မှု ပေးချင်စိတ် ပေါက်သွားသည်။
“တကယ်တော့... ငါ မေရီ ရေးတဲ့ လိင်အလုပ်က အလုပ်ဖြစ်လာတဲ့အခါ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးတယ်...”
“တစ်ကမ္ဘာလုံးက လိင်လုပ်ငန်းကို အသိအမှတ်ပြုပြီး တရားဝင် ဖြစ်ခွင့်ပေးသင့်တယ်။ ဒါမှသာ ဒါကို စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး ကာကွယ်ပေးနိုင်မှာ လို့ သူမက ဆိုခဲ့တယ်”
ထိုစကားကို ပြောလိုက်ချိန်တွင် မက်ဂွိုင်းယားထံမှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ထင်ရလေသည်။
မေရီသည် အသက် ၁၆ နှစ်မှ ၂၀ အရွယ်အထိ ငွေလိုသောကြောင့် လိင်လုပ်သား အလုပ်ကို လုပ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမက လုပ်ငန်းတူ ညီအစ်မများကို ကူညီသင့်သည် ဟု ယူဆလာခဲံသည်။
ထို့ကြောင့် လုပ်ငန်းခွင်အတွင်းရှိ သူများ သတင်းအချက်အလက်များ သိရှိနားလည်စေရန်နှင့် အားလုံး စုစည်းမိစေရန် ပြည့်တန်ဆာ သတင်းအချက်အလက် စင်တာတစ်ခုကို တည်ထောင်ခဲ့သည်။ အရေးအကြီးဆုံးမှာ သက်ဆိုင်ရာ ဌာနများက ပေးအပ်သော လုပ်ငန်း လည်ပတ်မှု ထောက်ပံ့ငွေများကို သူမက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ သိလား...”
မက်ဂွိုင်းယားက ဆက်ပြောသည်။ “ဒီဗာလန်က ဥရောပမှာ အလုံခြုံဆုံး နေရာ ဖြစ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ ဆိုင်ပိုင်ရှင်တွေနဲ့ ရဲတွေက အမြဲတမ်း စောင့်ကြည့်နေပြီး သူတို့ရဲ့ အကျိုးစီးပွားတွေ ထိခိုက်မှာကို မလိုလားကြလို့ပဲ...”
“ဒီက ဝန်ထမ်းတွေမှာရော ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိလားဟင်...” ဒီဂီယာက စပ်စုတတ်သော ကလေးတစ်ယောက်လို ဝင်မေးသည်။
“သေချာတာပေါ့... သူတို့က ကုလားကာ နောက်ကနေ ဧည့်သည်တွေကို ချောင်းကြည့်ပြီး ပစ်မှတ်ထားလို့ ရတယ်။ သူတို့ သဘောကျတဲ့သူ တွေ့ရင် ပြတင်းပေါက် ဖွင့်ပြီး ရည်းစားစကား ပြောလို့ရတယ်...”
“ဒါကြောင့် ဒီက ဝန်ထမ်းတွေမှာ တကယ်တော့ ကိုယ်ပိုင် လွတ်လပ်ခွင့် အများကြီး ရှိပြီး ခေါင်းပုံဖြတ်တဲ့သူတွေရဲ့ ထိန်းချုပ်မှုကို ခံစရာ မလိုဘူး...”
မက်ဂွိုင်းယားက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဤသည်က အနီးတွင် ရပ်နေသော ချူဖုန်းကို အံ့သြသွားစေသည်။ ခေါင်းကြီး မက်ဂွိုင်းယားက အရင်က ဒီလိုမျိုးတွေ လုပ်ဖူးသလားဟု သူ တွေးလိုက်မိသည်။
သို့သော် အချိန်အကြာကြီး လိုက်ရှာပြီးနောက်တွင် အမျိုးသား ဝန်ထမ်းများကို တစ်ယောက်မှ မတွေ့ရပေ။
မက်ဂွိုင်းယားက အားလုံးကို မိတ်ဆက်ပေးနေစဉ် ရုတ်တရက် သူ့ဘေးရှိ မှန်ပြတင်းပေါက်ထဲမှ တာလိန် ဆိုသည့် မိန်းကလေး တစ်ဦးက မျက်စိတစ်ဖက် မှိတ်ပြသည်ကို မြင်လိုက်ရသည်။
ခေါင်းကြီးက ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်သည်။ တာလိန်မှာ အနည်းငယ် စိတ်ပျက်သွားပြီးနောက် ကုလားကာကို ပြန်ပိတ်လိုက်သည်။
သူမက လူတွေကို သိပ်ချစ်ခဲလို့ ဖြစ်လိမ့်မည်။
သို့သော် ခေါင်းကြီးလို လူမျိုးနှင့် တွေ့သောအခါ ဘာတတ်နိုင်မည်နည်း။ သူက မိသားစုကို ချစ်ခင်သော ယောကျ်ားကောင်း တစ်ယောက် ဖြစ်ပြီး ဇနီးနှင့် ကလေးများ ရှိပြီးသား ဖြစ်သဖြင့် အပြင်တွင် ဖောက်ပြန်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဂရီးလစ်ရှ်ကလည်း မက်ဂွိုင်းယားကို အတုခိုးလိုက်သည်။
ရှေ့တည့်တည့်က လမ်းကိုသာ စိုက်ကြည့်ထားလိုက်သည်။ သို့သော် သူ၏ ဟန်ရေးပြလွန်းသော ဆံပင်စတိုင်လ်နှင့် လမ်းလျှောက်ပုံကြောင့် ညနတ်သမီးလေးများက သူ့ကို ချက်ချင်း သတိထားမိသွားကြ၏။
“ဟေ့ကောင်တွေ... ဒီမှာ လူတွေ အများကြီးပဲ သိလား...” မာရက်ဇ်ကလည်း ရှေ့နောက်ကို ပွင့်ပွင့်လင်းလင်း လိုက်ကြည့်နေသည်။
ချလပ်...
