ညအမှောင်ထုသည် မှင်ရည်ပမာ မည်းနက်နေပြီး အေးစက်သော လေထုမှာ အစိုင်အခဲဖြစ်လုမတတ် ရှိနေသည်။
ကြယ်တာရာအကာအကွယ်နှင့် တိုတမ်မိခင်သစ်ပင်၏ အလင်းရောင်က အမှောင်ထုအချို့ကို ဖယ်ရှားပေးနိုင်သော်လည်း ဝံပုလွေအသိုက်၏ ထောင့်တိုင်းတွင် ပြည့်နှက်နေသော သတ်ဖြတ်လိုစိတ် အငွေ့အသက်များကိုမူ လုံးဝ မဖယ်ရှားနိုင်ခဲ့ပေ။
အဝေးရှိ လူသားတပ်ဖွဲ့သုံးခု၏ စခန်းများသည် အိပ်မောကျနေသော ဧရာမ သားရဲကြီးများပမာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး သူတို့၏ တိတ်ဆိတ်မှုထဲတွင် ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခုကို မွေးမြူနေကြသည်။
လင်းထျန်းလုံသည် မိခင်သစ်ပင်အောက်တွင် တိတ်တဆိတ် ရပ်နေပြီး သူ၏ ငွေပြာရောင် အမွေးများက စွမ်းအင်အလင်းဝန်းထဲတွင် အေးစက်သော အရောင်အဝါဖြင့် စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။
သူ၏ အသိစိတ်အနက်ရှိုင်းဆုံးနေရာတွင် မိခင်သစ်ပင်အတွင်း ဒီရေပမာ ဆူပွက်နေသော ခမ်းနားသည့် စွမ်းအင်များကို ရှင်းလင်းစွာ ခံစားနေရသည်။
အသွင်ပြောင်းလဲမှုသည် ခုနစ်ဆယ့်ရှစ်ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ရာ အံ့သြဖွယ်ကောင်းသော တိုးတက်မှုဖြစ်သော်လည်း နောက်ဆုံးအတားအဆီးမှာ အများအားဖြင့် အခက်ခဲဆုံးဖြစ်ပြီး မိုးမလင်းမီ အနက်ရှိုင်းဆုံး အမှောင်ထုကဲ့သို့ပင် ဖြစ်သည်။
သူ၏ အသိစိတ်က အသိစိတ်နေရာလွတ်အတွင်း သိုလှောင်ထားသော အရင်းအမြစ်များအပေါ် ဖြတ်သန်းသွားသည်။
တောင်လိုပုံနေသော ရေခဲပင်မသလင်းကျောက်များနှင့် ယခင်တိုက်ပွဲများမှ သိမ်းဆည်းရမိသော အဆင့်နိမ့်ဝိညာဉ်ပစ္စည်းအချို့သည် ဘုရင်အဆင့်သို့ ရောက်ရှိနေသော သူ့အတွက်နှင့် ပါရမီရှင်အဆင့်သို့ တက်လှမ်းသွားသော စစ်သူကြီးသုံးဦးအတွက် အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိနေပြီဖြစ်သည်။
သို့သော် ဤအရင်းအမြစ်များသည် မျိုးနွယ်စုတစ်ခုလုံး၏ အုတ်မြစ်ကို အားဖြည့်ရန်အတွက်…. စစ်ပွဲအတွင်းမပါ၀င်နိုင်သေးသော ဝံပုလွေများနှင့် အနာဂတ်ကို ကိုယ်စားပြုသော ဝံပုလွေပေါက်များအတွက်…. အရေးပါသော အာဟာရများ ဖြစ်သည်။
“ပိုင်လင်း” သူက တည်ငြိမ်စွာ ခေါ်လိုက်သည်။
မကြာမီမှာပင် ပြုစုပျိုးထောင်ရေးနှင့် ထောက်ပံ့ရေးအတွက် တာဝန်ယူရသော ဝံပုလွေအမများသည် မိခင်သစ်ပင်အောက်ရှိ ကွင်းပြင်တွင် ဝံပုလွေပေါက် အမြောက်အမြားနှင့်အတူ တိတ်ဆိတ်စနစ်တကျ စုဝေးလာကြသည်။
