မြေကမ္ဘာအင်မော်တယ် ဘိုးဘေးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"စမ်းသပ်မှုတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက စတင်ခဲ့တာပါ”
ထိုစကားကြောင့် လူအုပ်ကြားတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်သွားသည်။
"အဲဒီစမ်းသပ်မှုတွေကို လက်ရှိဂိုဏ်းချုပ် ဝမ်ဟောင်ယုရဲ့ အဆိုပြုချက်နဲ့ စတင်ခဲ့တာပဲ"
ထိုစကားလုံးများသည် တူနှင့်ထုလိုက်သကဲ့သို့ ပြင်းထန်လှသည်။
ဝမ်ဟောင်ယုသည် ခေါင်းကို ဆတ်ခနဲ မော့လိုက်၏
"ဘိုးဘေး၊ ဘယ်လိုပေါက်ကရတွေ လျှောက်ပြောနေတာလဲ?”
သို့သော် ဘိုးဘေးက တည်ငြိမ်စွာပင် ဆက်ပြောလေသည်။
"အဲဒီအချိန်တုန်းက ကျွန်တော်မျိုးတို့ဂိုဏ်းက တန့်နေခဲ့တယ်။ ပါရမီရှင်တွေ ရှားပါးလာပြီး ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ် ရပ်တည်မှု လျော့ရဲလာခဲ့တယ်"
သူ့အသံမှာ တည်ငြိမ်သော်လည်း လေးနက်မှုရှိနေသည်။
"ဒါပေမဲ့ နေမင်းတာအိုဆိုတဲ့ ရတနာကို ရှာတွေ့ခဲ့တယ်။ ဒါက ဂိုဏ်းကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်"
ဂိုဏ်းတစ်ခုလုံးကို ကူညီနိုင်လောက်အောင် မည်သို့သော ရတနာမျိုးဖြစ်သနည်းဟု လူအုပ်ကြားတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။
အချို့သည် ထိုရတနာကို လိုချင်တပ်မက်သော အကြည့်များဖြင့် ကြည့်နေကြပြီး အချို့ကမူ ထိုရတနာသည် ပိုင်မျိုးနွယ်စု လက်ထဲသို့ ရောက်ရှိနေပြီလားဟု ရိပ်စားမိနေကြသည်။
"ဒါပေမဲ့ ကျွန်တော်မျိုးတို့ရဲ့ ကျင့်စဉ်နဲ့တောင် နေမင်းတာအိုကို စုပ်ယူဖို့က မတတ်နိုင်တဲ့ကိစ္စဖြစ်နေတာကို မကြာခင်မှာပဲ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဝမ်ဟောင်ယုက ဒီစမ်းသပ်မှုကို အဆိုပြုခဲ့တာပဲ"
ခန်းမတစ်ခုလုံး အေးစိမ့်သွားသည်။
"တကယ်လို့ အဲဒီစွမ်းအင်အပိုင်းအစတွေကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်နိုင်ရင် နေမင်းတာအိုရဲ့ စွမ်းအင်ကို လက်ခံနိုင်ဖို့ ဖြစ်နိုင်ခြေရှိလာမယ်။ အထက်လူကြီး အားလုံးနီးပါးရဲ့ သဘောတူညီချက်နဲ့ အဲဒီစမ်းသပ်မှုကို စတင်ခဲ့တာပဲ"
လူအုပ်ကြီးမှာ အသက်ရှူပင် မှားသွားကြသည်။
"မြေအောက်ခန်းတွေကို သူ့ရဲ့ခွင့်ပြုချက်နဲ့ တည်ဆောက်ခဲ့တာပါ”
ဘိုးဘေး၏ အကြည့်က အနည်းငယ် ရွေ့လျားသွား၏
"စမ်းသပ်မှု အဆင့်တိုင်းရဲ့ တိုးတက်မှု အစီရင်ခံစာကို သူ့ဆီ တိုက်ရိုက် တင်ပြရတယ်"
ဝမ်ဟောင်ယုသည် နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွါသွား၏
"မုသားတွေ၊ ဒါတွေအကုန် လိမ်ညာနေတာ”
သူက တုန်ရီနေသော လက်ညှိုးဖြင့် ထိုးလိုက်၏
"ခင်ဗျားကို တစ်ယောက်ယောက်က ခြိမ်းခြောက်ထားတာပဲ၊ ပိုင်ကျီဟန်က ခင်ဗျားရဲ့ စိတ်ကို ထိန်းချုပ်ထားတာ”
