နီဗားနားအတ်စ်ရဲ့ အပြင်အဆင်က သိပ္ပံနည်းကျပြီး ခေတ်မီတဲ့ အလှအပတရားတွေနဲ့ ပြည့်စုံနေသည်။
လင်းဖန်ရဲ့ လက်ရာအောက်မှာ အသေးစား အားနည်းချက်လေးတွေပါ ပျောက်ကွယ်သွားပြီး အင်မတန် ပြည့်စုံလွန်းတဲ့ ဖုန်းတစ်လုံး ဖြစ်လာခဲ့သည်။
မွန်းလွဲ ၂ နာရီလောက်မှာတော့ အလုပ်အားလုံး ပြီးစီးသွားပြီး လင်းဖန်တစ်ယောက် ထိုင်ခုံပေါ်မှာ ခွေခနဲ ပစ်ထိုင်လိုက်မိသည်။
【 ဒင်】
【 လက်ရှိအချိန်နဲ့ ဟင်းလင်းပြင် နည်းပညာကို ကျော်လွန်တဲ့ မိုဘိုင်းပစ္စည်းကို ဒီဇိုင်းဆွဲခြင်းဆိုတဲ့ အရံမစ်ရှင်အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ် အမွေဆက်ခံမယ့် ရတနာကို မဲနှိုက်နေပါပြီ... 】
【 ဂလက်ဆီ စကြဝဠာ အင်ပါယာရဲ့ SSS အဆင့်ရှိ စစ်သည်တော် ဂါယာရဲ့ ခွန်အားကို အမွေဆက်ခံခွင့် ရရှိသွားပါပြီ 】
ရုတ်တရက် ထွက်ပေါ်လာတဲ့ စနစ်ရဲ့ အသိပေးချက်ကြောင့် လင်းဖန် အံ့သြသွားသည်။ သူ ဘာမှမလုပ်ရသေးခင်မှာပဲ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင် နိုးထလာသလိုမျိုး အားအင်အသစ်တွေ စီးဝင်လာလေသည်။
ဒီအားအင်တွေဟာ ခေါင်းအစ ခြေအဆုံး သွေးကြောတွေ၊ ကလီစာတွေအထိ ဆေးကြောသန့်စင်ပေးလိုက်သလိုပါပဲ။ လင်းဖန်ဟာ သူ့ကိုယ်သူ သိသိသာသာ သန်မာလာတယ်လို့ ခံစားလိုက်ရသည်။
ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဟာ လန်းဆန်းတက်ကြွနေပြီး အခုဆိုရင် သူ့ရှေ့မှာ ခြင်္သေ့တစ်ကောင် ရပ်နေရင်တောင် ယှဉ်တိုက်ရဲတဲ့ သတ္တိမျိုး ရှိနေလေပြီ။
ဗိုက်က အဆီတွေက ကြွက်သားတွေအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး စံပြကိုယ်ခန္ဓာအချိုးအစား ဖြစ်သွားသည်။
"အား"
လင်းဖန် တစ်ချက် ဟိန်းဟောက်လိုက်ပါတယ်။ သူ ရေချိုးခန်းထဲဝင်ပြီး မှန်ထဲကြည့်လိုက်တဲ့အခါ ကြံ့ခိုင်တောင့်တင်းပြီး အားအင်အပြည့်ရှိတဲ့ ကိုယ်ခန္ဓာကို မြင်လိုက်ရသည်။ အခုဆိုရင် သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်သည်တော်တစ်ယောက် ဖြစ်လာပါပြီ။ ဒီလို ခန္ဓာကိုယ်မျိုးနဲ့ဆိုရင် အသက် ၁၂၀ အထိတောင် အေးဆေး နေနိုင်တော့မှာပါ။
မွန်းလွဲ ၃ နာရီ။
"သူဌေး အခု ကျွန်တော့်ဆီ ပို့လိုက်တာတွေက ဘာတွေလဲခင်ဗျာ"
ဖုန်းဆက်လိုက်တာနဲ့ လုံထန် CEO ကျန်းဖန်ရဲ့ အံ့သြတုန်လှုပ်နေတဲ့ အသံကို ကြားလိုက်ရသည်။
"ဒါက နီဗားနားအတ်စ်ရဲ့ အပြင်အဆင် ဒီဇိုင်းတွေပဲ ခင်ဗျားလူလွှတ်ပြီး မူပိုင်ခွင့်ချက်ချင်းတင်လိုက်၊ ပြီးရင် သုတေသနဌာနက ပညာရှင်တွေဆီ လွှဲပေးလိုက်ပါ"
လင်းဖန်က အေးဆေးစွာ ပြောလိုက်သည်။
ကျန်းဖန်ကလည်း လေးလေးနက်နက် လက်ခံလိုက်သည်။ လင်းဖန် ဖုန်းချလိုက်ပြီး ကွန်ပျူတာဘက် ပြန်လှည့်လိုက်ပြန်သည်။
ပန်ကူးလို့ အမည်ပေးထားတဲ့ AI စမတ်ဖုန်းအိမ်ဖော်ဟာ နီဗားနားအတ်စ်အတွက် သူ ပြင်ဆင်ထားတဲ့ အကွက်တစ်ခုသာရှိသေးပြီး လက်ရှိဈေးကွက်ထဲက AI Assistant တွေဟာ စက်ရုပ်လိုပဲ စကားပြောနိုင်ပေမဲ့ 'ပန်ကူး' ကတော့ လူသားတစ်ယောက်လို တွေးခေါ်နိုင်စွမ်း ရှိနေသည်။
"လက်ခံရရှိပါပြီ"
ရှုံ့တာရဲ့ အသံနဲ့အတူ ကွန်ပျူတာစခရင်ပေါ်မှာ ကုဒ်တွေ တန်းစီပေါ်လာပြီး စနစ်ထဲသို့ ဒေတာလိုင်းမလိုဘဲ Network ကနေတစ်ဆင့် စီးဝင်သွားသည်။
ခဏအကြာမှာတော့...
