ဆိုစကားအတိုင်းပင် လူပြိန်းကတော့ ပျော်စရာကောင်းတာကို ကြည့်တတ်ကြပြီး ပညာရှင်ကတော့ အနှစ်သာရကို ကြည့်တတ်ကြသည်။
အမှန်စင်စစ်တွင် လုံထန်၏ စီအီးအို ကျန်းဖန်သည် ဤစာတမ်းအကြောင်းကို အသေအချာ မသိရှိသေး။'ပန်ကူးစမတ်ဖုန်းလက်ထောက်' ၏ ယေဘုယျလုပ်ဆောင်ချက်များကို သိရှိသော်လည်း ပညာရပ်ဆိုင်ရာ ဝေါဟာရများကိုမူ ရှင်းရှင်းလင်းလင်း နားမလည်သေးချေ၊၊
သို့သော်လည်း ယွီလီကတော့ မတူညီ သူက အင်ဂျင်နီယာပညာရပ်ဖြင့် ကြီးပြင်းလာသူဖြစ်ပြီး နည်းပညာလောကတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်။
အချက်အလက်များကို ကြည့်ရုံဖြင့် များစွာသောအရာများကို သူ မြင်နိုင်ပြီး သူ၏ မျက်နှာမှာ ပို၍ တည်ကြည်လေးနက်လာသည်။
"မြန်မြန်... စမ်းသပ်စက်တစ်လုံး ယူလာပေး"
"ဟုတ်ကဲ့"
ခဏအကြာတွင် သုတေသနစင်တာမှ ဝန်ထမ်းတစ်ဦးက လုံးဝအသစ်စက်စက် 'နီဗားနားဖုန်းတစ်လုံးကို ယူလာပေးသည်၊၊ ၎င်းကို လုံထန်စမတ်ဖုန်းလည်ပတ်ရေးစနစ်အတွင်းသို့ ထည့်သွင်းပေးရုံဖြင့် 'ပန်ကူး' ဟု အမည်ရသော ဤစမတ်ဖုန်းလက်ထောက်မှာ စတင်အသက်ဝင်လာမည် ဖြစ်သည်၊၊
"မစ္စတာယွီ... ဒါကို ဘယ်လိုမြင်လဲ"
ဘေးနားရှိ ကျန်းဖန်က ယွီလီကို သံသယများစွာဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ၊၊ သူက ဤအရာကို အလွန်ပင် စိတ်ဝင်စားနေသည်၊၊
အကြောင်းမှာ 'ပန်ကူး' သည် လုံထန်လုပ်ငန်းစုကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်၊၊ ဉာဏ်ရည်တု (AI) နည်းပညာပါဝင်သော ထုတ်ကုန်များမှာ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အရာများ ဖြစ်လာလိမ့်မည်၊၊
အနှစ်သာရအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အဓိကကုမ္ပဏီကြီးများ၏ မိုဘိုင်းလက်ထောက်များသည် သိပ္ပံစိတ်ကူးယဉ်လောကထဲက အခြေခံအကျဆုံး ဉာဏ်ရည်တုအဆင့်ကိုပင် မမီကြသေးပေ၊၊
"မစ္စတာကျန်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့လုပ်ငန်းစုမှာ AI သုတေသနအဖွဲ့ မရှိပါဘူး၊၊ ဒါပေမဲ့ ဒါက ကျွန်တော်တို့လုပ်ငန်းစုရဲ့ သုတေသနထက် ကျော်လွန်နေရုံတင်မကဘဲ တစ်ကမ္ဘာလုံးကို အနည်းဆုံး ဆယ်နှစ်လောက် ရှေ့ကနေ ဦးဆောင်နေတာပါ၊၊"
