၎င်းသည် ဝါရင့်နိုင်ငံရေး ပရိယာယ်ကြွယ်ဝသူတစ်ယောက်၏ သဘာဝ ဖြစ်သည်။
အင်ပါယာနန်းရင်ပြင်တစ်ခုလုံး ရှေ့မှောက်၌ သက်သေ အထင်အရှား ရှိနေတာတောင် သူက အပြစ်ဝန်ခံဖို့ ငြင်းဆန်နေဆဲပင်။
လွတ်မြောက်နိုင်မည့် အပေါက်တွေ၊ အမှားအယွင်းတွေနှင့် သူလှည့်ဖျားလို့ရမည့် အရာမှန်သမျှကို အသည်းအသန် ရှာဖွေနေခဲ့သည်။
သို့သော် မှတ်ဉာဏ်ပုံရိပ်လွှာကြေးမုံ၏ အလွန်တရာ ရှင်းလင်းလှသည့် ပုံရိပ်တွေရှေ့မှာတော့ သူ၏စကားလုံးများသည် ဖုန်မှုန့်မျှသာ ဖြစ်သွားရသည်။
ပထမဆုံးအနေဖြင့် မြစိမ်းရောင်နေမင်းဂိုဏ်း ဖြစ်နေခြင်းပင်။
မှတ်တမ်းထဲ၌ ပိုင်ကျီဟန်သည် ဂိုဏ်းထဲကို ဗြောင်ကျကျ ဝင်သွားတာကို ပြသနေသည်။ တောင်တံခါးများ၊ တပည့်များ ၊ အကြီးအကဲများ။
သူတို့ထဲက အတော်များများသည် အစည်းအဝေးနှင့် ပြိုင်ပွဲများ၌ တက်
ရောက်လေ့ရှိသော လူသိများသည့် မျက်နှာများ ဖြစ်ကြသည်။
ထို့အပြင် စမ်းသပ်မှု လုပ်ဆောင်နေသည့် အကြီးအကဲသည်လည်း မှတ်တမ်းထဲ၌ အချက်အလက် အများကြီးကို ဖွင့်ဟပြောဆိုသွားခဲ့သည်။
သံသယဖြစ်စရာ နေရာ လုံးဝမကျန်တော့ပေ။
ဝမ်ဟောင်ယုက ဘယ်လောက်ပဲ ငြင်းဆိုဖို့ ကြိုးစားပါစေဦးတော့၊
သက်သေက အလွန်အမင်း ခိုင်လုံလွန်းနေပြီ ဖြစ်သည်။
သို့သော်လည်း
ဝမ်ဟောင်ယုကတော့ မျှော်လင့်ချက် မဲ့သွားပြီဟု မထင်သေးပေ။
သူ့ဘက်တွင် လီကျန်းဟုန်၊ ကျောက်ဝူထျန်းနှင့်ဧကရာဇ်တို့ ရှိနေသေးသည်ဟု ယူဆထားသည်။
သူသာ အပြစ်ကို မဝန်ခံဘဲ ဆက်ပြီး အံတုနေသရွေ့ အာဏာသည် အမှန်တရားအား ပြောင်းလဲပေးနိုင်လိမ့်ဦးမည်ဟူသော မျှော်လင့်ချက် အလင်းတန်းလေး ရှိနေသေးသည်။
ဝမ်ဟောင်ယုက အကြည့်ကို ဖြည်းဖြည်းချင်း လွှဲလိုက်သည်။
သူက လီကျန်းဟုန်ကို အရင်ကြည့်သည်။
ထို့နောက် ကျောက်ဝူထျန်းကို ကြည့်သည်။
နောက်ဆုံးမှာတော့
နဂါးပလ္လင်ကို ကြည့်လိုက်သည်။
သို့သော် သူမြင်လိုက်ရသည့် အရာက သူ့ သွေးများကို အေးစက်သွားစေသည်။
သူတို့သည် ယုံကြည်မှု ရှိမနေကြတော့သလို သူ့ကိုလည်း မကြည့်ရဲကြတော့ပေ။
