"နိုင်းယွမ်... မြို့သခင်ကို ဒဏ်ရာရအောင် လုပ်တာ... ဒီကိစ္စက နည်းနည်း ကြီးလွန်းမနေဘူးလား... ရှင် မြန်မြန် ထွက်သွားတော့... ဘာပဲဖြစ်ဖြစ်.. ရှင်က ခရီးသွား တစ်ယောက်ပဲ... ရှင် ရုန်ထျန်းမြို့က ထွက်သွားတာနဲ့... ဘယ်သူမှ သိမှာ မဟုတ်ဘူး..."
ရီချင်း သူမ၏ တုန်လှုပ်မှုမှ ပြန်လည် နိုးထလာပြီး ထိုကိစ္စ၏ အကျိုးဆက်များကို သတိရသောအခါ သူမ၏ လှပသော မျက်နှာပေါ်တွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှု တစ်ခု ပေါ်လာ၏။
"ဟားဟား... ကျုပ် ထွက်သွားရင်... ခင်ဗျားတို့ ရီမိသားစု ဘာဖြစ်သွားမှာလဲ... မြို့သခင် တစ်ယောက်ပဲဟာကို... အဆင်ပြေပါတယ်..."
ရီချင်း သူ့ကို ထွက်သွားရန် ပြောလိုက်သောကြောင့် နိုင်းယွမ် စိတ်ထဲတွင် အသိအမှတ်ပြုပြီး ခေါင်းညိတ်လိုက်မိသည်။ ကြည့်ရသည်မှာ ထိုမိန်းကလေး၏ အတွေးများက အမှန်တကယ်ပင် အလွန် ရိုးရှင်းပြီး မကောင်းသော ရည်ရွယ်ချက်များ မရှိပုံ ရချေသည်။
“အဆင်ပြေတယ် ဟုတ်တယ်... ရှင် ရုန်ထျန်းမြို့ရဲ့ မြို့သခင်ကို ဒဏ်ရာရအောင် လုပ်လိုက်တာလေ..." လူငယ်လေး၏ ပေါ့ပေါ့ပါးပါး စကားများကို ကြားသောအခါ ရီချင်း အနည်းငယ် စိတ်ပျက်အားငယ်သွား၏။
မြို့သခင်က သူမ၏ မျက်လုံးထဲတွင် မချဉ်းကပ်နိုင်သော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သော်လည်း လူငယ်လေး၏ လေသံက သူ ယင်ကောင် တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း။
"ဟားဟား... မင်းတို့ နှစ်ယောက် မြန်မြန် သူတို့ကို ချည်နှောင်ပြီး ခေါ်သွား..." ရီချင်းကို လျစ်လျူရှုကာ နိုင်းယွမ် ရီချန်နှင့် အခြားသူများကို ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့..."
ရီချန်နှင့် အခြားသူများ လျင်မြန်စွာနှင့် မြို့သခင်နှင့် ကျန်းရွယ်ကို သားရဲလှောင်အိမ်များထဲသို့ ထည့်သွင်းလိုက်ကြ၏။ တစ်ချိန်က မြင့်မား ခမ်းနားသော မြို့သခင်မှာ ယခုအခါ တစ်ကိုယ်လုံး လိမ်ယှက်နေပြီး သူ့ ခြေထောက်များနှင့် ပါးစပ်တို့ ထိကပ်လုနီးပါး ဖြစ်နေကာ သူ့ မျက်လုံးများ ကျန်းရွယ်၏ နောက်ပိုင်းနှင့် ပွတ်တိုက်နေလေသည်။
”..."
ထိုမြင်ကွင်းကို မြင်သောအခါ ရီချင်း သူမ၏ ဆံပင်များ ထောင်သွားသည်ကို ခံစားလိုက်ရ၏။
သူမ၏ ပုံမှန်အားဖြင့် ကောင်းမွန်စွာ ပြုမူတတ်သော လက်အောက်ငယ်သားများသည် အမှန်တကယ်ပင် အကြမ်းဖက်မှုအတွက် ပါရမီ ရှိပုံ ရချေသည်။ ထိုသည်မှာ မြို့သခင်၊ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက်၊ ယခုအခါ သူတောင်းစား တစ်ယောက်ထက် ပိုဆိုးနေလေသည်။
'အာ... ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ်... နိုင်းယွမ် ငါ့ကို ကယ်ခဲ့တာပဲ... သူသာ မလှုပ်ရှားခဲ့ရင် ငါ ဒီနေ့ အရှက်ရသွားလောက်ပြီ...’
အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက သူမ သေခြင်းတရား တစ်ခုတည်းသာ ရှိတော့မည် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အားလုံး သေခြင်းတရား ဖြစ်နေသည်မို့ အနည်းဆုံးတော့ သူမ ယခုအခါ အသက်ရှင်ပြီး ကောင်းမွန်နေသေး၏။ ထိုအချက်ကို သိလိုက်သောအခါ ရီချင်း အနည်းငယ် စိတ်သက်သာရာ ရသွားပြန်သည်။
"နိုင်းယွမ်... သခင်မလေးကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျုပ် တစ်ချိန်က ခင်ဗျားကို သတ်ဖို့တောင် စီစဉ်ခဲ့ဖူးတယ်... ခင်ဗျား ကျုပ်ကို အပြစ်ပေးချင်ရင်... အပြစ်ပေးပါ..." ပိန်လှီသော လူငယ်လေး ရုန်းကန်၍ လျှောက်သွားပြီး နိုင်းယွမ်ကို ပြတ်သားသော မျက်နှာထားဖြင့် ကြည့်လိုက်၏။
ယခုမှသာ သူ အရှေ့မှ လူငယ်လေး မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းနှင့် သူ့ မူလ အတွေးများ မည်မျှ ရယ်စရာ ကောင်းကြောင်း သိလိုက်ရ၏။
အကယ်၍ သူသာ ထိုနေ့က တကယ် လှုပ်ရှားခဲ့ပါက သူ ယခုအချိန်တွင် အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ ဖြစ်၏။ နိုင်းယွမ်ကဲ့သို့ အားကောင်းသော လူတစ်ယောက်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလျှင်ပင် သူကဲ့သို့သော လူငယ်လေး တစ်ယောက် စော်ကားနိုင်သောသူ မဟုတ်သည်မှာ သေချာလှ၏။
"ဟားဟား..."
ထိုပိန်လှီသော လူငယ်လေးက တစ်ခါတစ်ရံ မိုက်မဲသော်လည်း သူ့ မိုက်မဲမှုမှာ ရိုးသား၏။ သူက အတော်လေး ယောက်ျားပီသပေသည်။ နိုင်းယွမ် စိတ်မရှိဘဲ သူ့ ပခုံးကို ပုတ်ကာ လှည့်၍ ကုလားအုတ်သားရဲပေါ်သို့ ခုန်တက်လိုက်၏။
"သွားကြစို့... မြို့ထဲ ဝင်ကြစို့..." ကုလားအုတ်သားရဲပေါ်တွင် ရပ်နေရင်း နိုင်းယွမ် ရီချန်နှင့် အခြားသူများကို ကြည့်ကာ ရှေ့သို့ ညွှန်လိုက်၏။
"ကောင်းပြီ... မြို့ထဲ ဝင်..."
လူငယ်လေးက ဒုက္ခများသော ကျန်းမိသားစု၏ အကြီးအကဲကို လှုပ်ရှားမှု အနည်းငယ်ဖြင့် အနိုင်ယူပြီးနောက် ဘက်လိုက်သော မြို့သခင်ကို လဲကျစေသည်ကို မြင်သောအခါ ယခုအခါ သူ မထွက်ပြေးရုံသာမက မြို့ထဲသို့ ဝင်ရောက်လိုသေး၏။ လူတိုင်း၏ မျက်လုံးများတွင် လေးစားမှုနှင့် စိတ်အားထက်သန်မှုများ ပေါ်လွင်နေပြီး စိတ်လှုပ်ရှားတကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြကာ သူတို့၏ သွေးများပင် ဆူပွက်လာတော့သည်။
"ဘယ်လို ထူးဆန်းတဲ့ ကောင်လဲ..."
