“ခေါင်းဆောင်က အဖွဲ့ရဲ့ အလယ်မှာရှိတယ်၊ စွမ်းအင်လှိုင်းတွေက... အရမ်းအစွမ်းထက်တယ်”
သူ ချထားခဲ့သော ရေခဲခြေရာ ထောင်ချောက်များသည် ရန်သူ၏ တိုက်ခိုက်လာနိုင်ချေရှိသော လမ်းကြောင်းအားလုံးကို ဖုံးလွှမ်းနေပြီဖြစ်သည်။
အဆင့်ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းမှာ ပိုမိုထူးဆန်းပြီး မှန်းဆရခက်လာကာ ဟင်းလင်းပြင်ကိုပင် အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်လာလေသည်။
စောင့်ကြည့်ရေးစခန်းပေါ်တွင်…..
ရှောင်ယင်းသည် လင်းထျန်းလုံ၏အမွေးများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားသည်။ “ဖေဖေ ဝံပုလွေဦးလေးတွေအားလုံး အသင့်ဖြစ်ပြီလား”
ရှောင်လန်လည်း ရှောင်ယင်းနည်းတူ စိုးရိမ်နေသော်ငြား ရှောင်ယင်းကို နှစ်သိမ့်ပေးလိုက်သည်။ “ဦးလေးထျန်းပင်းတို့က အရမ်း အစွမ်းထက်ပါတယ် စိတ်မပူနဲ့”
“ရှောင်ယင်း နင်ခံစားမိလား၊ ဝံပုလွေဦးလေးကြီး သုံးယောက် အဆင့်ချိုးဖျက်ဝင်ရောက်ပြီးနောက်ပိုင်း သူတို့ရဲ့အငွေ့အသက်တွေက... ပိုပြီးတော့တောင် မှန်းဆလို့မရအောင် ဖြစ်လာတယ်”
“အထူးသဖြင့် ဦးလေးထျန်းပင်းပဲ၊ ရေခဲခန္ဓာကိုယ်နဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်ထားတဲ့ အဲဒီချော်ရည်လိုစွမ်းအားမျိုးကို မကြားဖူးဘူး”
“ဒါ ဝံပုလွေဖေဖေ ပေးထားတဲ့ အခွင့်အရေးပဲ... အရင်ဘဝမှာဆိုရင် ဒီလိုပေါင်းစပ်မှုမျိုးက ဘယ်ပါရမီရှင်ကိုမဆို ရူးသွပ်သွားစေလောက်တယ်”
လင်းထျန်းလုံသည် သမီးနှစ်ဦးကို သူ၏ရင်ခွင်ထဲတွင် ညင်သာစွာ ကာကွယ်ထားပြီး ငွေပြာဘုရင်မျက်၀န်းဖြင့် အဝေးသို့ စူးစိုက်ကြည့်နေသည်။
ရန်သူ့ရှေ့ပြေးတပ်ဖွဲ့မှာ မိုင်နှစ်ဆယ်အကွာအဝေးအတွင်း ဝင်ရောက်လာပြီဖြစ်ပြီး အများဆုံး နာရီဝက်အတွင်း ဝံပုလွေအသိုက်၏ အစွန်အဖျားသို့ ရောက်ရှိလာမည်ဖြစ်သည်။
ထိုအချိန်တွင် မိခင်သစ်ပင်ထံမှ နောက်ထပ် လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာသည်။ ကြယ်ရောင်များ မိုးရွာကျသကဲ့သို့ ကျဆင်းလာပြီး နှင်းဝံပုလွေအားလုံးပေါ်တွင် ပိုမိုခိုင်မာသော အလင်းဝန်းတစ်ခု ဖွဲ့စည်းသွားသည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်၏ ပင်ကိုယ်စွမ်းရည် အသက်စွမ်းအင်ပဲ့တင်ထပ်ခြင်း အကျိုးသက်ရောက်မှု တိုးတက်လာပါသည်။ စွမ်းရည် စုစုပေါင်း ၂၀ ရာခိုင်နှုန်း သို့ မြင့်တက်လာပြီး စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှု အမြန်နှုန်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပါသည်။