"ပန်ကူး... ငါ ထျန်းကျင်ကို သွားချင်တယ်"
"မင်္ဂလာပါ သခင်... ထျန်းကျင်ကို သွားလို့ရတဲ့ လမ်းကြောင်း ၁၅၄ ခု ရှိပါတယ်..."
နာရီဝက်လောက် စမ်းသပ်ကြည့်တဲ့အခါ 'ဖန်ကူး' ဟာ ရှုံ့တာလောက် မတော်သေးပေမဲ့ ကမ္ဘာပေါ်က ဘယ် AI ထက်မဆို သာလွန်တဲ့ အဆင့်မှာ ရှိနေတာကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ ကျင်းလင်မြို့က လုံထန်ဌာနချုပ်မှာ CEO ကျန်းဖန်ဟာ လင်းဖန် ပို့လိုက်တဲ့ ဖိုင်တွေကို ကြည့်ပြီး မှင်တက်နေမိသည်။
'ပန်ကူး စမတ်ဖုန်းအိမ်ဖော်။
ဒီစနစ်ဟာ မျက်နှာပြင်သော့ဖွင့်တာ၊ အသံနဲ့ ခိုင်းစေတာတွေတင်မကဘဲ အသုံးပြုသူနဲ့ စကားပြောဖော်ပြောဖက် လုပ်ပေးနိုင်တဲ့ 'သက်ရှိ' တစ်ခုလို ခံစားရစေမှာပါ။ Apple က Siri ကို ဒေါ်လာ သန်း ၂၀၀ နဲ့ ဝယ်ခဲ့ရတာထက် ဒီ 'ပန်ကူး' က အဆပေါင်းများစွာ ပိုတော်နေသည်။ ဒါကိုသာ ကြေညာလိုက်ရင် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားမှာ အမှန်ပင်။
"ဟူး"
ကျန်းဖန် စိတ်ကို ထိန်းလိုက်ပြီး ဖိုင်အားလုံးကို USB ထဲ ကူးယူကာ သုတေသနဌာနဆီ ခြေဦးလှည့်လိုက်ပါသည်။ လုံထန်ဌာနချုပ်မှာ အခုဆိုရင် သုတေသနပညာရှင် ပေါင်းသောင်းချီ ရှိနေပြီ ဖြစ်သည်။
"မစ္စတာကျန်း... ဘာကိစ္စရှိလို့ အလောတကြီး လာတာလဲ"
သုတေသနဌာန အထွေထွေမန်နေဂျာ ယွီလီက မေးလိုက်သည်။
"သူဌေးက ပစ္စည်းအသစ်တစ်ခု ပေးလိုက်တယ် ဒီပစ္စည်းနဲ့ ပြိုင်ဘက်တွေရဲ့ စင်မြင့်ကို ခိုးသိမ်းရမှာ... မင်း နားလည်တယ်မလား"
ကျန်းဖန်က USB ကို ကမ်းပေးလိုက်ရာ ယွီလီက တစ်ခုခုကို သတိရသွားသလိုမျိုး
"လာ လာ အထဲအမြန်ဝင်ရအောင်"
လို့ ပြောပြီး သုတေသနဌာနထဲကို အပြေးအလွှား ဝင်သွားပါတော့သည်။
.........................................................
***