နှစ်ပေါင်းများစွာ သူမနောက်သို့ လိုက်ပါခဲ့သော သူမ၏ လက်အောက်ငယ်သားများ လူငယ်လေး၏ စကား အနည်းငယ်ကြောင့် စိတ်အားထက်သန်သော နောက်လိုက်များ ဖြစ်သွားသည်ကို မြင်သောအခါ ရီချင်း နှုတ်ခမ်းစူကာ သက်ပြင်းချမိလိုက်သည်။
တစ်ဖက်လူက သိပ်မကြည့်ကောင်းသော်လည်း သူ့တွင် လူများကို စွဲဆောင်နိုင်သော ပါရမီ တကယ် ရှိ၏။ သူမ၏ လက်အောက်ငယ်သားများ သာမက သူမကိုယ်တိုင်ပင်... သူမ ဘာကို တွေးမိမှန်း မသိဘဲ ရီချင်း၏ မျက်နှာ နီရဲလာ၏။
"ဟင်... သခင်မလေး ရီချင်း... ဘာဖြစ်လို့လဲ... ခင်ဗျားမျက်နှာက အရမ်း နီနေတယ်... ခင်ဗျား ခုနက ဒဏ်ရာရသွားတာလား..."
ရီချင်း အတွေးများထဲတွင် နစ်မြုပ်နေစဉ်မှာပင် လူငယ်လေး၏ အသံ ရုတ်တရက်၏ ထွက်ပေါ်လာ၏။ မေးခွန်းကို ကြားသောအခါ သူမ၏ မျက်နှာမှာ ညနေခင်းဆည်ဆာကဲ့သို့ အနီရောင်သန်းနေသည်ကို သတိထားမိလိုက်သည်။
ခေါင်းလှည့်ကြည့်လိုက်ရာ ထိုလူငယ်လေး သူမကို "စိုးရိမ်သော" မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ရီချင်း မနေနိုင်ဘဲ ခေါင်းလှည့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ "နိုင်းယွမ်... ရှင်က တကယ်တမ်း ဘာလဲ... ဖန်ဆင်းခြင်းအဆင့် ပညာရှင်လား ဒါမှမဟုတ် ပါရဂွန်အဆင့်လား..."
သူ့ အရှိန်အဝါနှင့် ပုံပန်းသဏ္ဌာန်အရ သူမရှေ့ရှိ လူငယ်လေးသည် သေချာပေါက် ပါရဂွန်အဆင့် တစ်ယောက် ဖြစ်သော်လည်း သိုင်းစွမ်းရည်အရ ယွမ်ရှန်း အထွတ်အထိပ်အဆင့်ရှိ မြို့သခင်ပင် သူ့ကို မတားဆီးနိုင်ချေ။ မိမိအဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်ခြင်း အကြောင်းကို ကြားဖူးသော်လည်း သူမ ထိုမျှသော အဆင့်များစွာကို ဖြတ်ကျော်သူ တစ်ယောက်မှ မမြင်ဖူးခဲ့ချေ။
ထိုသည်မှာ ကောင်းကင်ကို ဖီဆန်လွန်းလှပေသည်။
"ဖန်ဆင်းခြင်းအဆင့်... ပါရဂွန်အဆင့်... ခင်ဗျား ကျုပ်ကို ပါရဂွန်အဆင့်လို့ သတ်မှတ်လို့ရတယ်... ဒါမှမဟုတ် ဖန်ဆင်းခြင်းအဆင့်လို့ သတ်မှတ်လို့ရတယ်..." နိုင်းယွမ် မိန်းကလေးငယ်၏ အတွေးများကို မည်သို့များ သိနိုင်မည်နည်း။ သူမ အဆင်ပြေသည်ကို မြင်သောအခါ သူ စိတ်သက်သာရာ ရသွားပြီး ခေါင်းကုတ်ကာ ပြောလိုက်၏။
တကယ်တမ်းတွင် သူသည်လည်း သူ့ ကိုယ်ပိုင် အင်အားနှင့် ပတ်သက်၍ ကူကယ်ရာမဲ့ ဖြစ်နေ၏။ အကယ်၍ သူ ပါရဂွန်အဆင့်ဟု ပြောပါက သူတွင် ဖန်ဆင်းခြင်းအဆင့် ဖန်းလီအဆင့်နှင့် ယွမ်ရှန်းအဆင့်ပင် မရှိသော စွမ်းအားများနှင့် တိုက်ခိုက်ရေး စွမ်းရည်များစွာ ရှိနေပြီ ဖြစ်၏။ အကယ်၍ သူ ဖန်ဆင်းခြင်းအဆင့်ဟု ပြောပါက သူ အမှန်တကယ်ပင် ထိုအဆင့်ကို မတက်ရသေးပေ။
သူ ထိုမျှ အားကောင်းရခြင်း အကြောင်းရင်းမှာ သူ့ ဝိညာဉ်က စိတ်ဝိညာဥ် အလယ်အဆင့်သို့ ရောက်ရှိနေပြီး ထိုသို့ အဆင့်တက်သွားသည်မှာလည်း သူ့ ညီငယ်ကြောင့် ဖြစ်၏။
"ရှင် မပြောချင်ရင်... မပြောပါနဲ့..."