သူတို့၏ အကြည့်များအားလုံးက လင်းထျန်းလုံထံ ကျရောက်နေပြီး ခြွင်းချက်မရှိ ယုံကြည်အားထားမှုများဖြင့် ပြည့်နှက်နေသည်။
ထိုမျက်လုံးများကြားတွင် အသစ်မွေးဖွားလာသော၊ ပတ္တမြားကျောက်ကဲ့သို့ သွေးနီရောင် မျက်၀န်းတစ်စုံက အထူးတလည် ပေါ်လွင်နေခဲ့သည်။
သွေးမိစ္ဆာဟု အမည်ပေးထားသော ဝံပုလွေပေါက်လေးသည် သူ့မိခင်၏ ဂရုတစိုက် ကာကွယ်မှုအောက်တွင် လင်းထျန်းလုံကို မကြောက်မရွံ့ စိုက်ကြည့်နေသည်။
“ရန်သူတွေက အပြင်ဘက်မှာ ရှိနေတယ်” လင်းထျန်းလုံ၏ အကြည့်က မျက်လုံးတစ်စုံချင်းစီအပေါ် ဖြည်းညင်းစွာ ဖြတ်သန်းသွားသည်။
သူ၏ အသံမှာ ရှင်းလင်းပြတ်သားနေပြီး ငြင်းဆန်၍မရသော အငွေ့အသက်များ ပါဝင်နေသည်။ “သူတို့က အရမ်း အစွမ်းထက်တယ်၊ အများကြီးလည်းရှိတယ်၊ ပြီးတော့ ငါတို့အိမ်ကို ထိုးဖောက်ဝင်ပြီး ဖျက်ဆီးပစ်ချင်နေကြတယ်”
ဝံပုလွေပေါက်အချို့ ကြောက်ရွံ့စွာ နောက်ဆုတ်သွားသော်လည်း ပိုများသော နှင်းဝံပုလွေများ၊ အထူးသဖြင့် အရွယ်ရောက်ပြီးသော ဝံပုလွေအမများ၏ မျက်လုံးများတွင် ဒေါသနှင့် ကာကွယ်လိုစိတ် မီးတောက်များ လောင်ကျွမ်းလာခဲ့သည်။
“ဒါပေမယ့် သူတို့ကို ငါတို့ အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး” လင်းထျန်းလုံ၏အသံထဲတွင် ယုံကြည်ရလောက်သော တည်ငြိမ်မှုတစ်ခု ပါဝင်နေသည်။
“တစ်ခုတည်းသော နည်းလမ်းက သူတို့ထက် ပိုသန်မာလာဖို့ပဲ၊ ပြီးရင် အထဲကို လှမ်းလာတဲ့သူတို့ရဲ့ လက်တိုင်းကို ခုတ်ဖြတ်ပစ်ရမယ်။”
ထိုမိန့်ခွန်းထဲတွင် စိတ်ခံစားမှု ပြင်းထန်သော အော်ဟစ်သံများ မရှိ၊ အရိုးကွဲမတတ် သတ်ဖြတ်လိုသော အငွေ့အသက်နှင့် အပြည့်အဝယုံကြည်မှုသာ ရှိသည်။
အတွေးမှတစ်ဆင့် ပေးပို့လာသော ဤစကားလုံးများသည် မည်သည့် ဟိန်းဟောက်သံထက်မဆို ပိုမိုအစွမ်းထက်လေသည်။
“ဒီဟာတွေ” စိတ်ကူးတစ်ခုနှင့်အတူ အလယ်အလတ် စိတ်ထိန်းချုပ်ခြင်း ကို အသက်သွင်းလိုက်သည်။
ရေခဲပင်မသလင်း အမြောက်အမြားနှင့် ဝံပုလွေပေါက်များ၏ အုတ်မြစ်အတွက် သင့်တော်သော နူးညံ့သည့် ဂုဏ်သတ္တိရှိသည့် ဝိညာဉ်သစ်သီးအချို့ကို မမြင်ရသော လက်များဖြင့် မတင်ကာ ဝံပုလွေအမများနှင့် ဝံပုလွေပေါက်တိုင်း၏ ရှေ့တွင် တိကျညီမျှစွာ ခွဲဝေပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ယခင်က သိုလှောင်ထားသည့် အဆင့်နိမ့်သော်လည်း အသက်စွမ်းအင်အများအပြား ပါဝင်သော သာမန် မိစ္ဆာသားရဲ အသားအမြောက်အမြားကိုလည်း ထုတ်ယူလိုက်သည်။
“ဒါက မင်းတို့အတွက် အထောက်အပံ့ပဲ၊ မြန်မြန်စုပ်ယူလိုက်ကြ၊ မြန်မြန် ကြီးထွားလာကြ၊ ဝံပုလွေအသိုက်ထဲက ဝံပုလွေတိုင်း ငါတို့အိမ်ကို ကာကွယ်ဖို့၊ တိုက်ပွဲဝင်ဖို့ လိုတယ်”