ခေါင်းညိတ်ပြတာမျိုး ဒါမှမဟုတ် တည်ငြိမ်သည့် အရှိန်အဝါဖြင့် သူ့ကို ကာကွယ်ပေးချင်သော ပုံစံမျိုး လုံးဝမရှိတော့ပေ
လီကျန်းဟုန် မျက်နှာက တောင့်တင်းနေ၏
ကျောက်ဝူထျန်း မေးရိုးများကလည်း တင်းနေသည်။
ဧကရာဇ် မျက်နှာကတော့ ဘာကိုမှ ခန့်မှန်းမရသည့်တိုင် သူ့ မျက်လုံးတွေကတော့ ပိုပြီး အေးစက်လာခဲ့ချေသည်
ပိုဆိုးတာက
ဘေးပတ်ပတ်လည်ကနန်းရင်ပြင်တစ်ခုလုံးသည် ပိုင်ကျီဟန်အပေါ် ရှုတ်ချသော အကြည့်များ မရှိတော့ပေ။ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ချေပြီ။
ယခု ဝမ်ဟောင်ယုကို စိုက်ကြည့်နေသော အကြည့်တွေထဲ၌ ပိုပြီး အန္တရာယ်ရှိသော အရာများ ပါဝင်နေသည်။
ရွံရှာမှု။
ဒေါသ။
အထင်သေးမှု။
"မင်းက ဒီလို ယုတ်မာတဲ့ အပြစ်မျိုးကို ကျူးလွန်ရဲပြီးတော့မှ ကျူးကျော်ခံရတဲ့အခါမှာ လာပြီး တိုင်တောရဲသေးတယ်ပေါ့လေ?"
သူတို့ မျက်နှာထားများသည် ထိုအတိုင်း ပြောနေကြသလိုပင်။
အမတ်အချို့က သူ့ကို ရပ်နေသည့် နေရာမှာတင် သတ်ပစ်ချင်သည့် ပုံစံမျိုး ဖြစ်နေကြသည်။
ဂိုဏ်းချုပ်အချို့ကလည်း အညစ်အကြေးတစ်ခုကို ကြည့်သလို ကြည့်နေကြသည်။
ယခင်က မြစိမ်းရောင်နေမင်း ဂိုဏ်းအား ထောက်ခံခဲ့သူများတောင် သူ့နားကနေ ခပ်ခွာခွာ နေကြသည်။ အနားမှာ ရှိနေရုံဖြင့်တင် သူတို့ပါ အညစ်အကြေး စွန်းပေတော့မည့်အလား သူတို့ ကိုယ်နေဟန်ထားများကို သိမ်သိမ်မွေ့မွေ့ ပြောင်းလဲလိုက်ကြသည်။
တကယ်တော့
ဝမ်ဟောင်ယု ဘာကို တွေးနေသည်ကို မည်သူမှ နားမလည်နိုင်ကြတော့ပေ။
သူက လွတ်မြောက်ခဲ့တာပင်။
အသက်ရှင်ကျန်ရစ်ခဲ့တာပင်။
အကယ်၍ သူသာ ထွက်ပြေးပြီး ပုန်းနေမည်ဆိုလျှင် ဖမ်းမိမှာ မဟုတ်ပေ
ယင်းအစား
သူသည် အင်ပါယာနန်းရင်ပြင်ကို ပြန်လာပြီး ပိုင်မျိုးနွယ်စုအား သူကပဲ နစ်နာသူတစ်ယောက်အဖြစ် လာပြီး စွပ်စွဲနေသေးသည်။
သူကပဲ ဘာမှမသိသည့် အပြစ်မဲ့သူ တစ်ယောက်လိုမျိုး။
အခုတော့
သူရင်ဆိုင်ရမှာသည် ပိုင်မျိုးနွယ်စု တစ်ခုတည်း မဟုတ်တော့ပေ
မျိုးနွယ်စုတိုင်း၊
ဂိုဏ်းတိုင်းနှင့်
