"မစ္စတာယွီ.. ပန်ကူး စမတ်ဖုန်းလက်ထောက်က ဘယ်လိုလဲဗျ"
မိမိရှေ့၌ တည်ကြည်လေးနက်တဲ့ မျက်နှာထားဖြင့် ရှိနေသည့် ယွီလီကို ကြည့်၍ ကျန်းဖန်တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် မယုံကြည်နိုင်စွာ မေးလိုက်သည်၊၊
"ဟူး..."
ထိုအချိန် ယွီလီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလာသည်။
"ပန်ကူး စမတ်ဖုန်းလက်ထောက်ဟာ အခုထက်ထိတော့ လူသားနဲ့ အတူဆုံး စမတ်လက်ထောက်ပါပဲ"
"လူနဲ့ စက်ပစ္စည်း အပြန်အလှန် ဆက်သွယ်မှုမှာ ဖြစ်စေ၊ ဘာသာစကား နားလည်သဘောပေါက်မှုမှာ ဖြစ်စေ လက်ရှိ မိုဘိုင်းလက်ထောက်အားလုံးထက် အပြတ်အသတ် သာလွန်နေတယ် ဒါ့အပြင် ပိုင်ရှင်ရဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီး ဘာလုပ်သင့်တယ်ဆိုတာကိုလည်း သူက ဆုံးဖြတ်ပေးနိုင်သေးတယ်"
"AI လုပ်ငန်းနယ်ပယ်ရဲ့ သတ်မှတ်ချက်အရ ဆိုရင်တော့ ပန်ကူးဟာ စမတ်လက်ထောက်တစ်ခု မဟုတ်တော့ဘဲ စစ်မှန်တဲ့ အခြေခံအဆင့် ဉာဏ်ရည်တု တစ်ခုပဲ ဖြစ်နေပြီ"
သူ့စကားအဆုံး၌ ကျန်းဖန်မှာ ခဏမျှ မှင်တက်သွားပြီးနောက် အကျယ်ကြီး ရယ်မောလိုက်သည်။
"ဟားဟားဟား ကောင်းကင်ဘုံက ငါတို့ရဲ့ နဂါးကိုပျံသန်းဖို့ ဖန်တီးပေးလိုက်တာပဲ၊ ထာဝရအမှောင်ထုထဲမှာ ဆီမီးအိမ်တစ်ဆောင် ရလိုက်သလိုပဲ"
ဤစမတ်ဖုန်းလက်ထောက်ရှိနေလျှင် Apple၊ Samsung နှင့် အခြားကုမ္ပဏီများက နည်းပညာပိုင်းဆိုင်ရာ ထပ်မံကျော်ဖြတ်နိုင်ခဲ့လျှင်တောင် လုံထန်လုပ်ငန်းစု၏ အရှိန်အဟုန်ကို တားဆီးနိုင်တော့မည် မဟုတ်တော့ချေ။
မိနစ်အနည်းငယ်အကြာ ကျန်းဖန်စိတ်အေးသွားသည့်အခါ မေးခွန်းအချို့ မေးလိုက်သည်။
"အထွေထွေမန်နေဂျာယွီ... နီဗားနားဖုန်းမှာ ပန်ကူးစနစ် တက်လာဖို့က အချိန်အကြာကြီး ပေးရမှာလား"
"ပြီးတော့ ပန်ကူးစမတ်လက်ထောက်ကို ပန်ကူး အမှတ် (၁)၊ (၂)၊ (၃)၊ (၄) လို့ပဲ အမြဲ ခေါ်နေလို့ မရဘူး မဟုတ်လား"
ကောင်းမွန်သော ထုတ်ကုန်တစ်ခုသည် ထိုခေတ်၏ နည်းပညာကို ကျော်လွန်နေရုံဖြင့် မလုံလောက်ဘဲ အသေးစိတ်အချက်အလက်အားလုံး ပြည့်စုံနေဖို့က ပို၍ အရေးကြီးသည်၊၊
"မစ္စတာကျန်း စိတ်ချပါ၊ ပန်ကူးစနစ် စက်ရုံက ထွက်လာပြီးရင် အသုံးပြုသူတွေက သူတို့စိတ်ကြိုက် အမည်ပေးလို့ ရမှာပါ စနစ်တက်ချိန် ကြာနေတာကတော့ တန်ရွမ်စနစ်ရဲ့ ပလပ်အင်တချို့နဲ့ အပြည့်အဝ အဆင်မပြေသေးလို့ပါ"
လုံထန်လုပ်ငန်းစု သုတေသနစင်တာ၏ အဓိက အင်ဂျင်နီယာ ယွီလီက အလျင်အမြန် ရှင်းပြလာသည်၊၊
"အင်း"