“ဝူး”
“အူ”
တိုးလျသော ဝံပုလွေအူသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဘုရင်ကြီး၏ ရည်ရွယ်ချက်ကို သူတို့ ခံစားနိုင်သည်။
ဤသည်မှာ သနားညှာတာမှုကြောင့် မဟုတ်ဘဲ တာဝန်နှင့် စွမ်းအားကို ပေးအပ်ခြင်းဖြစ်သည်။ နှင်းဝံပုလွေတိုင်း ခေါင်းငုံ့ကာ သူတို့ရှေ့ရှိ အရင်းအမြစ်များကို ကြိုးစားပမ်းစား စတင်စုပ်ယူကြသည်။
ဝိညာဉ်စုစည်းမှုအလင်းစက်ဝန်း နှင့် လက်ရှိ သန္နိဋ္ဌာန်တို့ကြောင့် သူတို့၏အငွေ့အသက်များ ဖြည်းညင်းသော်လည်း ခိုင်မာစွာ စတင်မြင့်တက်လာသည်။ မျိုးနွယ်စုတစ်ခုလုံး၏ စိတ်ဓာတ်သည် နွယ်ကြိုးတစ်ချောင်းအဖြစ် ကျစ်လျစ်သွားသကဲ့သို့ ရှိသည်။
အရင်းအမြစ်များ ခွဲဝေပြီးနောက် ဝံပုလွေအသိုက်အတွင်းရှိ စွမ်းအင်လှိုင်းများမှာ သိသိသာသာ ပိုမိုတက်ကြွလာသည်။ လင်းထျန်းလုံ၏ အကြည့်က တိုတမ်မိခင်သစ်ပင်ဆီသို့ ပြန်ရောက်သွားသည်။
သူ၏ အာရုံထဲတွင် မိခင်သစ်ပင်၏ အသွင်ပြောင်းမှုသည် မမြင်ရသော အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရပုံရပြီး ၇၈ ရာခိုင်နှုန်းအရောက်တွင် စွမ်းအင်စီးဆင်းမှု အနည်းငယ် နှေးကွေးသွားသည်။
သူ၏ အသိစိတ်နေရာလွတ်အတွင်း အသက်မူလစွမ်းအင်သလင်းကျောက်နှင့်အတူ သိမ်းဆည်းထားသော အမွေဆက်ခံခြင်းသစ်ကိုင်း (ရွှေရောင် အဆင့်မြင့်) ကို သူ သတိရလိုက်သည်။
ဤအရာတွင် ရှေးဟောင်းဆန်ပြီး သန့်စင်သော အသက်စွမ်းအင်နိယာမများနှင့် အမွေအနှစ် အချက်အလက်များ ပါဝင်ပြီး အရေးအကြီးဆုံး အချိန်တွင် အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ယခုက ထိုအချိန်ပင်ဖြစ်သည်။
သူ ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ စိတ်ကူးတစ်ခုနှင့်အတူ ညှိုးနွမ်းနေပုံရသော်လည်း အထဲတွင် အဆုံးမဲ့ အသက်စွမ်းအင်နှင့် ရှေးဟောင်းစိတ်ဆန္ဒများ ပါဝင်နေသော အမွေဆက်ခံခြင်းသစ်ကိုင်းက သူ၏လက်သည်းကြားတွင် ပေါ်လာခဲ့သည်။
ထို့နောက် ၎င်းကို မိခင်သစ်ပင်၏ ပင်မအမြစ်စနစ်ဘေးတွင် ညင်သာစွာ ချထားလိုက်သည်။
ဝီ…..။
ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
တိုတမ်မိခင်သစ်ပင်၏ ပင်မပင်စည်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မကြုံစဖူး မြစိမ်းရောင် အလင်းတစ်ခုကို ထုတ်လွှတ်ကာ ဝံပုလွေအသိုက်၏ ထက်ဝက်ကျော်ကို နေ့ခင်းဘက်ပမာ လင်းထိန်သွားစေသည်။
ယခင်ကထက် များစွာ ပိုမိုခိုင်မာပြီး ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ဖြစ်နေသော နွယ်ပင်တစ်ခုသည် ကမ္ဘာအဆက်ဆက် အိပ်မောကျနေသော ဝိညာဉ်မြွေတစ်ကောင်ပမာ ရုတ်တရက်နိုးထလာသည်။