အင်ပါယာ တစ်ခုလုံးကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ခန်းမဆောင်ကြီးအတွင်းမှ လေထုသည် ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့ချေပြီ။
လွန်ခဲ့သော မိနစ်ပိုင်းကတင် ပိုင်ကျီဟန်သည် ရာနဲ့ချီသော ရှုတ်ချသည့် အကြည့်များအောက်၌ တစ်ယောက်တည်း ရပ်တည်ခဲ့ရသည်။
ဝမ်ဟောင်ယုသည် လူတိုင်းနဲ့ ဝေးကွာပြီး တစ်ယောက်တည်း ဖြစ်နေချေပြီ။
သူလည်း ၎င်းကို ခံစားမိသည်။
ခန်းမဆောင်အတွင်းက ဝိညာဉ်စွမ်းအင် လှိုင်းများသည် ဦးတည်ချက် ပြောင်းသွားခဲ့ပြီ။
ထိုစွမ်းအင်များသည် ပိုင်ကျီဟန်ဆီကို ဦးတည်မနေတော့ပေ
သူ့ဆီကိုသာ ဖိအားပေးနေကြသည်။
အကယ်၍ သူသာ ရှင်းပြချက်တစ်ခု မပေးနိုင်ပါက
သူသာ ကံကြမ္မာကို နောက်ဆုံးတစ်ကြိမ် မလှည့်စားနိုင်ပါက
၎င်းသည် သေခြင်းတရားပဲ ဖြစ်လိမ့်မည်။
သူ့ရဲ့ နားထင်ကနေ ချွေးစက်တစ်ခု ဖြည်းဖြည်းချင်း စီးကျလာသည်။
စစ်ဆေးမှု စတင်ကတည်းက
ပထမဆုံးအကြိမ်အဖြစ် ဝမ်ဟောင်ယု ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ထို့အပြင်
ကြမ်းပြင်ပေါ်တွင် ကုလားထိုင်တစ်လုံး ပြင်းထန်စွာ ပွတ်တိုက်သွားသည့်အသံ ထွက်ပေါ်လာသည်။
ချူရှင်း မတ်တပ်ရပ်လိုက်ပြီဖြစ်သည်။
ပုံမှန်အားဖြင့် ယဉ်ကျေးသိမ်မွေ့လှသော ချူမျိုးနွယ်စု၏ အကြီးအကဲဖြစ်သူသည် ယခုအခါတွင်မူ နိုင်ငံရေးအရ ထိန်းချုပ်မှု လုံးဝမရှိတော့ပေ။
သူ၏ ဝိညာဉ်အရှိန်အဝါများသည် အပြင်သို့ တိုးထွက်လာပြီး ဝမ်ဟောင်ယုကို တောင်တစ်လုံးကဲ့သို့ ဖိနှိပ်ထားတော့သည်။
"ဝမ်ဟောင်ယု”
သူ၏အသံက ခန်းမဆောင်တစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
"မင်းမှာ ပိုင်မျိုးနွယ်စုကို စွပ်စွဲဖို့ ဘယ်လိုသတ္တိမျိုး ရှိနေတာလဲ?"
စကားလုံးတစ်လုံးချင်းစီက တူနှင့်ထုလိုက်သကဲ့သို့ ပြတ်သားလွန်းလှသည်။
"မင်းက ကလေးတွေအပေါ် စမ်းသပ်မှုတွေလုပ်တဲ့ ဒီလိုယုတ်မာတဲ့လုပ်ရပ်တွေကို လုပ်ခဲ့ပြီးတော့မှ... အခုထိ ဒီမှာ မတရားခံရသလိုမျိုး ဟန်ဆောင်ရပ်နေရဲသေးတယ်ပေါ့လေ?"
သူ၏မျက်လုံးများက ဒေါသကြောင့် တောက်လောင်နေသည်။
"မင်းရဲ့ အသိတရားတွေကို ခွေးစားသွားပြီလား?"