ဤရုတ်တရက်တိုးတက်လာသော အားဖြည့်မှုက ဝံပုလွေအုပ်စု၏ တိုက်ပွဲဝင်လိုစိတ်များကို ဆူပွက်သွားစေသည်။ သာမန်နှင်းဝံပုလွေများပင်လျှင် ကိုယ်တွင်း၌ စွမ်းအားများဆူပွက်နေသည်ကို ခံစားရပြီး ဝင်လာမည့် မည်သည့်ရန်သူကိုမဆို ဆွဲဆုတ်ပစ်နိုင်မည်ဟု ခံစားနေရသည်။
“အချိန်ကျပြီ” လင်းထျန်းလုံ၏ အသံက စစ်မြေပြင်တစ်ခုလုံးကို ပြန့်နှံ့သွားတော့သည်။ “ဒီလူသားတွေကို ဝံပုလွေအုပ်စုရဲ့ ဘုန်းကျက်သရေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့်ပေးလိုက်ကြစမ်း”
တစ်ပြိုင်နက်တည်းမှာပင် အဝေးမှ မီးရောင်များကလည်း ငရဲတံခါးများ ပွင့်လာသကဲ့သို့ တဖြည်းဖြည်း နီးကပ်လာတော့သည်။
……
အေးစက်စက် လေပြင်းများက သတ်ဖြတ်လိုစိတ် အငွေ့အသက်များ သယ်ဆောင်ကာ ဝံပုလွေအသိုက်အတွင်း ရစ်ပတ်တိုက်ခတ်နေသည်။
လင်းထျန်းလုံသည် မြင့်မားသော နေရာတစ်ခုတွင် ရပ်လျက် သူ၏ ငွေပြာဘုရင်မျက်၀န်းဖြင့် အားအင်အပြည့်ဖြင့်ဖြစ်နေသော ဝံပုလွေအုပ်စုကို ခြုံငုံကြည့်နေသည်။
မဟာနှင်းအစောင့်အရှောက်များမှာ အဆင့် ၂၃ သို့ ရောက်ရှိနေပြီဖြစ်ပြီး ရေပြာကြေးခွံအစောင့်အရှောက်များမှာလည်း အဆင့် ၂၁ သို့ ရောက်ရှိနေပြီဖြစ်သည်။ ဝံပုလွေအသိုက်တစ်ခုလုံး၏ ကာကွယ်ရေးစွမ်းအားမှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားပြီဖြစ်သည်။
အဝေးဆီမှ ညကောင်းကင်ယံတွင် မီးတောက်များ တလက်လက်ကခုန်နေသည်။ အနောက်ဘက်ရှိ မီးစွမ်းအားရှင် လူသားတပ်ဖွဲ့သည် ဆယ်မိုင်ပတ်လည်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။
ကြယ်ရောင်အောက်တွင် ထိုစစ်သည်များ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်ပုံစံများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူတို့၏ ဦးဆောင်သူထံမှ ရင်ခုန်ဖွယ်ကောင်းကာ၊ ပူလောင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။
“ဖေဖေ... သူတို့ရောက်လာပြီ” ရှောင်ယင်းက လင်းထျန်းလုံ၏ အမွေးများကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်သည်။
ရှောင်လန်ကလည်း တူညီစွာ စိုးရိမ်နေသော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။ “မကြောက်နဲ့၊ ဖေဖေနဲ့ ဦးလေးတွေ ဝံပုလွေအသိုက်ကို ကာကွယ်ပေးလိမ့်မယ်”