ထို့နောက် ဝမ်းမြောက်မှုနှင့် ရိုသေမှု ခံစားချက်တို့ဖြင့် သစ်ပင်ပင်စည်မှ ဆန့်ထွက်လာကာ အမွေဆက်ခံခြင်းသစ်ကိုင်းကို ခိုင်မြဲစွာ ရစ်ပတ်လိုက်သည်။
နောက်တစ်ခဏတွင် အမွေဆက်ခံခြင်းသစ်ကိုင်းသည် ရေခဲနှင့် နှင်းများပမာ အရည်ပျော်ကျသွားပြီး ရှုပ်ထွေးသော ရွှေရောင်ပုံစံများ ပါဝင်သည့် မရေတွက်နိုင်သော အစိမ်းရောင် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားသည်။
မြစ်ပေါင်းတစ်ရာလောက်က ပင်လယ်ထဲစီးဝင်သွားသည့်အလား မိခင်သစ်ပင်၏ ဧရာမခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် စီး၀င်ပေါင်းစပ်သွားသည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်သည် အမွေဆက်ခံခြင်းသစ်ကိုင်း (ရွှေရောင် အဆင့်မြင့်) ကို စုပ်ယူလိုက်ပြီး ရှေးဟောင်းအမွေအနှစ်ကိုရရှိကာ အသွင်ပြောင်းလဲခြင်း တိုးတက်မှုအရှိန် မြင့်တက်သွားပါသည်။
လက်ရှိ ပြီးစီးမှု - ၈၅ ရာခိုင်နှုန်း။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင် အဆင့် ၃၂ (ပထမ ဘုရင်အဆင့် ကနဦး) သို့ အဆင့်မြှင့်တင်သွားပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ရှေးဟောင်းသစ်ပင် ထာဝရနွေဦး (ခရမ်းရောင် အဆင့်မြင့်) သည် အသက်စွမ်းအင် စမ်းပေါက် (ရွှေရောင် အဆင့်မြင့်) သို့ အဆင့်တက်သွားပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိညာဉ်စုစည်းမှုအလင်းဝန်း (ခရမ်းရောင် အဆင့်မြင့်) အကျိုးသက်ရောက်မှု ၃၀၀% သို့ မြင့်တက်သွားပါသည်။
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည်အသစ် ဝိညာဉ်သစ်ပင်အစောင့်အရှောက် (ရွှေရောင် အလယ်အလတ်) နိုးထလာပါသည်။
စနစ်အသိပေးချက်သည် လင်းထျန်းလုံ၏ အသိစိတ်ထဲတွင် အဆက်မပြတ် ဖြတ်သန်းသွားပြီး သူ၏တည်ငြိမ်သောစိတ်နေစိတ်ထားဖြင့်ပင် ဝမ်းမြောက်မှုတစ်ခု ရင်ထဲတွင် ပေါ်လာခဲ့သည်။
သူ၏ရှေ့ရှိ မိခင်သစ်ပင်သည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် စွမ်းအင်များပိုမိုတက်ကြွလာသည်ကို သူ မြင်တွေ့ရသည်။
၎င်း၏ သစ်ခေါက်များပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သဘာဝပုံစံများ ပေါ်ထွက်လာပြီး ပြန့်ကားနေသော အရွက်များနှင့် အကိုင်းအခက်များမှာ ပိုမိုစိမ်းလန်းစိုပြေလာကာ ချွေးပေါက်များကို ပွင့်သွားစေလောက်သည့် သိပ်သည်းသော အသက်စွမ်းအင် အငွေ့အသက်များ ပါဝင်သော ကြယ်ရောင်များ ဖြန့်ကျက်နေလေသည်။