"ဟုတ်တယ်၊ အဲဒါပဲ ဖြစ်ရမယ်”
သူ၏အသံမှာ စူးရှလာသည်
"သူ့ကို ပိုင်မျိုးနွယ်စုက ခြယ်လှယ်ထားတာ”
သို့သော် မြေကမ္ဘာအင်မော်တယ် ဘိုးဘေးက မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။
ယင်းအစား
သူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားများနှင့် လိပ်စာမူများစွာ ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံနေသည်။
"ဒါတွေက တရားဝင် ခွင့်ပြုချက် ပေးထားတဲ့ စာလွှာတွေပဲ"
သူက မည်သည့် ခံစားချက်မျှ မပါဘဲ ပြောလိုက်သည်။
"ဂိုဏ်းချုပ် ဝမ်ဟောင်ယု ကိုယ်တိုင် လက်မှတ်ရေးထိုးထားတာပါ”
စာလွှာများသည် လေထဲတွင် ပွင့်ဟသွားသည်။
ဧကရာဇ်မင်းမြတ်က အချက်ပြလိုက်၏
အထိန်းတော်တစ်ဦးက ၎င်းတို့ကို ဖမ်းယူ၍ အထက်သို့ ဆက်သလိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ဧကရာဇ်မင်းမြတ်က တစ်စောင်ပြီးတစ်စောင် စစ်ဆေးကြည့်ရှုသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်နှာမှာ ပို၍ မှောင်မှောင်မည်းမည်း ဖြစ်လာသည်။
ထိုလက်မှတ်သည် ငြင်းမရသော လက်မှတ်
ဖြစ်၏
ဂိုဏ်းချုပ်၏ တံဆိပ်တုံးမှာလည်း ထင်ရှားစွာ ရိုက်နှိပ်ထားသည်။
ထို့ပြင် စာရွက်များအတွင်း၌ ကိန်းဝပ်နေသော ဝိညာဉ်စွမ်းအင်များကလည်း ၎င်းတို့သည် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။
အတုအယောင်မဟုတ်ပေ
ခြယ်လှယ်ထားခြင်းလည်း မဟုတ်ပေ။
အားလုံးမှာ အမှန်တရားများသာ။
ဧကရာဇ်မင်းမြတ်က စာလွှာကို ဖြည်းညှင်းစွာ ချလိုက်သည်။
သူ၏ အေးစက်သော အကြည့်များသည် ဝမ်ဟောင်ယုပေါ်သို့ ကျရောက်သွားသည်။
ယခုအချိန်တွင် ဝမ်ဟောင်ယုသည် အသုံးမဝင်တော့သဖြင့် ကရုဏာသက်နေရန် မလိုတော့ပေ။
(ဒါက မင်းရဲ့ မိုက်မဲမှုကြောင့် ရတဲ့ရလဒ်ပဲ)
ဧကရာဇ်က တွေးလိုက်သည်။
မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဘိုးဘေးကိုယ်တိုင်က ပိုင်မျိုးနွယ်စုဘက်တွင် ရပ်တည်နေသဖြင့် ဝမ်ဟောင်ယုအတွက် လွတ်လမ်းမရှိတော့ပေ။
ဧကရာဇ်အနေဖြင့် သူ့ကို ကူညီပေးနိုင်သော်လည်း ရရှိလာမည့် အကျိုးအမြတ်ထက် ပြန်လည်ရိုက်ခတ်လာမည့် ဆိုးကျိုးက ပို၍ ကြီးမားနေမည်ဖြစ်သည်။
ဝမ်ဟောင်ယု နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေသည်။
"ဒါ... ဒါတွေက အတုလုပ်လို့ ရပါတယ်”
သူက မျှော်လင့်ချက်မဲ့စွာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏
"လီကျန်းဟုန်၊ ကျောက်ဝူထျန်း၊ တစ်ခုခု ပြောကြဦးလေ”
လီကျန်းဟုန်သည် ဘာမှမပြောဘဲ နှုတ်
ဆိတ်နေသည်။
"ဝမ်ဟောင်ယု မင်းကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲ၊ ဒါကြောင့် မင်းပဲ တာဝန်ယူသင့်တယ်”
ကျောက်ဝူထျန်းက ဆိုလိုက်သည်။