ရုတ်တရက်... ကျွန်တော်တို့ ရှေ့မှာ ကင်မရာ ဖလက်ရှ်မီး တစ်ချက် လင်းသွားတယ်။ တစ်ယောက်ယောက်က မှန်ပြတင်းပေါက်ထဲက မိန်းမကို ခိုးရိုက်လိုက်တာပဲ။
ဒေသခံ ရဲတွေက လျှော့တွက်လို့ မရဘူးနော်။ လူအုပ်ထဲကနေ အရပ်ဝတ် ရဲအချို့ ထွက်လာပြီး အဲဒီလူကို ချက်ချင်း ဖမ်းချုပ်လိုက်တယ်။
ပြီးတော့...
ပြီးတော့ ဘေးက မြစ်ထဲကို တိုက်ရိုက် ပစ်ချလိုက်တယ်။
အိုး... ဖုန်းကို ပြောတာပါ။ လူကို ပြောတာ မဟုတ်ပါဘူး။
ခရီးသွားများက ပြဿနာထဲ ပါသွားမည်ကို စိုးရိမ်သဖြင့် ထိုနေရာမှာ ချက်ချင်း လူရှင်းသွားသည်။
“ဒီမှာ ပြဿနာ မရှာကြနဲ့နော်...”
ချူဖုန်းက အလွန် လေးနက်စွာ ပြောလိုက်သည်။ အမ်စတာဒမ်က မန်ချက်စတာနှင့် မတူပေ။ ဤနေရာတွင် စနစ်တကျ ဖွဲ့စည်းထားသော ရဲတပ်ဖွဲ့ ကောင်းကောင်း တစ်ခု ရှိလေသည်။
သို့သော် စည်းကမ်းမဖောက်သရွေ့တော့ အဆင်ပြေပါသည်။
“စိတ်မပူပါနဲ့... ငါတို့က ခရီးသွားတွေပဲလေ။ ဘယ်လိုလုပ် ပြဿနာ သွားရှာမှာလဲ...” ဂရီးလစ်ရှ်က အာမခံလိုက်သည်။
မှန်ပြတင်းပေါက်ထဲမှ ဆွဲဆောင်မှုရှိသော မိန်းမများကို လျစ်လျူရှုထားမည် ဆိုပါက ဒီဗာလန်သည် တကယ့် ခရီးသွားများ အကြိုက်တွေ့မည့် နေရာတစ်ခုပင် ဖြစ်သည်။ အတန်ကြာ လမ်းလျှောက်ပြီးနောက် အဖွဲ့သားများ ပြန်ရန် ပြင်ဆင်ကြသည်။
“အင်း... ငါ ဗိုက်နည်းနည်း နာနေလို့ကွာ... မင်းတို့ အရင် ပြန်နှင့်ကြ...” ဂရီးလစ်ရှ်က ဗိုက်ကို ကိုင်ကာ ပြောလိုက်သည်။
မင်းက အမ်စတာဒမ်ရဲ့ စီးပွားရေးကို အထောက်အကူ ပြုချင်တယ်လို့ ပြောရင်တောင်... ငါက ဘာပြောရမလဲ။
ထို့အပြင် ဒါတွေက ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် ကိစ္စများ ဖြစ်ပြီး ချူဖုန်းအနေဖြင့် ဝင်ရောက် စွက်ဖက်ရန် ဆန္ဒမရှိပေ။ လူငယ် ကစားသမား အချို့က ဤသည်ကို မြင်သောအခါ သူတို့လည်း ပါဝင်ချင်စိတ် ပြင်းပြနေကြသည်။
“ဗိုက်နာရင် အရင်သွား ရှင်းလိုက်။ ငါတို့ အခု ဟိုတယ်ကို ပြန်တော့မယ်။ မနက်ဖြန်ကျရင် အရမ်း နောက်မကျစေနဲ့...” ချူဖုန်းက လက်ကာပြလိုက်သည်။
***