ဝံပုလွေအသိုက်အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ချက်ချင်းပင် ထပ်မံမြင့်တက်သွားပြီး ဝိညာဉ်စုစည်းမှုအလင်းဝန်း၏ ၃၀၀ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုကြောင့် နှင်းဝံပုလွေအားလုံး အလိုအလျောက် ကျေကျေနပ်နပ်ဖြင့် တိုးလျစွာ ညည်းတွားလိုက်ကြသည်။
အထင်ရှားဆုံးအပြောင်းအလဲမှာ ကြယ်တာရာအကာအကွယ် အတွင်းဘက်တွင် မယုံနိုင်လောက်အောင် ခိုင်ခံ့လွန်းသည့် စိမ်းနုရောင် စွမ်းအင်အလွှာတစ်ခု တိတ်တဆိတ် ဖြစ်တည်လာပြီး မူလအကာအကွယ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခြင်းပင်။
ဤသည်မှာ ပင်ကိုစွမ်းရည်အသစ် ဝိညာဉ်သစ်ပင်အစောင့်အရှောက်၏ အကျိုးသက်ရောက်မှုပင်။
၎င်းက ကြယ်တာရာအကာအကွယ်နေရာကို အစားထိုးခြင်းမဟုတ်ဘဲ အစွမ်းထက်သော အတွင်းအလွှာတစ်ခုအဖြစ် လုပ်ဆောင်ကာ အကာအကွယ်၏ ခံစစ်စွမ်းအားနှင့် မာကျောမှုကို ကြီးမားစွာ တိုးမြှင့်ပေးခြင်းပင်။
အထူးသဖြင့် စွမ်းအင်ရိုက်ခတ်မှုများကို ခုခံနိုင်စွမ်းတွင် အရည်အသွေးပိုင်းဆိုင်ရာအရ သိသာထင်ရှားစွာ တိုးတက်လာလေသည်။
“ဖေဖေ သစ်ပင်ကြီး... သစ်ပင်ကြီးက လင်းနေတယ်၊ အရမ်းလှတာပဲ” ရှောင်လန်က မျက်လုံးပြူးလေးဖြင့် လင်းလက်နေသော မိခင်သစ်ပင်ကြီးကို လက်ညိုးထိုးပြနေသည်။ သူမ၏မျက်နှာလေးမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ရှောင်ယင်းကလည်း အားပါးတရ ခေါင်းညိတ်လိုက်ပြီး သူမကို ဝန်းရံနေသော နွေးထွေးသည့် သက်တောင့်သက်သာရှိမှုကို ခံစားနေသည်။ “အင်း... ရေနွေးထဲစိမ်နေရသလိုပဲ၊ အရမ်းဇိမ်ကျတာပဲ”
“ဒီ အသက်စွမ်းအင်အဆင့်က... အရမ်းမြင့်လွန်းတာပဲ၊ ဒီလို အုတ်မြစ်မျိုးနဲ့ဆိုတော့ ငါတို့အသိုက်လေး မတည်မငြိမ်ဖြစ်မှာကို ဘာလို့စိုးရိမ်နေရဦးမှာလဲ”
“ဟုတ်တယ်။ ဒီအကာအကွယ် စွမ်းအားအသစ်က မူလအကာအကွယ်နဲ့ အပြည့်အ၀ပေါင်းစပ်သွားတယ်၊ ဝံပုလွေဖေဖေ ရှိနေသရွေ့၊ ပြီးတော့ အားလုံးရှိနေသရွေ့ ဒီတစ်ကြိမ်မှာလည်း သူတို့ကို သေချာပေါက် တားဆီးနိုင်မှာပါ”
ပြန်ဝင်စားလာသည့် ဧကရီနှစ်ဦးလုံး၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု၊ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ရာ မျက်၀န်းများထဲတွင် တူညီသော ဆုံးဖြတ်ချက်ကို မြင်တွေ့လိုက်ရသည်။
သူတို့၏ ယခင်ဘဝက မှတ်ဉာဏ်များသည် စည်းလုံးညီညွတ်ပြီး ပိုမိုသန်မာလာသော ဝံပုလွေအသိုက်၏ လက်ရှိအစစ်အမှန်ဘဝ အရှေ့တွင် အရေးမပါတော့သကဲ့သို့ပင်။
***