ဝမ်ဟောင်ယုနှင့် မြစိမ်းရောင်နေမင်းဂိုဏ်းတို့ ပြီးသွားပြီဖြစ်ကြောင်း သူလည်း သိလိုက်သည်။ ထို့ကြောင့် ဝမ်ဟောင်ယုနှင့် အမြန်ဆုံး အဆက်အသွယ်ဖြတ်ကာ ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာပြန်ဆယ်ရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
စကားအရ သူသည် ဝမ်ဟောင်ယု၏ စမ်းသပ်မှုများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ဖော်ပြရာရောက်သည်။
နောက်ဆုံးသံမှိုမှာ ရိုက်နှက်ခြင်း ခံလိုက်ရပြီဖြစ်သည်။
လွတ်ပေါက်မရှိတော့ပေ
လှည့်ဖျားရန်လည်း မတတ်နိုင်တော့ပေ။
ဘိုးဘေးကိုယ်တိုင်က အပြစ်ကို ဝန်ခံကာ သူ့အမည်ကို တိုက်ရိုက်ညွှန်းဆိုထားသဖြင့် အစားထိုးခံရှာရန်လည်း မဖြစ်နိုင်တော့ပေ။
မြေကမ္ဘာအင်မော်တယ်ကြီးဘိုးဘေးက နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်သည်။
"ဒီကိစ္စအတွက် အကြီးအကဲတွေ၊ မဟာအကြီးအကဲတွေ အကုန်လုံးမှာ တာဝန်ရှိတယ်၊ အထူးသဖြင့် ဂိုဏ်းချုပ် ဝမ်ဟောင်ယုမှာပေါ့။ ဒီမှာ ပါဝင်ပတ်သက်သူတွေရဲ့ အမည်စာရင်းရှိတယ်"
ထိုစကားနှင့်အတူ
ဝမ်ဟောင်ယု၏ နောက်ဆုံးလွတ်လမ်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
စာရင်းထဲတွင် မြစိမ်းရောင်နေမင်းဂိုဏ်းမှ အကြီးအကဲ အားလုံးနီးပါး ပါဝင်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်
ဟုတ်ပါသည်၊ အသစ်ခန့်ထားသော အကြီးအကဲ အနည်းငယ်ကမူ ထိုကိစ္စကို မသိသေးသဖြင့် ချွင်းချက်ဖြစ်နေသည်။
ထို့ပြင် ထိုကိစ္စကို သိရှိသော တပည့်များ၏ စာရင်း ပါဝင်နေသော်လည်း ၎င်းတို့သည် စမ်းသပ်မှုအတွင်းမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်နေ၏
ပြစ်မှုကျူးလွန်သူများထက်စာလျှင် သားကောင်များအဖြစ်သာ သတ်မှတ်နိုင်သည်။
အမှန်တရား ပေါ်ပေါက်လာပြီးနောက် အသက်ရှူကျပ်မတတ် တိတ်ဆိတ်သွားခဲ့ရာမှ
ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ”
"အသက်ရှိတဲ့ ကျင့်ကြံသူတွေကို စမ်းသပ်မှုတွေ လုပ်တယ်ပေါ့လေ”
"ဒါက မိစ္ဆာကျင့်စဉ်တွေနဲ့ ဘာမှမခြားတော့ဘူး”
ဒေါသတကြီး အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
အချို့ခေါင်းဆောင်များသည် ဒေါသထွက်လွန်းသဖြင့် ထိုင်ခုံလက်တန်းများကို လက်ဝါးဖြင့် ရိုက်ချလိုက်ကြသည်။
အချို့ကမူ ထိုစာရင်းကို မယုံနိုင်သလို ကြည့်နေပြီးနောက် စက်ဆုပ်ရွံ့ရှာသွားကြသည်။
"ဆယ်စုနှစ်တွေတောင် ကြာခဲ့တာလား...?"
"ပြီးတော့ သူတို့ကိုယ်သူတို့ သူတော်စင်ဂိုဏ်း လို့ ခေါ်ရဲသေးတယ်”
ရှုတ်ချသံများသည် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
"သူတို့ရဲ့ ကိုယ်ပိုင်တပည့်တွေကိုတောင် အသုံးချခဲ့ကြတာပဲ”
“ သူတို့လူတွေကိုတောင် အသုံးချတာပဲ”
"ဂိုဏ်းချုပ်ကတော့ ဘာမှမသိသလို ဟန်ဆောင်နေနိုင်တယ်ပေါ့လေ?"