ကျန်းဖန်က ခေါင်းညှိမ့်ကာ လေသံကို မြှင့်လိုက်ပြီး တိုက်ရိုက် အမိန့်ပေးလိုက်ပါသည်။
"နီဗားနား အက်စ်ရဲ့ ဒီဇိုင်းပုံစံကို ခင်ဗျားတို့ သုတေသနစင်တာဆီ လွှဲပေးထားပြီးပြီ၊ တတ်နိုင်သမျှ အမြန်ဆုံး စမ်းသပ်ထုတ်ကုန် ထွက်လာဖို့ မျှော်လင့်ပါတယ်"
"ဒါ့အပြင် ပန်ကူးရဲ့ မူရင်းကုဒ်တွေကလည်း ခင်ဗျားလက်ထဲမှာပဲ ရှိနေတယ် ဒီမိုဘိုင်းလက်ထောက်ကို ပိုကောင်းအောင် လုပ်ပြီး စနစ်တက်တဲ့ အားနည်းချက်တွေကို ပြင်ဆင်ပေးပါ၊ တန်ရွမ်စနစ်နဲ့ အပြည့်အဝ ကိုက်ညီသွားအောင်လို့ပါ"
"မူပိုင်ခွင့်ဌာနက လူတွေကို ဒါတွေအားလုံးအတွက် ပြည်တွင်းမူပိုင်ခွင့် လျှောက်ထားဖို့ ကျွန်တော် အမိန့်ပေးလိုက်ပါ့မယ် နိုင်ငံခြားမူပိုင်ခွင့်တွေအတွက်တော့ ဥက္ကဋ္ဌက ကြိုတင်ပြင်ဆင်ထားပြီးသားပါ"
ထိုစကားကို ကြားသောအခါ ယွီလီက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိပါဘူး"
နီဗားနား အက်စ်အတွက် ကုန်ကြမ်းများမှာ ပြင်ဆင်ပြီးသား ဖြစ်သည်၊၊ ယခုအခါ အစိတ်အပိုင်းများ ထုတ်လုပ်ပြီး တပ်ဆင်ရန်သာ လိုတော့သဖြင့် ပထမဆုံး စမ်းသပ်ထုတ်ကုန်မှာ မကြာမီ ပြီးစီးတော့မည် ဖြစ်သည်၊၊
ပန်ကူးစနစ်နှင့် ပတ်သက်၍မူ ၎င်းကိုယ်တိုင်က အလွန်ပင် ပြည့်စုံသော ထုတ်ကုန်တစ်ခု ဖြစ်ပါသည်၊၊ တန်ရွမ်စနစ်နှင့် ချိန်ညှိရန်သာ လိုအပ်သဖြင့် ဖိအားပေးစရာ မရှိပေ။
စကားအဆုံးတွင် ကျန်းဖန်က ခေါင်းညှိမ့်ပြကာ သုတေသနစင်တာမှ ထွက်ခွာသွားသည်၊၊
နောက်ထပ် သူလုပ်စရာတွေ များစွာရှိနေပြီး ခိုင်ထျန်းတက်ဘလက် ကွန်ပျူတာများကို ကြော်ငြာရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်နေသည့်အပြင် ယခုအခါ နီဗားနား အက်စ်နှင့် ပန်ကူးစနစ်တို့ပါ ရှိနေပြီ ဖြစ်သည်၊၊
ဤသုံးမျိုးလုံးကို မိတ်ဆက်ပွဲ တစ်ခုတည်းမှာ လုပ်၍ မရပေ။ ထိုသို့လုပ်ပါက ထုတ်ကုန်သုံးခုစလုံး၏ လူကြိုက်များမှုကို ထိခိုက်စေနိုင်သည်၊၊ ထို့ကြောင့် အချိန်ကို ခွဲခြားပြီး မိတ်ဆက်ပွဲများကို အစီအစဉ်တကျ ပြုလုပ်ရမည် ဖြစ်သည်၊၊
ကျန်းဖန်ရုံးခန်းသို့ ပြန်ရောက်သည်နှင့် လင်းဖန် ထံမှ ဖုန်းဝင်လာပါသည်။
"ဟယ်လို သူဌေး"
ယနေ့ သူ အတော်ပင် တုန်လှုပ်ခဲ့ရသည်ဟု ဆိုရမည်၊၊ အသက် ၂၀ မျှသာ ရှိသေးသော လင်းဖန်က ရုတ်တရက်ဆိုသလို နည်းပညာအသစ်များကို တစ်ခုပြီးတစ်ခု ထုတ်ပြလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ၊၊ ပန်ကူးစမတ်လက်ထောက်၏ အခန်းကဏ္ဍမှာ လုန့်ထန်းလုပ်ငန်းစုသစ် တစ်ခုကို ပြန်လည်တည်ထောင်လိုက်သကဲ့သို့ပင် အရေးပါသည်၊၊
