"မင်းသဘောကျတယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ကန့်ကွက်စရာမရှိပါဘူး"
အတွင်းရေးမှူး ဝမ်က ပြုံးရင်း ခပ်ပေါ့ပေါ့ပဲ ဆိုလိုက်သည်။
- "ဒီလိုလုပ်... မနက်ဖြန် မြေယာစီမံခန့်ခွဲရေးဌာနကို လူလွှတ်ပြီး လွှဲပြောင်းရယူလိုက်တော့ အဲဒီနားက လုပ်ငန်းတွေက တန့်နေတာ ကြာပြီ အခု လုံထန်ရောက်လာရင် ဒေသစီးပွားရေးလည်း ပြန်ဦးမော့လာမှာပဲ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စပါ"
"လုံထန်အုပ်စုကိုယ်စား ရှန်းကျန့်မြို့တော်ကော်မတီနဲ့ လူကြီးမင်းရဲ့ ကူညီမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
လင်းဖန်က ရိုရိုသေသေနဲ့ ကျေးဇူးတင်စကား ဆိုလိုက်သည်။ လူကြီးတစ်ယောက်အနေနဲ့ရော၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ အတွင်းရေးမှူး ဝမ်ဟာ လုံထန် ကြီးထွားလာဖို့ အများကြီး လမ်းခင်းပေးခဲ့ပြီဟု ယူဆနိုင်သည် မဟုတ်လား။
"ကြားရသလောက်တော့ မင်းတို့အဖွဲ့က Penguin တို့၊ Jindong တို့နဲ့ပေါင်းပြီး အွန်လိုင်းငွေပေးချေမှု (Online Payment) ဘက်မှာ အကြီးအကျယ် လှုပ်ရှားဖို့ ပြင်နေတယ်ဆို"
အတွင်းရေးမှူး ဝမ်ရဲ့ စကားကြောင့် လင်းဖန် တစ်ချက် တုန့်ခနဲ ဖြစ်သွားရသည်။
"ဖုန်းနဲ့ တန်ရွမ်စနစ်ဆိုတာ ဒီမြို့ရဲ့ အလင်းရောင်တင်မကဘူး၊ တစ်မျိုးသားလုံးရဲ့ ဂုဏ်ယူစရာလည်း ဖြစ်တယ် ငါသာ တစ်နေ့ ရှန်းကျန့်မှာ မရှိတော့ရင်တောင် လုံထန်အုပ်စုရဲ့ တိုးတက်မှုကို ဘယ်သူမှ လာနှောင့်ယှက်တာမျိုး ငါ ခွင့်မပြုနိုင်ဘူး"
လင်းဖန်က အကဲခတ်တဲ့သဘောနဲ့ မေးလိုက်သည်။
- "အတွင်းရေးမှူး ဝမ်... လူကြီးမင်းက ရှန်းကျန့်ကနေ ထွက်တော့မလို့လားခင်ဗျာ"
"ဟားဟား ဒါတွေအားလုံးက မင်းတို့ လုံထန်ကြောင့်ပါပဲ"
အတွင်းရေးမှူး ဝမ်ရဲ့ မျက်နှာမှာ ကြည်နူးတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ရှန်းကျန့်လို စည်ပင်တဲ့ မြို့ကြီးရဲ့ နံပါတ် (၁) အရာရှိဟာ ပြည်နယ်အဆင့် ဝန်ကြီးနဲ့ အဆင့်တူပါသည်။ အကယ်၍ သူ ရာထူးတိုးမယ်ဆိုရင် မြို့တော် ပေကျင်းကို ပြန်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်အဆင့် ဒါမှမဟုတ် နိုင်ငံတော်အဆင့်အထိ တက်လှမ်းနိုင်ဖို့ လမ်းပွင့်သွားတာပါ။
လုံထန်အုပ်စုရဲ့ အောင်မြင်မှုတွေက သူ့ရဲ့ နိုင်ငံရေးစွမ်းဆောင်ရည်ကို အမြင့်ဆုံး ရောက်စေခဲ့တာမို့ သူက လုံထန်ကို ကျေးဇူးတင်နေခြင်း ဖြစ်သည်။
"လူကြီးမင်းကလည်း... လူကြီးမင်းရဲ့ ဦးဆောင်မှုအောက်မှာ ရှန်းကျန့်က တဟုန်ထိုး တိုးတက်ခဲ့တာပဲ Penguin တို့၊ DJI တို့၊ Warwick တို့လို ကုမ္ပဏီကြီးတွေ ပေါ်ထွန်းလာတာ လူကြီးမင်းကြောင့်ပါ ကျွန်တော်တို့ မရှိလည်း လူကြီးမင်းက ရာထူးတက်မှာပါ"
ဟု လင်းဖန်က နှိမ့်ချစွာ ဆိုလိုက်သည်။
အတွင်းရေးမှူး ဝမ်က ခေါင်းခါရင်း
"အထက်က ဆုံးဖြတ်ပြီးပြီ ငါ့ကို ပေကျင်းပြန်ဖို့ ခေါ်တယ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက အနားယူတော့မှာမို့ ငါက အဲဒီနေရာကို သွားရမယ် ရှန်းကျန့်ရဲ့အသစ်ကတော့ နောက် ၃ ရက်နေရင် ရောက်လာလိမ့်မယ်"
"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်တော် လူကြီးမင်းကို လိုက်ပို့ပေးပါ့မယ်"
