"သူဌေး ဒီဒီဇိုင်းတွေကို ဘယ်လိုမြင်ပါသလဲ"
ကျင်းလင်မြို့၊ ကျန့်ခန်ယွမ်ရဲ့ အမှတ် (၁) ဗီလာထဲမှာ ကျန်းဖန်က လင်းဖန်ကို အရိုအသေပေးရင်း တိတ်တဆိတ် စောင့်ကြည့်နေသည်။
ထိုအချိန် လင်းဖန်က လုံထန်အုပ်စုရဲ့ သုတေသနဌာနကြီး ၄ ခုက ပေးပို့လာတဲ့ Nivarna S' နဲ့ တက်ဘလက် ဒီဇိုင်းတွေကို စစ်ဆေးနေတာပါ။ သူဖတ်ကြည့်ရင်း မျက်မှောင်တွေ ပိုပိုကြုတ်လာရသည်။
"ခိုင်ထျန်းတက်ဘလက်ရဲ့ အပြင်အဆင်ကတော့ မဆိုးဘူး နီဗားနားအိတ်ရဲ့ အမှတ်အသားလည်း ပါသလို Apple နဲ့ Warwick တို့ရဲ့ ခေတ်ပေါ်စတိုင်လည်း ပါဝင်ပြီး ကိုယ်ပိုင်ဟန် မပျောက်ဘူး ဒါကို အတည်ပြုပြီး ထုတ်လုပ်လို့ ရတယ်"
လို့ လင်းဖန်က မှတ်ချက်ပေးလိုက်သည်။
"ဒါပေမဲ့ Nivarna S' ကတော့ Nivarna X' နဲ့ သိပ်မထူးခြားဘူး ဖြစ်နေတယ် သုတေသနအဖွဲ့ကို ဘာမှပြောမနေနဲ့တော့၊ ဒီကိစ္စကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်မယ်"
စမတ်ဖုန်းလောကဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ Nivarna X' ထွက်ရှိတာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်၍ ဒုတိယမျိုးဆက်ကို အမြန်မထုတ်နိုင်လျင်ဖြင့် ဈေးကွက်က အေးစက်သွားနိုင်သည်။
Apple လို ကုမ္ပဏီမျိုးတောင် နည်းပညာအသစ် အမြဲမထွက်နိုင်ပေမဲ့ အပြင်အဆင်ကိုတော့ အမြဲပြောင်းလဲပြီး ဆွဲဆောင်နေရသည်။
နီဗားနားအတ်စ်ရဲ့ အနှစ်သာရက တန်ရွမ်စနစ်ဖြစ်ပေမဲ့ လူတွေအမြင်မှာတော့ ဆန်းသစ်တဲ့ အပြင်အဆင် ရှိဖို့ လိုအပ်သည်။
ဒါကြောင့် လင်းဖန်ဟာ သုတေသနပညာရှင်တွေကို အချိန်ဖြုန်းမနေစေတော့ဘဲ သူ့ရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ကိုယ်တိုင် ဒီဇိုင်းဆွဲဖို့ ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"
ကျန်းဖန်က ညွှန်ကြားချက်ကို ခေါင်းငြိမ့်လက်ခံပြီး ဗီလာထဲကနေ ချက်ချင်း ထွက်ခွာသွားသည်။
ကျန်းဖန်ထွက်သွားပြီးနောက် လင်းဖန်ရဲ့ မျက်ဝန်းတွေက တည်ကြည်သွားပြီး ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
- "ရှုံ့တာ အခုလောလောဆယ် ရောင်းချနေတဲ့ စမတ်ဖုန်းအားလုံးရဲ့ ဒီဇိုင်းပုံစံတွေကို ရှာဖွေလိုက်စမ်း"
တစ်မိနစ်တောင် မပြည့်ခင်မှာပဲ ကွန်ပျူတာစခရင်ပေါ်မှာ ခေတ်အမီဆုံး စမတ်ဖုန်း ရာနဲ့ချီတဲ့ ဒီဇိုင်းတွေ ပေါ်လာသည်။
'Warwick P30 Pro - ဘေးဘောင်တွေ အလွန်ကျဉ်းမြောင်းပြီး မျက်နှာပြင်အပြည့် (Full Screen) စတိုင်၊ နောက်ကျောမှာ Leica ကင်မရာ သုံးလုံး...'
'vivo NEX 2 - ၆.၅၉ လက်မ OLED မျက်နှာပြင်...'