"အဲဒီအရာကို စမ်းသပ်တာ ဘယ်လိုလဲ"
ဖုန်းဝင်လာသည်နှင့် လင်းဖန်က ချက်ချင်း မေးလိုက်သည်၊၊
ကျန်းဖန်က တည်ကြည်စွာဖြင့် ပြန်ဖြေသည်။
"သူဌေး... ပန်ကူးစနစ်ကို ယွီလီဆီ လွှဲပေးလိုက်ပါပြီ၊ စမ်းသပ်ချက်တွေအရ စွမ်းဆောင်ရည်က အထူးကောင်းမွန်ပြီး မကြာခင်မှာပဲ ဈေးကွက်ထဲ တင်ပို့နိုင်မှာ ဖြစ်ပါတယ်၊"
"ပန်ကူးရဲ့ အကြီးမားဆုံး အခန်းကဏ္ဍက စမတ်ဖုန်းလက်ထောက်အနေနဲ့တင် မဟုတ်ဘဲ အခြေခံဉာဏ်ရည်တု အနေနဲ့ပါ ဖုန်းတွေမှာတင် မဟုတ်ဘဲ ကွန်ပျူတာတွေမှာလည်း အသုံးပြုနိုင်တယ်"
လင်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်ပါသည်။
"နီဗားနား ကနေစပြီး..."
"ကျုပ်တို့ရဲ့ နီဗားနား အက်စ်ထွက်လာပြီးရင် 'ပန်ကူး' ကို ဈေးကွက်မှာ ထပ်မရနိုင်တော့ဘူး ကျုပ်တို့လုပ်ငန်းစု ထုတ်ကုန်တွေကလွဲရင် တခြား ဘယ်ပစ္စည်းမှာမှ ပန်ကူးစနစ်ကို ထည့်သွင်းခွင့် မရှိစေရဘူး"
"ဟုတ်ကဲ့ပါ၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်၊၊"
ကျန်းဖန်က ကျယ်လောင်စွာ တုန့်ပြန်လိုက်သည်၊၊
တစ်ချိန်တည်းမှာပင် ကျန်းခန်ယွမ်ရှိ အမှတ် (၁) ဗီလာ၏ စာကြည့်ခန်းထဲတွင် လင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကို ကြည့်နေသည်၊၊ သူ၏ မျက်ဝန်းများမှာ နက်မှောင်နေပြီး ဘာတွေ တွေးနေသည်ကို မည်သူမှ မသိနိုင်ပေ၊၊
ခဏအကြာတွင် သူသည် ရုတ်တရက် လှည့်လာပြီး ရှေ့ရှိ ဆာဗာကို ကြည့်ကာ ခပ်တိုးတိုး ခေါ်လိုက်သည်။
"ရှုံ့တာ... ထွက်ခဲ့"
"ဆရာ... ကျွန်တော် လာပါပြီ"
စကားအဆုံးတွင် ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ချစ်စရာကောင်းသော ပန်ဒါဝက်ဝံလေးတစ်ကောင် ပေါ်လာသည်၊၊ ထိုကောင်လေး၏ မျက်လုံးထဲတွင် လူသားတစ်ယောက်ကဲ့သို့ပင် ပါးနပ်သော အရိပ်အယောင်များ ရှိနေသည်၊၊
လင်းဖန်က ခွင့်ပြုပေးထားသဖြင့် ရှုံ့တာသည် အင်တာနက်အတွင်းသို့ စိတ်ကြိုက် ဝင်ထွက်နိုင်ပြီး အသိပညာများကို လေ့လာသင်ယူနေသည်၊၊ သူ၏ ကြီးထွားနှုန်းမှာ ဒုံးပျံကဲ့သို့ မြန်ဆန်သည်၊၊
တစ်လအတွင်းမှာတင် သူ၏ ဉာဏ်ရည်မှာ ၆ နှစ်အရွယ် ကလေးဘဝမှ ၁၈၊ ၁၉ နှစ်အရွယ်သို့ ရောက်ရှိသွားချေပြီ၊၊ ယခုအခါ သူက လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။
