ခန်းမတစ်ဖက်တွင်
လီကျန်းဟုန်၏ လက်ချောင်းများသည် ဝတ်စုံလက်အင်္ကျီအတွင်း၌ မသိမသာ တင်းကျပ်သွားသည်။
(ငတုံး)
ထိုစကားလုံးသည် သူ၏စိတ်ထဲတွင် ပြတ်သားစွာ ပဲ့တင်ထပ်သွားသည်။
သူကတော့ ဤအခြေအနေကို ပိုင်မျိုးနွယ်စုအား အမြစ်ဖြတ်ချေမှုန်းရန် အခွင့်ကောင်းဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
အရာအားလုံးက အစီအစဉ်တကျ ရှိနေခဲ့သည်
ထိုကြေးမုံ လင်းလက်မလာခင်အထိပေါ့
ရှင်းလင်းပြတ်သားလွန်းသော ထိုသက်သေအထောက် အထားများက တစ်နန်းတော်လုံးရှေ့တွင် ပေါ်ထွက်လာသည့်နောက် သူသာ ဝမ်ဟောင်ယုဘက်မှ ဆက်လက်ရပ်တည်ပေးနေမည်ဆိုပါက သူ့အပေါ်တွင်လည်း သံသယများ ကျရောက်လာပေတော့မည်။
ကလေးငယ်များကို ပြန်ပေးဆွဲပြီး စမ်းသပ်မှုများ ပြုလုပ်ခြင်းသည် ကြီးမားသော ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည့်ကိစ္စဖြစ်သည်။
အကယ်၍ သူသာ ယခုအချိန်တွင် ဝမ်ဟောင်ယုဘက်က ကာကွယ်ပြောဆိုပေးနေမည်ဆိုပါက
လီမျိုးနွယ်စုသည်လည်း ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု လူအများက သံသယဝင်ကြလိမ့်မည်။
လီကျန်းဟုန်သည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။
ပိုင်မျိုးနွယ်စုကို ဖြိုလဲပစ်ရန် အခွင့်အရေးက ဆွဲဆောင်မှုရှိသော်လည်း
ဤအမှန်တရားများ ပေါ်ထွက်လာပြီးနောက်တွင်
ဝမ်ဟောင်ယုကို ဆက်လက်ထောက်ခံနေခြင်းမှာ ဆိုးရွားရုံသာမက အလွန်အမင်း မိုက်မဲရာကျပေလိမ့်မည်။
ကျောက်ဝူထျန်း၏ အတွေးများကလည်း ထပ်တူနီးပါးပင်။
ဝမ်ဟောင်ယုကို ကူညီနေခြင်းမှာ အကျိုးမရှိတော့သလို၊ ကူညီရန် ကြိုးစားခြင်းသည် မိမိကိုယ်ကို သင်္ချိုင်ူကျင်းတူးခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။
နန်းတော်အတွင်းရှိ လူအများ၏ သဘောထားမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
အကျင့်စာရိတ္တပိုင်းဆိုင်ရာ အသာစီးရမှုမှာ ပိုင်ကျီဟန်ခြေဖဝါးအောက်တွင် ခိုင်ခိုင်မာမာ တည်ရှိနေပြီ ဖြစ်သည်။
ဤနေရာတွင် သူ့ကို ဆန့်ကျင်ခြင်းသည်
လူထု၏ ဖြောင့်မတ်မှန်ကန်မှုကို ဆန့်ကျင်ခြင်းပင် ဖြစ်ပေလိမ့်မည်။
ကျောက်ဝူထျန်း၏ မေးရိုးများ အနည်းငယ် တင်းသွားသည်။
ဝမ်ဟောင်ယု ပြီးသွားချေပြီ။
သူ့ကို ကယ်တင်ရန် နည်းလမ်းမရှိတော့ပေ
ဤအခြေအနေကို ပြောင်းပြန်လှန်ရန်လည်း မဖြစ်နိုင်တော့ချေ။
တစ်ခုတည်းသော ဆင်ခြင်တုံတရားရှိသော လမ်းစမှာ
သူ့ထံမှ အစအနမကျန်အောင် အဝေးသို့ ခွာလိုက်ခြင်းပင်။
ထိုအချိန်တွင်
ခန်းမ၏ အလယ်ဗဟို၌
ဝမ်ဟောင်ယုသည် စကားများ ပြောနေဆဲပင်။