လင်းဖန်ဟာ ဒီဇိုင်းတစ်ခုချင်းစီကို အသေးစိတ် လေ့လာကြည့်သည်။ အဲဒီထဲက အားသာချက်တွေကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဖို့ သူ စဉ်းစားနေတာပါ။
နီဗားနားအတ်စ်ရဲ့ အဓိက ထူးခြားချက်က အပြင်အဆင်တင် မက သူ့မှာ ပါဝင်လာမယ့် စမတ်အိမ်ဖော်နဲ့ ထိတွေ့စရာမလိုဘဲ အသံနဲ့ ခိုင်းစေနိုင်တဲ့စနစ်တို့ပဲ ဖြစ်သည်။ လက်ရှိဈေးကွက်ထဲက AI Assistant တွေနဲ့မတူဘဲ ဒီစနစ်က တကယ့်ဉာဏ်ရည်တုနဲ့ ပိုနီးစပ်ပြီး ပြောရရင်တော့ ဒီ 'စမတ်အိမ်ဖော်' တွေဟာ ရှုံ့တာရဲ့ အားပျော့တဲ့ ဗားရှင်းလေးတွေပါပဲ။
နှစ်နာရီကြာအောင် အာရုံစိုက်ပြီးနောက်မှာတော့ သူ့ခေါင်းထဲမှာ ဖုန်းတစ်လုံးလုံးရဲ့ ပုံစံက ပြတ်သားသွားသည်။
မနက် ၁၀ နာရီခွဲမှာတော့ လင်းဖန်က ခပ်တိုးတိုး ခေါ်လိုက်သည်။
"သူဌေး ကျွန်တော် ရောက်ပါပြီ"
ရှုံ့တာရဲ့ ကလေးသံလေးက စပီကာကနေ ထွက်ပေါ်လာသည်။
"ကိုယ်ပိုင် Server ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးတင်လိုက် Programming နဲ့ Image Editing ကဏ္ဍတွေကို တစ်ပြိုင်တည်း ဖွင့်ထား ငါပြောတဲ့အတိုင်း အပြင်အဆင် ဒီဇိုင်းနဲ့ ပရိုဂရမ်တွေကို ရေးဆွဲပြီး စခရင်ပေါ်မှာ ပြပေး"
ဒီစာကြည့်ခန်းကို အကောင်းဆုံး အသံလုံပစ္စည်းတွေနဲ့ တည်ဆောက်ထားတာမို့ လင်းဖန် ဘယ်လောက်ပဲ ကျယ်ကျယ်ပြောပြော အပြင်ကလူတွေ မကြားနိုင်ပေ။ ဒါကြောင့် ရှုံ့တာရဲ့ တည်ရှိမှုကို တစ်ဦးတစ်ယောက်မှ သိသွားမှာ မဟုတ်တော့ပေ။
"အသင့်ပါပဲ"
ရှုံ့တာက ပြန်ဖြေသည်။
လင်းဖန်က နီဗားနားအတ်စ် ရဲ့ အပြင်အဆင်နဲ့ စမတ်အိမ်ဖော်စနစ်ရဲ့ ပရိုဂရမ်တွေကို တစ်ဆင့်ချင်း ရှင်းပြသည်။ ရှုံ့တာကလည်း Server နှစ်လုံးကို အသုံးပြုပြီး မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ပုံဖော်ပေးနေလေသည်။
တစ်နာရီခွဲလောက် ကြာတဲ့အခါမှာတော့ စမတ်အိမ်ဖော်ရဲ့ အခြေခံဖွဲ့စည်းပုံနဲ့ နီဗားနားအတ်စ်ရဲ့ ဒီဇိုင်းအားလုံး ပြီးစီးသွားသည်။
"ဟူး"
လင်းဖန် သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ကို လျှော့ချလိုက်သည်။
ကိုယ်တိုင်တွေးတောနိုင်တဲ့ AI ဟာ လူသားတွေထက် အဆပေါင်းများစွာ ပိုပြီး ထိရောက်မှုရှိပေသည်။ သူတို့မှာ ပင်ပန်းနွမ်းနယ်တာ၊ အိပ်ချင်တာ မရှိပေ။ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ AI အတွက် ငွေပုံအော သုံးနေကြခြင်းမှာ ထိုအတွက်ကြောင့် ဖြစ်သည်။ ဒါပေမဲ့ AI ကြောင့် လူသားတွေရဲ့ အလုပ်အကိုင်တွေ ပျောက်ဆုံးသွားနိုင်တဲ့ အန္တရာယ်ကိုလည်း သူ သတိပြုမိပေသည်။ လင်းဖန်သာ အလိုရှိရင် ရှုံ့တာကို သုံးပြီး တစ်ကမ္ဘာလုံးက ကွန်ရက်တွေကို ခဏချင်း ထိန်းချုပ်ပစ်လို့ ရနိုင်သေးသည် ဒါက နျူကလီးယား လက်နက်ထက်တောင် ပိုကြောက်စရာ ကောင်းပေသည်။
"သူဌေး... ကျွန်တော် ဘာထပ်လုပ်ပေးရဦးမလဲ"
ရှုံ့တာက စိတ်လှုပ်ရှားစွာ မေးလာသည်။
"ရပြီ... မင်း သွားဆော့တော့၊ ကျန်တာ ငါ့ဘာသာ ဆက်လုပ်လိုက်မယ်"
လင်းဖန်က ပြောလိုက်ရာ ကွန်ပျူတာစခရင်ပေါ်မှာ ချစ်စရာ ပန်ဒါလေးတစ်ကောင် လိမ့်ထွက်သွားပြီး ပျောက်ကွယ်သွားသည်။
လင်းဖန်ကတော့ အနားမယူသေးဘဲ နီဗားနားအတ်စ်ရဲ့ နောက်ဆုံးပိတ် အချောသတ် ဒီဇိုင်းတွေကို ဆက်လက် လုပ်ဆောင်နေပါတော့သည်။
.............................................
***