လူငယ်လေး၏ စကားကို ကြားသောအခါ မိန်းကလေး ဆွံအသွား၏။ ဘယ်လိုလူက ထိုကဲ့သို့သော အင်အားမျိုး ရှိနိုင်မည်နည်း။
‘သူ့ကို ပါရဂွန်အဆင့်လို့ သတ်မှတ်... မဟုတ်လည်း ဖန်ဆင်းခြင်းအဆင့်လို့ သတ်မှတ်... ဟုတ်လား သူ မပြောချင်လို့ပဲ ဖြစ်မယ်...’
‘သောက်ကျိုးနည်း...’
သူမ စိတ်ထဲမှ တွေးလိုက်ပြီး နောက်ပြန်လှည့်ကာ အသေးစိတ် မေးမြန်းရန် ရည်ရွယ်သော်လည်း ထို့နောက် သူမ လူငယ်လေး ကုလားအုတ်သားရဲ၏ ကျောဘက်တွင် ထိုင်နေပြီး နေဝင်ချိန်ကို ကြောင်ငေးကာ သူ့ မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် အထီးကျန်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရပြီး သူ့ ရင်ထဲတွင် အလွန် ဝမ်းနည်းဖွယ် အတိတ် တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေပေသည်။
"သူ..." လူငယ်လေးကို ထိုသို့ မြင်သောအခါ ရီချင်း၏ စကားများ သူမ၏ လည်ချောင်းတွင် ဆို့သွား၏။ အကြောင်းပြချက် တစ်ခုခုကြောင့် သူမ၏ ရင်ထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ကူးစက်လာပြီး ငြိမ်ကျသွားမိသည်။
............
မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ သူတို့အဖွဲ့ လျင်မြန်စွာ ရုန်ထျန်းမြို့သို့ ရောက်လာကြ၏။
ကြည့်ရသည်မှာ မြို့သခင်က ဤတစ်ကြိမ် သူအပြင်ထွက်လာသည်ကို အခြား မည်သူ့ကိုမျှ အကြောင်းမကြားခဲ့ပုံ ရ၏။ သူတို့ မြို့တော် တံခါးဝသို့ ဝင်ရောက်သည့်အခါ ထိုနေရာရှိ အစောင့်များ ဘာမှ သတိမပြုမိကြချေ။ သူတို့၏ မြို့သခင်မှာ လက်ရှိတွင် ကုလားအုတ်သားရဲပေါ်၌ သနားစရာ ကောင်းလောက်အောင် အဖမ်းခံထားရမှန်း ဘယ်တော့မှ အိပ်မက်မက်မည် မဟုတ်ချေ။
ရုန်ထျန်းမြို့က အလွန် ကျော်ကြားခြင်း မရှိသော်လည်း ယင်းမှာ မျောလွင့်ကုန်းမြေတိုက်ကြီးပေါ်ရှိ မြို့တော် တစ်ခုသာ ဖြစ်ပြီး ချီပင်လယ် ကုန်းမြေတိုက်ကြီးပေါ်ရှိ အလင်းမြို့တော်ကဲ့သို့သော မြို့တော်များထက် များစွာ အားကောင်းလှ၏။ အသွားအပြန် ခရီးသွားလာနေသော ကုန်သည်များ အများစုမှာ တကယ်တမ်းတွင် ချီသခင်အဆင့် ဖြစ်ကြပြီး အချို့ ဆိုင်ပိုင်ရှင်များမှာ ပါရဂွန်အဆင့်ပင် ဖြစ်ကြ၏။