မရှိတော့သော မျှော်လင့်ချက်အမျှင်တန်းလေးများကို ဆုပ်ကိုင်ရန် ကြိုးစားနေဆဲသာ
"ဒီမှတ်တမ်းက တစ်ခုခု ပြုပြင်ထားတာ ဖြစ်ရမယ်”
"ဒီကလေးတွေကို ပိုင်မျိုးနွယ်စုကပဲ အကွက်ဆင်ပြီး ထားခဲ့တာ ဖြစ်နိုင်တယ်”
"ဒါက ပူးပေါင်းကြံစည်မှုပဲ”
သို့သော် မည်သူမျှ တုံ့ပြန်ခြင်း မရှိပေ။
မည်သူကမျှ သူ့ကို ကျောထောက်နောက်ခံ မပြုကြတော့ချေ။
သူတစ်ချိန်က စိုးမိုးခဲ့သော တိတ်ဆိတ်ခြင်းသည် ယခုအခါ သူ့ကို ဝါးမြိုရန် ပြန်လည်ရောက်ရှိလာသည်။
လီကျန်းဟုန်ပင်လျှင် သူ့ကို မကြည့်တော့ပေ။
ကျောက်ဝူထျန်းမှာလည်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေသည်။
ဧကရာဇ်မင်းမြတ်မှာမူ
နဂါးပလ္လင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော်လည်း
သူ၏ ခန့်မှန်းရခက်သော မျက်နှာပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားသည်။
ထိုစိတ်ပျက်မှုသည် ဝမ်ဟောင်ယုအတွက် မဟုတ်ပေ
အခြေအနေအရပ်ရပ်ကြောင့် ဖြစ်သည်။
ဤအခြေအနေမှာ ပိုင်ကျီဟန်၏ ကြီးထွားလာသော သြဇာအာဏာကို ထိန်းချုပ်ရန်နှင့်
ပိုင်မျိုးနွယ်စုကို အင်ပါယာ၏ အာဏာအောက်တွင် ရှိကြောင်း သတိပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော်
အစားထိုး၍မရသော အင်ပါယာ၏ နှာခေါင်းအောက်ရှိ ပုပ်သိုးနေမှုများကို ဖော်ထုတ်ပြသလိုက်သည့် မြင်ကွင်းကြီး ဖြစ်သွားခဲ့သည်။
ပိုင်မျိုးနွယ်စုမှာမူ ထိုပုပ်သိုးမှုများကို ဖော်ထုတ်ပေးသည့် သူရဲကောင်းများအဖြစ် ကြည်ညိုခံရတော့မည် ဖြစ်သည်။
လူတိုင်း မြင်တွေ့ခဲ့ရပြီ။
နန်းတော်ရှိလူများ မြင်တွေ့ခဲ့ရချေပြီ။
ဂိုဏ်းချုပ်များလည်း မြင်တွေ့ခဲ့ရပြီ။
အကယ်၍ သူသာ ဤကိစ္စကို ဖိနှိပ်ရန် ကြိုးစားမည်ဆိုပါက
ဧကရာဇ်တစ်ပါး ဖြစ်သော်ငြားလည်း သူ၏ ဆုံးဖြတ်ချက်အပေါ် လူအများက မေးခွန်းထုတ်ကြလိမ့်မည်။
ဖြည်းညှင်းစွာပင်
ဧကရာဇ်မင်းမြတ်က လက်ကို မြှောက်လိုက်
သည်။
ခန်းမကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
သူ၏ အေးစက်သော အကြည့်များက ဝမ်ဟောင်ယုထံသို့ ကျရောက်လာသည်။
"ဝမ်ဟောင်ယု” ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ အသံနေအသံထားသည် အလွန်လေးနက်လှသည်။
"ဒီနေ့ တင်ပြလာတဲ့ သက်သေတွေက တော်တော်လေးကို ကြီးလေးပါတယ်”
“ မင်းက ဒီနန်းတော်ကို လိမ်လည်လှည့်ဖျားရုံတင်မကဘဲ အင်ပါယာရဲ့ အုတ်မြစ်ကို တုန်ခါစေတဲ့ ရာဇ၀တ်မှုတွေကို ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီ။”
“ဒါကို ရှင်းပြစမ်း”
ဝမ်ဟောင်ယု ဒူးများ တုန်ယင်လာသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး..."