တစ်ခန်းမလုံးမှ လူများ အသက်ရှူမှားသွားကြသည်။
ဤကဲ့သို့ ကြမ်းတမ်းသော စကားလုံးများကို အင်ပါယာနန်းရင်ပြင်တွင် ကြားရခဲလှသည်။
သို့သော် မည်သူမျှ သူ့ကို မတားဆီးကြပေ။
အမှန်တကယ်တွင်မူ
လူအများအပြားက တိတ်တဆိတ် ထောက်ခံနေကြခြင်းဖြစ်သည်။
"ခွေးစားသွားတာပဲ ကောင်းပါတယ်" ဟု ချူရှင်းက အေးစက်စွာ ဆက်ပြောသည်။ “အသိတရားမရှိတဲ့သူပဲ မင်းလုပ်ခဲ့တဲ့ အလုပ်မျိုးကို လုပ်နိုင်မှာပဲ။"
ဝမ်ဟောင်ယု၏ နှုတ်ခမ်းများ တုန်ရီနေသည်။
"ငါ... ငါ ဒါတွေကို မသိခဲ့-"
"ပါးစပ်ပိတ်ထား”
အော်ဟစ်သံက ဓားတစ်လက်ကဲ့သို့ သူ၏စကားကို ဖြတ်တောက်ပစ်လိုက်သည်။
"မင်းက မသိဘူးလို့ ပြောရဲသေးတာလား? မင်းက မြစိမ်းရောင်နေမင်း ဂိုဏ်းရဲ့ ဂိုဏ်းချုပ်
လေ၊ မင်းရဲ့ဂိုဏ်းမြေအောက်မှာရှိတဲ့ လျှို့ဝှက်စမ်းသပ်ခန်းတွေအကြောင်းကို မသိဘူးလို့ ငါတို့ကို လာပြောနေတာလား?"
သူ၏လေသံထဲတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်နေသည်။
"မင်းက ငါတို့ကို အရူးအောက်မေ့နေတာလား?"
ယခင်က တိတ်ဆိတ်နေခဲ့သော ပိုင်မျိုးနွယ်စုနှင့် မဟာမိတ်ပြုထားသည့် တခြားမျိုးနွယ်စုခေါင်းဆောင်များကသည်လည်း ယခုအခါတွင် သူတို့၏ သဘောထားများကို ထုတ်ဖော်လာကြတော့သည်။
"အရှင်မင်းကြီး... အကယ်၍ ဒီမှတ်တမ်းကသာ အစစ်အမှန်ဖြစ်နေရင် ဒါက သာမန်ပြစ်မှုတစ်ခု မဟုတ်ပါဘူး။"
"ကလေးတွေကို ပြန်ပေးဆွဲတာ၊ တားမြစ်ထားတဲ့ စမ်းသပ်မှုတွေလုပ်တာ... ဒီလိုရာဇဝတ်မှုမျိုးက အင်ပါယာရဲ့ အခြေခံအုတ်မြစ်ကိုတောင် လှုပ်ခါသွားစေနိုင်ပါတယ်။"
"အကယ်၍ ဒီကိစ္စကို သာမန်ပြစ်ဒဏ်လောက်နဲ့ပဲ လွှတ်ပေးလိုက်မယ်ဆိုရင် ဒါက ဘယ်လိုသတင်းစကားမျိုး ဖြစ်သွားမလဲ?"