ဝမ်ဟောင်ယု၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
သူ စကားပြောရန် ကြိုးစားသော်လည်း ဆူညံသံများကြားတွင် နစ်မြုပ်သွားသည်။
"ခင်ဗျားကိုယ်တိုင် စတင်ခဲ့ပြီးတော့ သူများတွေကို အပြစ်ပုံချဖို့ ကြိုးစားနေတာပဲ”
"မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာ၊သခင်လေးပိုင်က လိမ်နေတယ်လို့ စွပ်စွဲရဲသေးတယ်”
"ဒီလိုလူမျိုးဟာ သေသင့်တယ်”
လီ-ကျောက် မဟာမိတ်အဖွဲ့ဝင်များပင်လျှင် ဝမ်ဟောင်ယုကို ပွင့်ပွင့်လင်းလင်း ရှုတ်ချလာကြသည်။
တရားမျှတမှုအမည်ခံကာ ကျင့်ကြံသူအချင်းချင်း စမ်းသပ်မှုလုပ်ခြင်းသည် မိစ္ဆာဂိုဏ်းများသာ လုပ်ဆောင်သည့် အပြုအမူဖြစ်သည်။
သူတော်စင် ကျင့်ကြံသူများအနေဖြင့် ထိုသို့သောကိစ္စကို မည်သို့ သည်းခံနိုင်မည်နည်း?
သို့သော် အဓိကအချက်မှာ ၎င်းတို့သည် ထိုယုတ်မာမှုများနှင့် မပတ်သက်လိုခြင်းပင် ဖြစ်သည်။
အကယ်၍ ယခုအချိန်တွင် ဝမ်ဟောင်ယုဘက်မှ ခုခံကာကွယ်ပေးပါက သူတို့လည်း အတူတူပင်ဖြစ်ကြောင်း သတ်မှတ်ခံရမည်
ဖြစ်သည်။
မည်သူမျှ ထိုကဲ့သို့သော အမည်းစက်ကို မခံယူလိုကြပေ။
အသံများမှာ တစ်သံတည်း ဖြစ်သွားသည်။
"သူ့ကို ခေါင်းဖြတ်သတ်”
"စံနမူနာဖြစ်အောင် လုပ်ပြလိုက်”
"ပါဝင်ပတ်သက်သူ အားလုံးကို ကွပ်မျက်”
“အမြစ်ပြတ်ရှင်း”
တစ်ချိန်က ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ခဲ့သော ခန်းမကြီးသည် ယခုအခါတွင်မူ မြစိမ်းရောင်နေမင်းဂိုဏ်းအပေါ် ဒေါသတရားများဖြင့် တောက်လောင်နေပြီဖြစ်သည်။
ဝမ်ဟောင်ယုသည် ထိုးနှက်ချက်များစွာ ခံလိုက်ရသကဲ့သို့ နောက်သို့ ယိုင်နဲ့သွားသည်။
"မင်းတို့... မင်းတို့ အယောင်ဆောင်တွေ”
သူက လူအုပ်ကြီးကို လက်ညှိုးထိုးကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံးလည်း အာဏာကို မက်မောကြတာပဲ။ ရတနာတွေကို လိုချင်ကြတာပဲ။ တကယ်လို့ နေမင်းတာအိုကို မင်းတို့အရင်တွေ့ရင်လည်း ငါ့လိုပဲ လုပ်ကြမှာပဲ”
သူ၏စကားများက အခြေအနေကို ပို၍ ဆိုးရွားသွားစေသည်။
"ရှက်စရာကောင်းလိုက်တာ”
"သူက အခုထိ နောင်တမရသေးဘူး”
"သူ့ကို ပါးစပ်ပိတ်ခိုင်းလိုက်”
ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော ဧကရာဇ်မင်းမြတ်က နောက်ဆုံးတွင် လက်ကို မြှောက်လိုက်သည်။
ချက်ချင်းပင်
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဝမ်ဟောင်ယု”
သူ၏အသံသည် အာဏာစက်များဖြင့် ဟိန်းထွက်လာသည်။
"မင်းဟာ မင်းရဲ့ဂိုဏ်းသားတွေအပေါ် တားမြစ်ထားတဲ့ စမ်းသပ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခဲ့တယ်။”
"မင်းက ငါတို့ရဲ့ တရားရုံးကို လှည့်စားဖို့ ကြိုးစားခဲ့သလို စီရင်ချက်ကိုလည်း ခြယ်လှယ်ဖို့ ကြိုးစားခဲ့တယ်"
စွပ်စွဲချက် တစ်ခုချင်းစီသည် ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့ ပြင်းထန်လှသည်။
ဝမ်ဟောင်ယု ဒူးများ တုန်ယင်လာသည်။ ယခုအခါ ဧကရာဇ်ကပင် သူ့ကို စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း သူ သိလိုက်ရပြီ။
"ငါကိုယ်တော်မြတ်က ကောင်းကင်အင်ပါယာ ကို တရားမျှတမှုနဲ့ စည်းစနစ်တွေအောက်မှာ အုပ်ချုပ်နေတာဖြစ်တယ်။"
သူက ခေတ္တရပ်လေ၏
"တကယ်လို့ ဒီလိုလုပ်ရပ်မျိုးတွေကို သည်းခံနေမယ်ဆိုရင် ငါတို့နဲ့ မိစ္ဆာအင်အားစုတွေ ဘာကွာခြားတော့မှာလဲ?"