သူ ဘာပြောနိုင်မည်နည်း။
"မင်းအနေနဲ့ ကျေနပ်လောက်တဲ့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် မြစိမ်းရောင်နေမင်းဂိုဏ်းက အင်ပါယာရဲ့ အမိန့်တော်အရ ဖျက်သိမ်းခံရပြီး အပြစ်ပေးခံရလိမ့်မယ်။
ရပ်တန့်သွား၏
“ပြီးတော့ မင်းကလည်း အင်ပါယာဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ်"
ဝမ်ဟောင်ယု၏ မျက်နှာတွင် သွေးစမရှိတော့ဘဲ ဖြူလျော်သွားသည်။
အမြင့်ဆုံးပြစ်ဒဏ်?
ထိုအရာမှာ ကွပ်မျက်ခံရခြင်းကို ဆိုလိုခြင်းဖြစ်သည်။
သူ၏ အတွေးများ ရူးသွပ်မတတ် လည်ပတ်နေသည်။
သူ ဝန်ခံ၍ မဖြစ်။ချေ။
ယုတ္တိတန်တန်လည်း ငြင်းဆို၍ မရနိုင်ပေ။
သက်သေများကိုလည်း ပြောင်းပြန်လှန်၍ မရတော့ပေ။
သို့သော် သူ အသက်ရှင်ရမည်။
အနည်းဆုံးတော့
ထိုရာဇ၀တ်မှုမှ သူ့ကိုယ်သူ သီးသန့်ခွဲထုတ်ရမည်။
ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ထိတ်လန့်မှု၊
ထို့နောက် ဒေါသထွက်မှု၊
ထို့နောက် ဝမ်းနည်းကြေကွဲမှု။
"အရှင်မင်းကြီး” သူသည် အက်ရှသောအသံဖြင့် အော်ဟစ်လိုက်သည်။ "ကျွန်တော်မျိုး... ကျွန်တော်မျိုး ဒါတွေကို လုံးဝမသိခဲ့ပါဘူး”
“ကျွန်တော်မျိုးရဲ့ ကျင့်စဉ်လမ်းကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်— ကျွန်တော်မျိုး တကယ်မသိခဲ့တာပါ”
သူ ဒူးတစ်ဖက် ထောက်လိုက်သည်။
"အကယ်၍ မြစိမ်းရောင်နေမင်းဂိုဏ်းထဲမှာ ဒီလို ရက်စက်မှုတွေ တကယ်ရှိနေခဲ့တယ်ဆိုရင်... ကျွန်တော်မျိုးက လှည့်ဖျားခံလိုက်ရ
တာပါပဲ”
သူ၏ အသံထဲတွင် တုန်ယင်မှုများ ပါလာသည်။
"ဒါက မဟာအကြီးအကဲ ဒါမှမဟုတ် တခြားအကြီးအကဲအချို့က သူတို့ရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး တိတ်တဆိတ် လုပ်ခဲ့တာ ဖြစ်ရမယ်”
သူ့လက်သီးကို ပြင်းစွာဆုပ်လေ၏
“ကျွန်တော်မျိုးကိုယ်တိုင် စုံစမ်းစစ်ဆေးပါ့မယ်။ ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေပြီး အင်ပါယာနန်းတော်ကို အပ်နှံပါ့မယ်”
သူသည် ခေါင်းကို အောက်သို့ နိမ့်ချလိုက်သည်။
"အကယ်၍ ကျွန်တော်မျိုးရဲ့ ဂိုဏ်းထဲမှာ သစ္စာဖောက်တွေ ရှိနေမယ်ဆိုရင်... ကျွန်တော်မျိုးကိုယ်တိုင် သူတို့ကို ရှင်းလင်းပါ့မယ်”
ခန်းမအတွင်းတွင် မသင်္ကာဖွယ်တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။
လူအများစုသည် ဝမ်ဟောင်ယု၏ ဗြောင်ကျကျ အပြစ်လွှဲချနေမှုကို လှောင်ပြောင်ချင်စိတ် ပေါက်နေကြသည်။