သို့သော် ထိုသည်မှာ သာမန် ပါရဂွန်အဆင့်များသာ ဖြစ်ပြီး ကောင်းကင်စာရင်း၊ ဖန်ဆင်းခြင်းအဆင့် အလားအလာစာရင်းကို မဆိုထားနှင့် သူတို့က မြေကမ္ဘာစာရင်းသို့ပင် မရောက်ရှိသေးချေ။
မြို့တော် အတွင်းရှိ ဖန်ဆင်းခြင်းချီ၏ သိပ်သည်းမှုမှာ အပြင်ဘက်ထက် များစွာ သိပ်သည်းပြီး မြို့တော်ကို ဝန်းရံထားသော ဝင်္ကပါကြီးမှ စုစည်းထားသဖြင့် ပိုမို လျင်မြန်စွာ ကျင့်ကြံနိုင်ပေ၏။
မကြာမီမှာပင် အဖွဲ့က ဧရာမ စံအိမ်ကြီး တစ်ခုရှေ့သို့ ရောက်ရှိသွား၏။ နိုင်းယွမ် မော့ကြည့်လိုက်ရာ အထက်တွင် ရီစံအိမ်ဟူသော စာလုံးကြီး နှစ်လုံး ရေးသားထားသည်ကို တွေ့လိုက်ရ၏။
ရီစံအိမ်သို့ ဝင်ရောက်သည်နှင့် နိုင်းယွမ်ကို ချက်ချင်း ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက်အဖြစ် ဆက်ဆံခြင်း ခံလိုက်ရ၏။
ရီမိသားစု ပိုင်ရှင်၊ ရီချင်း၏ ဖခင် ရီချန်က ယွမ်ရှန်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော ပညာရှင် တစ်ယောက်၊ ယွမ်ရှန်း ခန္ဓာကိုယ် ဖွဲ့စည်းပြီးနောက် သီအိုရီအရ တက်ကြွမှုဖြင့် ပြည့်နှက်နေသင့်ပေသည်။ သို့သော် သူ ယခုအခါ စိတ်ဓာတ်ကျနေပုံ ရပြီး ကျန်းမိသားစု၏ ဖိနှိပ်မှုကြောင့် အသက်ရှူမဝအောင် ဖြစ်နေပုံရကာ သူ့ စိတ်ဝိညာဉ်ပင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေ၏။
"အဖေ... အခု အခြေအနေ ဘယ်လိုလဲ... ကျွန်မ အပြင်မှာ အရင်းအမြစ် တချို့ ရခဲ့တယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက်..." သူမဖခင်၏ ပုံစံကို မြင်သောအခါ ရီချင်း ခရီးစဉ်၏ ရလဒ်များကို သတင်းပို့လိုက်၏။
သူမ ဤတစ်ကြိမ် အပြင်ထွက်ခြင်းမှာ သူမ၏ မိသားစုကို သူတို့၏ အခက်အခဲများမှ ကူညီရန် ငွေရှာဖို့ ဖြစ်၏။ လမ်းတစ်လျှောက်တွင် နိုင်းယွမ် အခြားသူများထံမှ ယင်းအကြောင်းကို ကြားဖူးပြီး အများစုကို ခန့်မှန်းပြီး ဖြစ်၏။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း... အဲဒါက အရင်ကဆို ခဏလောက်တော့ လုံလောက်ခဲ့မှာ... ဒါပေမဲ့ အခုတော့ မလောက်လောက်ဘူး..." ရီချန် ရင့်ကျက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး သက်ပြင်းချကာ နိုင်းယွမ်ကို ကြည့်လိုက်သည်။ "သြော်... ဟုတ်သားပဲ... မင်း ဒီလူကို ငါနဲ့ မိတ်ဆက်မပေးရသေးဘူး..."
အခန်း ၄၀၅ ပြီး
***