ကံကောင်းထောက်မစွာဖြင့် လင်းဖန်က သူ့ကို အမေရိကန် သို့မဟုတ် ဂျပန်နိုင်ငံတို့ဆီ သွားရောက် ဆော့ကစားရန် ပြောထားသည်၊၊ တရုတ်ပိုင်နက်ထဲမှာ မဟုတ်သရွေ့ ကျန်သည့်နေရာတွင် ဘာလုပ်လုပ်ရနိုင်ပြီး မဟုတ်ပါက တရုတ်အင်တာနက်လောကမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်သည်၊၊
ထို့ကြောင့် လွန်ခဲ့သော တစ်လအတွင်း ဂျပန်နှင့် အမေရိကန်တို့မှာ အမည်မသိ ဆိုင်ဘာတိုက်ခိုက်မှုများကို ဆက်တိုက် ကြုံတွေ့ခဲ့ရသည်၊၊ ကြီးမားသော ဆုံးရှုံးမှု မရှိသော်လည်း ၎င်းတို့မှာ အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်၊၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်သော်လည်း ဟက်ကာတစ်ယောက်ကိုပင် ဖမ်းမမိနိုင်ကြ၊၊ အမှန်စင်စစ်တွင် ထိုနှစ်နိုင်ငံ၏ ဂြိုဟ်တုကွန်ရက်များကို ရှုံ့တာက ထိန်းချုပ်ထားခြင်း ဖြစ်သော်လည်း ၎င်းတို့မှာ မသိရှိကြပါ၊၊
"ရှုံ့တာ... ဒီနေ့ကစပြီး လုံထန်လုပ်ငန်းစုရဲ့ ကွန်ပျူတာအားလုံး၊ ဘဏ္ဍာရေးစနစ်နဲ့ ဘဏ်အကောင့်တွေကို စောင့်ကြည့်ဖို့ မင်းရဲ့ စွမ်းအင်တချို့ကို သုံးပါ ထူးခြားတာတစ်ခုခု ရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ"
လင်းဖန်သည် စီအီးအို ကျန်းဖန်၊ ဘဏ္ဍာရေးမှူး မင်ကျန့်ရှင်းနှင့် အခြားသူများကို ယုံကြည်သော်လည်း သူကိုယ်တိုင် လုပ်ငန်းလည်ပတ်မှုတွင် ပါဝင်လေ့ မရှိပေ၊၊
သို့သော် ၎င်းမှာ လုံထန်လုပ်ငန်းစုအပေါ် သူ စိတ်မဝင်စားခြင်း မဟုတ် ကုမ္ပဏီကြီးများတွင် ဖောက်ပြန်တတ်သူများ ရှိလာနိုင်သည်မှာ ရှောင်လွှဲမရနိုင်သော အချက် ဖြစ်သည်၊၊
အထူးသဖြင့် ဘဏ္ဍာရေးပိုင်းတွင် ငွေကြေးမှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်၊၊ လုံထန်လုပ်ငန်းစု၏ စာရင်းများတွင် ငွေလွှဲပြောင်းမှု ပမာဏများစွာ ပါဝင်နေသဖြင့် မည်သူက မျက်စိမှိတ်နေနိုင်ပါမည်နည်း၊၊
ထို့ကြောင့် သူက ရှုံ့တာကို လုံထန်လုပ်ငန်းစု၏ ကွန်ပျူတာအားလုံးကို စောင့်ကြည့်ခိုင်းပြီး လုပ်ငန်းစု၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးမည့်သူ တစ်ဦးတစ်ယောက်မှ မပေါ်ပေါက်လာအောင် စီစဉ်လိုက်ခြင်း ဖြစ်သည်၊၊
"ဟုတ်ကဲ့ပါ ဆရာ၊၊"
တစ်မိနစ်မပြည့်မီမှာပင် ရှုံ့တာ၏ အသံ ထွက်ပေါ်လာသည်။
"လုံထန်လုပ်ငန်းစုရဲ့ ကွန်ပျူတာအားလုံးကို စောင့်ကြည့်နေပါပြီ၊ အချက်အလက်တွေကို စုစည်းနေပါတယ် အခုထက်ထိတော့ ဘာပြဿနာမှ မတွေ့ရသေးပါဘူး၊"
လင်းဖန်က ခေါင်းညှိမ့်ပြပြီး ဘာမှထပ်မပြောတော့ချေ၊၊
......................................................
***