ပုံမှန်အခြေအနေမျိုးတွင်ဆိုလျှင်
ဂိုဏ်းချုပ်တစ်ယောက်သည် မိမိနယ်မြေအတွင်းရှိ မြေအောက်ခန်းမများကို မသိပါဟု ပြောဆိုခြင်းမှာ ရယ်စရာပင်။
ဤတစ်ကြိမ်တွင်မူ
ဧကရာဇ်မင်းမြတ်သည် သူ့ကို ချက်ချင်း ပြစ်တင်ရှုတ်ချခြင်း မပြုပေ
ယင်းအစား
တိတ်ဆိတ်သွားခဲ့သည်။
သူ၏ အကြည့်များသည် ဘာကိုမှ ခန့်မှန်း၍မရအောင် တည်ငြိမ်နေဆဲပင်။
ထိုတည်ငြိမ်သော မျက်နှာအမူအရာ၏ နောက်ကွယ်တွင် အတွက်အချက်များက လျင်မြန်စွာ ရွေ့လျားနေသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းသည် သေးငယ်သော ဂိုဏ်းမဟုတ်ပေ။
၎င်းသည် လီ-ကျောက် မဟာမိတ်အုပ်စုအတွင်းရှိ အဓိက ဒေါက်တိုင်ကြီးတစ်ခုလည်း ဖြစ်သည်။
အကယ်၍ ၎င်းသာ အပြီးအပိုင် ပြိုလဲသွားပါက
အုပ်စုများကြားရှိ အင်အားချိန်ခွင်လျှာသည် ယိမ်းယိုင်သွားပေလိမ့်မည်။
ထိုအခါ မည်သူက အကျိုးအမြတ် အများဆုံး ရရှိမည်နည်း။
ပိုင်မျိုးနွယ်စုပင် ဖြစ်သည်။ ယနေ့ဖြစ်ရပ်များပြီးနောက် ပိုင်ကျီဟန်၏ ဂုဏ်သတင်းမှာ အရှိန်အဟုန်ဖြင့် တက်လာခဲ့မည်သာ
အကယ်၍ မြစိမ်းရောင်နေမင်းဂိုဏ်းသာ လုံးဝအဖျက်ဆီးခံလိုက်ရပါက
လီ-ကျောက် မဟာမိတ်အဖွဲ့မှာ သိသိသာသာ အားနည်းသွားပေလိမ့်မည်။
ဧကရာဇ်အနေဖြင့် မည်သည့်အင်အားစုကိုမျှ အထိန်းအကွပ်မဲ့ ကြီးထွားလာခွင့် မပေးနိုင်ချေ။
သူသည် ခေါင်းကို အနည်းငယ် ညိတ်လိုက်
"ကောင်းပြီ”
နန်းတော်တစ်ခုလုံး ဇဝေဇဝါဖြစ်မှုများဖြင့် လှုပ်ခတ်သွားသည်။
ဧကရာဇ်သည် တကယ်ပဲ ဤမျှအထိ မိုက်မဲနေသလော။
ဝမ်ဟောင်ယုသည် အဓိက တရားခံဖြစ်သည်မှာ သေချာနေပါလျက် ယခု ဧကရာဇ်သည် ထိုရာဇ၀တ်ကောင်ကိုပင် သူ၏ ရာဇ၀တ်မှုကို ပြန်လည်စုံစမ်းခိုင်းနေသည်လော။
အခြားတစ်ဖက်တွင်မူ ဝမ်ဟောင်ယုသည် ပထမတွင် အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
ဧကရာဇ်၏ ဘက်တော်သားဖြစ်ရခြင်းမှာ အမှန်တကယ်ပင် အကျိုးရှိလှသည်ဟု သူခံစားလိုက်ရသည်။
ဤမျှကြီးလေးသော ရာဇ၀တ်မှု ကျူးလွန်နေသည်ကို မိသွားသည့်တိုင်အောင် သူသည် လွတ်လမ်းရှာနိုင်ခဲ့သေးသည်။
လူအများက မေးခွန်းထုတ်ကြမည်ကို သိသော်လည်း ဧကရာဇ်က ဘာကြောင့် ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချရသည်ကို ဝမ်ဟောင်ယု ကောင်းကောင်းသိသည်။
အဆုံးသတ်တွင်တော့ တရားမျှတမှုထက် အာဏာကသာ အရေးကြီးသည်မဟုတ်ပါလား။