"ကျွန်တော်မျိုးတို့ ဒါကို သေချာစုံစမ်းပြီး မြစိမ်းရောင်နေမင်းဂိုဏ်းကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရပါမယ်။
ထောက်ခံသည့် တီးတိုးသံများက လျင်မြန်စွာ ပျံ့နှံ့သွားသည်
ယခုအခါ အခြေအနေမှာ ပြောင်းလဲ၍မရတော့ပေ။
"မြစိမ်းရောင်နေမင်းဂိုဏ်းက ဒီအတွက် အပြည့်အဝ တာဝန်ယူရမယ်။ တာဝန်ရှိသူအားလုံး သေဒဏ်ပေးခံရသင့်တယ်။"
"သေဒဏ်”
"သေဒဏ် စီရင်”
တစ်ချိန်က ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ခဲ့သော ခန်းမဆောင်ကြီးသည် ယခုအခါတွင်မူ
မြစိမ်းရောင် နေမင်းဂိုဏ်းအပေါ် ရှုတ်ချသံများဖြင့် ဟိန်းထွက်နေတော့သည်။
"ပြီးတော့ ပိုင်ကျီဟန်ကတော့”
အားလုံး၏ အကြည့်များသည် နဂါးပလ္လင်အောက်တွင် တည်ငြိမ်စွာ ရပ်နေသော လူငယ်လေးထံသို့ အလိုလို ရောက်ရှိသွားကြသည်။
"သူ့ကို အပြစ်မပေးသင့်ပါဘူး။ သူ့ကို ဆုလာဘ်တောင် ပေးသင့်ပါတယ်။ သူက အင်ပါယာအတွင်းမှာ ပုပ်ပွနေတဲ့ အစိတ်အပိုင်းတစ်ခုကို ဖော်ထုတ်ပေးခဲ့တာပဲ။"
နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးကလည်း ခိုင်မာစွာ ပြောလိုက်သည်။
"သူသာ မရှိခဲ့ရင် ကလေးဘယ်နှစ်ယောက်လောက် ထပ်ပြီး ပျောက်ဆုံးသွားဦးမှာလဲ?"
"အင်ပါယာနန်းရင်ပြင်ကတောင် ရှာမတွေ့ခဲ့တာကို သူက လုပ်ဆောင်ပေးခဲ့တာပဲ။"
ထိုစကား၏ အဓိပ္ပာယ်မှာ အန္တရာယ်ရှိသော်လည်း
ငြင်း၍မရသော အမှန်တရားဖြစ်သည်။
"တစ်ခုခုပြောရမယ်ဆိုရင်..." အကြီးအကဲက ဆက်ပြောသည်။ "...ပိုင်မျိုးနွယ်စုက အင်ပါယာအတွက် အကျိုးပြုခဲ့တာပဲ ဖြစ်ပါတယ်။"
ထောက်ခံသည့် ခေါင်းညိတ်မှုများ နောက်ဆက်တွဲ ထွက်ပေါ်လာသည်။
ယခင်က ကျောက်မျိုးနွယ်စုနှင့် လီမျိုးနွယ်စုကို ထောက်ခံခဲ့သူအချို့ပင် ယခုအခါ ကြားနေအနေအထားသို့ ဂရုတစိုက် ပြောင်းလဲလိုက်ကြသည်။
ပြည်သူ့ဆန္ဒက လုံးဝဥဿုံ ပြောင်းပြန်လှန်သွားခဲ့ချေပြီ။
လွန်ခဲ့သော မိနစ်ပိုင်းက
ပိုင်ကျီဟန်သည် စီရင်ချက်ကို စောင့်ဆိုင်းနေရသော ရာဇဝတ်ကောင်အဖြစ် ရပ်တည်ခဲ့ရသည်။
ယခုမူ
သူသည် သူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်သည်။
ဝမ်ဟောင်ယုသည် ဤအခြေအနေပြောင်းလဲမှုကို သူ၏လည်ပင်းပေါ်သို့ ဓားတစ်လက် တင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ခန်းမဆောင်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ဝေခွဲမရသည့် အခြေအနေမဟုတ်တော့ပေ
သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်နေတော့သည်။
သူ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
"ဒါတွေက မဟုတ်မတရား စွပ်စွဲချက်တွေပဲ၊ လိမ်ညာတာ... မှတ်တမ်းတစ်ခုတည်းနဲ့ ဂိုဏ်းတစ်ခုလုံးကို မင်းတို့ ပြစ်ဒဏ်မပေးနိုင်ဘူး”
သို့သော် သူ၏အသံတွင် အားအင်များ
မရှိတော့ပေ။
ယုံကြည်ချက်လည်း မရှိတော့ပေ။
ထိုအသံသည်
သေးသိမ်လွန်းလှသည်။
မျှော်လင့်ချက် ကင်းမဲ့နေသည်။ အားလုံးထက် ပိုသည်မှာ တစ်ယောက်တည်း ဖြစ်နေခြင်းပင်
***