လင်းဖန်ရဲ့ စိတ်ထဲမှာ ဒီလူကြီးကို တကယ်ပဲ ကျေးဇူးတင်နေမိသည်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်းမှာ လုံထန်ရဲ့ နည်းပညာတွေကို မျက်စိကျပြီး နှောင့်ယှက်ချင်သူတွေကို အတွင်းရေးမှူး ဝမ်သာ ကြားက မကာကွယ်ပေးခဲ့ရင် လုံထန်ဟာ အခုလို အေးအေးဆေးဆေး တိုးတက်လာမှာ မဟုတ်ချေ။
"မလိုပါဘူး"
အတွင်းရေးမှူး ဝမ်က လက်ကာပြရင်း အဓိပ္ပာယ်ပါပါ ဆိုလိုက်သည်။
- "နောက်တစ်ခါ ပေကျင်းမှာ တွေ့မှပဲ နှုတ်ဆက်ကြတာပေါ့ ငါသိတယ်... လုံထန်ဟာ စီးပွားရေးသမားအနေနဲ့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ် ဒါပေမဲ့ ဒါက နိုင်ငံရဲ့ အခြေအနေအရ ဖြစ်တတ်တဲ့ သဘောပါ လူအချို့ရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတစ်ခုလုံးအပေါ် အမြင်မစောင်းစေချင်ဘူး မင်းလိုပဲ တရုတ်ပြည်က လူအများစုဟာ နိုင်ငံတော်ကြီး နိုးထလာဖို့ အစွမ်းကုန် ကြိုးစားနေကြတာပါ ပုံမှန် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်နေသရွေ့တော့ ဘယ်သူကမှ လုံထန်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး အထက်ကလည်း လွှတ်ထားမှာ မဟုတ်ပါဘူး"
လင်းဖန် ခဏလောက် စဉ်းစားပြီးမှ အလေးအနက် ပြန်ပြောလိုက်သည်။
- "လုံထိန်ရဲ့ အနာဂတ်က နိုင်ငံတော်ရဲ့ ဒေါက်တိုင်တစ်ခု ဖြစ်လာမှာပါလို့ ကျွန်တော် အာမခံပါတယ် တရုတ်ပြည်က လုံထန်အပေါ် သစ္စာရှိနေသရွေ့ လုံထန်ကလည်း တရုတ်ပြည်ကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး"
Patriotism (မျိုးချစ်စိတ်) ဆိုတာ လင်းဖန်မှာလည်း ရှိသည။ အကျိုးအမြတ်တစ်ခုတည်းအတွက်ဆိုရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့အတွက် အကျိုးအမြတ်မရှိတဲ့ အော်ဒါတွေကို သူ လက်ခံနေမှာ မဟုတ်ချေ။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်"
အတွင်းရေးမှူး ဝမ်က သုံးကြိမ်တိုင်တိုင် ချီးကျူးလိုက်သည်။ ဒီလိုကတိမျိုး ရလိုက်တော့မှပဲ သူ စိတ်အေးသွားပါတော့သည်။
အကယ်၍ လုံထန်လို ကုမ္ပဏီမျိုးသာ လူအချို့ရဲ့ အမှားကြောင့် ပြည်ပကို ထွက်ခွာသွားမယ်ဆိုရင် တရုတ်ပြည်အတွက် ဘယ်လောက်တောင် ဆုံးရှုံးမှုကြီးမားမလဲဆိုတာ သူ တွေးကြည့်ရုံနဲ့တင် သိနိုင်လေသည်။
အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ လင်းဖန်ဟာ CEO ကျန်းဖန်ကို လော်ဟူခရိုင် အစိုးရရုံးကို လွှတ်လိုက်ပြီ။ ဧက ၁,၃၀၀ ကျော်ရှိတဲ့ သားရေစက်ရုံဟောင်း မြေနေရာကို ယွမ် ၁၀ ဘီလီယံနဲ့ ဝယ်ယူစေသည်။
ရှန်းကျန့်လို မြို့လယ်ခေါင်မှာ ဒီဈေးနှုန်းက တကယ်ကို ဈေးပေါလွန်းသည်ဟု ဆိုနိုင်သည်။
၂၀၁၈ ခုနှစ်တုန်းက DJI ကုမ္ပဏီဟာ နန်ရှန်းခရိုင်မှာ မြေတစ်ဧကကို ယွမ် ၅၃ သန်းကျော်နဲ့ ဝယ်ခဲ့ရတာနဲ့ ယှဉ်ရင် သိသာပေသည်။ လော်ဟူခရိုင် အာဏာပိုင်တွေကလည်း လုံထန်လို ကုမ္ပဏီမျိုး သူတို့ဆီမှာ အခြေစိုက်လာတာကိုပဲ ကျေးဇူးတင်နေကြလေသည်။
ညနေ ၅ နာရီမှာတော့ လုံထန်အုပ်စုက စက်မှုဇုန်အသစ် စီမံကိန်းကို ကြေညာလိုက်ပြီး အဲဒီမှာ Nirvanaမျိုးဆက်သစ်ဖုန်းတွေနဲ့ တက်ဘလက်တွေကို ထုတ်လုပ်မည်ဟု ဆိုလိုက်ရာ မီဒီယာလောကတစ်ခုလုံး တစ်ခါပြန်ပြီး ဟိုးဟိုးကျော် သွားပါတော့သည်။
..........................................................
***