အကယ်၍ သူနှင့် မြစိမ်းရောင်နေမင်းဂိုဏ်းသာ ဖျက်သိမ်းခံလိုက်ရပါက ၎င်းသည် ရန်သူများကို ကူညီပေးရာသာ ရောက်ပေလိမ့်မည်။
"မင်းကို စုံစမ်းစစ်ဆေးဖို့ အချိန်ကာလတစ်ခု ပေးမယ်။"
စုဝေးနေသော ခေါင်းဆောင်များကြားတွင် လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားသည်။
"အကယ်၍ မင်းမသိဘဲ အချို့ အကြီးအကဲတွေက လုပ်ဆောင်ခဲ့တာလို့ သက်သေပြနိုင်ပြီး ပြစ်မှုကျူးလွန်သူတွေကို နန်းတော်ရှေ့ကို ခေါ်ဆောင်လာနိုင်မယ်ဆိုရင်—"
ဧကရာဇ်၏ မျက်လုံးများက ထက်ရှသွားသည်။ " ဒါဆိုရင် မင်းကို သက်ညှာဖို့ စဉ်းစားပေးမယ်။"
ဝမ်ဟောင်ယုသည် ချက်ချင်းပင် ဦးတိုက်လိုက်သည်။
"ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုး အရှုံးမပေးစေရပါဘူး။ အဲ့ဒီတရားခံတွေကို အရောက်ဖမ်းဆီးခဲ့ပါ့မယ်”
လီကျန်းဟုန်၏ အကြည့်များက မသိမသာ ဝင်းလက်သွားသည်။
ကျောက်ဝူထျန်း၏ ပုခုံးများလည်း အနည်းငယ် လျော့ကျသွားသည်။
ဤသည်မှာ သူတို့အတွက် ကောင်းသော အချက်ပင်။
မြစိမ်းရောင်နေမင်းဂိုဏ်းအနေဖြင့် အနစ်နာခံမည့် အပိုင်းအစအချို့ဆုံးရှုံးရနိုင်၏
သို့သော်လည်း ဂိုဏ်းကိုယ်တိုင်ကမူ ဆက်လက် ရှင်သန်နိုင်ပေလိမ့်မည်။
အပြစ်ပုံချမည့်သူ ရှာရန်မှာ လွယ်ကူကြောင်း သူတို့ သိကြသည်။ သူတို့၏ မူလရည်မှန်းချက် မအောင်မြင်သည့်တိုင် သူတို့၏ မဟာမိတ်အဖွဲ့ မပြိုကွဲလျှင်ပင် လုံလောက်လှပြီ။
"အရှင်မင်းကြီး”
ချူရှင်းသည် ဤကိစ္စကို ထိုအတိုင်း လွှတ်ထားရန် အစီအစဉ်မရှိပေ။ သို့သော် သူ ကန့်ကွက်စကား မပြောနိုင်ခင်မှာပင် ဧကရာဇ်က လက်မြှောက်ကာ တားလိုက်သည်။
"မင်းရဲ့ စိုးရိမ်မှုကို ငါသိပါတယ်။ ဒါပေမဲ့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ငါတို့ အပြည့်အဝ မသေချာသေးဘူး။ ဝမ်ဟောင်ယုက မြစိမ်းရောင်နေမင်းဂိုဏ်းအကြောင်း ကောင်းကောင်းသိတဲ့အတွက် ပါဝင်ပတ်သက်နေသူတွေကို သူပဲ ရှာနိုင်လိမ့်မယ်။"
ဧကရာဇ်က ဆက်ပြောသည်။
"ငါတို့တွေ အပြစ်မရှိသူတွေကိုလည်း အပြစ်မပေးသင့်ဘူး။ ဝမ်ဟောင်ယုကို ဒုတိယအကြိမ် အခွင့်အရေး ပေးတာဟာ သူ့အတွက် နောင်တရဖို့ အခွင့်အလမ်း တစ်ခုပါပဲ။"
ဧကရာဇ်က ဆုံးဖြတ်ချက် ချပြီးပြီဖြစ်ကြောင်း မြင်သောအခါ အခြားသူများက အသံမထွက်ရဲကြတော့ပေ။
နန်းတော်၏ အလယ်ဗဟိုတွင်မူ ပိုင်ကျီဟန်သည် သူ၏ ရယ်သံကို အောင့်ထားသော်လည်း နောက်ဆုံးတွင်တော့ မထိန်းနိုင်တော့ချေ။
"ဟားဟားဟား..."