ဧကရာဇ်၏ အသံမှာ ပို၍ ခိုင်မာလာသည်။
"အင်ပါယာအနေနဲ့ ဒီလိုယုတ်မာမှုတွေကို လက်မခံဘူးဆိုတာ ပြသတဲ့အနေနဲ့”
"ဝမ်ဟောင်ယုကို လူအများရှေ့မှာ ကွပ်မျက်စေရမယ်"
ထိုစကားများသည် နောက်ဆုံးစီရင်ချက်အဖြစ် ပဲ့တင်ထပ်သွားသည်။
"သူ့ကို မြို့တော်ရဲ့ အဓိကရင်ပြင်မှာ ကွပ်မျက်စေ။"
"ကောင်းကင်အောက်က လူသားအားလုံး သိပါစေ—"
"ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ဂိုဏ်းဖြစ်ပါစေ၊ အင်ပါယာရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ခွင့်မရှိဘူးဆိုတာကိုပေါ့"
ခန်းမအတွင်းရှိ လူအားလုံးသည် သက်ပြင်းချလိုက်ကြသည်။
"ပြီးတော့ စာရင်းထဲမှာပါတဲ့ အကြီးအကဲတွေ အကုန်လုံး—"
"သူတို့ကို ချက်ချင်း ဖမ်းဆီးချုပ်နှောင်ထားပြီး နောက်ထပ် စီရင်ချက်ကို စောင့်ဆိုင်းစေရမယ်"
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အင်ပါယာ အစောင့်တပ်သားများ ရှေ့သို့ တိုးလာကြသည်။
သူတို့၏ ဖိနပ်သံများသည် စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် တဖုန်းဖုန်း မြည်ဟည်းနေသည်။
ဝမ်ဟောင်ယု၏ မျက်နှာသည် သွေးမရှိတော့သလို ဖြူလျော့နေသည်။
"မလုပ်ပါနဲ့... မဟုတ်ဘူး..."
သူက လီကျန်းဟုန်ကိုကြည့်၏
ထို့နောက်ကျောက်ဝူထျန်းနှင့်
တခြားသူများကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေ၏
သို့သော်လည်း မည်သူမျှ သူ့ကို မကူညီလိုကြပေ။
သူ၏ အစွမ်းထက်လှသော ကျင့်ကြံခြင်းမှာလည်း အင်ပါယာ၏ အာဏာနှင့် လူအများ၏ ရှုတ်ချမှုအောက်တွင် အဓိပ္ပာယ်မဲ့သွားခဲ့သည်။
အစောင့်နှစ်ဦးက သူ့ကို ဖမ်းချုပ်လိုက်သည်။
သူ ရုန်းကန်နေ၏
"ဘိုးဘေး၊ တစ်ခုခု ပြောပါဦး”
သို့သော် မြေကမ္ဘာအင်မော်တယ်ကြီးဘိုးဘေးမှာမူ မလှုပ်မယှက် တည်ငြိမ်နေဆဲသာ
မျက်လုံးများကို အောက်သို့ ချထားသည်။
ပျက်စီးတော့မည့် ဂိုဏ်းအတွက် ကြိုတင် ဝမ်းနည်းနေသည့်အလား။
ဝမ်ဟောင်ယု၏ နောက်ဆုံး အော်ဟစ်သံမှာ ခန်းမအပြင်ဘက်သို့ ဆွဲထုတ်ခံရစဉ် ထွက်ပေါ်လာသည်။
တံခါးကြီးများသည် အသံကျယ်ကြီးဖြင့် ပိတ်သွားခဲ့ပြီး ပြန်လည်တိတ်ဆိတ်သွားသည်။
ထိုတိတ်ဆိတ်မှုအတွင်း
လူအများအပြားမှာ ပိုင်ကျီဟန်ကို ကြည့်
လိုက်ကြသည်။
မုန်တိုင်းသည် သူနှင့်အတူ စတင်ခဲ့သည်။
ပြီးတော့ သူ ဖြစ်စေချင်သည့်အတိုင်း အတိအကျပင် ပြီးဆုံးသွားခဲ့လေပြီ။
***