R&D စင်တာတစ်ခုလုံး၏ အဆင့်မြင့်မန်နေဂျာတစ်ဦးအနေဖြင့် ယွီလီသည် ဉာဏ်ရည်တုနှင့် မစိမ်း၊ သူက ကမ္ဘာပေါ်တွင် ဉာဏ်ရည်တုဘာသာရပ်ကို ကျွမ်းကျင်သော အဆင့်မြင့်နည်းပညာရှင် အနည်းငယ်ထဲက တစ်ဦးပင် ဖြစ်သည်၊၊ ဤသို့သောကြောင့်ပင် သူသည် အနည်းငယ် ကြောက်ရွံ့နေခြင်း ဖြစ်ပါသည်၊၊
ကျန်းဖန်က မယုံကြည်နိုင်သလို ကြည့်ရင်း ဤစာတမ်းမှာ ခေတ်သစ်လူသားတစ်ဦး၏ လက်ရာနှင့် လုံးဝမတူကြောင်း သူ ခံစားနေရသည်၊၊
ထိုစကားကို ကြားသောအခါ ကျန်းဖန်၏ မျက်နှာမှာ တည်ငြိမ်သွားပြီး လေးနက်စွာ ပြောလိုက်ပါသည်။
"အထွေထွေမန်နေဂျာယွီ... ကျွန်တော် အခုပြောမယ့်အရာကို လုံးဝလျှို့ဝှက်ထားဖို့ လိုပါတယ် ဒါကြောင့် တခြားလူတွေကို ဒီကနေ ထွက်သွားခိုင်းလိုက်ပါ၊"
ယွီလီသည် မျက်မှောင်ကြုတ်သွားပြီး သုတေသနခန်းအတွင်းရှိ အခြားဝန်ထမ်းများကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"မင်းတို့ အပြင်ထွက်သွားကြဦး ငါ့ရဲ့ အစီအစဉ်မရှိဘဲ ဘယ်သူမှ အတွင်းကို မဝင်ရဘူး"
သုတေသနပညာရှင် တစ်ဒါဇင်ခန့်သည် အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်၊၊
၎င်းတို့ ထွက်သွားပြီးနောက် ကျန်းဖန်က ခေါင်းညှိမ့်ပြပြီး ပြောလိုက်သည်။
"နီဗားနားဖုန်း၊ တန်ရွမ်စမတ်ဖုန်းလည်ပတ်ရေးစနစ်၊ ပြီးတော့ အခု ပန်ကူး - စမတ်ဖုန်းလက်ထောက်... ဒါတွေအားလုံးကို လူတစ်ယောက်တည်းကပဲ သုတေသနလုပ်ခဲ့တာပါ"
"ဘာ..."
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွီလီ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူဌေးက အခု ဉာဏ်ရည်တုအဆင့်ကိုတောင် ရောက်နေပြီလား"
ယခင်က လင်းဖန်သည် နီဗားနားဖုန်းကို တီထွင်ခဲ့စဉ်က ကမ္ဘာ့အယူအဆများ ရုပ်ဝတ္ထုအဖြစ် ပြောင်းလဲလာခြင်းမှာ ပုံမှန်ပင် ဖြစ်ပါသည်၊၊
သို့သော် နီဗားနားဖုန်း၏ နည်းပညာဖြစ်စေ၊ လူတိုင်း ဉာဏ်ရည်တု၏ အစောပိုင်းရှာဖွေမှု အဆင့်မှာပဲ ရှိနေချိန်မှာ လူတစ်ယောက်က ရုတ်တရက် ဉာဏ်ရည်တု၏ အခြေခံအဆင့်သို့ ရောက်သွားသည်ဆိုသည်ကို မည်သူက ယုံရဲပါမည်နည်း၊၊
"ဘာမှမဖြစ်နိုင်တာ မရှိပါဘူး လုံထန်လုပ်ငန်းစုကို သူဌေက အစအဆုံး တည်ဆောက်ခဲ့တာဆိုတာ ခင်ဗျား သိထားရမယ် နိုင်ငံခြားက ဌာနခွဲကြီး လေးခုထဲက ဘယ်တစ်ခုမဆို တရုတ်ဌာနချုပ်ထက် မနိမ့်ပါဘူး"
ဟု ကျန်းဖုန်းက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါသည်၊၊
"သူဌေးရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာလား"