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် တစ်ဦးတည်းသောသူက ဟက်ဟက်ပက်ပက် ရယ်မောနေပြီး ၎င်းမှာ ဧကရာဇ်၏ ရှေ့မှောက်တွင်ပင် ဖြစ်သည်။
ဧကရာဇ်ကတော့ ထိုအရာကို လုံးဝမနှစ်သက်ပေ။
"ပိုင်ကျီဟန်၊ မင်း ငါ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြောစရာရှိလို့လား?"
ဧကရာဇ်က တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။"သေချာတာပေါ့၊ ဧက္ကရာဇ်ရဲ့ ဒီလို မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူက သဘောတူမှာလဲ?"
ပိုင်ကျီဟန်သည် လူအများရှေ့တွင် ဧကရာဇ်ကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင်။
"ပိုင်ကျီဟန်၊ မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ” “ပါးစပ်ကို ဆင်ခြင်စမ်း”
“ပိုင်ကျီဟန်၊ ချက်ချင်း တောင်းပန်စမ်း”
အမတ်အချို့သည် ဒေါသတကြီးဖြင့် ထရပ်ကြသည်။ ဧကရာဇ်က မှားယွင်းသော ဆုံးဖြတ်ချက် ချခဲ့သည့်တိုင် ပိုင်ကျီဟန်ကဲ့သို့ လူငယ်တစ်ယောက်က လူပုံအလယ်တွင် စော်ကားရမည့် အချိန်မဟုတ်ပေ။
သို့သော် ပိုင်ကျီဟန်ကတော့ သူတို့ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်။
ဧကရာဇ်သည် မျက်မှောင်ကြုတ်ထားပြီး ဒေါသကြောင့် သိသိသာသာ တုန်ရင်နေသည်။
သူ၏ အင်ပါယာအတွင်း၌ လူငယ်တစ်ယောက်၏ စော်ကားမှုကို သူ မည်သို့ ခံနိုင်မည်နည်း။
ဧကရာဇ်၏ မျက်လုံးများ မှောင်မိုက်သွားသည်။
"ငါ မင်းကို သည်းခံခဲ့တာ တော်တော်ကြာပြီ ပိုင်ကျီဟန်။"
သူ၏ အသံသည် တင်းမာရုံတင်မကဘဲ အင်ပါယာ၏ အရှိန်အဝါများ ပါဝင်နေသည်။
"မင်း ငါ့ရဲ့ နန်းတော်ထဲမှာ၊ ငါ့ရဲ့ ပလ္လင်ရှေ့မှာ ရပ်နေတာ။ ဒါတောင်မှ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ဗြောင်ကျကျ စော်ကားရဲသေးတယ်ပေါ့။"
နဂါးပလ္လင်ပေါ်မှနေ၍ အသက်ရှူကျပ်မတတ် ဖိအားများ ကျဆင်းလာသည်။ ဝိညာဉ်စွမ်းအင် အရှိန်အဝါများသည် မုန်တိုင်းတစ်ခုကဲ့သို့ လွင့်ပျံ့လာသည်။
"ဒါက ပလ္လင်တော်ကို တိုက်ရိုက်စော်ကားတာပဲ။"
သူ၏ အကြည့်များက ထက်ရှလာသည်။
"နောက်တစ်ကြိမ် ထပ်ဖြစ်ရင် မင်း ပြစ်ဒဏ်ခံရလိမ့်မယ်။ ဒုတိယအကြိမ် အခွင့်အရေးဆိုတာ ရှိမှာမဟုတ်ဘူး”
ခန်းမကြီးမှာ တိတ်ဆိတ်သွားသည်။
ခဏအစောက အော်ဟစ်ခဲ့သော အမတ်များပင်လျှင် ရင်တုန်သွားကြသည်။