“ဒီတစ်ခါ လာတဲ့ ရန်သူတွေက အရင်ကထက် ပိုအစွမ်းထက်တယ်” ရှောင်လန်သည် နှစ်သိမ့်ပေးရင်း သူမ၏မျက်လုံးများက အခြားအဓိပ္ပာယ်တစ်ခုကို ဖော်ပြနေသည်။
“ငါ ခံစားမိတယ်၊ အဲဒီခေါင်းဆောင်ရဲ့ အငွေ့အသက်က အရမ်း အန္တရာယ်များတယ်” ရှောင်ယင်းကလည်း သူမ၏ခံစားချက်ကို အကြည့်မှတစ်ဆင့် ပေးပို့လိုက်သည်။
ရန်သူ့တပ်ဖွဲ့သည် ငါးမိုင်အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လင်းထျန်းလုံသည် ပြင်းထန်သော အန္တရာယ်ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤသည်မှာ စနစ်၏ အသိပေးချက်မဟုတ်ဘဲ မရေတွက်နိုင်သော တိုက်ပွဲများမှ သွေးပေးထားသည့် ပင်ကိုယ်အသိစိတ်ပင်ဖြစ်သည်။
“စောင့်ဦး” လင်းထျန်းလုံသည် ရှေ့တက်ရန်ပြင်နေသော ထျန်းပင်းကို စိတ်ခြင်းဆက်သွယ်ခြင်းမှတစ်ဆင့် တားထားလိုက်သည်။ “အခြေအနေ ပြောင်းသွားပြီ”
အနောက်ဘက်စစ်မျက်နှာစာရှိ ရန်သူ့တပ်ဖွဲ့များ ရုတ်တရက်ရပ်တန့်သွားသည်ကို သူတို့ မြင်လိုက်ကြရသည်။
ပြင်းထန်သော မီးတောက်များ ရစ်ပတ်ထားသည့် လူသားခေါင်းဆောင်က ညာလက်ကို မြှောက်လိုက်ရာ တပ်ဖွဲ့တစ်ခုလုံး၏ပုံစံမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ပို၍ ထူးဆန်းသည့်အရာမှာ အဆက်မပြတ် လည်ပတ်နေသော သတ္တုပြားတစ်ခုကို ကိုင်ဆောင်ထားသည့် ဝတ်ရုံခြုံထားသော ပုံရိပ်တစ်ခု တပ်ဖွဲ့ထဲမှထွက်ပေါ်လာခြင်းပင်။
“သူတို့ ဘာလုပ်နေတာလဲ” ထျန်းပင်းက နားမလည်စွာ မေးလိုက်သည်။
လင်းထျန်းလုံသည် ငွေပြာဘုရင်မျက်၀န်းဖြင့် သတ္တုပြားကို စူးစိုက်ကြည့်နေခဲ့သည်။ “တစ်ခုခုကို ရှာဖွေနေပုံရတယ်”
ရုတ်တရက် သတ္တုပြားမှ မျက်စိကျိန်းမတတ် အနီရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ဝံပုလွေအသိုက်ဆီသို့ တိုက်ရိုက်ချိန်ရွယ်ထားလိုက်သည်။
တစ်ပြိုင်နက်တည်းလိုလိုပင် မီးတောက်များရစ်ပတ်ထားသော လူသားခေါင်းဆောင်က ရုတ်တရက်မော့ကြည့်လိုက်ရာ သူ၏ အကြည့်မှာ မိုင်ပေါင်းများစွာ အကွာအဝေးကို ဖောက်ထွင်းပြီး လင်းထျန်းလုံ၏မျက်လုံးများနှင့် ထိတ်တိုက်ဆုံတွေ့သွားတော့သည်။
“သူတို့ ငါတို့ကိုတွေ့သွားပြီ။” ယင်းဖုန်း၏အသံက အရိပ်များထဲမှ ထွက်ပေါ်လာသည်။
မျှော်လင့်ထားသည့်အတိုင်း နောက်တစ်ခဏတွင် ရန်သူ့တပ်ဖွဲ့ပုံစံ ထပ်မံပြောင်းလဲသွားသည်။ အကြီးစားချပ်ဝတ်တန်ဆာဝတ် စစ်သည်များက ရှေ့သို့တိုးလာပြီး၊ မီးမှော်ဆရာများက စတင် ဂါထာရွတ်ဆိုကာ၊ ကင်းထောက်တပ်ဖွဲ့များက ဖြန့်ထွက်သွားသည်။ လုံးဝ