ယွီလီသည် မယုံနိုင်စရာ ကောင်းသော ခန့်မှန်းချက်တစ်ခုကို ပြုလုပ်လိုက်ပြီး သူ့ရင်ထဲက တုန်လှုပ်မှုမှာ လုံးဝ မပြေပျောက်သေးချေ၊၊
သူ၏ ဆရာဖြစ်သူ တွမ်မီချယ်ပင် လက်ရှိတွင် 'ပန်ကူး' နှင့် ယှဉ်နိုင်သော ဉာဏ်ရည်တု ထုတ်ကုန်မျိုးကို မဖန်တီးနိုင်သေး၊၊ တွမ်မီချယ်သည် ကာနက်ဂီမီလွန်တက္ကသိုလ် (Carnegie Mellon University) ကွန်ပျူတာသိပ္ပံဌာန၏ မရှင်းလင်းသော သင်ယူမှုဌာန (Machine Learning Department) ညွှန်ကြားရေးမှူး၊ အမေရိကန် အင်ဂျင်နီယာအကယ်ဒမီ၏ ပညာရှင်တစ်ဦးနှင့် အဆင့်မြင့်သိပ္ပံအသင်း (AAAS)၊ ဉာဏ်ရည်တုအဆင့်မြှင့်တင်ရေးအသင်း (AAAI) တို့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်၊၊
ထို့အပြင် သူသည် Machine Learning၊ ဉာဏ်ရည်တု၊ အာရုံကြောသိပ္ပံ စသည့် နယ်ပယ်များတွင် ကြီးမားသော အောင်မြင်မှုများ ရရှိထားသူဖြစ်ပြီး "Machine Learning" ဟု အမည်ရသော အစောဆုံး ကျောင်းသုံးစာအုပ်များထဲမှ တစ်အုပ်ကိုလည်း ရေးသားခဲ့သူ ဖြစ်သည်၊၊
"မစ္စတာယွီ... ကျွန်တော်တို့ မမေးသင့်တဲ့ အရာတချို့ ရှိပါတယ်"
ကျန်းဖန်၏ မျက်နှာမှာ ရုတ်တရက် မှောင်ကျသွားပြီး ယွီလီကို တိုက်ရိုက် ကြည့်လိုက်သည်၊၊
ထိုစကားကြောင့် ယွီလီ၏ အမူအရာလည်း ပြောင်းလဲသွားသည်၊၊
သူက မမေးသင့်သော မေးခွန်းကို မေးမိလိုက်ကြောင်း ချက်ချင်း သိရှိသွားပြီး လျင်မြန်စွာပင် ရှင်းပြလိုက်ပါသည်။
"မစ္စတာကျန်း ပြောတာ မှန်ပါတယ် နောက်နောင် ကျွန်တော် သတိထားပါ့မယ်"
အကယ်၍ သူဌေးက ၎င်းကို ကိုယ်တိုင် သုတေသနလုပ်ခဲ့သည်ဆိုပါက လင်းဖန်သည် မည်သူနည်း၊၊ လူထူးလူဆန်း တစ်ဦးပင်လျှင် သူ၏ တည်ရှိမှုကို ကိုယ်စားမပြုနိုင်တော့ပါ၊၊
"အင်း ရပါတယ် ပန်ကူးကို အရင်စမ်းကြည့်ပြီး ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကြည့်လိုက်ပါဦး"
ကျန်းဖန်က ခေါင်းညှိမ့်လိုက်ပြီး သူ၏ အာရုံကို ပန်ကူး - စမတ်ဖုန်းလက်ထောက်ဆီသို့ လွှဲပြောင်းလိုက်သည်၊၊ ဤသည်မှာ သူ ယနေ့ သုတေသနစင်တာသို့ လာရခြင်း၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်၊၊ ထိုအချိန်တွင် USB အတွင်းရှိ ပရိုဂရမ်မှာ အောင်မြင်စွာ ထည့်သွင်းပြီးသွားပြီ ဖြစ်သည်၊၊
ယွီလီက မဆိုင်းမတွဘဲ စားပွဲပေါ်ရှိ စမ်းသပ်စက်ကို ယူကာ ပြန်ဖွင့်လိုက်သည်၊၊