ဧကရာဇ်သည် ယခုတစ်ကြိမ်တွင် အမှန်တကယ် ဒေါသထွက်နေပြီဖြစ်သည်။
ထိုဖိအားများ၏ အလယ်ဗဟိုတွင်ရှိသော
ပိုင်ကျီဟန်မှာမူ ဘာကိုမျှ ဂရုမစိုက်ပေ။
ထိုအစား
သူက သရော်သလို ပြုံးလိုက်သည်။
ပြစ်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုကို သူက တုံ့ပြန်ရန်ပင် စိတ်မဝင်စားပေ။ ထိုအစား သူက ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ၊" သူက အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "စုံစမ်းစစ်ဆေးဖို့ မလိုတော့ဘူး။"
နန်းတော်အတွင်း ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။
ဧကရာဇ်က မျက်မှောင်ကြုတ်လျက်— "မင်း ဘာကို ဆိုလိုတာလဲ?"
ပိုင်ကျီဟန်၏ အပြုံးက ပိုမိုကျယ်ပြန့်လာသည်။
"ကျွန်တော် အဲ့ဒါကို လုပ်ပြီးသွားပြီမို့လို့လေ။"
မည်သူမျှ ထိုစကားကို နားမလည်နိုင်ခင်မှာပင်
သူက လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ထို့နောက် အင်ပါယာနန်းတော်၏ တံခါးကြီးများ ပွင့်သွားတော့သည်။
ပိုင်ရမ် ဝင်လာသည်။
သူ ဝင်လာသည့်နှင့် တစ်ပြိုင်နက် အငွေ့အသက်များက ပြောင်းလဲသွားသည်။
ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားသည်။
"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူက သူ့ကို ဝင်ခွင့်ပေးလိုက်တာလဲ?” သူ၏ အသံမှာ ထစ်ချုန်းသွားသည်။
တံခါးဝရှိ အစောင့်စစ်သည်များမှာ တောင့်တင်းသွားကြသည်။
သူတို့ နဖူးတွင် ချွေးစများ ထွက်လာသည်။
ဝင်ခွင့်ပေးလိုက်တာလား?
ပိုင်ရမ်ကဲ့သို့ လူမျိုးကို သူတို့က ဘယ်လိုတားနိုင်မှာလဲ?
အကယ်၍ တားဖို့ ကြိုးစားခဲ့ရင်တောင်
သူတို့ အခုချိန်မှာ မတ်တပ်ရပ်နေနိုင်ပါဦးမလား။
အစောင့်များသည် ဘာမှမတတ်နိုင်သည့် အခြေအနေကြောင့် ခေါင်းငုံ့နေကြရသည်
သို့သော် ပိုင်ရမ်မှာမူ ဘာကိုမျှ ဂရုမစိုက်သည့် အမူအရာဖြင့်ပင်။
သူသည် အေးအေးလူလူပင် ရှေ့သို့ လျှောက်လာသည်။
ထို့နောက် ရပ်လိုက်၏
ခေါင်းကို အနည်းငယ် ညိတ်ကာ ဦးညွှတ်ခြင်း မဟုတ်ဘဲ အသိအမှတ်ပြုခြင်းမျှသာ။
"အရှင်မင်းကြီး” သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "စိတ်အေးအေးထားပါ။
သူ့၏ ပေါ့ပေါ့ပါးပါးလေသံကြောင့် အမတ်အချို့သည် အသက်ကိုပြင်းပြင်းရှူမိကြသည်။
“ကျွန်တော် ဒီကို ရောက်လာရတဲ့ အကြောင်းအရင်း ရှိပါတယ်”
***