လုံးဝ အဆင့်မြင့်တိုက်ပွဲဝင်ဖွဲ့စည်းပုံပင်ဖြစ်သည်။
“တိုက်ပွဲအတွက် ပြင်ဆင်ကြ” လင်းထျန်းလုံ၏အသံက ဝံပုလွေအုပ်စုတစ်ခုလုံး ပြန့်နှံ့သွားသည်။
သို့သော် ဤကဲ့သို့ တင်းမာနေသောအခြေအနေတွင် နောက်ထပ် ရုတ်တရက်အပြောင်းအလဲတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
“ဘုရင်ကြီး၊ အရေးပေါ် စစ်ရေးသတင်းပါ” အခြားအရပ်မျက်နှာများကို စောင့်ကြည့်ရန် တာဝန်ယူထားသော အမဲလိုက်သမားများက ရုတ်တရက် သတင်းပို့လာသည်။
“မြောက်ဘက်က စက်ရုပ်တွေကို ထိန်းချုပ်တဲ့ လူသားတွေနဲ့ တောင်ဘက်က ခံစစ်ပိုင်းမှာ ကျွမ်းကျင်တဲ့လူသားတွေ တစ်ပြိုင်နက်တည်း ချီတက်လာနေပါပြီ၊ မြောက်ဘက်တပ်ဖွဲ့က ဝံပုလွေအသိုက်နဲ့ ဆယ့်ငါးမိုင်ပဲ ကွာတော့တယ်၊ တောင်ဘက်တပ်ဖွဲ့ကလည်း တိမ်တောင်တန်းဘက်ကနေ ဖိအားပေးလာနေပြီ”
အရပ်သုံးမျက်နှာမှ ဝိုင်းရံထားခြင်း…..။
လင်းထျန်းလုံ ချက်ချင်း နားလည်သွားသည်။ ဤသည်မှာ သာမန် ရှေ့ပြေးတပ်ဖွဲ့၏ စမ်းသပ်မှုလုံးဝမဟုတ်ဘဲ သေချာစီစဉ်ထားသော ဝိုင်းရံတိုက်ခိုက်မှုပင်ဖြစ်သည်။
“သူတို့က ငါတို့ကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်ချေမှုန်းချင်နေတာ” ရန့်မြဲ့၏အသံထဲတွင် အေးစက်မှု အရိပ်အယောင်များ ပါဝင်နေသည်။
ထျန်းပင်းကမူ ခပ်သြသြ ဟိန်းဟောက်လိုက်၏။ “ဒါဆို ဘယ်သူ အရင်ကျမလဲဆိုတာ ကြည့်ကြတာပေါ့။”
သို့သော် လင်းထျန်းလုံကို စိုးရိမ်စေသည်မှာ အနောက်ဘက်ရှိ မီးစွမ်းအားရှင်များ၏ ထူးဆန်းသော အပြုအမူဖြစ်သည်။ သူတို့သည် ဝံပုလွေအသိုက်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သော်လည်း ချက်ချင်း မတိုက်ခိုက်ကြပေ။ ယင်းအစား တစ်ခုခုကို စောင့်ဆိုင်းနေပုံရသည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားကာ စစ်မြေပြင်ရှိလေထုမှာ ပိုမိုတင်းမာလာသည်။ မြောက်ဘက်နှင့် တောင်ဘက်ရှိ ရန်သူ့တပ်ဖွဲ့များသည် တည်ငြိမ်စွာ ဆက်လက်ချီတက်လာနေပြီး အနောက်ဘက်ရှိ ရန်သူများမှာမူ ငါးမိုင်အကွာတွင် ထူးဆန်းစွာ ငြိမ်သက်နေကြသည်။
“သူတို့က ကျန်တဲ့တပ်ဖွဲ့နှစ်ခု နေရာယူမယ့်အချိန်ကို စောင့်နေတာ” လင်းထျန်းလုံက တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “သူတို့က အရပ်သုံးမျက်နှာကနေ တစ်ပြိုင်နက်တည်း အပြည့်အဝ ထိုးစစ်ဆင်ချင်နေတာ”