ထိုအချိန်တွင် တန်ရွမ်စနစ်၏ ထူးခြားသော စတင်ခြင်းမျက်နှာပြင်အပြင် ဖုန်းမျက်နှာပြင်ပေါ်တွင် ကောင်းကင်ကို ခွဲထုတ်နေသော ဘီလူးကြီးတစ်ဦး၏ အန်နီမေးရှင်းတစ်ခု ပေါ်လာပြီး ပင်မစာမျက်နှာမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်၊၊
"မင်္ဂလာပါ၊ ပန်ကူးစမတ်ဖုန်းလက်ထောက်က သင့်ကို ဝန်ဆောင်မှုပေးဖို့ ရောက်ရှိနေပါပြီ၊ ပိုင်ရှင်အဖြစ် သတ်မှတ်ချင်ပါသလား"
မိနစ်အနည်းငယ်အကြာတွင် စမ်းသပ်စက်အတွင်းမှ စက်ရုပ်ဆန်သော အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့နှစ်ဦးလုံးကို အာရုံစိုက်စေသည်၊၊
ယွီလီက ချက်ချင်း ခေါင်းညှိမ့်ပြီး ပြန်ထူးလိုက်သည်၊၊
"စမတ်ဖုန်းလက်ထောက် - ပန်ကူး အမှတ်(၁)၊ ပိုင်ရှင်ကို နှုတ်ခွန်းဆက်ပါတယ်"
ယွီလီက မျက်လုံးအသိအမှတ်ပြုစနစ်ကို အသုံးပြု၍ ပိုင်ရှင်အဖြစ် သတ်မှတ်ပြီးနောက် စနစ်မှာ မူလဒက်စတော့သို့ ပြန်လည်ရောက်ရှိသွားသော်လည်း အားမာန်ပါသော အသံတစ်ခုမှာ သဘာဝအတိုင်း ထွက်ပေါ်လာပါသည်၊၊
"ပန်ကူး အမှတ်(၁)... ငါ ဘယ်သူလဲဆိုတာ မင်း သိသလား"
ယွီလီက မေးလိုက်သည်၊၊
"သင်ဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အရှင်သခင်ပါ ကမ္ဘာကြီး မပျက်သုဉ်းသရွေ့ ပန်ကူး အမှတ်(၁) ဟာ သင့်ဘေးမှာ အမြဲတမ်း ရှိနေမှာပါ"
"ဖူး ဟားဟားဟား"
ထိုစကားကို ကြားသောအခါ ဘေးရှိ ကျန်းဖန်မှာ မရယ်ဘဲ မနေနိုင်တော့၊၊ ဤသည်မှာ ကြမ်းတမ်းခက်ထန်သော ယောက်ျားကြီးတစ်ဦးက အခြားယောက်ျားတစ်ဦးကို ချစ်ခွင့်ပန်နေသကဲ့သို့ ဖြစ်နေပါသည်၊၊
ယွီလီကတော့ ဘာမှမခံစားရဘဲ အသံဖြင့် အမိန့်ပေးခြင်း၊ အလိုအလျောက် အချက်ပေးခြင်း စသည့် အခြေခံစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေသည်၊၊ ၎င်းတို့အားလုံးမှာ ပန်ကူး၏ လူသားဆန်မှုကို ပြသလျက်ရှိသည်၊၊
စမတ်ဖုန်းလက်ထောက်သည် ပိုင်ရှင်၏ အသံကို နားထောင်ရုံဖြင့် သူ ပျော်ရွှင်နေသလား ဆိုသည်ကို သိရှိနိုင်ပြီး သီချင်းနားထောင်မည့် ဆော့ဖ်ဝဲလ် သို့မဟုတ် ဗီဒီယိုဆော့ဖ်ဝဲလ်ကို ဖွင့်ပေးရမလားဟုပင် မေးမြန်းနိုင်ပါသည်၊၊
ပန်ကူး အမှတ်(၁) ၏ စွမ်းဆောင်ရည်များသည် လက်ရှိသိရှိထားသော မိုဘိုင်းလက်ထောက်အားလုံးကို ကျော်လွန်နေပြီး သိပ္ပံစိတ်ကူးယဉ်လောကရှိ အခြေခံဉာဏ်ရည်တု အမျိုးအစားထဲတွင် သေချာပေါက် ပါဝင်နိုင်ပါသည်၊၊
............................................................
***