ထိုအချိန်မှာပင် မိခင်သစ်ပင်ထံမှ ပြင်းထန်သောလှုပ်ခတ်မှုများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြယ်ရောင်များ ရူးသွပ်စွာ လည်ပတ်နေပြီး ပင်မပင်စည်ပေါ်ရှိ အက်ကွဲကြောင်းများမှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းများ ပေါက်ကွဲထွက်လာခဲ့၏။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်သည် အန္တရာယ်ကို အာရုံခံမိပြီး အသွင်ပြောင်းလဲမှု အရှိန်မြှင့်တင်နေပါသည်။ ၇၀ ရာခိုင်နှုန်း ပြီးစီးပါသည်။ ပင်ကိုယ်စွမ်းရည် အသက်စွမ်းအင် ပဲ့တင်ထပ်ခြင်း၏ အကျိုးသက်ရောက်မှုမှာ ၂၅ ရာခိုင်နှုန်းသို့ မြင့်တက်သွားပါသည်။
ဤရုတ်တရက် အားပြည့်လာခြင်းက ဝံပုလွေအုပ်၏ တိုက်ပွဲဝင်လိုစိတ်ကို ပိုမိုမြင့်တက်သွားစေသည်။ သို့သော် သူတို့၏ လက်ရှိစွမ်းအားတစ်ခုတည်းဖြင့် ရန်သူ့တပ်ဖွဲ့သုံးခုကို တစ်ပြိုင်နက်တည်းကိုင်တွယ်ရန် ခက်ခဲမည်ကို လင်းထျန်းလုံ ကောင်းကောင်းသိနေသည်။
သူ ရွေးချယ်မှုတစ်ခု ပြုလုပ်ရပေမည်။
“အစီအစဉ် ပြောင်းမယ်” လင်းထျန်းလုံ၏အသံမှာ ရှင်းလင်းပြတ်သားနေခဲ့သည်။ “ငါတို့ရဲ့ စွမ်းအားကို စုစည်းပြီး စစ်မျက်နှာတစ်ခုကို အရင်ဖောက်ထွက်ရမယ်”
“ဘုရင်ကြီး၊ ဘယ်စစ်မျက်နှာကို ရွေးမလဲ” စစ်သူကြီးသုံးဦးလုံးက တစ်ပြိုင်နက် မေးလိုက်ကြသည်။
လင်းထျန်းလုံသည် ငွေပြာဘုရင်မျက်၀န်းများဖြင့် အရပ်သုံးမျက်နှာကို ဖြတ်သန်းကြည့်ရှုလိုက်သည်။
မြောက်ဘက်ရှိ လက်နက်အပြည့်အစုံတပ်ဆင်ထားသော စက်ရုပ်တပ်မတော်၊ တောင်ဘက်ရှိ ခိုင်မာသော ခံစစ်ရှိသည့် အကြီးစားချပ်ဝတ်တပ်ဖွဲ့နှင့် အနောက်ဘက်ရှိ ပြင်းထန်စွာ တိုက်ခိုက်နိုင်သော မီးစွမ်းအားရှင်များ...
“အနောက်ဘက်ကို တိုက်မယ်။” သူ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။ “ဒီမီးစွမ်းအားရှင်တွေက တိုက်စစ်အသန်ဆုံးဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်က နှိုင်းယှဉ်ကြည့်ရင် အားနည်းတယ်”
သူသည် မီးတောက်များရစ်ပတ်ထားသော ပုံရိပ်ဆီသို့ ကြည့်လိုက်ပြီး ပြိုင်ဘက်၏ အချက်အလက်ကို စစ်ဆေးရန် ငွေပြာဘုရင်မျက်၀န်းက အနည်းငယ် လင်းလက်သွားသည်။
[အမည်]။ ။ဟော်ကျန်း (မီးဓာတ်၊ လောင်ကျွမ်းမီးလျှံဂိုဏ်း ခေါင်းဆောင်)
[အဆင့်]။ ။၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်)
[ပင်ကိုစွမ်းရည်များ]။ ။မီးလျှံကိုယ်ထည် (ရွှေရောင် အဆင့်မြင့်)၊ မီးလျှံဘုရင်သွေးမျိုးဆက် (ခရမ်းရောင် အလယ်အလတ်)၊ မသေမျိုးမီးလျှံဝိညာဉ် (ရွှေရောင် အဆင့်မြင့်)
***